← Chapters

မြို့သခင်ကျောင်းကျန့်

Vol. 38 Ch. 4.87

မြို့သခင်ကျောင်းကျန့်

Vol. 38 Ch. 4.87

လုရွှမ်က တဟားဟား ရယ်လိုက်ပြီး ထျန်ကျွင့်နမ်ရဲ့ ပုခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။

"ငါတို့ အတူတူ အခက်အခဲတွေ ကြုံရလို့ ငါတစ်ယောက်တည်း ထွက်ပြေးသွားခဲ့ရင် မင်းကို ငါ့ညီနေရာမှာ ထားထားတာ ဘာထူးတော့မှာလဲ?"

ထျန်ကျွင့်နမ်မှာ စိုးရိမ်လွန်းလို့ ငိုတော့မလို ဖြစ်နေလေပြီ။

"ကျွန်တော့်ရဲ့ အစ်ကိုကြီးရယ်... အခုထိ နားမလည်​သေးဘူးလား? ဖုန်းရှန် ဧကရာဇ်အင်ပါယာက သာမန် ဧကရာဇ်အင်ပါယာလေး တစ်ခု မဟုတ်ဘူး.... ကျွန်တော်တို့က အဲဒါနဲ့ သွားရောနှောဖို့ မတတ်နိုင်ဘူး အထူးသဖြင့် ဖုန်းရှန်ရဲ့ တော်ဝင်မိသားစု ဖြစ်တဲ့ ရွှီမိသားစုပဲ... ရွှီမိသားစုမှာ သူတော်စင်တစ်ပိုင်းကတင် တစ်ဝက်လောက် ရှိတယ်လို့ ပြောကြတယ်... သူတို့ကို ရန်သွားစဖို့ လုံးဝ မတတ်နိုင်ပါဘူး"

"မကြောက်ပါနဲ့.... စစ်သားတွေက ဆိုတာ ရေနဲ့ မြေကြီးလို ဖုံးအုပ်ပစ်လိုက်လို့ရတယ်!"

လုရွှမ်ကက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ထွက်သွားချင်လို့လား? တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့!"

သူတို့နောက်မှာ ကြမ်းတမ်းတဲ့ အသံတစ်ခု ထွက်ပေါ်လာကာ ထိုသူမှာ မတိုင်ခင်က သူတို့ကို ဝင်ခွင့်မပြုခဲ့တဲ့ အစောင့်ပဲ ဖြစ်လေသည်။ ဒီအချိန်မှာတော့ သူ့လက်မောင်း နှစ်ဖက်မှာ လှိုင်းလုံးကြီးတွေနဲ့ ဝိုင်းရံထားတဲ့ အစောင့် အုပ်စုငယ်လေးတွေပါ ထွက်လာကြသည်။

ထျန်ကျွင့်နမ် အရှိန်ပြင်းပြင်း ဒေါသနဲ့ သတ်ပစ်တော့မယ့် အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်သည်။ ဒီအစောင့်အရှောက်ကြောင့် မဟုတ်ရင် ဒီကိစ္စတွေ ဘယ်လိုလုပ် ဖြစ်လာမှာလဲ။

"စိတ်မပူနဲ့ အားလုံး ငါ့လက်ထဲအပ်လိုက်"

လုရွှမ် ထျန်ကျွင့်နမ်ကို သူ့နောက်သို့ ဆွဲပို့လိုက်သည်။ ယခုအခါ ရန်သူအရေအတွက် များလာလေ အဖွဲ့၏ အင်အားသည် သာလွန်ကောင်းမွန်သည်ဟု ယူဆရပြီး အဆိုးဆုံးမှာလည်း ပြီးပြည့်စုံသွားလေပြီ။

အမှန်တကယ် တိုက်ပွဲဖြစ်လာခဲ့လျှင်ပင် သူကတော့ မကြောက်ပေ။ တစ်ဖက်လူတွေကသာ ဒုက္ခရောက်သွားလိမ့်မည်။

အစောင့်ကို ကြည့်ရင်း လုရွှမ်ရဲ့အသံက အင်မတန် တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။

"ငါက မြို့ထောင်ချီမဟာမိတ် အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင်.. ငါ့တာဝန်က မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ အငြင်းပွားမှုတွေ အားလုံးကို ပြေလည်အောင် ဖြေရှင်းဖို့ပဲ....ဒီမြို့က မြို့ထောင်ချီမဟာမိတ်ရဲ့ မြေပေါ်မှာ တည်ထားတာ... ငါ့နယ်မြေဆိုလည်း ဟုတ်တယ်"

ဒေါသမရှိ၊ ဘုန်းအာနုဘော် မရှိသော်လည်း အကျယ်တဝင့်အားဖြင့် လူတို့အား လျှော့တွက်မဝံ့မရဲသည့် ခံစားချက်ကို ပေး​နေသည်။

အစောင့်က အမှတ်တမဲ့ နောက်ပြန်ဆုတ်သွားမိ၏။ သူ့လက်ရှိ အနေအထားအရ ရန်သူကို ပေါ့ပေါ့တန်တန် ကျောခိုင်းလိုက်ရင် မျက်နှာပျက်စရာ ဖြစ်သွားသလို ခံစားရတာကြောင့် ထပ်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

"ကောင်လေး နောက်ဆုတ်လိုက်... ဒီမြေက မြို့ထောင်ချီမဟာမိတ်ရဲ့ မြေပေါ်မှာဆိုတာ မှန်ပေမယ့် မြို့ထောင်ချီမဟာမိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး"

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"အခုမဟုတ်ပေမယ့် အနာဂတ်မှာ ဟုတ်လာနိုင်တယ်"

စကားလုံးများသည် လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေပုံရပြီး လူတိုင်း၏ နားထဲတွင် နားမလည် နိုင်လောက်အောင် ခံစားခဲ့ရသော်လည်း ဤလူသည် လိမ်လည်​နေပုံ မပေါ်ကြောင်း စိတ်နှလုံးထဲမှ ခံစား​နေရသည်။

လူအုပ်ကြီးသည် အရာအားလုံးကို ဆွေးနွေးစပြုလာပြီး ခဏအကြာတွင် လုရွှမ်၏ ဝိသေသလက္ခဏာကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ပြသခဲ့ပြီး သူလုပ်ဆောင်ခဲ့သည့် အရာများကိုပါ တူးဖော်လာကြတော့သည်။

"လတ်စသတ်တော့ ပါရမီရှင်တစ်ယောက်ကိုး.... ကောင်းကင်ရဲ့ အမြင့်နဲ့ မြေကြီးရဲ့ အတိမ်အနက်ကို မသိတာ သနားစရာပဲ.... လက်ရှိ မြို့ထောင်ချီ​မဟာမိတ် အဖွဲ့က အရင်တုန်းကလို ဖြစ်နေတုန်းပဲလို့ ထင်နေတာလား?"

"ဟမ့်.... မြို့ထောင်ချီမဟာမိတ်ရဲ့ စံအိမ်သခင်တောင် ကွယ်လွန်သွားပြီ... အခုဒီနေရာက ဧကရာဇ်အင်ပါယာ လက်အောက်က သေးငယ်တဲ့ နေရာလေးပဲ... သေမျိုးအသွင်ပြောင်းခြင်း၏ယ နယ်ပယ်ပဲရှိတဲ့ မျိုးဆက်လေးက မောက်မောက်မာမာနဲ့ ထွက်လာဖို့ သတ္တိရှိနေတယ်ပေါ့လေ"

"ဟီးဟီး ဒီလူ ဘယ်လောက်တောင် ရှက်စရာကောင်းတာတွေ လုပ်နေလဲ ဆိုတာကို စောင့်မျှော်ကြည့်ရအောင်"

"ရှက်စရာ ကောင်းတာလား? ဟမ့် ငါကတော့ သူရှက်လွန်းလို့ အသက်ပါ ပျောက်သွားမှာ ကြောက်ရတယ်"

လုရွှမ်သည် လူတိုင်း၏ ဆွေးနွေးမှုကို နားထောင်ပြီး ထိတ်လန့်မှုမရှိဘဲ သူရှိနေသည့်နေရာတွင် ရပ်နေခဲ့သည်။ လုရွှမ်မှာ ငြိမ်သက်​နေသော်လည်း ကျန်လူများမှာ မငြိမ်သက်နိုင်ပေ။

ပတ်ဝန်းကျင်က လူတွေရဲ့ စကားကို ပိုနားထောင်လေ စိုးရိမ်လာရလေပဲ။ အဲဒီလူတွေက သူတို့ကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်တယ်လေ။

"ကောင်လေး မင်းက လုရွှမ် ဟုတ်တယ်မလား? မင်းမှာ သတ္တိရှိသားပဲ ဖုန်းရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်လေးကိုတောင် သတ်ဝံ့တယ်... နတ်ဆေးလုံးမြို့က ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခွင့် မရှိဘူးဆိုတာ မင်းမသိဘူးလား? လာ ငါနဲ့သာ လိုက်ခဲ့လိုက်တော့"

ပထမဆုံး ထွက်လာသူမှာ အစောင့်တပ်မှူး၏ ဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး ဖြစ်ပြီး လုရွှမ်ရဲ့ပခုံးကို လက်ကြီးဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

လုရွှမ် သူ့ပခုံးကို ကိုင်ထားသူ့ကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းက မြို့ထောင်ချီ မဟာမိတ်ကလူ မဟုတ်ဘူးမလား?"

ထိုလူက ကျယ်လောင်စွာ ရယ်မောလိုက်ကာ ပါးစပ်ထောင့်များကို အထင်အမြင် သေးစွာ ကွေးညွတ်ပြလိုက်သည်။

"ငါက ပိုင်ဖုန်းဧကရာဇ်အင်ပါယာက လာတာ.. မင်းတို့လို ဖားငယ်လေးတွေက ဘယ်လိုလုပ် သိမှာလဲ? ဒါက ငါတို့ရဲ့နယ်မြေပဲ.... ကောင်းပြီး မင်းရဲ့ ကျင့်​ကြံမှုကို အရင် ဖျက်စီးလိုက်ရအောင်"

လုရွှမ် သူ့ပခုံးကို လှုပ်လိုက်တာနဲ့ ထိုလူရဲ့လက်မှ လွတ်ထွက်သွားသည်။

"မင်းသတ္တိ သိပ်ရှိ​နေရင် အသတ်ခံရလိမ့်မယ်"

လုရွှမ် လက်ဖဝါးများ အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်တဲ့အခါ ချက်ချင်းပင် ထိုသူ့လည်ပင်းပေါ် ရောက်ရှိသွား၏။ အားအနည်းငယ် သုံးကာ နှိပ်လိုက်သည်နှင့် ထိုတပ်မှူး၏ လည်ပင်းမှာ ကျိုးသွား​တော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အခြားအစောင့်များသည် လျင်မြန်စွာ လူစုခွဲလိုက်ကြပြီး ၎င်းတို့ရှေ့က လူသတ်သမားကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့ခေါင်းဆောင်သည် တောက်ကျင့်ကြံမှု လမ်းစဥ်ကို နားလည်ထားသူဖြစ်ပြီး သာမန် မဟုတ်ဘဲ ၎င်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အခြားသူများထက် များစွာသာလွန်၏။

တကယ့်တိုက်ပွဲ အတွင်းမှာတော့ သူတော်စင်တစ်ပိုင်းရဲ့ ခွန်အားအပြည့်နဲ့ ထိုးနှက်ချက်တောင် ခံနိုင်ခဲ့တာကို လူငယ်လေး တစ်ယောက်ဆီက အသတ်ခံလိုက်ရတယ်တဲ့လေ။

ထိုအခိုက်တွင် ပြင်းထန်သော အရှိန်အဟုန် တစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ကောင်းကင်မှ ပြုတ်ကျပြီး မြေပြင်ကိုပင် တသိမ့်သိမ့် တုန်လှုပ်သွား​စေသော သူတော်စင်တစ်ပိုင်းပဲ ဖြစ်သည်။

ထိုလူ​၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရတော့ အားလုံးက ပိုကြောက်လာကြသည်။ ၎င်းသည် အရပ်နှစ်မီတာထက်မပိုသော ထွားကျိုင်းသောအသွင်အပြင်ဖြင့် သူ့ရှေ့တွင် ရပ်လိုက်သောအခါ တောင်ကုန်းပေါ်တွင် ရပ်နေသကဲ့သို့ ဖြစ်နေသည်။

သူထုတ်လွှတ်နေတဲ့ အရှိန်အဝါက လူတွေကို ဒူးထောက် လက်မြှောက်ချင်စိတ်များပင် ဖြစ်ပေါ်လာစေ၏။

ဝုန်း!

ကျယ်လောင်သော အသံတစ်ချက်နဲ့ အတူ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေ တစ်ယောက်ပြီး တစ်ယောက် အလိုအလျောက် ဒူးထောက် ထိုင်လိုက်ဂကာ မတ်တပ်ရပ်နေသူများပင် ဒူးတွေတုန်ကာ ရုန်းကန်နေရသည်။

လုရွှမ် ခပ်အေးအေးပဲ လှောင်ရယ်လိုက်သည်။ ဒီလူရဲ့အားက အရမ်းကြီးပြီး ထူထဲနေတာပဲ။ စိတ်စွမ်းအားကို လေ့ကျင့် မွေးမြူထားမယ်လို့ သူ မမျှော်လင့်ထားဘူး။ သူ့ကို ပေါ်လာကတည်းက သူ့အစွမ်းအစကို မြင်လိုက်ပြီးသား။

ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို မဆင်မခြင် ဆက်ဆံရင်တော့ သည်းခံနေမှာ မဟုတ်ဘူးလေ။

သူ့အတွက်ကတော့ ဒီဖိအားလေးတွေက သူ့မျက်နှာကို မှုတ်ထုတ်တဲ့ လေပြေလေလိုပဲ။ သို့သော် ထျန်ကျွင့်နမ်နဲ့ တခြားသူတွေက သည်းမခံနိုင်တော့ပေ။ အထူးသဖြင့် လျောက်ချင်း၊ ဟန်ရွှယ်နဲ့ တခြားသူတွေက ပိုလို့တောင် ရှက်စရာကောင်းနေကြသည်။

လုရွှမ်၏ လက်လှိုင်းလုံးနှင့်အတူ ဝိညာဉ်စွမ်းအားလှိုင်းများ ပြန့်ကျဲသွားပြီး သူတော်စင်တစ်ပိုင်း၏ ဖိအားကို တွန်းလှန်လိုက်ရာ ထျန်ကျွင့်နမ်နှင့် အခြားသူများ သက်ပြင်းချကာ စိတ့သက်သာရာ ရသွားကြသည်။

မဟုတ်ပါက နောက်ပိုင်းတွင် ထိန်းထားနိုင်မည် မဟုတ်ပေ။

သူတော်စင်တစ်ပိုင်းက ဟေးခနဲ အသံထွက်လာပြီး သေသွားတဲ့ တပ်မှူးကို ကြည့်လိုက်ပြီးနောက် လုရွှမ်ကို မျက်လုံးတွေ ပြူးကြည့်လိုက်၏။

"မင်း ငါ့တပ်မှူးကို သတ်လိုက်တာလား?"

"ဒါက လက်ထောက်မြို့သခင် ကျောင်းကျန့်ပဲ"

တစ်စုံတစ်ယောက်က လှမ်းအော်လာသည်။

"မြို့သခင်... အဲဒါသူပဲ!! လုရွှမ်!"

ကျောင်းကျန့်က ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်ပြီး သူ့အသံက မိုးခြိမ်းသံလို ဟိန်းထွက်လာ၏။

"မင်းက ငါ့တပ်မှူးကို သတ်လိုက်တာ ငါ့ကို အလေးအနက် မထားဘူးလို့ ဆိုလိုတာပေါ့!! ကောင်လေး မင်းဆရာက ဘယ်သူလဲ?? သူ့နာမည်ကို ထုတ်ပြောလိုက်စမ်း... ငါ့အသိလား ကြည့်ကြည့်ရအောင် မဟုတ်ရင်တော့ မင်းမှတ်သွားတဲ့အထိ ရိုက်ပစ်မယ်!"

လုရွှမ်ကို ပထမဆုံးအကြိမ် တွေ့ပြီးနောက် ကျောင်းကျန့်၏ နှလုံးသားသည် မလှုပ်ရှားနိုင်တော့ဘဲ ဤလူငယ်လေးသည် အံ့သြစရာ ကောင်းလောက်အောင် ရီဝေဝေဝါးနေသည့် ခံစားချက်ကိုပင် ပေးစွမ်းနိုင်ခဲ့သည်။

သူသည် သူ​တော်စင်တစ်ပိုင်း၏ ကျင့်​ကြံမှုအခြေခံသို့ မရောက်သေးသလို ထင်ရသော်လည်း သူ၏ ရောင်ဝါသည် အမှန်တကယ်ပင် အန္တရာယ်ကို ခံစားရစေသည်။

"ငါ့ဆရာက ဘယ်သူလဲ? ဟားဟား မင်းမေးဖို့ မထိုက်တန်ဘူး"

လုရွှမ်က ပေါ့ပေါ့လေးပဲ ​ပြောလိုက်သည်။

သူ့ဆရာ? ဤဘဝ၌ဖြစ်စေ၊ ယခင်ဘဝ၌ပင် ဖြစ်စေ သူ့တွင် ဆရာမရှိ၍ တောက်လျှောက် မိမိဘာသာ ကြိုးစားအားထုတ်ခဲ့တာ ဖြစ်သည်။

ကျောင်းကျန့်က နွားမျက်လုံးတွေလို စိုက်ကြည့်ရင်း

"ကောင်လေး... မင်းက ဒီလောက် အရည်အချင်း ရှိလို့လား? ငါမေးဖို့တောင် မထိုက်တန်ဘူးပေါ့... သူက သူတော်စင်လား? ဒါမှမဟုတ် သူတော်စင်ကြီးလား?"

လုရွှမ်က စကားမပြောဘဲ ကျောင်းကျန့်ကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်နေသည်။

ကျောင်းကျန့် အံ့ဩသွားပြီး သူ့စိတ်ထဲ သံသယဝင်လာမိသည်။ အခြားသူများက သူ့ကို မဆင်မခြင်လူဟု ခေါ်ကြသော်လည်း သူသည် မဆင်မခြင် သန်မာပါက အားကြီးသူနှင့် တွေ့သောအခါ မည်သို့မည်ပုံ သေဆုံးရမည်ကိုပင် မသိလိုက်နိုင်ကြောင်း သူကိုယ်တိုင်သာ ကောင်းစွာ သိ​လေသည်။

လုရွှမ်၏ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးကဲသော နောက်ခံကို သတိပြုမိလိုက်ရာ ကျောင်းကျန့်သည် ချက်ချင်းပင် သူ့စိတ်ထဲ တွင်တွင်ကျယ်ကျယ် ဝင်မစွက်ဖက်ချင်တော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ ၎င်းသည် သေဆုံးသွားသူ မဟုတ်ပေ။ အကယ်၍ သူ့ဖက်က လူတစ်ယောက် သေဆုံးသွားပါက ကလဲ့စားချေရန် လာမည့်သူများ ရှိပေလိမ့်မည်။

All Chapters