← Chapters

ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်

Vol. 38 Ch. 4.89

ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်

Vol. 38 Ch. 4.89

သေးငယ်သော နေရာတစ်ခုတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသလို အသံက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။

အားလုံးက လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ ဒါက သူတော်စင်တစ်ပိုင်းရဲ့ တောက်ကျင့်ကြံမှု ပုံစံဖြင့် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း သူက ပိတ်ဆို့ထားနိုင် ခဲ့တယ်တဲ့လား။

အားလုံးရဲ့ လုရွှမ်ကို ကြည့်တဲ့ ပုံစံက ပြောင်းလဲသွားတော့သည်။

ကျောင်းကျန့်၏ မျက်လုံးများ တောက်ပလာပြီး လုရွှမ်ကို လေးလေးနက်နက် စေ့စေ့ကြည့်နေသည်။ ဤအငယ်တန်း လူငယ်သည် တကယ်ကို ထူးထူးခြားခြားပင်။

မျှော်လင့်ထားသလိုပဲ ထူးခြားနေတာကြောင့် စိတ်ထဲမှာ တိတ်တဆိတ် ဝမ်းမြောက်မိရင်း ဂရုတစိုက် စောင့်ကြည့်နေလို့သည်။ ဒီလူငယ်လေးက လုံးဝ လျှော့တွက်လို့ မရတဲ့လူပဲ။

ရွှီချင့်သည် အအံ့သြမိဆုံး ဖြစ်သော်လည်း သူ့ရဲ့ တောက်ကျင့်စဥ် မှော်ဓားပေါ်က တုန်ခါမှုက သူ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ချီဓားသည် ရေထဲသို့ ထိုးဖောက် ခံလိုက်ရသလို ခံစားလိုက်ရသည်။

ရုတ်​တရက်​ သူလန့်​သွားပြီး

"မင်းက စိတ်​ဝိညာဉ်​သခင်​လား??"

ကျောင်းကျန့်ရဲ့ မျက်လုံးများ တစ်ခဏအတွင်း ပြန်လည်တောက်ပလာကာ လုရွှမ်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်တော့ ဝိညာဉ်သခင် ဖြစ်နေတာကို တွေ့လိုက်ရသည်။

ကိုယ်ခံပညာရှင် နှင့် စိတ်ဝိညာဉ်သခင်သည် ကျင့်ကြံမှုလမ်းစဥ် နှစ်ခုသာဖြစ်သည်။ တိုက်ခိုက်ရေး ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံရခက်လေသည်။ အထူးသဖြင့် သူ​တော်စင်တစ်ပိုင်း အဆင့်ပင်။

သူတော်စင် တစ်ပိုင်းအဆင့်တွင် ဝိညာဥ်သခင်များသည် တိုက်ခိုက်ရေး ကျင့်ကြံသူများထက် ဖြတ်ကျော်ရန် အခက်အခဲသည် အလွန်ကြီးမားကာ ဆယ်ဆနီးပါးကို ပိုမိုခက်ခဲ​လေသည်။

သဘာဝအားဖြင့် စိတ်ဝိညာဉ်သခင် သူတော်စင်တစ်ပိုင်းသည် ကျင့်ကြံသူ သူတော်စင်တစ်ဦး၏ ခွန်အားထက် များစွာပို၍ ကြီးမားပါသည်။ ၎င်းသည် စိတ်စွမ်းအားကို သုံး၍ပင် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ အများအပြားကို တိုက်ခိုက်နိုင်သည်။

ဝိညာဥ်သခင်၏ နည်းလမ်းများသည် ပို၍ အဆင့်မြင့်လာပါက သူတော်စင်တစ်ပိုင်း သုံးယောက်ပင်လျှင် ၎င်းတို့၏ ရန်ဘက် မဖြစ်နိုင်ပေ။

ဤလူငယ်လေးသည် စိတ်ဝိညာဉ်စွမ်းအားကို အဓိကထား၍ ပဏာမ စွမ်းအားကို အသုံးချသော ဝိညာဥ်သခင် ဖြစ်လာသော်ငြား သူ၏ မူလစွမ်းအား၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သာ ရှိသေးသည်။

သို့သော် တောက်ကျင့်စဥ် နိယာမစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေသည်ကို မြင်လျှင် သူတော်စင်တစ်ပိုင်းကို ဖြတ်ကျော်နိုင်သည့် ထောင့်တစ်ဝိုက်တွင် ရှိနေသည်မှာ ထင်ရှား​လေသည်။

ဒီလောက် ကြောက်စရာ ကောင်းတဲ့ ပါရမီရှင်ကို သင်ပေးဖို့ ဘယ်လိုလူကများ တတ်နိုင်ခဲ့တာလဲ?

ခဏလောက် ကြာတော့ ရွှီချင့်က နည်းနည်း နောင်တရသွားပြီး စိတ်မရှည်တော့ချေ။

ဒါပေါ့ သူပြောနေတဲ့ ဝိညာဉ်သခင်ဟာ အဲဒီတုန်းက ကျင့်ကြံသူတွေဆီက မီးရှို့ခဲ့ရတဲ့ ဝိညာဉ်သခင်တွေ မဟုတ်ဘဲ ကြောက်စရာကောင်းတဲ့ သူတော်စင်တစ်ပိုင်း ဝိညာဉ်သခင်သာ ဖြစ်သည်။

သူတို့၏အမြင်တွင် စိတ်ဝိညာဉ်စွမ်းအားကို မှီခိုအားထား၍ တိုက်ခိုက်နိုင်သော မည်သူမဆို ဝိညာဉ်သခင်ဟု ခေါ်နိုင်သည်။

"ကောင်လေး မင်းကဘယ်သူလဲ?"

ရွှီချင့်က အော်လိုက်သည်။

ကျောင်းကျန့်က တဟားဟား ရယ်လိုက်ပြီး အနောက်ကို ဆုတ်နေလိုက်သည်။ လုရွှမ်က ဝိညာဉ်သခင် ဖြစ်တာကို သိလိုက်ပြီမို့ ရွှီချင့် သေချာပေါက် ရှုံးနိမ့်မည်ကို သိကာ မှန်ကန်သော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ မဟုတ်ပါက တစ်ဖက်လူကို စော်ကားရာရောက်ပြီး ကြံရာမရ ဖြစ်နေပေလိမ့်မည်။

ပရိတ်သတ်များကို ကိုယ်ခံပညာကို အဓိကထား လေ့ကျင့်ထားသူများ ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဝိညာဉ်သခင်ကို ကိုယ်စားပြုသည့်အရာနှင့် ပတ်သက်၍ သဘာဝအားဖြင့် အလွန် ရှင်းရှင်းလင်းလင်း သိ​ကြသည်။

မမျှော်လင့်ဘဲ လုရွှမ်သည် ဝိညာဉ်သခင် ဖြစ်နေတာကြောင့် တိုက်ပွဲက ပို၍ ကြည့်ကောင်းနေမည်ကို သဘောပေါက်သွား၏။ နှစ်ဖက် တိုက်ခိုက်ကြရင် ဘယ်သူက အနိုင်ရမယ်ဆိုတာ မသေချာသေးချေ။

လုရွှမ် နောက်ပိုင်းတွင် သူတို့အပေါ် ဒေါသတွေ ပုံချလာမှာကို စိုးရိမ်၍ တချို့လူများက ဂရုတစိုက် ထွက်ခွာသွားကြသည်။

ထျန်ကျွင့်နမ်နှင့် အခြားသူများကတော့ ဒီအခိုက်အတန့်တွင် ပျော်ရွှင်နေကြပြီ။ သူတို့ အစ်ကိုကြီးသည် စိတ်ဝိညာဉ်သခင်၏ နယ်နိမိတ်ကို အမှန်တကယ် ဖြတ်ကျော်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူအရမ်း တည်ငြိမ်နေတာ အံ့သြစရာတော့ မဟုတ်တော့ပေ။ ယွမ်ချီရှိတဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်က ဝိညာဉ်သခင်ကို တိုက်ခိုက်ချင်နေတာက သေလမ်း ရှာနေတာပဲ မဟုတ်ဘူးလား?

မော့ကောင်းရွှမ်း ပိုမို စိတ်ပိုင်းဖြတ်လာမိသည်။ လုရွှမ်၏ လျှို့ဝှက်ချက်ကို တစ်ဦးတည်းသော သိသူ ဖြစ်သည်။ ထိုနတ်ဆေးလုံးကို သခင်လေး ရလာခဲ့တာ သေချာ၏။ ဒါကြောင့် သူ့ရဲ့လက်ရှိ နယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ပိုင်း စိတ်ဝိညာဉ်သခင် ဖြစ်လာခဲ့သည်။

လုရွှမ်ကတော့ ထိတ်လန့်ပြီး ဒေါသများ ပြည့်နေသော လုရွှမ်ကို ကြည့်ကာ သူ၏အမူအရာမှာ တည်ငြိမ်လှသည်။

"ငါ့နာမည်က လုရွှမ်!! မြို့ထောင်ချီမဟာမိတ် အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင်ပဲ.... ဒီနေရာက မြို့ထောင်ချီမဟာမိတ်ရဲ့ ပိုင်နက်ထဲမှာ ရှိတယ်...ဒါကြောင့် သဘာဝအတိုင်း အရိပ်လူသတ်ခန်းမနဲ့လည်း သက်ဆိုင်တယ်"

လုရွှမ်သည် အရိ​ပ်လူသတ် ခန်းမကို အနည်းငယ်မျှ ချစ်ခင်မှု မရှိသော်လည်း ထိုအရာသည် လက်ရှိ သူ၏ စွမ်းအားဖြစ်ပြီး ၎င်းကို ကောင်းမွန်စွာ အသုံးပြုလိုက်သည်နှင့် ၎င်းသည် အလွန်ကောင်းမွန်သော အကူအညီ ဖြစ်လာလိမ့်မည်။

ဧကရာဇ်အင်ပါယာမှ နယ်ချဲ့တပ်များ အားလုံး မရောက်လာမီတွင် အရိပ်လူသတ်ခန်းမသည် ယွမ်စံအိမ်ပြီးလျှင် အင်အားအရှိဆုံး တစ်ခုအဖြစ် သတ်မှတ်ခံရနိုင်သည်။ အရိပ်လူသတ်ခန်းမ၏ အရေးကြီး အဖွဲ့ဝင် ဖြစ်လာခြင်းအတွက် အနိမ့်ဆုံးစံနှုန်းမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉သာ ဖြစ်သည်။

သို့သော် လမ်းညွှန် ပြသပေးမည့်သူ မရှိသည့်အတွက် သနားစရာ ကောင်းလှသည်။ လူများ၏ စွမ်းအားအများစုသည် မူလနယ်ပယ်တွင်သာ ရှိနေကြပြီး တောက်ကျင့်ကြံမှု သူတော်စင်လမ်းစဥ်ကို မည်သို့ နားလည်ရမည်ကို မသိကြပေ။

ယခု နတ်ဆေးလုံးရေကန်၏ အသွင်အပြင်သည် ၎င်းတို့အတွက် ကြီးမားသော အခွင့်အလမ်း တစ်ခု ဖြစ်လာခဲ့သည်။

အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော ဤသူများသည် နတ်ဆေးလုံးရေကန်မှ နိယာမစွမ်းအင်ကို ရိပ်မိနိုင်သည်နှင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် တောက်ကျင့်စဥ် ပုံစံကို ပေါင်းစပ်ကာ သူတော်စင်လမ်းသို့ ထွက်ခွာသွားရမည့် အခွင့်အလမ်းကောင်းများ ရရှိလာမှာ ဖြစ်၏။

ဒါက စိတ်ဆန္ဒအရ ဖယ်ထုတ်နိုင်တဲ့ အင်အားတစ်ခု မဟုတ်တာ သေချာပါသည်။ နောက်ပိုင်းမှာပဲဖြစ်ဖြစ် ကောင်းကင်နဲ့ မြေကြီးရဲ့ တောက်ကျင့်စဥ် စွမ်းအင်များကို နားလည်သွားတဲ့အခါ အနာဂတ်မှာ သူတို့ ဒီကနေ ထွက်သွားတဲ့ အချိန်ရောက်ရင် ဒါက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်သည်။

ဟန်ရွှယ်နဲ့ မိန်းက​လေးတွေရဲ့ ခွန်အား တိုးတက်မှုက အရမ်းနှေးကွေးပြီး ဆေးများများသောက်ရင် သူတို့ရဲ့ ခွန်အားတွေ တိုးတက်လာမှာ ဖြစ်ပေမယ့် အခြေခံအုတ်မြစ်ကတော့ ပိုပိုပြီး မတည်မငြိမ် ဖြစ်လာလိမ့်မည်။

ခိုင်ခံ့သော အုတ်မြစ်ကို ဖြည်းညင်းစွာ ထားရှိခြင်းကသာ ၎င်းတို့၏ အနာဂတ်အတွက် ပိုမိုကောင်းမွန်မည် ဖြစ်သည်။ အရိပ်လူသတ်ခန်ူမက အစောင့်များ ရှိနေပါက ၎င်းတို့၏ လုံခြုံရေးကို အာမခံထားနိုင်သည်။

ထို့ကြောင့် ဤကာလအတွင်း လုရွှမ်သည် အရိပ်လူသတ်ခန်းမ၏ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ထားခဲ့သည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသော ကာလဖြစ်စေ၊ တောက်ကျင့်စဥ် နိယာမစွမ်းအင်ကို နားလည်သော သူတော်စင်တစ်ပိုင်းတွေ ဖြစ်စေ အားလုံး အရိပ်လူသတ်ခန်းမရဲ့ အမိန့်ကို နာခံရမည်။

ရွှီချင့် အနည်းငယ် မျက်မှောင် ကြုတ်သွားသော်လည်း ပြင်းထန်စွာ ရယ်မောလိုက်ပြီး

"မင်းဆိုလိုတာက ငါတို့ ဧကရာဇ်အင်ပါယာထဲက အဆင့်မြင့် မျိုးနွယ်စုဝင်တွေက မင်းရဲ့ အရိပ်လူသတ်ခန်းမကို သစ္စာခံရမယ် ဟုတ်လား?"

ဒါက ရယ်စရာ ကောင်းတယ်လို့တောင် တွေ့မိသည်။

"မှန်တယ်!! လက်ရှိ အရိပ်လူသတ်ခန်းမရဲ့ အင်အားက မလုံလောက်ဘူး... ဒါကြောင့် သူတော်စင်တစ်ပိုင်း တစ်ယောက်ယောက်က ပါဝင်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ ချီးကျူးဂုဏ်ပြုပြီး ကြိုဆိုပါတယ်"

"ကောင်လေး မင်းက တကယ့်ကို မာနကြီးတာပဲ.... အရမ်းကောင်းတယ် ဒီနေ့ မင်းကို မသတ်နိုင်ဘူး ဆိုရင် မင်းရဲ့ အရိပ်လူသတ်ခန်းမကို မင်းဘယ်လို ပွင့်လန်းလာအောင် လုပ်မလဲဆိုတာ ငါ့မျက်လုံးနဲ့ ကြည့်လိုက်ဦးမယ်"

ကျောင်းကျန့် သူ့နှုတ်ခမ်းတွေကို ကွေးညွတ်လျက် ကြည့်နေသည်။ ဒီလူယုတ်မာက သိသိသာသာ ကြောက်နေတာတောင် သူဘာတွေ ကြွားလုံးထုတ်နေတာလဲ?

"မလိုပါဘူး.... ငါ သူတော်စင်တစ်ပိုင်း တစ်ယောက် နှစ်ယောက်လောက်ပဲ သတ်ပစ်ပေးဖို့ တွေးထားတာ... မင်းရဲ့သားက မြေအောက်ကမ္ဘာမှာ အရမ်း အထီးကျန်နေတော့ မင်းသူဆီ လိုက်သွားလို့ရတယ်"

လုရွှမ် ပြောပြီးသည်နှင့် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ့ရှေ့တွင် ရပ်နေသော ဝိညာဥ်ချီဓားသည် ရုတ်တရက် ပြန်ခုန်တက်လာသည်။ အရှိန်က မြန်လွန်းသဖြင့် လေထုကို ပွတ်တိုက်သွားကာ အလွန်လျင်မြန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်လေး မင်းလုပ်ရဲ့လား?"

ဝိညာဥ်ချီဓားသည် ရွှီချင့်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် အမိန့်ပေးလိုက်သည်နှင့် ဝိညာဥ်ချီဓားက ပျောက်ကွယ်သွားခဲ့သည်။

"ငါ့ရဲ့ အသံလှိုင်း လမ်းကြောင်းကို ကြည့်စမ်း!!"

ရွှီချင့်က အော်ပြောလိုက်သည်။ ဤသည်မှာ တောက်ကျင့်ကြံမှု နိယာမစွမ်းအင်ကို သူ့ခံယူချက်ဖြင့် ပေါင်းစပ်ထားသော အသံလှိုင်း ပုံစံဖြစ်သည်။

ကောင်းကင်မှာ မိုးခြိမ်းသံလို ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အောက်ခြေက လူတွေအကုန် နားရွက်တွေ အုပ်ပြီး အော်ဟစ်နေကြတဲ့အထိ အသံက တကယ့်ကို ကျယ်လောင်လွန်းလှသည်။

လုရွှမ်ရဲ့ နားထဲမှာ အသံက ပဲ့တင်ထပ်နေပေမယ့် မိုးခြိမ်းသံထက်ပင် အင်မတန် နားထောင်ရဆိုးနေ၏။

လုရွှမ်သည် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် ဖြန့်ကျက်ချထားပြီး ဖြစ်သည်။ နောက်ဆုံးတွင် လူတိုင်း၏ခံယူချက်မှာ မတူညီသည့်အပြင် ရောယှက်နေသော အသွင်အပြင်များလည်း ကွဲပြားနေသည်လေ။

လောကမှာ ထူးဆန်းသော အရာများ မည်မျှပေါ်လာတတ်သည်ကို သိသောကြောင့် သူမကြောက်ဘဲ အပြည့်အဝ ပြင်ဆင်ထားခဲ့တာ ဖြစ်သည်။

သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးတဲ့ ဝိညာဉ်စွမ်းအားကြောင့်သာ မဟုတ်ရင် ဒီပေါက်ကွဲသံက သူ့နားကို ဆွံ့အသွား​စေဖို့ လုံလောက်လေသည်။

"သွားသေလိုက်တော့!"

ရွှီချင့်သည် လုရွှမ်၏ ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် လွန်စွာ ဝမ်းသာသွားခဲ့သည်။ သူ၏ သူတော်စင်တစ်ပိုင်း အသွင်အပြင်သည် လုံလောက်သော အစွမ်းထက်မှု မရှိသော်လည်း ပိုကောင်းလာသည်ကို သူသိသည်။

တစ်ဖက်လူကသာ အင်အား မလုံလောက်နေခဲ့ရင် သူခဏအတွင်း ဖမ်းမိသွားနိုင်၏။

ဝိညာဥ်လေဓားသည် ပြေးထွက်သွားသော်လည်း အပြင်းအထန် ရန်စမိမည်ကို ကြံစည်မည်ကို ကြောက်သောကြောင့် အနီးသို့ မချဉ်းကပ်ဝံ့ဘဲ သတိကြီးစွာ ရှိနေ၏။

လုရွှမ်သည် အမှန်ပင် ဟန်ဆောင်ကာ ရွှီချင့် ချဉ်းကပ်လာရန် စောင့်ဆိုင်းနေခဲ့သော်လည်း ဤလူသည် ဤမျှသတိကပ်နေမည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဝက်တစ်ကောင်လို ဟန်ဆောင်ကာ ကျားသား စားမည့်​အရေးက သေချာပေါက် ရှုံးနိမ့်သွား၏။

ဓားက သူ့အစိတ်နဲ့သူ ရှေ့ဆက် မတိုးရဲတော့တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဓားထိန်းချုပ်သူက ခံစားမိလို့ပဲပေါ့။

All Chapters