အသက်ရှင်လျက်သေရခြင်း
Vol. 39 Ch. 4.94
ရုတ်တရက် ဘာမှမရှိတဲ့ လေထုအလယ်ကနေ ပိုးချည်မျှင်များ ထွက်ပေါ်လာကာ အဘိုးအိုရှစ်ဖန်းထံ ပြေးထွက်သွားတော့သည်။
(အဘိုးအိုရှစ်ဖန်း = လမ်း၁၀သွယ် အဘိုးကြီး)
ပိုးချည်မျှင်များသည် ရေကန်အတွင်းရှိ နိယာမစွမ်းအင်များလို အလွန်ကောင်းမွန်ပြီး သိပ်သည်းကာ ကြည်လင်သော ရေကန်အတွင်းက လှိုင်းဂယက်များလို ထူးထူးခြားခြား ပေါ့ပါးလှသည်။
အဘိုးကြီးရှစ်ဖန်း၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မယုံနိုင်စရာ အရာတစ်ခုကို ထပ်ခါထပ်ခါ မြင်လိုက်ရသဖြင့် အလိုလို နောက်ပြန် ဆုတ်သွားမိသည်။
လူတိုင်းလည်း နားမလည်နိုင်စွာ ကြည့်နေကြသည်။ ထိုချည်မျှင်များမှ ခြိမ်းခြောက်မှု တစ်စုံတစ်ရာကို မခံစားရပေ။ သို့သော် ဤလျှို့ဝှက် ဆန်းကြယ်သော ချည်မျှင်ကို အစပျိုး တိုက်ခိုက်ချင်တဲ့အထိတော့ ဘယ်သူကမှ မတုံးသေးပါ။
"ကောင်လေး... ဒါဘာကြီးလဲ မြန်မြန် ဖယ်စမ်း"
အဘိုးကြီး ရှစ်ဖန်းက သူ့မျက်နှာပေါ်ရှိ ထိတ်လန့်တကြား အကြည့်များဖြင့် အလျင်စလို အော်ဟစ်လိုက်သည်။ ဒီလျှို့ဝှက်ဆန်းကြယ်လှတဲ့ ချည်မျှင်တွေ ကြားထဲမှာ သူဘာမှ မလုပ်နိုင်တာကို တွေ့ခဲ့ရသည်။
သူသည် သူ့ရှေ့မှ ကြိုးများကို ပြင်းပြင်းထန်ထန် ထုရိုက်နေ၏။ စွမ်းအင်လိုင်းများ ကွဲအက်သွားသော်လည်း ခဏအတွင်း ပြန်လည် စုစည်းလာကာ အဘိုးအိုဆီသို့ ဆက်လက် စုရုံးလာခဲ့သည်။
ချည်မျှင်များက နေရာတိုင်းတွင် ထွက်ပေါ်လာကာ အဖိုးအိုကို ဝန်းရံထားသည်။ အဘိုးကြီးမှာ မှော်လက်နက်မျိုးစုံကို အဆက်မပြတ် အသုံးပြုခဲ့ပေမယ့် လက်နက်များကသာ ပေါက်ကွဲ ထွက်သွားခဲ့၏။
ချည်မျှင်များက သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းရှိ အရှိန်ကို အနည်းငယ် နှောင့်နှေးလာစေခဲ့သည်။
"အား......"
အဘိုးကြီးက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက နိယာမစွမ်းအင်တွေက သူ့ကို လုံး၀ ဖုံးလွှမ်းသွားပြီး တူညီတဲ့ အစင်းကြောင်းတွေ သူ့ကိုယ်ပေါ်မှာ ပေါ်လာပြီး အချင်းချင်း တိုက်ခိုက်နေကြသည်။
သို့သော် အဘိုးကြီး ရှစ်ဖန်းရဲ့ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင် လိုင်းကြောင်းများ ကွဲအက်သွားပြီး အချိန်အတော် ကြာပြီးနောက် သူ့ခန္ဓာကိုယ်သည် သံဘောလုံးကဲ့သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့လေသည်။
မြေပြင်ကို ထိခတ်လိုက်သည်နှင့် ခုတ်ထစ်ထားသော အသား အပိုင်းအစများ အဖြစ် ပြောင်းလဲသွားသည်။
ပရိတ်သတ်များ ဆွံ့အသွားကြရှာပြီ။ နောက်ဆုံး မြင်ကွင်းမှာတော့ အဘိုးအို ရှစ်ဖန်းက မပျံသန်းနိုင်ခဲ့ဘူး ဆိုတာ သိသာထင်ရှားလေ၏။ သူ့ရဲ့ တောက်ကျင့်စဥ်ပုံစံက ပြိုကွဲသွားလို့ သူ့ရဲ့ကျင့်ကြံမှုကိုဟာ ဟန့်တားခဲ့တာများ ဖြစ်နိုင်မလား။
သနားစရာပဲ။ သနားစရာပဲ။ အဘိုးကြီးရဲ့ တောက်ကျင့်စဥ် လမ်းကြောင်းကို ပိတ်ပင်လိုက်တာက သူ့ကို ရှင်ရက်နဲ့သေအောင် လုပ်လိုက်တာပဲ မဟုတ်ဘူးလား?
လူတိုင်းက လုရွှမ်ကို လေးလေးနက်နက် မျက်နှာထားနဲ့ ကြည့်နေကြ၏။ သူသုံးသွားတဲ့ အဲဒီနည်းလမ်းက တကယ်ကို ထူးဆန်းလွန်းလှသည်။
အဘိုးကြီး ရှစ်ဖန်းအပေါ်မှာ သုံးသွားတဲ့ နည်းလမ်းအတိုင်း သူတို့ကို တိုက်ခိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ? ဒါဆို ဘယ်လိုများ ခုခံရမလဲ? !
"ဒါက တောက်ကျင့်စဥ်ရဲ့ နိယာမစွမ်းအင် အသွင်အပြင် ဖြစ်ပုံရတယ်"
နောက်ဆုံးမှာ လူတစ်ယောက်က ထပြောလိုက်တော့သည်။ မကြာခင်မှာပဲ ဒါဟာ တောင်ကျင့်စဥ်ရဲ့ နိယာမစွမ်းအင် လမ်းကြောင်းရဲ့ အသွင်အပြင်တစ်ခု ဖြစ်နိုင်တယ်လို့ လူတော်တော်များများက သဘောပေါက်သွားကြသည်။
နိယာမစွမ်းအင် လမ်းကြောင်း တချို့က အဘိုးကြီးဆီက ထွက်လာခဲ့ပေမယ့် အဆုံးမှာတော့ သနားစရာကောင်းစွာ အရှုံးပေးခဲ့ရလေသည်။
ပြောရရင်တော့ ရယ်စရာ ကောင်းပေမယ့် တကယ်တမ်းတော့ ကြောက်စရာ ကောင်းလှ၏။ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲရှိတဲ့ လူဆီမှာ အသတ်ခံခဲ့ရတယ်တဲ့လေ။
လုရွှမ်ရဲ့ ဘေးမှာ ရပ်နေခဲ့တဲ့ ကျောင်းကျန့်က ဒါကို အရှင်းဆုံး မြင်နိုင်ခဲ့သူ ဖြစ်သည်။ အစကနေ အဆုံးအထိ လုရွှမ် သုံးသွားတဲ့ စွမ်းအင်က သူနားလည်ထားခဲ့တဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင် နည်းလမ်းဆိုတာ သိလိုက်ပြီ ဖြစ်သည်။
လုရွှမ်သည် နိယာမစွမ်းအင်၏ အခြေခံသဘောတရားများကို နားလည်ရန် သူ့စိတ်တွင် ထည့်သွင်းထားသော်လည်း သူဘယ်သောအခါမှ မမျှော်လင့်ထားသည့် အရာမှာ ရန်သူကို တိုက်ခိုက်တဲ့ နေရာမှာလည်း အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဟုပင်။
၎င်းကို မျက်မြင်တွေ့ကြုံ ခံစားခဲ့ရပြီးနောက် ကျောင်းကျန့်သည် တောက်ကျင့်စဥ် လမ်းကြောင်းနဲ့ နိယာမစွမ်းအင် သဘောတရားများ မည်မျှ ကျယ်ပြန့်ပြီး လေးနက်ကြောင်း သိလာခဲ့သည်။
လုရွှမ်ရဲ့ နားလည် သဘောပေါက်မှု အင်အားကတော့ သဘာဝကျကျ မြင့်မားပေသည်။ သာမန် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ နားလည်ထားသော ကျင့်စဥ်လမ်းကြောင်း နိယာမစွမ်းအင်များသည် မြစ်များဖြစ်လျှင် လုရွှမ် နားလည်နိုင်သော အရာမှာ ပင်လယ်ကြီး ဒါမှမဟုတ် သမုဒ္ဒရာတွေတောင် ဖြစ်နေနိုင်သည်။
အရည်အသွေး၊ အဆင့်အတန်းက တကယ်ကို နှိုင်းယှဉ်နိုင်စရာ လုံးဝမရှိပေ။
အဘိုးကြီးရှစ်ဖန်းလို မျိုးဆက်တစ်ခုကို ဂုဏ်ယူစရာအဖြစ် မှတ်ယူနိုင်သော်လည်း သူသည် ပျံသန်းကောင်းကင်နယ်ပယ်ကို ဖြတ်ကျော်လုနီးပါး ဖြစ်ခဲ့သော်လည်း ပြီးပြည့်စုံတဲ့ ကာလမှာ တစ်သက်လုံး ပိတ်မိနေဖို့ မမျှော်လင့်ထားဘူးလေ။
တောက်ကျင့်စဥ်ဟု ခေါ်သည့် သူတော်စင်လမ်းစဥ်ကို နာမည်ကြီး ဆရာတစ်ဦး၏ လမ်းညွှန်မှုမရှိဘဲ မကျင့်ကြံနိုင်ပေ။ စွမ်းအင်ကို ဖျက်ဆီးခံရခြင်းမှာ ဝမ်းနည်းဖွယ် ကောင်းလှပေသည်။
"ကောင်းပြီ.... လူဆိုးတစ်ကောင်ကတော့ သေသွားပြီ.... နောက်ဘာတွေ ဆက်ပြောကြမလဲ?"
လုရွှမ်က လူအုပ်ကို ကြည့်လိုက်ပြီး ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။
"ငါနဲ့ သူငယ်ချင်း လုပ်မလား?"
သူက ညာလက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြီး
"ရန်သူလုပ်မလား?"
ဖျတ်လတ်သော အသံသည် ကောင်းကင်မှ မုန်တိုင်းတစ်ခု၏ ဟိန်းဟောက်သံကဲ့သို့ ထွက်ပေါ်လာပြီး ကြီးမားသော ဖိအားများက လူအုပ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူတော်စင်တစ်ပိုင်းတို့၏ နောက်လိုက် အငယ်တန်းများသည် စကားမပြောရန် အလွန် ကြောက်လန့်နေကြလေပြီ။ သူတောင်စင်တစ်ပိုင်း ကျင့်ကြံသူကို သတ်ပစ်သူက သူတို့လို မျိုးဆက်သစ်လေးပဲလေ။
အကြီးအကဲများကို ကြည့်သောအခါ သူတို့၏ သခင်သည် မျိုးဆက်တူ လူငယ်တစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံနေရလေသည်။ သူတို့သည် ကျယ်လောင်စွာ အော်ချင်သော်လည်း အကြောင်းပြချက် မရှိဘဲ ထိတ်လန့်နေကြရသည်။
လုရွှမ်ကို မနာလို ရွံရှာစိတ်များဖြင့် အရိပ်အမြွက်မျှပင် ကြည့်နေကြသည်၊ ငြူစူခြင်းပင်။
"အဟားဟား...."
ရုတ်တရက် ရယ်မောသံက တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး လူတိုင်းရဲ့ နှလုံးသားအပေါ်က ဖိအားတွေကို ဖယ်ရှားပစ်လိုက်သည်။
"ဟမ့် အငယ်လေး လူတစ်ယောက်ကို ပြင်းပြင်းထန်ထန် ချေမှုန်းပြီး ဦးဆောင်လမ်းပြလိုက်တာဟာ ကြောက်စရာကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ.... ဒါက နင့်ရဲ့ ခွန်အားနဲ့ ပင်ကိုယ်စွမ်းရည်ကို ပြသလိုက်တာ အမှန်ပဲ!! အမှန်တော့ စိတ်ဓာတ်ပျော့ညံ့တဲ့ လူတချို့ကပဲ နင့်ရဲ့ လှည့်စားတာကို ခံရမှာ... အဲ့အဘိုးကြီးအပေါ် နင်သုံးသွားတဲ့ နည်းလမ်းက စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လှည့်ကွက်လေးတွေပဲ.... ဒါကြောင့် ငါတို့ကို နင့်အပေါ် သစ္စာရှိစေချင်တာက နင်အရမ်း သတ္တိကောင်းနေတယ်လို့ ပြောရမှာပဲ ကောင်လေး"
စကားပြောတဲ့သူက အမျိုးသမီး တစ်ယောက် ဖြစ်လေသည်။ တခြားလူတွေနဲ့ မတူဘဲ အမျိုးသမီးက နုပျိုပြီး သိမ်မွေ့တဲ့ အသွင်အပြင်နဲ့ ဆွဲဆောင်မှု ရှိတဲ့ပုံပေါက်သည်။ သူမရဲ့အမူအရာက ယုံကြည်မှုအပြည့်နဲ့ ခန္ဓာကိုယ်က တက်ကြွမှု အပြည့်ရှိလေသည်။
"ပျံသန်းကောင်းကင်နယ်ပယ် ပြီးပြည့်စုံမှုကာလ... မင်းက ဘယ်သူလဲ?"
လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။ ဒီလို ပါရမီရှင်တစ်ယောက်နဲ့ တွေ့ဖို့က ရှားမှရှားပဲလေ။
"မုရုန်ထျန်းကျောင်း.... အလယ်အလတ်အဆင့် မုရုန်ဧကရာဇ်ရဲ့ မင်းသမီးငယ်လေး"
အမျိုးသမီးက သူ့နာမည်ကို ဂုဏ်ယူစွာ ကြေညာလိုက်သော်ငြား လုရွှမ်က သူ့ပုခုံးကို တွန့်ပြလိုက်ပြီး
"ငါတစ်ခါမှ မကြားဖူးဘူး!"
မုရုန်ထျန်းကျောင်းက ရှက်ရွံ့စွာ အော်ဟစ်လိုက်ပြီး
"နင်က သေးငယ်တဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူလေးပဲ... ဒါကြောင့် ငါတို့ မုရုန်ဧကရာဇ်အင်ပါယာရဲ့ စွမ်းအားကို သဘာဝကျကျ သိမှာ မဟုတ်ဘူး.... နင့်လိုကျင့်ကြံမှု အဆင့်နဲ့လူက ငါတို့ ဧကရာဇ်အင်ပါယာမှာ ရှားရှားပါးပါးတော့ ဟုတ်မနေဘူး... ဒီမင်းသမီးက နင့်ကို ပုရွတ်ဆိတ်လို့ နင်းသတ်ပစ်လိုက်လို့ ရတယ်!!"
"အဲဒါဆို မင်းက ငါတို့ရဲ့ ဝေးလံခေါင်သီတဲ့ အရပ်ကို ဘာလို့ လာတာလဲ?? ဒီမှာခေါ်နေတဲ့ အခွင့်အလမ်းဆိုတဲ့ ဟာကြီးကို မင်းတို့ရဲ့ ဧကရာဇ် အင်ပါယာကြီးက စိတ်မဝင်စားဘူး မဟုတ်လား?"
လုရွှမ် မျက်နှာသည် အနည်းငယ် အေးစက်လျက် မျက်လုံးများကို မှေးကျဉ်ထားသည်။
"ငါက ဒီအတိုင်း တစ်ချက်လာကြည့်လိုက်တာ... နင့်လို ရိုင်းစိုင်းတဲ့ လူကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ဒါကြောင့် နင့်ကို နည်းနည်းပါးပါး ညွှန်ပြပေးဖို့ ထွက်လာခဲ့တာ"
လုရွှမ်က ကျယ်လောင်စွာ ရယ်မောပြီး
"စိတ်ဝင်စားဖို့ ကောင်းတယ်... ကောင်းပြီလေ မင်းငါ့ကို သစ္စာခံပြီး ငါ့အစေခံဖြစ်လာရင် သိပ်မဆိုးပါဘူး!"
"မာနကြီးနေချက်!! နင်ငါ့ကို စော်ကားရဲတယ်ပေါ့... ငရဲကိုသွားပေတော့!"
မုရုန်ထျန်းကျောင်းရဲ့ အရှိန်အဝါက ခြင်္သေ့တစ်ကောင်လို ထွက်ပေါ်လာ၏။ သူ့ခြေထောက်တွေ တုန်ခါလာပြီး ခန္ဓာကိုယ်က လုရွှမ်ဆီကို ဖျက်နဲ ပြေးဝင်သွားတော့သည်။
လုရွှမ်၏ မျက်လုံးများသည် မုရုန်ထျန်းကျောင်း၏ ကိုယ်ခန္ဓာ တစ်ဝိုက်ကို အာရုံစိုက်ထား၏။ သူမနှင့် ရောယှက်ထားသည့် တောက်ကျင့်စဥ် ဖွဲ့စည်းပုံများကို အတိုင်းသား မြင်နေရသည်။
"ကောင်းပြီ... အရှိန်က အံ့သြစရာ ကောင်းလောက်အောင် မြန်သားပဲ. .. တောက်ကျင့်စဥ်ရဲ့ မူလနိယာမစွမ်းအင်ကို ထိမိလုနီးပါးပဲ... မာနကြီးနေတာ မဆန်းပါဘူး"
မုရုန်ထျန်းကျောင်းသည် အလွန်လျင်မြန်ပြီး လုရွှမ်၏ ရှေ့သို့ ချက်ချင်း ရောက်လာပြီး လုရွှမ်မျက်လုံးတည့်တည့်ကို လက်ဝါးဖြင့် ထိုးချလိုက်သည်။
လုရွှမ်၏ တောင်ပံများက သူ့နောက်ကျောတွင် တုန်လှုပ်သွားကာ နိယာမစွမ်းအင်များ ရောယှက်နေသော သူ့ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန်ဆုတ်သွားကာ မုရုန်ထျန်းကျောင်း၏ အနိုင်ယူရန် ဆုံးဖြတ်ထားသော လက်ဝါးချက်ကို အလွယ်တကူပဲ ရှောင်သွားခဲ့သည်။
လုရွှမ်သည် သူ၏ စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး မြှင့်တင်လိုက်ကာ မုရုန်ထျန်းကျောင်း၏ လက်ဝါးကို ပြန်လည် ထိုးနှက်ခဲ့သည်။
မုရုန်ထျန်းကျောင်း ရုတ်တရက် ဟစ်အော်လိုက်မိသည်။ လုရွှမ် ထံမှ ထွက်လာသော စွမ်းအားသည် ပြင်းထန်ခြင်း မရှိကြောင်း သူမ ခံစားခဲ့ရသော်လည်း တစ်စုံတစ်ခုက သူမ၏လက်ဝါးထဲသို့ ချက်ချင်း ရောက်သွားသလိုမျိုး အလွန်ထူးဆန်းလှသည်။
ရုတ်တရက် မုရုန်ထျန်းကျောင်းသည် ထိတ်လန့် တုန်လှုပ်သွားပြီး လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကာ သူမ၏လက်များကို အထိတ်တလန့်ဖြင့် ကြည့်ရှုစစ်ဆေးလိုက်သည်။
သေချာသည်မှာ ပိုးကောင်ငယ်လေးများကဲ့သို့ စွမ်းအင်တစ်မျိုးသည် သူမ၏ လက်ဝါးထဲတွင် နိယာမစွမ်းအင်များဖြင့် ရောယှက် ပြေးလွှားနေလေ၏။