← Chapters

ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်

Vol. 38 Ch. 4.86

ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်

Vol. 38 Ch. 4.86

ဟန်ရွှယ်သည် ယခင်က ဤကဲ့သို့ စော်ကားခြင်းမျိုး တစ်ခါမှ မခံရဖူးတာကြောင့် ဒေါသတကြီးဖြင့် လက်ကို နောက်ပြန် ရိုက်ချလိုက်သည်။

လူငယ်က ဟန်ရွှယ် သူ့ကို ရိုက်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘဲ။ ဒီပါးရိုက်မှုမှာ ဘာတိုက်ခိုက်မှုမှ မပါဘဲ ရိုးရိုး ပါးရိုက်ရုံပါပဲ။ ပါးရိုက်သံက ပြတ်သားပြီး ကျယ်လောင်သွားကာ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများကို ချက်ချင်း စွဲဆောင်သွားခဲ့သည်။

လူငယ်လေး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ဒေါသအလွန် ထွက်လာကာ လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။

ဒီရိုက်ချက်က ဟန်ရွှယ်ရဲ့ ပါးရိုက်ချက်ထက် အလွန် ကွာခြားလေသည်။ လက်ဖဝါးမှာ ပါရှိတဲ့ စွမ်းအားက ဟန်ရွှယ်ရဲ့ ပါးပြင်ကိုသာ ထိမိသွားရင် ဟန်ရွှယ်ရဲ့ ဦးခေါင်းပါ လွင့်ထွက်သွားနိုင်၏။

ဝူး!

လူငယ်လေး၏ လက်ဖဝါးကို လူတစ်ယောက်က လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားသော်လည်း လူငယ်လေးသည် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ လုံးဝ မရုန်းကန်နိုင်ပေ။

"ကောင်လေး မင်းကဘယ်သူလဲ? ဟေ့ကောင် ငါဘယ်သူလဲဆိုတာ မင်းသိလား??"

လူငယ်က လှမ်းအော်ပြီး ထွက်လာတဲ့လူကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။ ထိုသူမှာ တခြားသူ မဟုတ်ဘဲ လုရွှမ်သာ ဖြစ်လေသည်။

"မင်းလူတွေကို ရိုက်ရတာ အရမ်းကြိုက်ရင် ငါပြန်ရိုက်ပေးမယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါးသာ ဆို၍ သူ့ကို နောက်ပြန် ဝေ့ယမ်းလိုက်တဲ့အခါ လူငယ်လေးမှာ လွင့်ထွက်သွားတော့သည်။

ဟန်ရွှယ် လုရွှမ်အား ကျေးဇူးတင်စွာဖြင့် ကြည့်နေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူမလုံးဝ ကံကောင်းနိုင်မည် မဟုတ်ပေ။

လူငယ်သည် လျင်မြန်စွာ ပြန်ပြေးသွားခဲ့သည်။ လုရွှမ် သူ့ကို လိုက်မသတ်ခဲ့ပေ။ ထို့ပြင် ထိုလူငယ်၏ စရိုက်သည် အလယ်အလတ်သာ ဖြစ်သော်လည်း သူ၏ ခွန်အားမှာလည်း သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ့ အဆင့် (၉) တွင် ရှိနေသည်။

"ကောင်လေး မင်းကဘယ်သူလဲ??"

လူငယ် အမြန်ပြန်ပြေးလာချိန်မှာတော့ ဟန်မဆောင်ဘဲ လုရွှမ်ကို အပေါ်အောက်စိုက် ကြည့်ပြီး အသံနက်ကြီးနဲ့ မေးလိုက်သည်။

သူ့အမြင်အရ ဤပုဂ္ဂိုလ်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလကို မရောက်သေးသော်လည်း သူ့တွင် သဘာဝအလျောက် တောက်ကျင့်စဥ် နိယာမစွမ်းပင် ရှိ၏။ နိယာမစွမ်းအင်၏ ရောယှက်မှုကို အနည်းငယ်မျှ မမြင်ရသေးသော်လည်း သူတော်စင်လမ်းစဥ်၏ ထွက်သက်က လူများကို တိတ်တဆိတ် ထိတ်လန့်စေပါသည်။

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"မြို့ထောင်ချီမဟာမိတ်... အရိပ်လူသတ်ခန်းမက လုရွှမ်!"

လူငယ်လေး၏ မျက်လုံးထဲတွင် သံသယစိတ်များ ပြန်လည် မွေးဖွားလာကာ ခဏလောက် ထိတ်လန့်သွားပြီးနောက် ရယ်မောလိုက်​လေသည်။ သူနဲ့အတူ ပါလာတဲ့ အမျိုးသမီး သုံးယောက်က ည်း တစ်ချိန်တည်းမှာ ရယ်မောလိုက်ကြပြီး သူတို့ရဲ့ အပြုံးတွေက အထင်အမြင်သေးမှုတွေ ပြည့်နှက်နေပါ၏။

အောက်ကို ငုံ့ကြည့်လိုက်တော့ ဟန်ရွှယ်နဲ့ တခြားမိန်းကလေး ငါးယောက်က ပြောမပြတတ်အောင် မာနအပြည့်နဲ့ ပြန်ကြည့်နေသည်။

"လတ်စသတ်တော့ မြို့ထောင်ချီမဟာမိတ်ရဲ့ အဖွဲ့ဝင်လေးကိုး... ငါက ကြီးကြီးမားမား လူကောင်ကြီးလို့ ထင်ထားတာ တော်ဝင်အင်ပါယာက လာတဲ့ လူသေးသေးလေး ဖြစ်နေတာပဲ"

လွန်ခဲ့သည့် နှစ်လတွင် အနီးနားရှိ ဧကရာဇ်အင်ပါယာ အသီးသီးမှ ကိန်းဝပ်နေသော ဝိညာဥ်တံဆိပ်တွေ ဆက်တိုက် ပြိုကွဲသွားတာကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ ဒေါသထွက်နေသော မိသားစုကြီးများသည် အဖြစ်အပျက်များကို စုံစမ်းရန် သခင်အများအပြားကို စေလွှတ်ခဲ့သည်။

ယနေ့တွင် မြို့ထောင်ချီ မဟာမိတ်တွင် စုဝေးရောက်ရှိနေသော သူတော်စင် တစ်ပိုင်းတို့သည် တချို့သော အဆင့်နိမ် ဧကရာဇ် အင်ပါယာများထက် မနည်းလှပေ။

လုရွှမ်သည် လွန်ခဲ့သည့် နှစ်လခန့်က သတင်းမရရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာကြောင့် တချို့လူတွေ သဘာဝကျကျ မသိကြပေ။ သတင်း တစ်ပိုင်းတစ်စ မရှိသော နိုင်ငံငယ်မှ လူတစ်ဦးကို သူက ဘယ်လိုလုပ် ဂရုစိုက်နေမှာလဲ။

တော်ဝင်အင်ပါယာက လာတဲ့ လူသေးသေးလေး ဖြစ်ပြီး သူတော်စင် တစ်ပိုင်းတောင် မဟုတ်တာ ဘယ်လိုလုပ် သူ့မျက်လုံးထဲ ဝင်ပါ့မလဲ?

ပထမတော့ လူငယ်လေးက လုရွှမ်ကို မြင်မြင်ချင်း လုရွှမ်ရဲ့ ထူးခြားမှုကို ရိပ်မိလေရာ သူ့မှာ ကြီးမားတဲ့ ပစ်ခတ်မှုမျိုးလို့ ထင်မိပေမယ့် လူသတ်နတ်ဘုရား တစ်ပါးဖြစ်မယ်လို့ မမျှော်လင့်ထားတာကြောင့် သဘာဝအတိုင်း အလေးအနက် မထားပေ။

ကံကောင်းခြင်း အနည်းငယ် ရှိနိုင်သည်။ အရည်အချင်းလည်း အနည်းငယ် ရှိနိုင်သော်လည်း တော်ဝင်အင်ပါယာ တစ်ခုမှ လူတစ်ဦးသည် ၎င်းတို့၏ ဧကရာဇ်အင်ပါယာမှ လူများနှင့် နှိုင်းယှဉ်ရန် ခက်ခဲလှသည်။

"ကောင်လေး.... မင်းအခု ဒူးထောက်ပြီး ငါ့ကို သုံးခါလောက် ခေါင်းငုံ့ပြီးတော့ အရိုအသေပေး!! ပြီးတော့ ဒီအလှလေး ၅ယောက်ကို ငါ့ဆီပေးခဲ့... ငါမင်းအသက်ကို ချန်ထားပေးမယ်!"

"သခင်လေးရွှီ... အရမ်း မုန်းစရာကောင်းတာပဲ သခင်လေးမှာ ကျွန်မတို့ သုံးယောက်တောင် ရှိနေပြီကို တခြားသူကို နေသေးတာလား? သူများက ကောင်းကောင်း ဝန်ဆောင်မှု ပေးနေတာပဲ မဟုတ်လား?"

အမျိုးသမီး တစ်ဦးသည် ခပ်တိုးတိုးပြောရင်း သူ့ရင်သားကြီးများကို လူငယ်၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။

"ဟုတ်သားပဲ သခင်လေးရွှီ.... သူတို့က ကျွန်မတို့နဲ့ ယှဉ်နိုင်မယ်လို့ ထင်လို့လား?"

လူငယ်က ရယ်မောပြီး မိန်းကလေး သုံးယောက်ရဲ့ ရင်သားတွေကို ဆုပ်ကိုင်လိုက်ကာ

"ဒီသခင်လေးက သူတို့နဲ့ ကစားနေတာပါ... သူမတို့က မင်းတို့လောက် ကောင်းပါ့မလားကွာ ဒီသခင်လေး ရင်ထဲမှာ မင်းတို့က အဓိကပဲ!"

"မုန်းစရာကြီး..."

ကောင်မလေးတွေက လူတိုင်းရှေ့မှာ လူငယ်လေးနဲ့ ပရောပရီလုပ်ကာ ညုတုတု လုပ်နေကြသည်။

လုရွှမ် နောက်ပြန် ဆုတ်သွားလိုက်သည်။ ထိုကဲ့သို့သော အမျိုးသမီးနှင့် အနည်းငယ်မျှ နီးကပ်မိပါက ညစ်ပတ်သွားမည်ဟု ခံစားမိသည်။ ထိုအမျိုးသမီးများက သူ့ကို ကျန်းဝူအင်ပါယာတွင် ရှိခဲ့ဖူးသော ထိုအမျိုးသမီးကို အမှတ်ရစေ၏။

ထိုအမျိုးသမီး၏ အမည်ကို သူ မေ့နေပြီဖြစ်ပြီး ထိုအမျိုးသမီး သုံးယောက်၏ အမူအကျင့်များသည် သူမနှင့် အတူတူပင်။

မော့ချုံက ဒေါသအပြင်းထန်ဆုံး ဖြစ်ပြီး သူမသည် “အရှက်မရှိဘူး” ဟုသာ အော်ပြောလိုက်တော့သည်။

ဤအမျိုးသမီး သုံးဦးသည် သူမတို့လို တော်ဝင်အင်ပါယာက လာကြသူများ ဖြစ်ပြီး ထိုလူငယ် သခင်လေးကို လက်တွဲလိုသော လုပ်နေကြောင်း လူတိုင်း ကြည့်ရုံဖြင့် သိနိုင်သည်။

"ဟမ့်... ကိုယ့်ကိုကိုယ် သိပ်ဖြူစင် မြင့်မြတ်နေပြီလို့ ထင်နေလား? တော်ဝင်အင်ပါယာက လာမှတော့ ဘယ်လို အနာဂတ်မျိုးမှာ ရှိနေမှာလဲ?"

လူငယ်က ချောင်းဆိုးလိုက်သော် မိန်းကလေး သုံးယောက်က နာခံစွာ ပါးစပ်ပိတ်၍ လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းလိုက်ကြသည်။ လူငယ်က ပြုံးပြီး

"ကောင်လေး မင်းစဉ်းစားပြီးပြီလား?"

ထိုအခါ လုရွှမ်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်မှာ။

"ကောင်လေး ငါမင်းကို တောင်းပန်တာမျိုး မလုပ်ချင်ဘူး... မင်းအခု တက်နိုင်သမျှ ဝေးဝေးကို ထွက်သွား... မြို့ထောင်ချီမဟာမိတ်မှာ မင်းကို မတွေ့မိစေနဲ့ ဒါဆို မင်းအသက်ကို ကယ်နိုင်တယ် နားလည်လား?"

လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အမျိုးသမီး သုံးဦးသည် လုရွှမ်အား အထင်အမြင် သေး၍ မထီမဲ့မြင်ပြုသည့် မျက်လုံးများဖြင့် ကြည့်ကာ လှပစွာ ရယ်မောလိုက်ကြသည်။

နှစ်ဖက်အကြား အငြင်းပွားမှုသည် လူများစွာ၏ အာရုံစိုက်မှုကို စွဲဆောင်သွားခဲ့ပြီး နှစ်ဖက်စလုံးရဲ့ အထောက်အထားများကိုလည်း ထောက်ပြလာခဲ့သည်။

ထိုလူငယ်သည် ဖုန်းရှန်ဧကရာဇ် အင်ပါယာ၏ တော်ဝင်မိသားစု ဖြစ်သော ရွှီမိသားစုမှ ဆင်းသက်လာသူသည်။ သူသည် မင်းသားငယ်တစ်ဦး ဖြစ်ပြီး မြင့်မြတ်စွာ ခရီးထွက်လာခြင်းကြောင့် လူသိများသည်။

"လုရွှမ် ဟုတ်တယ်မလား? ကြည့်ရတာ မင်းသေချင်နေပြီ ထင်တယ် ဒီသခင်လေးက မင်းကို ငါကောင်းချီးတစ်ခု ပေးမယ်... သွားသေလိုက်တော့!"

မင်းသားငယ်လေးက အော်ဟစ်ပြီး ထက်ထက်သော ဓားဖြင့် ခုတ်ချလိုက်သည်။

ဝုန်း!

ယခင်က အလွန်မာန ကြီးခဲ့သော မင်းသားငယ်လေးသည် သွေးအခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားပြီး အပိုင်းအစများက မြေပြင်တစ်ခုလုံး ပြန့်ကျဲသွားသည်။

လူတိုင်း တခဏတာ အံ့အားသင့်သွားကာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ လူတချို့သည် သူတို့နှင့် အနည်းငယ်မျှ ပတ်သက် ဆက်နွယ်လာမည်ကို စိုးရိမ်သဖြင့် တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားကာ လျင်မြန်စွာပင် လုရွှမ်နှင့် သူ့အဖွဲ့သာ တစ်ကိုယ်တည်း ကျန်နေကြသည်။

ထျန်ကျွင့်နမ်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၏။ လုရွှမ်သည် မင်းသားငယ်က ဘယ်သူဖြစ်သည်ကို မသိသော်လည်း သူ့ထက် ပို၍ရှင်းလင်းစွာ သိသူ မရှိနိုင်​တော့ပေ။

ဖုန်းရှန်ဧကရာဇ် အင်ပါယာသည် သူတို့၏ တုံးထျန်းဧကရာဇ် အင်ပါယာနှင့် မဝေးလှသောကြောင့် ဖုန်းရှန်ဧကရာဇ် အင်ပါယာသည် မည်မျှ အားကောင်းသည်ကို သူ သဘာဝကျကျ သိပါသည်။

အဆင့်နိမ့်ဧကရာဇ် အင်ပါယာများ ကြားတွင် ဖုန်းရှန်ဧကရာဇ် အင်ပါယာသည် လုံးဝတန်ခိုးကြီးသည်ဟု ဆိုနိုင်သည်။ ဖုန်းရှန်ဧကရာဇ် အင်ပါယာသည် အလယ်အလတ် အင်ပါယာများကိုပင် တိုက်ခိုက်နေသည် ဟူသော ကောလဟာလများပင် ရှိသေးသည်။

"အစ်ကိုကြီး...ဒုက္ခရောက်ပြီ "

ထျန်ကျွင့်နမ်ခမျာ သူ့ရင်ထဲမှာ တစ်ချိန်လုံးနောင်တရပြီး အော်ဟစ်နေမိသည်။ ဘာကြောင့် အတင်းအကျပ် ဟန်ဆောင် မနေရတာလဲ? အခုတော့ ကောင်းရော။ ဖုန်းရှန် ဧကရာဇ်အင်ပါယာကို စော်ကားမိသွားပြီ။

အကြီးအကဲ၆ တောင်မှ သူတို့ကို မကာကွယ်နိုင်​တော့ဘူး။

ထျန်ကျွင့်နမ်၏ မျက်နှာသည် ခဏတာ အရောင် ပြောင်းလဲသွားပြီး

"အစ်ကိုကြီး... အစ်ကို ဒီညီအကိုတွေကို ခေါ်ပြီး အရင် ထွက်သွားလိုက်ပါ... ဖုန်းရှန်ဧကရာဇ် အင်ပါယာက အစ်ကို နှိုးဆော်နိုင်တဲ့ အရာမဟုတ်ဘူး... အခု အကြီးအကဲ၆ တောင် ကျွန်တော်တို့ကို မကာကွယ်နိုင်​တော့ဘူး။ အရင်​ဆုံး​ အစ်ကို မြန်​မြန်​သွား​တော့... ကျွန်တော် တောင့်ခံထားပေးမယ်"

"မင်းက တောင့်ခံထားမယ်??"

"ဟုတ်တယ်!" ထျန်ကျွင့်နမ်မှာ ငိုနေပေမယ့်

"ကျွန်တော် မသွားနိုင်ဘူး... မဟုတ်ရင် ဒီလူတွေက ထျန်အိမ် တံခါးဝအထိ ရောက်လာပြီး ကျွန်​တော်တို့ရဲ့ ထျန်မိသားစုကိုလည်း ပြဿနာ ရှာလိမ့်မယ်...မိသားစုကို ကျွန်တော်နဲ့အတူ သင်္ဂြိုဟ်လိုက်ရလိမ့်မယ်!"

"သေမှာ မကြောက်ဘူးလား?"

"ကြောက်တယ် ဒါပေမဲ့ သည်းခံရမယ်!"

All Chapters