← Chapters

မြို့သခင်ရဲ့သရုပ်ဆောင်မှု

Vol. 38 Ch. 4.88

မြို့သခင်ရဲ့သရုပ်ဆောင်မှု

Vol. 38 Ch. 4.88

"မြို့သခင်ကို အစီရင်ခံပါတယ်... အဲဒီကောင်လေးက တော်ဝင်အင်ပါယာက လာတာ... သူ့မှာ ဆရာတောင် မရှိလောက်ဘူး ရှိရင်တောင် ဖားဆရာပဲ ရှိလိမ့်မယ်"

ထက်မြက်သော ပါးစပ်နှင့် မျောက်ပါးပြင်လို ရှိသော အမျိုးသားတစ်ဦးသည် သူ့မျက်နှာပေါ်တွင် ခပ်ထေထေ အပြုံးဖြင့် မော့ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော် ကျောင်းကျင့်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး တစ်ဖက်လူရဲ့ မျက်နှာအနှံ့ ရိုက်ချပစ်လိုက်သည်။

"ဘာလို့ ဆရာ မရှိရမှာလဲ? ဆရာ မရှိရင် သူက သူ့ဘာသာ လေ့ကျင့်နေတာလား?.... ဆရာ့ကို လေးစားတဲ့အကြောင်း တစ်ခုမှ မသိဘူးလား? ထွက်သွား!"

ထိုလူမှာ ပါးပြင်များ ဖောင်းပွနေကာ မျက်လုံးများ ရောင်ရမ်းလာသော်လည်း ကျောင်းကျန့်သူ့ကို ဘာကြောင့်ရိုက်မှန်း နားမလည်ချေ။

သူက ရည်ရွယ်ချက်ကောင်းနဲ့ ဝင်ပြောတာကို ဘာလို့များ အရိုက်ခံလိုက်ရတာလဲ?

သို့သော် ဘာကြောင့်လဲဟု မမေးဝံ့သောကြောင့် လမ်းမှ အမြန်ထွက်လာခဲ့၏။ ထပ်ပြီး အရိုက်ခံရမှာ ကြောက်တာကြောင့် ဖြည်းဖြည်းချင်းတောင် လမ်းလျှောက်မသွားရဲပေ။

"လုရွှမ် ဟုတ်တယ်မလား? မင်းက မြို့ထောင်ချီမဟာမိတ် အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင်ဖြစ်နေတုန်းပဲ မင်းရဲ့ အဆင့်အတန်းက မနိမ့်ဘူးဆိုတာ သိပေမယ့် စည်းကမ်းတွေကို မင်းသိသင့်တယ်.... စည်းကမ်းတွေနဲ့ ပတ်သက်ပြီး မင်းအသိဆုံးပါပဲ... ငါ့ကိုပြောစမ်း။ မင်းနဲ့ ငါ့တပ်မှူးကြားမှာ ဘာဖြစ်သွားတာလဲ?"

"ဟမ့်... မင်းကိုငါပြောမယ်.... ငါမြို့သခင်က အမျှတဆုံးပဲ ငါမြို့သခင်မှားရင် ဘယ်တော့မှ ဖုံးဖိထားမှာ မဟုတ်ဘူး.... ဒါပေမဲ့ မင်းမှားရင်တော့ ဟဲဟဲ မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး ကောင်းကောင်းကြီး ရိုက်ပေးလိုက်မယ် နားလည်လား?"

စကားပြီးသည်နှင့် သူတော်စင်တစ်ပိုင်းနှင့် ဆိုင်သော ဝိညာဥ်စွမ်းအင်များက သိသိသာသာ ပေါက်ထွက် လုနီးပါးဖြစ်လာပြီး လူအုပ်ထဲက လူအားလုံးက သူတို့ပါ ရောယောင်၍ ခံရမည်ကို စိုးရိမ် ကြောက်ရွံ့သွားကြသည်။

လုရွှမ် သူ့စိတ်ထဲတွင် အနည်းငယ် ရယ်စရာ ကောင်းသည်ဟု ထင်မိ၏။ ဒီမြို့သခင်က စိတ်ဝင်စားစရာ ကောင်းတယ် မဟုတ်လား။

ဒီကောင်က အသားစားတယ် ဆိုတာ သူ့ရဲ့ ထူးကဲတဲ့ အစွမ်းသတ္တိကို ကြည့်ရင် သိသာထင်ရှားပါတယ်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကလူ မဟုတ်ဘူး။ ဒါကြောင့် သူနဲ့ စကားပြောဖို့ သတ္တိတွေ ရှိနေတာပဲ။

တကယ်လို့သာ သူ့အင်အား မလုံလောက်ခဲ့ရင် ဒီလူကြီး သူ့ကို ချက်ချင်း သတ်ပစ်ပြီးလောက်ပြီ။

ကျိုးကြောင်း ဆီလျော်သည်ဖြစ်စေ မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ ဘာမှ အဓိပ္ပာယ် မရှိချေ။ ဒါသူ့ကိုယ်သူ ဆင်ခြေပေးရုံပဲဆိုတာ သိသာထင်ရှားပါတယ်။

မဟုတ်ရင် ဖုန်းရှန်ဧကရာဇ်အင်ပါယာက မင်းသားငယ်လေး သေသွားတာကို ဘာကြောင့် ထုတ်မပြောတာလဲ? သူ ဒီလို အဓိပ္ပာယ်မရှိတာတွေကို အာရုံစိုက်ချင်မနေပါဘူး။

သူ့​​မှာ ယုံကြည်မှုရှိပေမယ့် ဘာမှမဖြစ်ဘဲ ရန်သူတွေ မလုပ်ချင်ဘူး​လေ။ ကျောင်းကျန့်ကလည်း ပြဿနာထဲ သိပ်မပါဝင်ချင်တာကြောင့် သူ့ကိုတမင်သက်သက် ရန်မစချင်ပုံပင်။

"မြို့သခင်ကျန်း.... မင်းရဲ့တရားမျှတမှုနဲ့ ဂုဏ်သိက္ခာအကြောင်း ကြားခဲ့ဖူးပါတယ်.. အဲဒါကြောင့် တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်လာတော့ ဒီနတ်ဆေးလုံးရေကန်ရဲ့ မှော်ဆန်မှုကို စိတ်ဝင်စားရုံတင် မကဘူး မြို့သခင်ကို ဂါရဝပြုဖို့ အမြန်ဆုံး ဒီနေရာကို အမြန်လာခဲ့တာ"

"ဒါပေမဲ့ ဒီတပ်မှူးက ထူးကဲအဆင့်မြင့်မယ်လို့ မထင်ခဲ့မိဘူး သူက ကျုပ်ဆီက လာဘ်လာဘတွေ တောင်းချင်နေတယ်လေ... လာဘ်မရရင် ဝင်ခွင့်မပေးဘူးတဲ့... သူကအရင် စလှုပ်ရှားလိုက်တာပါ မတတ်နိုင်ဘူးလေ ကျုပ်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သဘာဝကျကျ ခုခံထားရတာပေါ့ ... သူ့အသက်သွေးကြောတွေကို ထိသွားမယ်လို့ မမျှော်လင့်ထားပါဘူး"

လူတိုင်း အံ့ဩသွားပြီး လုရွှမ်ကို ငတုံးတွေလို ကြည့်နေကြသည်။ ပြဿနာက ကြုံရာကျပန်း လုပ်ကြံ ဖန်တီးတာတောင်မှ စကားလုံးတွေကိုပါ လုပ်ကြံထားတော့ ဘယ်သူက ယုံမှာလဲ။

လူတိုင်းကို မျက်စိကန်းတယ်လို့ တကယ်ထင်နေတယလား။ လူတိုင်းကန်းတောင်မှ မြို့သခင်က မျက်စိကန်းနိုင်မှာလား? သူတော်စင်တစ်ပိုင်းကို ကျီစားနေတာက ကိုယ့်သေတွင်းကို တူးနေတာပဲနော်။

ထျန်ကျွင့်နမ်၏ ဆူဖြိုးသော ပါးပြင်များ တုန်လှုပ်သွားသလို မော့ကောင်းရွှမ်း၏ မျက်လုံးများ ပြူးကျယ်သွားကာ မိန်းကလေး ငါးယောက်မှာလည်း ထိတ်လန့်သွားကြသည်။ ထျန်မိသားစု၏ တပည့်များသည် နှုတ်ခမ်းများကို တင်းတင်းကြိတ်ကာ ငိုချင်နေကြလေသည်။

အဲဒီလူက အခု သေသွားပြီလေ။

ကျောင်းကျန့်က ညည်းညူရင်း မေးစေ့ကို ပွတ်သပ်ပြီး အော်ပြောလိုက်တယ်

"ဟမ့် ဒီကောင်က ငါ့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးကို ဖြုန်းတီးပြီး တခြားသူတွေရှေ့မှာ လာဘ်ယူဖို့ စီစဥ်နေခဲ့တာကိုး.... ငါ မယုံသေးဘူး"

"ဟမ်... မင်းက ငါ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ရဲတဲ့ မင်းလိုလူက သေရတာတောင် သနားစရာ မကောင်းဘူး.... ဒါပေမဲ့ လူသတ်တာ မှားတယ် ကောင်လေး မင်း သူ့ကို စရိတ်စကအဖြစ် ဝိညာဥ်ကျောက်တုံး နည်းနည်းပေးပြီး သူ့ရဲ့နောက်ဆုံးခရီးကို ပို့ပေးလိုက်ပါ"

ပရိတ်သတ်များမှာ ရူးတော့မလို ဖြစ်သွားကြ၏။ ဒီလိုလည်း အဆင်ပြေတယ်လား။ တစ်ယောက်ယောက်ကို သတ်ပစ်ရင် ဝိညာဥ်ကျောက်တုံး ပေးရုံနဲ့ အကုန်ပြီးပြီးပေါ့?

"မြို့သခင်ပြောတာ မှန်ပါတယ်"

လုရွှမ်က ရယ်ပြီး ဝိညာဥ်ကျောက်တုံး ၂တုံးကို ထိုတပ်မှူးအောက်သို့ ပစ်ချလိုက်သည်။ သူက တခြားအစောင့်တွေကို ကြည့်လိုက်ပြီး

"ဒါဆို သူ့ကို သင်္ဂြိုဟ်ဖို့ ဒီကမိတ်ဆွေတွေကို နှောင့်ယှက်မိပါပြီ"

အစောင့်တွေက ဘယ်မှ မပြောဝံ့ဘဲ ဟုတ်ကဲ့ဟု အထပ်ထပ် အခါခါ ပြောနေမိတော့သည်။

သူတို့သည် လူမိုက် မဟုတ်သောကြောင့် လုရွှမ်တွင် ထူးကဲသော အဆင့်အတန်း ရှိရမည်ကို ခန့်မှန်းမိကြသလို မြို့သခင်ကလည်း သူနှင့် ထင်ရှားစွာ သရုပ်ဆောင်နေပါသည်။ တစ်ခုခု မှားသွားရင် တပ်မှူးနောက် လိုက်သွားရမည်ကို စိုးရိမ်၍ ယုတ်မာသော စကားများ မပြောဝံ့ကြချေ။

"သခင်လေးလုက ဘာတွေပြောနေပါလိမ့် ဒီလူက မရိုးသားဘူး သစ္စာမဲ့တယ် မြို့သခင်ကို လှည့်စားတယ်.... သူ့လက်အောက် ငယ်သားတွေကိုလည်း အနိုင်ကျင့်သေးတယ်.... ချမ်းချမ်းသာသာနဲ့ မြေမြှုပ်ချင်ရင်တောင် ဝိညာဥ်ကျောက် တစ်တုံးဆို လုံလောက်ပါပြီ"

အစောင့်တစ်ယောက်က သူ့ကို ချော့မော့ကာ ပြောလေ၏။ ထိုအခါ အခြားအစောင့် တစ်ယောက်ကလည်း အလွန်လိမ္မာ ပါးနပ်စွာဖြင့်။

"မင်းကတော့... သူက ဝိညာဥ်ကျောက် တစ်တုံးနဲ့တောင် မတန်ပါဘူး... အကျဥ်းသား အလောင်းတွေ အစုလိုက်အပြုံလိုက် ရှိနေတဲ့ အုတ်ဂူထဲသာ ပစ်ချလိုက်ရအောင်... သခင်လေးလု ဒီဝိညာဥ်ကျောက်တုံးတွေကို ပြန်သိမ်းလိုက်ပါဗျာ"

လုရွှမ်က ပြုံး၍

"ဟူး.... ဒီလို မလုပ်နိုင်ပါဘူး မင်းတို့ ကြင်နာရမယ်လေ သူ့ကို သေသေချာချာ သင်္ဂြိုဟ်ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ သခင်လေးလု"

နှစ်ယောက်သား ဝိညာဥ်ကျောက်တုံး ၂တုံးကို နာခံစွာ ကောက်ယူပြီးနောက် တပ်မှူး၏အလောင်းကို သယ်ဆောင်သွားကြသည်။

ထိုစဥ် ဒေါသကြီးသော အသံတစ်သံသည် အဝေးမှ ပြေးဝင်လာ၏။ ထိုအသံကြောင့် မြေကြီး ပြိုကျကာ အသံလှိုင်းများ ကြီးမားလွန်းသဖြင့် မြေကြီး ကြမ်းပြင်ကိုပင် တုန်လှုပ်သွား​စေသည်။

လုရွှမ်သည် မော့ကောင်းရွှမ်းနှင့် အခြားသူများကို ကာကွယ်ရန် လက်ဖဝါးကို ဝှေ့ယမ်းကာ ပြေးလာနေသော လူများကို ကြည့်လိုက်သည်။

ထိုသူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး တင်းမာသော ပါးပြင်နှင့် ဖြူစင်သောအသားအရည်ရှိပြီး ယခင်က သေဆုံးသွားသော လူငယ်ကိုပင် အမှတ်ရသွားစေသည်။

"ငါ့သားကို ဘယ်သူ သတ်လိုက်တာလဲ??"

ဤတစ်ကြိမ်တွင် မုန်တိုင်း တိုက်ခတ်နေသကဲ့သို့ အသံ၏ အရှိန်သည် ယခင်ကထက် ပိုမိုပြင်းထန်လာကာ အင်အား လုံလောက်မှု မရှိသော လူနချို့သည် လေထဲသို့ လွင့်ထွက်သွားခဲ့သည်။

ဧည့်သည်များ၏ မျက်လုံးများသည် လုရွှမ်နှင့် ကျောင်းကျန့်ထံ အလိုလို ကျရောက်သွားသည်။ ၎င်းတို့မှာ အေးအေးဆေးဆေး လူနှစ်ယောက် ဖြစ်နေဆဲပင်။

"ကျောင်းကျန့် မင်းက ငါ့သားကို သတ်လိုက်တာလား?"

ထိုလူက အော်ပြောလိုက်သည်။ သူ့သားကို သတ်နိုင်စွမ်း ရှိသူသည် သူ​တော်စင်တစ်ပိုင်း ဖြစ်ရမည်ဟု ထင်မြင်ချက် ရှိထားတာကြောင့် လှည့်ကြည့်လိုက်သည်။

"ရွှီချင့်.... မင်းရဲ့ ဘယ်မျက်လုံးက မင်းရဲ့သားကို ငါသတ်ခဲ့တာ မြင်လဲ?"

ကျောင်းကျန့်ကလည်း ဆို၏။ သူ့အသံက အနည်းငယ် စိတ်ရှုပ်သွားပုံဖြင့် ရိုးသားတဲ့ လူတစ်ယောက်လိုပင်။ ထို့ကြောင့် ထိုလူလည်း လုရွှမ်ကို လှည့်ကြည့်လိုက်ပြီး

"ကောင်လေး ငါ့သားကို မင်းသတ်လိုက်တာလား?"

လုရွှမ်ကို ကြည့်လိုက်တဲ့အခါ ပိုကြည့်လေ ပိုစိတ်ရှုပ်လေပဲ။

"မင်းမှာ ခွန်အားတစ်ခု ရှိတယ်.... မင်းပြော!! မင်းသတ်လိုက်တာလား?"

အောက်မှ လူများသည် လုရွှမ်နှင့် သူတော်စင်တစ်ပိုင်း ပညာရှင်နှစ်ပါးကို မျှော်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ထိုလူတို့၏ မျက်နှာပေါ်တွင် စိတ်ဝင်တစားရှိသည့် အရိပ်အယောင်များ ပြည့်နှက်နေသော အပြုံးများ ရှိနေသည်။

ထျန်ကျွင့်နမ်နှင့် သူ့အဖွဲ့သည် လုရွှမ်ကို အံ့အားသင့်စွာ ကြည့်ကာ စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။

"ဟုတ်တယ် မင်းရဲ့သားကို ငါသတ်လိုက်တာ!"

လုရွှမ် သူနဲ့မဆိုင်တဲ့ တခြားသူတွေရဲ့ ကိစ္စတွေကို ပြောနေသလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။ ဤလျစ်လျူရှုမှု စကားများသည် ကြည့်နေသူ လူတိုင်းအား တိတ်တဆိတ် ချီးမွမ်းစေခဲ့သည်။

ဒီလူသည် သေခြင်းတရားကို ထိပ်တိုက် ရှာဖွေ​နေခြင်းသက်သက်သာ ဖြစ်သော်လည်း ဤသတ္တိမျိုး ရှိနိုင်ဖို့ အမှန်တကယ်ပင် ခက်ခဲလှပေသည်။

ရွှီချင့် ခဏလောက် ထိတ်လန့်သွားပြီး တဖြည်းဖြည်းနဲ့ ဒေါသတွေ ထွက်လာခဲ့သည်။ ခဏလောက်တော့ လုရွှမ်က မနာလိုတဲ့ သဘောထားကြောင့် သူ့ရဲ့ အချစ်ဆုံးသားကို သတ်လိုက်တာလား ဆိုတာ နားမလည်နိုင်အောင် ဖြစ်သွားသည်။

"ကောင်းပြီ...ကောင်းပြီ မင်းတကယ် သတ္တိရှိတာပဲ ဒါဆို ငရဲကို သွားပေတော့!"

ရွှီချင့် သူ့လက်တွေကို ဝိညာဥ်စွမ်းအင် လှိုင်းလုံးတွေနဲ့ အတူ ဝေ့ယမ်းလိုက်တဲ့အခါ တောက်ကျင့်စဥ် စွမ်းအင်များက ဓားတစ်လတ် အသွင်အ​ဖြစ် ပေါ်ထွက်လာခဲ့သည်။

"သွား!"

ရွှီရှင့်၏ ဒေါသတကြီး အော်သံနှင့်အတူ ဝိညာဥ်ချီဓားကို လုရွှမ်ဆီသို့ ပစ်ခတ်လိုက်သည်။

ဝုန်း!

ရုတ်တရက် အသံဗလံ တစ်ခု ထွက်​ပေါ်လာပြီး ဓားသည် လုရွှမ်ရှေ့တွင် ရပ်သွားခဲ့သည်။

All Chapters