ယဲ့ကူ
Vol. 39 Ch. 4.93
ကျောင်းကျန့် တိတ်တဆိတ် သူ့တံတွေးကို မျိုချလိုက်မိသည်။ သခင်လေးမှာ မျှော်လင့်ထားသည့်အတိုင်း ဤမျှ ကြီးမားသော မြင်ကွင်းအောက်တွင် သူ၏အမူအရာက မပြောင်းလဲသေးပေ။
သူတွေးနေသည့် အရာမှာ ၎င်းကိုမည်သို့ ကိုင်တွယ်ရမည် ဟူသည့် နည်းလမ်း မဟုတ်နေပေ။ ရန်သူအင်အား အနည်းငယ်ကို အနိုင်ယူလိုက်ခြင်းဖြစ်ပြီး သူ၏လေးစားမှုမှာ အတိုင်းအတာတစ်ခု အထိ ကျော်လွန်သွားခဲ့မှာပဲ ဖြစ်သည်။
သူတို့နှစ်ယောက်က တခြားသူတွေကို မခေါ်သွားဘဲ ထွက်လာခဲ့သည်။ တခြားသူတွေက လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိကြဘူးလေ။
အခင်းအကျင်း မှော်အဝိုင်းထဲမှာ စွမ်းအားတွေ အများကြီး တွေ့နိုင်ပေမယ့် ဒီအင်အားစုတွေရဲ့ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။ အခင်းအကျင်း စက်ဝိုင်းကြီးထဲကနေ တကယ်တမ်း ထွက်လာပြီး မြို့အပြင်က အင်အားရဲ့အရှိန်နဲ့ ရင်ဆိုင်လိုက်တဲ့အခါ ကျောင်းကျန့်ဟာ ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာခဲ့သည်။။
သူ့မျက်နှာက ဖြူဖျော့သွားပြီး မည်းမှောင်နေတဲ့ အပြင် ပါးပြင်တွေ နီမြန်းနေပြီး အသက်ရှုသံတွေက အရှိန်အဟုန် ပြင်းပြင်းနဲ့ မထိန်းနိုင်ဘဲ ဖြစ်သွားသည်။
တစ်ဖက်တွင် သူတော်စင်တစ်ပိုင်း တစ်ရာထက်မနည်း ရှိနေကြပြီး လူတစ်ဦးစီရဲ့ တံတွေးတွေကတင် သူ့ကို ရေနစ်စေလောက်အောင်ပင်။
ထိုစဥ် လက်ဖဝါး တစ်ဖက်က ကျောင်းကျန့်ပခုံးကို ဆုပ်ကိုင်လာခဲ့သည်။
"စိတ်မပူနဲ့... အရာအားလုံး ငါ့လက်ထဲ အပ်ထားလိုက်"
ကျောင်းကျန့် နားမလည်နိုင်သော်လည်း ငြိမ်သက်သွားခဲ့သည်။ ကျေးဇူးတင်စွာ ပြုံးကာ သူ့ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားကာ လုရွှမ်ကို အတုယူကာ လူတိုင်းကို စိုက်ကြည့်နေလိုက်သည်။
သေချာတာကတော့ လူတိုင်း၏ မျက်လုံးများတွင် လုရွှမ်သည် ငြိမ်သက်ခြင်းဟု ခေါ်ပြီး ကျောင်းကျန့်သည် ဟန်ဆောင်မှုဟု ခေါ်လေသည်။
သို့သော် ယခုအချိန်တွင် လူများစွာသည် ကျောင်းကျန့်ကို အာရုံစိုက်နေကြပြီးနောက်မှ လုရွှမ်ဆီကို သူတို့အကြည့်တွေ ရောက်သွားခဲ့သည်။
ကျောင်းကျန့်၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားသော်လည်း လုရွှမ်အနောက်တွင် ရပ်နေသည့်အတွက် လုရွှမ်သည် သူ၏သခင် ဖြစ်သွားလေ၏။ ဒါက သူတော်စင် တစ်ပိုင်းများစွာကို အံ့အားသင့်စေခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ လက်အောက်ကို သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်က လက်နက်ချ ဝင်သွားခဲ့ခြင်းမှာ အမှန်ပင် ရှက်စရာ ကောင်းလှသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် နှင့် သူတော်စင်တစ်ပိုင်းမှာ ဘုံနှစ်ခုကို ကိုယ်စားပြုလေသည်။
တစ်ခုသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သာ ဖြစ်ကာ နောက်တစ်ခုသည် သူတော်စင် ဖြစ်နေပြီ ဖြစ်သည်။ ၎င်းတို့အကြား ကြီးမားသော ကွာခြားချက် ရှိထားသည်။
သူတော်စင်တစ်ပိုင်း လူတစ်ဦးသည် ဆင်တစ်ကောင် ကဲ့သို့ဖြစ်ရာ ပုရွက်ဆိတ်လို လူအား လက်မြှောက်ခဲ့ခြင်းမှာ ကမ္ဘာကို ကျယ်လောင်စွာ ရယ်မောစေသော သူတော်စင်တစ်ပိုင်း တစ်ဦးသာ ဖြစ်တော့သည်။
ကျောင်းကျန့် ဆုံးရှုံးသွားသော အရာမှာ သူ၏လူများသာမက ဧကရာဇ်အင်ပါယာရှိ လူတိုင်းနှင့် ကမ္ဘာပေါ်ရှိ သူတော်စင်တစ်ပိုင်း အားလုံး၏ မျက်နှာသာပေးမှုပဲ ဖြစ်သည်။
"ကျောင်းကျန့် မင်းက တုံးပေမယ့် သူတော်စင်တစ်ပိုင်း တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာ နည်းနည်းတော့ ရှိမယ်လို့ ငါထင်ခဲ့တာ.... အခု မင်းက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူရဲ့ ခြေထောက်ကို တကယ်ကြီး ကိုင်ထားမယ်လို့ မထင်ထားဘူး....ဟမ့် ရှက်စရာ ကောင်းလိုက်တာ"
စူးရှသော အသံတစ်ခု ထွက်ပေါ်လာတဲ့အခါ ကျောင်းကျန့် မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
ထိုသူကို ယဲ့ကူဟုခေါ်ပြီး ၎င်း၏ စွမ်းအားသည် သူ့နည်းတူ သူတော်စင်တစ်ပိုင်း ပထမအဆင့် ပျံသန်းနိုင်သော ကျင့်ကြံသူ ဖြစ်၏။ သူတို့နှစ်ယောက်ဟာ သေအတူ ရှင်မကွာ သူငယ်ချင်းတွေပဲ ဖြစ်ပေသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ကဲ့သို့ပင် သူတော်စင်တစ်ပိုင်း နယ်ပယ်၏ အဆင့်တစ်ခုစီသည် အစောပိုင်းအဆင့်၊ အလယ်တန်းအဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ် အဆင့် နှင့် ပြီးပြည့်စုံခြင်းအဆင့် ဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားလေသည်။
ကျောင်းကျန့်သည် သူတော်စင်တစ်ပိုင်း ပျံသန်းကောင်းကင်နယ်ပယ်၏ အလယ်အလတ် အဆင့်တွင် ရှိခဲ့သော်လည်း ယခုအခါ သူ၏ ခွန်အားသည် နှောင်းပိုင်းအဆင့်ကို ကျော်ဖြတ်ပြီး အထွတ်အထိပ်အဆင့်သို့ ရောက်လာရှိခဲ့ပြီ။
ဒီလူတွေကို ယဲ့ကူက ဦးဆောင်လာခဲ့တာ ဖြစ်နိုင်သည်။ အရင်ကတော့ နတ်ဆေးလုံးမြို့ကို လာဖို့ တောင်းဆိုတဲ့ စာတစ်စောင် ပို့ခဲ့ဖူးပြီး သူဘာလုပ်မယ်ဆိုတာ အတိအကျ မပြောပေမယ့် အဓိပ္ပာယ်ကို အနည်းနဲ့အများတော့ သူသိပါ၏။
ယဲ့ကူ၏ ဒေါသထွက်နေသော အသွင်အပြင်ကို ကြည့်လိုက်လျှင် ၎င်းသည် သူ့အား စော်ကားမှုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ယဲ့ကူရဲ့ ဆဲဆိုကြိမ်းမောင်းတဲ့ စကားလုံးတွေကို နားထောင်ရင်း နောင်မှာ သူနဲ့ သူငယ်ချင်းဖြစ်ဖို့တောင် မဖြစ်နိုင်တော့ဘူး ဆိုတာ သိလိုက်ပါ၏။
"အစ်ကိုယဲ့.... စိတ်အေးအေးထားပြီး ငါ့စကားကို နားထောင်ပါဦး"
ကျောင်းကျန့်က သက်ပြင်းတစ်ချက် ချကာ ဆိုလိုက်သည်။ သူ့ခွန်အားတွေ ခုန်တက်သွားပြီး တောက်ပတဲ့ အနာဂတ်ကို မြင်လိုက်ရတဲ့ အတွက် လုရွှမ်ကို ပိုလို့တောင် လေးစားလာခဲ့ရပြီလေ။
ယဲ့ကူသည် တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့သည့် ရှားပါး သူငယ်ချင်းများထဲမှ တစ်ဦးဖြစ်ပြီး ၎င်း၏ သူငယ်ချင်းဟောင်းသည် ယခုအချိန်တွင် ရန်ဖြစ်နေချင် သော်လည်း သူ့သူငယ်ချင်းဟောင်းကို စည်းရုံးလိုသေးသည်။
"အစ်ကိုယဲ့.... ငါ့ရဲ့လက်ရှိခွန်အားကို မင်းဘယ်လိုထင်လဲ?"
ကျောင်းကျန့် သူ့စကားက အဓိပ္ပာယ် မရှိမှာကို သိတဲ့အတွက် သူ့ခွန်အားနဲ့ တိုက်ရိုက်စကား ပြောလိုက်သည်။ သူသည် သူ၏အစွမ်းသတ္တိကို ပြသခဲ့ပြီး သူတော်စင်တစ်ပိုင်း ပထမအဆင့်တွင် ပျံသန်းကောင်းကင်နယ်ပယ်၏ အထွတ်အထိပ်၏ ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။
ကျောင်းကျင့်ကို သိတဲ့သူတွေလည်း အများကြီး ရှိပါ၏။ ဒီလူဟာ သာမန်အဆင့်ရှိမှန်း အားလုံးသိကြပေမယ့် အသွင်အပြင်ကို လက်နက်တစ်ခုအဖြစ် ရောယှက်ထားတာကြောင့် သူ့ရဲ့ အစွမ်းက အရမ်းပြင်းထန်နေဆဲပင်။
ထို့အတွက်ကြောင့်လည်း သူသည် လူများစွာကို အနိုင်ယူပြီး နတ်ဆေးလုံးမြို့၏ လက်ထောက်မြို့သခင် ရာထူးတွင် ထိုင်နေခဲ့သည်။ ယခုမူ မြို့သခင်သည် မရောက်သေးသဖြင့် သူသည် နတ်ဆေးလုံးမြို့၏ တကယ့်သခင်သာ ဖြစ်သည်။
ဒါပေမဲ့ ကျောင်းကျန့်ရဲ့ နယ်ပယ်က လူတိုင်းအတွက် အရမ်းကို ရိုးရှင်းနေပါသေး၏။ လွန်ခဲ့တဲ့ ဆယ်ရက်က သူ ပျံသန်းကောင်းကင် နယ်ပယ်ရဲ့ အလယ်အလတ် အဆင့်မှာသာ ရှိခဲ့ပေမယ့် ဆယ်ရက်ကြာပြီး နောက်မှာတော့ အထွတ်အထိပ် အဆင့်ကို ဖြတ်ကျော်သွားပါပြီ။
ဒါက ကြောက်စရာ ကောင်းလွန်းပေ၏။ လူများစွာ၏ မျက်လုံးများသည် နီရဲလာပြီး နတ်ဆေးလုံးမြို့ကို စူးစူးရဲရဲ ကြည့်နေကြသည်။ သူတို့အမြင်မှာ ကျောင်းကျန့်ရဲ့ နယ်ပယ် တိုးတက်လာခြင်းက နတ်ဆေးလုံးရေကန်နှင့် ပတ်သက်နေရမည်။
လုရွှမ်ကတော့ ကျောင်းကျန့်ရဲ့ ကြံ့ခိုင်မှု တိုးတက်လာတာက သူနဲ့ သက်ဆိုင်တယ် ဆိုတာ သိပေမယ့် အတွေးတစ်ခုက တခဏချင်း ပေါ်လာခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူသည် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ကို ခုန်ပျံပြီး တိုးတက်အောင် လုပ်ပေးနိုင်တယ် ဆိုတာ ဟာသတစ်ခုလို ဖြစ်နေနိုင်သည်။
လုရွှမ်မှာ ဆရာသခင် မရှိဘူး ဆိုတာကို သိခဲ့စဥ်ကတောင်မှ ကျောင်းကျန့် အတွက် ဟာသတစ်ခု ဖြစ်သွားခဲ့တယ် မဟုတ်ပါလား။
လုရွှမ် အမည်ရှိတဲ့ ကောင်လေးဟာ သူ ဝိညာဉ်သခင် တစ်ယောက်လို အစွမ်းထက်ပေမယ့် ဝိညာဉ်သခင်နဲ့ ယွမ်ချီရှိတဲ့ သူတော်စင်တစ်ပိုင်းကြား ကွာခြားချက်ကတော့ အလွန် ကွာခြားပါသည်။ ဒီကောင်လေးက ကျောင်းကျန့်ကို ညွှန်ပြဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
အိပ်ပျော်ချင်ယောင် ဆောင်တဲ့သူကို ဘယ်တော့မှ နှိုးလို့မရသလို ဘယ်တော့မှ ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။
"မင်းဘယ်လိုလုပ်လိုက်တာလဲ?"
ယဲ့ကူက သူ့ရင်ထဲမှာ လှိုင်းထနေတဲ့ ခံစားချက်နဲ့ မေးမြန်းလိုက်သည်။
"အဲဒါက သခင်လေးကြောင့်ပဲ"
ကျောင်းကျန့် လေးစားစွာ ပြောလာသည်။
တခဏချင်းမှာပဲ လူတိုင်းရဲ့ မျက်လုံးတွေက လုရွှမ်ကို စူးစူးစိုက်စိုက် ကြည့်လာကြကာ အပေါ်အောက် အကဲခတ်နေကြတော့သည်။ လုရွှမ် သူ၏ စိတ်ဝိညာဉ်စွမ်းအား ဖြန့်ကျက်လိုက်ကာ လူအုပ်၏ စိတ်ပိုင်းဆိုင်ရာ စုံစမ်းမှုကို သီးခြားခွဲထုတ်လိုက်သည်။
"အားလုံးပဲ... ကျောင်းကျန့်ရဲ့ နယ်ပယ်ကို ငါတကယ် တိုးပေးခဲ့တယ် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး.... မင်းတို့လုပ်ချင်ရင် ဒီလိုပဲ ဖြစ်လာနိုင်တယ်"
"ဟာဟားဟား အရူးကျောင်းကျန့်လိုမျိုး မင်းရဲ့ လက်အောက်ခံ လုပ်ပြီး မင်းရဲ့ကျွန် ဖြစ်ရမှာမလား? ကောင်လေး လူတိုင်းက သူ့လို ငတုံး မဟုတ်ဘူးကွ!"
မီးခိုးရောင် ဝတ်ရုံ အဘိုးအို တစ်ယောက်က လုရွှမ်နှင့် ကျောင်းကျန့်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရင်း အော်ဟစ်လိုက်သည်။
လုရွှမ် အဘိုးအိုကို တစ်ချက် ကြည့်လိုက်သည်။ သူသည် အလွန်အိုနေပြီ ဖြစ်ပြီး သူ၏ တက်ကြွမှုမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
သို့သော်လည်း နယ်ပယ်သည် လူစုလူဝေးကြားတွင် အဆင့်မြင့်မားသည်ဟု ယူဆရသည့် ပျံသန်းကောင်းကင် နယ်ပယ်၏ ပြီးပြည့်စုံမှုကာသသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
အဲဒီနောက်ပိုင်း အဆင့်တက်ခွင့် မရှိတော့တာ သနားစရာပဲ။
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
လုရွှမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ ဒီလိုလူမျိုးသည် သူ့အတွက် အနည်းငယ်မျှ နှစ်သက်မှု မရှိပေ။ သူသေတော့မည်ဟု ထင်ကာ သူ့တွင် မည်သည့်အရာမှ သိမ်ငယ်စိတ်မရှိပေ။
"ဟမ့်... မျိုးဆက်လေး.. အကြီးအကဲတွေကို ဘယ်လို လေးစားရမှန်း မသိဘူးလား? ဒီအဘိုးကြီးနာမည် ပြောလိုက်ရင် မင်းလန့်ပြီး သေသွားမှာတောင် ကြောက်ရတယ်"
အဘိုးအိုက ဒေါသတကြီးနဲ့ အော်လိုက်သည်။
ထိုအခါ ကျောင်းကျန့်က
"သခင်လေး... အဲဒီလူက ဘယ်ဧကရာဇ်အင်ပါယာက လာတယ်ဆိုတာ ဘယ်သူမှ မသိပေမယ့် အရမ်းနာမည်ကြီးတဲ့ ဘွဲ့ထူးတစ်ခု ရှိတယ်... သူ့ကို လမ်းကြောင်း ဆယ်သွယ်ရဲ့ အဘိုးကြီးလို့ ခေါ်တယ်... သူ ကမ္ဘာအနှံ့ ခရီးထွက်ခဲ့တယ် ဆိုတဲ့ ကောလဟာလတွေ ပြီးတော့ မဟာသူတော်စင်ကြီးနဲ့တောင် မတော်တဆ တွေ့ခဲ့ဖူးတယ်တဲ့"
"ဟဲဟဲ ကောင်လေး အခု ငါဘယ်သူလဲ ဆိုတာ သိသွားပြီမလား? ဒါဆို ဒီအဘိုးကြီးကို လိမ်လိမ်မာမာနဲ့ တောင်းပန်နိုင်လိုက်... မင်းရဲ့ အရည်အချင်းတွေကြောင့် ပြောလို့မရဘူး ဒီအဘိုးကြီးက မင်းကို တပည့်အဖြစ် လက်ခံချင် လက်ခံလိမ့်မယ်"
အဘိုးအိုက အဝါရောင် သွားများကို ဖြဲလျက် ဆိုလာ၏။
လုရွှမ်ရဲ့ မတိုင်ခင်က အပြုံးလေး လျော့သွားကာ အေးစက်သော လေသံက အစားထိုး ထွက်ပေါ်လာခဲ့သည်။
"ငါ့ဆရာ လုပ်ချင်တယ်ပေါ့? မင်းနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား! ရာထူးကို အားကိုးပြီး ကြွားလုံးထုတ်နေတာပဲ ငါအစက မင်းကို နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးလိုက်မလို့ပဲ.. ဒါပေမဲ့ မင်းက သေချင်နေပြီ ဆိုမှတော့ ဒီသခင်လေးက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့"
"ထိန်းချုပ်!"
လုရွှမ်သည် စကားလုံး နှစ်လုံးကို ထွေးထုတ်လိုက်ပြီးနောက် ချက်ချင်းပင် လေထုတစ်ခုလုံး ပြောင်းလဲသွားတော့သည်။
"ဘာကြီးလဲ?"