အံ့ဖွယ်လူသား
Vol. 39 Ch. 4.91
ကျောင်းကျန့်မှာ အမှန်တကယ် သူ့ကိုယ်သူ ဘာဖြစ်ချင်မှန်း မသိတော့ပေ။ သူဒီ ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်ကို မသိတဲ့ လူငယ်လေးကို လှောင်ပြောင်လိုက်ချင်သည်။
သူ့ဘဝမှာ အတက်အဆင်း အတက်အကျတွေ ဘယ်လောက်ကြာကြာ ဖြတ်သန်းခဲ့ရလဲ၊ ဒုက္ခတွေ ဘယ်လောက်တောင် ခံခဲ့ရလဲ၊ လုပ်ကြံသတ်ဖြတ်မှုတွေကို ဘယ်နှကြိမ်တောငိ ရှောင်ရှားခဲ့ရလဲ။ ဒါတွေကို ဘယ်သူက နားလည်မှာလဲ။
ပုန်းလျှိုးကွယ်လျှိုး နေထိုင်လာခဲ့ပြီး ဓားတွေ လှံတွေကြားမှာ ဒီနေ့အထိ အသက်ရှင်လာခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ။
သူ့ထက်ငယ်တဲ့ လူငယ်လေး တစ်ယောက်ဟာ အရှက်မရှိဘဲ ကြီးကြီးကျယ်ကျယ် စကား ပြောရဲပြီး သူ့ကို လက်အောက် ငယ်သားအဖြစ် သိမ်းသွင်းချင်နေတာပေါ့လေ။
သို့သော် ရှင်းရှင်းလင်းလင်း ပြောရလျှင် ကျောင်းကျန့်သည် သူ့နှလုံးသားထဲတွင် တုန်လှုပ် ခြောက်ခြားနေသကဲ့သို့ ခံစားနေရသည်။ သေသေချာချာ မရှင်းပြနိုင်ပေမယ့် ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်ပြီး ကောင်းကင်အထိလည်း ပျံတက်သွားနိုင်သည်။
ကျင့်ကြံခြင်းလောက ဆိုတာ ကျယ်ပြန့်လေ သတ္တိနည်းရလေပဲ။ ကျောင်းကျန့်မှာ မရယ်နိုင်တော့လောက်အောင် ကြောက်လန့်သွားတော့သည်။
သူ လုရွှမ်၏ မျက်လုံးများတွင် တစ်စုံတစ်ခုကို မြင်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် မျှော်လင့်ချက် အလင်းတန်းများ သမ်းလာတာကိုတော့ တားမရနိုင်တော့ပေ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ လုံးဝဂရုမစိုက်ဘဲ မဆိုင်းမတွဘဲ လျောက်ပတ်စွာ လမ်းလျှောက်ပြီး မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီ ဖြစ်သည်။
သူက သူတော်စင်တစ်ပိုင်းလေ။ အနည်းဆုံး လေးစားမှု အနည်းငယ်လေးတောင် ပေးသင့်တယ် မဟုတ်ဘူးလား?
"အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် လုရွှမ်ကို ဂါဝရပြုပါတယ်!"
လုရွှမ် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်နှင့် မြို့တော်တံခါး အပြင်ဘက်တွင် စုရုံးနေသော သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်မှ ကျင့်ကြံသူများအားလုံး ဒူးထောက်ကာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
လုရွှမ်၏ ကျိန်ဆိုချက်နှင့် ပတ်သက်၍ ကျောင်းကျန့်သည် လူငယ်၏ အရည်အချင်းများကို ထည့်သွင်း စဉ်းစားကာ ကတိကဝတ်ကို စဥ်းစားနေမိပြီ ဖြစ်သည်။
မီးတောက်နေသော မျက်လုံးတစ်စုံကို ကြည့်လိုက်ရင်း လုရွှမ်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဆယ်ရက်အတွင်း လူတိုင်း သတင်းဖြန့်လိုက်ကြ.... ဆယ်ရက်ကြာပြီးရင် နတ်ဆေးလုံးမြို့မှာ လူတိုင်းကို ငါစောင့်နေမယ်.... ဧကရာဇ်အင်ပါယာမှာရှိတဲ့ လူတိုင်းကို သိအောင် ကြေညာမယ်... ငါတို့ အရိပ်လူသတ်ခန်းမက လက်နက်တစ်ခု မဟုတ်ဘူး... ဘယ်သူမဆို အမိန့်ပေး လူသတ်ခိုင်းလို့ ရတဲ့နေရာ မဟုတ်ဘူး..."
"ငါတို့က လူတွေရဲ့ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားရမယ့် စွမ်းအားတစ်ခု... လူတွေ မျှော်ကြည့်ရမယ့် အထွတ်အထိပ်တစ်ခု.... အနာဂတ်မှာ မလွဲမသွေ သမိုင်းရေးမယ့် ဒဏ္ဍာရီတစ်ခုပဲ.... နောက်ဆယ်ရက် အကြာမှာ ဒီဒဏ္ဍာရီက စတင်တော့မယ် ဆိုတဲ့အကြောင်း လူတိုင်းသိစေ"
ထိန်းမနိုင် သိမ်းမရစွာဖြင့် လူတိုင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် သွေးများ ပွက်ပွက်ဆူလာကာ တညီတညွတ်တည်း ကျယ်လောင်စွာ အော်လိုက်ကြသည်။
"ဒဏ္ဍာရီ စတင်ပြီ"
"ဒဏ္ဍာရီ စတင်ပြီ"
......
လုရွှမ် လက်တစ်ဖက် တစ်ချက် ဝေ့ယမ်းလိုက်ခြင်းဖြင့် လူတိုင်းသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် သတင်းကို ဖြန့်ရန် သို့မဟုတ် မကြာမီတည်ထောင်တော့မည့် အရိပ်လူသတ်ခန်းမတွင် ပါဝင်မည့် မိတ်ဆွေများကို ဖိတ်ခေါ်ရန် လူစုခွဲလိုက်ကြသည်။
မော့ကောင်းရွှမ်းသည် လုရွှမ်ကို အစွဲအလမ်းကြီးစွာ ကြည့်ကာ ခဏလောက် ဧကရာဇ်ဟောင်းကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ သူသည် အရည်အချင်း မပြည့်မီသလို ခွန်အား နည်းနေသောကြောင့် ထိုဧကရာဇ်ကြီးကို သဘာဝအတိုင်း မမြင်နိုင်သော်လည်း ဧကရာဇ်မင်းမြတ်၏ ဒဏ္ဍာရီကိုတော့ ကြားဖူးပါသည်။
ဤအခိုက်အတန့်တွင် သူသည် အလွန်ထိတ်လန့် တုန်လှုပ်သွားပြီး သူ့စိတ်ထဲတွင် တိုးတက်မှုဖြင့် ရှေ့ဆက်ပြီး အောင်မြင်အောင် ကြိုးစားရန် သခင်လေးကို အသေခံ သစ္စာရှိရန် ကျိန်ဆိုခဲ့တော့သည်။
တစ်ဖက်က လျောက်ချင်းမှာ မုယန်ဖုန်းကို ငုံ့ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်မိသည်။ ထိုကဲ့သို့သော အရည်အချင်းရှိ သခင်ဘေး တစ်ယောက်ကြောင့် အနာဂတ်တွင် ထိုသူရောက်ရှိနိုင်သည့် အမြင့်သည် သူ့စိတ်ကူးထားတာထက် သာလွန်နေပေလိမ့်မည်။
ဒါက ကြိုးစားအားထုတ်မှုပဲ!
ဟန်ရွှယ်၊ မော့ချုံ၊ လော့ရုံ၊ လင်ရှောင်းရှောင်း၊ ချန်စစ်ယန်တို့ မိန်းကလေး ငါးယောက်သည် လုရွှမ်ကို မြဲမြံစွာ စိုက်ကြည့်နေကြသည်။ ယခုအခိုက်အတန့်တွင် သူ့ရုပ်ရည်သည် အရပ်ရှည်ပြီး ခံ့ညားလှသည်ဟုပင် ခံစားနေရသည်။
မြင့်မားသော တောင်ကြီး သို့မဟုတ် ကောင်းကင်မှ ခုန်ဆင်းလာသော နတ်ဘုရားလိုပင်။ စိတ်ထဲမှာ ထပ်ပြီး ကိုးကွယ်မိပြီး အထီးကျန်သလိုပင် ခံစားလာရသည်။ ထိုသို့သော သူရဲကောင်းသည် သူမတို့၏ နှလုံးသားထဲတွင် ထာဝရ တည်ရှိနေလိမ့်မည်။
သို့သော် တစ်ဖက်လူရဲ့ နှလုံးသားထဲတွင်တော့ သူမတို့ဟာ အသိအမှတ်ပြုမှု တစ်စွန်းတစ်စ ချန်ထားခဲ့နိုင်မလား မသိနိုင်ပေ။
“ညီအစ်မတို့ အားလုံးက မင်းတို့ရဲ့ လက်ရှိအနေအထားကို တွေးမိလောက်ပြီပေါ့.. ဒီနေ့ကစပြီး ငါတို့ ပိုကြိုးစားရမယ်”
ချန်စစ်ယန်က ဆိုလိုက်သည်။ အရင်တုန်းကတော့ သူမဟာ သီသန့်ဆန်တာကြောင့် တခြား အမျိုးသမီးတွေနဲ့တောင် ခပ်ခွာခွာ နေခဲ့လေသည်။
ယခုတော့ သူမသည် မိန်းကလေးများနှင့် နှလုံးသားချင်း ချိတ်ဆက်မိနေပြီ။ သူမနှင့် ထိုညီမလေးများ၏ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားရပြီး ဆက်ဆံရေး အလွန်ကောင်းလာကာ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းများကို မျှဝေခံစားလာကြသည်။
"အင်း! "
ကောင်မလေးများကလည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်ကြသည်။
အဲဒီအငြင်းပွားမှုတစ်ခု ပြီးဆုံးသွားပြီး သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက် သေဆုံးခဲ့ရသည်။ နောက်ထပ် သူတော်စင်တစ်ပိုင်း လူမှာ အနည်းငယ် တွန့်ဆုတ်နေသော်ငြား တစ်ရက်အကြာတွင် ထိုလူသည် လုရွှမ်၏ လက်အောက်ခံ တစ်ဦး ဖြစ်လာမည်ဖြစ်သည်။
မြတ်နိုးစွာ ကြည့်နေသော မျက်လုံးများကြားတွင် လုရွှမ် သည် လူတစ်စုကို နတ်ဆေးလုံးမြို့နှင့် နတ်ဆေးလုံး ရေကန်ဆီသို့ ခေါ်ဆောင်လာခဲ့၏။
အသက်ပြင်းပြင်းရှူရင်း မျက်လုံးကို မှိတ်လျကိ ရေကန်ဘေးမှာ ပြန့်ကျဲနေတဲ့ တောက်ကျင့်စဥ်၏ နိယာမစွမ်းအင် အခြေခံတွေကို ခံစားလိုက်ရတယ်။ ဤသည်မှာ တူညီသော မူလအစမှ ဖြစ်သည်။
ဤနေရာတွင် တောက်ကျင့်စဥ် နိယာမစွမ်းအင် ၏ ခြေရာများဖြင့် စိမ့်ဝင်နေဆဲ ဖြစ်သည်။
သဘာဝအားဖြင့် ထိရောက်မှုမှာ နတ်ဘုရားအသွင်ပြောင်းဆေး နှင့် နှိုင်းယှဉ်ရန် ဝေးကွာသော်လည်း ဤနေရာတွင် အချိန်အတော်ကြာ နားလည် သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ခန္ဓာကိုယ်အတွင်းရှိ နိယာမစွမ်းအင် တချို့ကို ဖြည့်စွက်ပေးနိုင်သည်။
၎င်းသည် ကိုယ်ခံပညာ၏ အခြေခံအုတ်မြစ်ကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပြီး ခွန်အားကို မြှင့်တင်ပေးခြင်းထက် များစွာအကျိုးရှိသည်။
ထိုမျှမက ကောင်းကင်နှင့်မြေကြီး၏ နိယာမစွမ်းအင်သည် မူလစွမ်းအင်သို့ ဦးတည်ထားသည်။ ဤနေရာသည် စမ်းရေတွင်း ဖြစ်လာသလို တောက်ကျင့်စဥ်၏ အငွေ့အသက်များကိုလည်း ဖြစ်ပေါ်လာစေလို့ ဤနေရာသည် သူတော်စင်နယ်မြေလို့ ဖြစ်လာခဲ့ပြီ။
"လူတိုင်း ဒီမှာစွမ်းအင်ကို ခံစားကြည့်ကြ.... အခွင့်အလမ်းက ရှေ့မှာပဲ မင်းတစ်ယောက်ချင်းစီက ဒါကို ဆုပ်ကိုင် နိုင်ပါ့မလားဆိုတဲ့ အပေါ်မှာ မူတည်တယ်"
လုရွှမ်က ဆိုလေ၏။
သူသည် သူ့ပတ်ဝန်းကျင်ရှိ အလွန်ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းပုံကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းသည် အမှန်စင်စစ် သူတော်စင်တစ်ပိုင်း အဆင့်ရှိသော အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်သည်။
အနည်းဆုံး သူတော်စင် တစ်ပိုင်း အဆင့်၁ အဆင့်၂ရှိသော လူများသည် ၎င်းကို မဖောက်ထွင်းနိုင်ချေ။ သို့သော် လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ နည်းနည်း ညံ့နေသေးသည်။
အခုဆို သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက ၂၂ကို ရောက်နေပြီ။ တချို့ အခင်းအကျင်း ပုံစံများကို နောက်ဆုံးတွင် စီစဉ်နိုင်သည်။
အနာဂတ်တွင် ၎င်းသည် အရိပ်လူသတ်ခန်းမ၏ ကြီးထွားမှုအတွက် အခြေခံ အုတ်မြစ် ဖြစ်လာလိမ့်မည်။ အခင်းအကျင်း မှော်စက်ဝိုင်းသည် သဘာဝအတိုင်း အားကောင်းလာမည် ဖြစ်ပြီး ထိုအခင်းအကျင်းကလည်း သူ့လက်ထဲကို ရောက်လာလိမ့်မည်။
လုရွှမ် ခဏလောက် စဉ်းစားပြီး ၃၆ ခုမြောက် ကြယ်အစုအဝေးကောင်းကင် အခင်းအကျင်းကို ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။ ၎င်းသည် သူ၏ လက်ရှိ ခွန်အားဖြင့် စီစဉ်နိုင်သော အစွမ်းအထက်ဆုံး အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်သည်။
ကြယ်များ၏ စွမ်းအားကို အသုံးပြု၍ ကြယ်အစုအဝေး စွမ်းအားကို အဆက်မပြတ် ပေးစွမ်းနိုင်သည်။ ဤသည်မှာ ယွမ်ချီစွမ်းအင်ထက် ပိုမိုအဆင့်မြင့်သော ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအားပင် ဖြစ်လေသည်။
လုရွှမ်သည် ပြီးပြည့်စုံသော ဖွဲ့စည်းမှုကို မစီစဉ်ဘဲ ရိုးရှင်းသည့် အခင်းအကျင်း တချို့ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း သူတော်စင်တစ်ပိုင်း အဆင့်၆ အောက်မှ လူများကို ရပ်တန့်စေရန် လုံလောက်ပေသည်။
သူတော်စင်တစ်ပိုင်း အောက်ရှိ ကျင့်ကြံသူများ အခင်းအကျင်းကို အတင်းအကျပ် ချိုးဖျက်လိုပါက အားထုတ်မှု အမြောက်အမြားကို သုံးစွဲမည်မှာ သေချာပါသည်။ ထိုအခါ အမြတ်သည် အရှုံးထက် ပိုမိုများသွားလိမ့်မည်။
အခင်းအကျင်းမှု၏ နေရာတိုင်းရှိ ဟာကွက်များ ပြောင်းလဲသွားကာ လုရွှမ်၏ အပြင်အဆင်လည်း ပြီးမြောက်သွားခဲ့သည်။ ထိုစဥ် မြို့တွင်းရှိ လူတိုင်း မြို့တော်၏ လက်ရှိလေထု၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။
ဝိညာဥ်စွမ်းအင်သည် ပို၍ပို၍ ပြင်းထန်လာကာ တဖြည်းဖြည်း တိုးလာနေလို့ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ဝိညာဉ်စုစည်းမှု အခင်းအကျင်း တစ်ခုဖြစ်သည်။
ဧကရာဇ် အင်ပါယာမှ လူတချို့က ဤအခင်းအကျင်း၏ စွမ်းရည်သည် တချို့သော နယ်ချဲ့မိသားစုများထက် များစွာဆိုးရွားခြင်း မရှိကြောင်း တိတ်တဆိတ် ကြွေးကြော်ခဲ့ကြသည်။
နောက်ဆုံးတွင် လူတစ်ယောက်က လှမ်းကြည့်ရင်း အရင်က မတူညီတဲ့ အရာတစ်ခုကို သတိထားမိသွားသည်။
"ကောင်းကင်ကို ကြည့်လိုက်!"
ပြင်ပကမ္ဘာမှ ဖုံးကွယ်ထားခြင်း မရှိသော ကြီးမားသော ကောင်းကင်ယံ၌ ယခု အခိုက်အတန့်တွင် ကြယ်များသည် ထူးထူးခြားခြား လှပနေပါသည်။
ထို့နောက် မကြာမီတွင် လူတိုင်းသည် ဝိညာဉ်စွမ်းအင်များ ထိုကြယ်များကို တောက်ပလာအောင် ဆွဲဆောင်လိုက်ကြောင်း ရိပ်မိကာ ၎င်းတို့မှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
မြို့သခင်စံအိမ်တွင် ကျောင်းကျန့်သည် မျက်လုံးပြူးကြီးဖြင့် ကောင်းကင်ကို စိုက်ကြည့်ရင်း ထိတ်လန့် တုန်လှုပ်သွားပြီး ခါးသက်စွာ ပြုံးပြလိုက်သည်။
သူအရှုံးပေးလိုက် ရတာကို သူသိလိုက်ပြီ။ လုရွှမ်၏ အဆုံးမရှိသော အစွမ်းအစများ အောက်တွင် မြို့သခင်၏ လေထုသည် အပိုင်းပိုင်း ပြတ်တောက်သွားလေပြီ။
လောကကို အံ့ဩစေသည့် ဤကဲ့သို့သော အရည်အချင်းရှိသူမှာ ဘယ်ကနေများ ရောက်လာခဲ့သနည်း။
သူတော်စင်တစ်ပိုင်း??
သူ့ကိုယ်သူ ဟုတ်လှပြီလို့ ထင်နေပေမယ့် တစ်ဖက်လူရဲ့ မျက်လုံးထဲမှာတော့ သူက သာမန်မျှသာ ဖြစ်နေခဲ့တာပဲ။