ဆွဲဆောင်ခြင်း
Vol. 39 Ch. 4.95
မုရုန်ထျန်းကျောင်း၏ မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့မှုနှင့်အတူ ချက်ချင်း နီရဲသွားကာ သူမလက်ရှိ စွမ်းအင်များကို ဖယ်ထုတ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားသော်လည်း လုံးဝ မအောင်မြင်ချေ။
ထိုစွမ်းအင်လမ်းကြောင်း ပုံစံများသည် သူမ၏လက်ထဲတွင် အမြစ်တွယ်နေပုံရပြီး ဘယ်လိုအကြောင်းနဲ့မှ ၎င်းကို မဖယ်ရှားနိုင်တော့မည့် အတိုင်းပင်။
"သူတို့ကို ပြန်ဖယ်ပေး!!"
မုရုန်ထျန်းကျောင်းက သူမအသံကို ငိုသံလေးဖြင့် အော်လိုက်သည်။ သူမ ဘယ်လိုလုပ် မကြောက်ဘဲ နေပါမလဲ။ အဘိုးအိုက စံနမူနာပြ ဖြစ်ခဲ့ပြီး ကျင့်ကြံမှုအခြေခံကို ပိတ်ကာ အသေသတ်ပစ်ခဲ့တာ မဟုတ်လား?။
လုရွှမ် သူ့မျက်လုံးတွေက လူအုပ်ဖက်ကို ကြည့်လိုက်သည်။ သေချာပါတာပေါ့။ သူ့အခင်းအကျင်း ဖွဲ့စည်းမှုအပေါ် ထိန်းချုပ်မှုကြောင့် ကြောက်လန့်နေတာကြောင့် လူတိုင်းက သူမကို လက်ဆွဲပြီး အကူအညီပေးဖို့ မဝံ့ရဲကြပါဘူး။
"မင်းရဲ့လက်ဖဝါးပေါ်က အသွင်အပြင်ကို ငါ့ကို ပြန်သိမ်းစေချင်တာ သေချာလား?"
လုရွှမ် ပြုံးပြပြီး မေးလိုက်သည်။
"သေချာတယ်!! နင် လက်နက်ကိုင် တိုက်ပွဲဝင်တာမျိုးလည်း လုပ်လို့ရတာကို ဒီလိုနည်းနဲ့ ကစားနေတာ... နင်ယောက်ျားရော ဟုတ်သေးရဲ့လား?"
မုရုန်ထျန်းကျောင်း ငိုပြီး သူမလက်က အရာကလည်း အလုပ် ပိုကြိုးစားလာတာကို တွေ့ရလေသည်။ သူမလက်ထဲက စွမ်းအင် သွေးကြောတွေ ပိုသန်မာလာပုံရ၏။
သူမ၏ ယွမ်ချီကို ဝါးမျိုသွားချင်ပုံရပြီး သွေးပြန်ကြောများ ဖြတ်သွားကာ လက်မောင်းများ တဖြည်းဖြည်း ထုံကျင်လာတဲ့အထိ တဟုန်ထိုး တက်လာနေသည်။
အဘိုးကြီးရှစ်ဖန်းရဲ့ ဖြစ်ရပ်က သင်ခန်းစာ ယူစရာတစ်ခု ဖြစ်သည်။ မုရုန်ထျန်းကျောင်းသည် သူမ၏ခွန်အားကို ပိတ်ပင်ခံထားရသော်လည်း အနည်းဆုံး သူမ အသက်ရှင်နေသေးလို့ ပြေးချိန်ရသေးသည်။
ထိုစဥ် လုရွှမ်က လက်ဝါးလှိုင်းဖြင့် မုရုန်ထျန်းကျောင်း၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
"ဒါဆို မင်းငါ့ကို လက်နက်ချ သစ္စာခံမှာလား?"
မုရုန်ထျန်းကျောင်း၏ အဆက်မပြတ် ရုန်းကန်မှုကို မြင်လိုက်ရသောအခါ လုရွှမ်သည် ဤမြင်ကွင်းကို ရင်းနှီးနေပုံရကြောင်း ရုတ်တရက် သဘောပေါက်ကာ မေးလိုက်သည်။
"လုံးဝပဲ... ငါ သစ္စာခံတာထက် အသေပဲခံလိုက်မယ်"
ကျောင်းကျန့်မှာ လုရွှမ်ကို သတိပေးဖို့ နှစ်ကြိမ်တိုင်တိုင် ချောင်းဆိုးပြလိုက်သည်။ ဒီလို နာမည်ကြီးတဲ့ ကောင်မလေးကို သခင်လေးက ဖမ်းဆွဲထားချင်နေတာ အောက်မှာ ကြည့်နေတဲ့သူတွေ အများကြီးရှိတော့ သူ့ပုံရိပ်အတွက် မကောင်းဘူး မဟုတ်လား။
လုရွှမ်သည် ခဏမျှ စိတ်ပျောက်သွားကာ လျင်မြန်စွာ တုံ့ပြန်လာ၍ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်စုပ်ယူလိုက်ပြီး သူ့အပြုံးကို မျိုသိပ်လိုက်သည်။
"မတွန်းလှန်နဲ့... ခုခံနိုင်လေ အန္တရာယ်များလေပဲ... ခုခံနိုင်မယ်လို့ ယုံကြည်မှု မရှိရင် မခုခံနဲ့.... မဟုတ်ရင် မင်းလုပ်ချင်သလို လုပ်လို့ရတယ်"
မုရုန်ထျန်းကျောင်း ခဏလောက် ထိတ်လန့်သွားပြီး တခဏချင်းမှာပဲ လုရွှမ်ရဲ့ လွမ်းဆွတ်မှု အရိပ်အယောင်တွေနဲ့ ရောထွေးနေတဲ့ မျက်လုံးတွေ၊ လုရွှမ်ရဲ့ ဆုံးရှုံးမှုကို ခံစားလိုက်ရသလို သူမ နားမလည်နိုင်အောင် ဝမ်းနည်းလာစေခဲ့သည်။
သို့သော် သူမသည် မြေပြင်ပေါ်သို့ အလျင်အမြန် ပြေးသွား၏။ သူမ၏ အသက်အန္တရာယ်မှာ စိုးရိမ်စရာ ဖြစ်နေသည်လေ။
လုရွှမ်က သူမကို သတ်ပစ်ချင်သည့် ရည်ရွယ်ချက်ကို မခံစားရတာကြောင့် မုရုန်ထျန်းကျောင်းသည် လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ကာ တခြားလှုပ်ရှားမှုများကို လျစ်လျူရှုကာ ငြိမ်သက်သွားစွာဖြင့် ထိုပုံစံများကို တွန်းထုတ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားတော့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်များသည် တောက်ကျင့်စဥ်၏ နိယာမစွမ်းအင် စကားလုံးများကို နားလည်ပြီး အသွင်အပြင်ကို ပေါင်းစပ်လိုက်မှသာလျှင် သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်သည်။
သူတော်စင်တစ်ပိုင်း တစ်ခုစီ၏ နိယာမစွမ်းအင်သည် ထူးခြားပြီး အခြား နိယာမစွမ်းအင်များနှင့် ရောစပ်၍ မရချေ။
သူတော်စင်တစ်ပိုင်းဖြင့် ရောယှက်ထားသော နိယာမစွမ်းအင် အသွင်အပြင်သည် ကောင်းကင်၊ မြေကြီးနှင့် တောက်ကျင့်စဥ် စည်းချက်များကို လူတစ်ဦး၏ ခံယူချက်ဖြင့် ဖြစ်ပေါ်လာသော နားလည်မှုဖြစ်သည်။
အခြေခံအုတ်မြစ် ပြောင်းလဲသွားပါက ကြွက်သားနှင့် အရိုးများကို အနည်းငယ် နာကျင်စေကာ ပြင်းထန်သော အခြေအနေများတွင် ကျင့်ကြံမှုအခြေခံ ပျက်စီးသွားကာ ပွဲချင်းပြီး သေဆုံးသွားရန် ဖြစ်နိုင်ပေသည်။
မုရုန်ထျန်းကျောင်းမှာ ပိုကြိုးစားလေ စိတ်ဓာတ်ကျလာတာကို သူမသိလာရလေ ဖြစ်သည်။ လုရွှမ်ထံမှ ပေးပို့လာသော စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ကို ဝါးလုံးကဲ့သို့ ပြေးဝင်သွားကာ သူမ ခံနိုင်ရည် မရှိနိုင်ဘူးဟု ခံစားရသည့် အရှိန်နှင့် ချုပ်နှောင်ထားသည်။
စွမ်းအင်တွေ အဆက်မပြတ် ဆုံးရှုံးနေတာကို မြင်ရတော့ မုရုန်ထျန်းကျောင်းမှာ သူမရဲ့စိတ်တွေ တုန်လှုပ်သွားပြီး လုရွှမ်ရဲ့စကားကို သတိရကာ တွန်းလှန်မနေတော့ပေ။
သူမ ခါးသက်စွာ ပြုံးကာ တွန်းလှန်ချင်သော်လည်း လုံးဝ မတွန်းလှန်နိုင်ရာ သူမရဲ့စိတ်တွေကို လျှော့ချလိုက်ပြီး အဲဒီနိယာမစွမ်းအင်တွေ သူမခန္ဓာကိုယ်ထဲ လက်ခံထားလိုက်ရသည်။
သူမ စိုးရိမ်နေသော နိယာမစွမ်းအင်တွေ သက်ရောက်မှုနှင့် သူမခန္ဓာကိုယ်ထဲ စွမ်းအင်တွေ အချင်းချင်း တိုက်ခိုက်မှုတွေ မဖြစ်ပေါ်ခဲ့ဘဲ သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ်သော နာကျင်မှုကိုပင် မခံစားခဲ့ရပေ။
ဆန့်ကျင်ဘက် အနေနှင့် သူမ လေ့ကျင့်နေမိသလို တောက်ကျင့်စဥ် လမ်းကြောင်း အနည်းငယ်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ နွေလေညင်းကဲ့သို့ နွေးထွေးမှုကို ခံစားရလာစေသည်။
သူမရဲ့ကိုယ်ပိုင် နိယာမစွမ်းအင်များက တိတ်တဆိတ် စီးဆင်းနေပြီး ဝင်ရောက်လာတဲ့ နိယာမစွမ်းအင် အရှိန်အဟုန်ရဲ့ သဘောတရားအပေါ် နားလည်မှုသည် တဖြည်းဖြည်း နက်နဲလာခဲ့သည်။
ဝိညာဉ်ရေးရာ အသိဉာဏ် အနည်းငယ်သည် သူမ၏ နှလုံးသားကို ပြည့်လျှံလာစေပြီး သူမ၏ နားလည်နိုင်စွမ်းကို ပို၍ လေးနက်လာစေခဲ့သည်။
အချိန်အတော် ကြာပြီးနောက် မုရုန်ထျန်းကျောင်းသည် နားလည်မှုတွင် စွဲလန်းနေဆဲ ဖြစ်ပြီး သူမခန္ဓာကိုယ် အတွင်းရှိ အခြေခံသဘောတရားများ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့ရှိခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်များလည်း မရှိတော့ချေ။
မျက်လုံး ဖွင့်ကြည့်လိုက်တော့ အားလုံးက သူမအား တညီတညွတ်တည်း ကြည့်နေကြတာ တွေ့လိုက်ရသည်။ မုရုန်ထျန်းကျောင်း ခန္ဓာကိုယ် လှုပ်ရှားမှုနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားစဥ် သူမ၏ နှလုံးသားထဲ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူမသည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် ပို၍ ကျွမ်းကျင်လာသည်ဟု ခံစားမိသည်။ ဤခံစားချက်ကို သူမ မဖော်ပြနိုင်သော်လည်း အလွန် ထူးဆန်းလှကြောင်း သိပါ၏။
"နင်..."
မုရုန်ထျန်းကျောင်း ဘာပြန်ပြောရမှန်းကို မသိတော့ပေ။ လုရွှမ်က သူမကို နာကျင်အောင် လုပ်ဖို့ လုံးဝ မရည်ရွယ်တဲ့အပြင် ရှားရှားပါးပါး အခွင့်အရေး တစ်ခုပေးခဲ့တယ် ဆိုတာ သူမသိလိုက်သည်။
ခဏကြာတော့ သူမ နည်းနည်း နောင်တရလာခဲ့သည်။ စောစောကသာ လုရွှမ်စကားကို နားထောင်ခဲ့မယ်ဆိုရင် အချိန်က ပိုကြာလိမ့်မယ်။ အခုမြင်ရမယ့် ခွန်အား စိုက်ထုတ်မှုထက် ပိုသိသာလာလိမ့်မယ်။
"နတ်ဆေးလုံးမြို့ထဲကို ဝင်သွားလိုက်... ပြီးရင် နတ်ဆေးလုံး ရေကန်ဘေးကို သွားပြီး ခဏလောက် စွမ်းအင်စုသည်းလိုက် မင်းရဲ့သံသယတွေကို သဘာဝကျကျ ဖြေရှင်းနိုင်လိမ့်မယ်"
မုရုန်ထျန်းကျောင်း အနည်းငယ် ရှက်သွားသော်လည်း လုရွှမ်ကို သူမနှလုံးသား အောက်ခြေမှ မရှင်းပြနိုင်လောက်အောင် မယုံနိုင်လောက်အောင် အံ့သြသွားမိသည်။ သူမ ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆို၍ နတ်ဆေးလုံးမြို့သို့ ပျံသန်းသွားခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ လုပ်ရပ်တွေကို မြင်တဲ့သူတိုင်းက နားမလည်နိုင်လောက်အောင် ဖြစ်နေကြတော့သည်။
ဘာလုပ်နေကြတာလဲ? ရန်ဖြစ်ပြီး သူသေကိုယ်သေ တိုက်ကြမှာ မဟုတ်ဘူးလား? အခု ဘာလို့ အရမ်းရင်းနှီးသွားပုံ ပေါက်နေရတာလဲ?
မှော်ပညာတွေ ထွက်လာတာလားဟ??
မုရုန်ထျန်းကျောင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားပြီး လှည့်ကြည့်ကာ အော်လိုက်သည်။
"လုရွှမ်...."
လုရွှမ်သည် မုရုန်ထျန်းကျောင်း ဘာကြောင့် သူမကို ရွေးချယ်ခဲ့လဲ သိချင်နေကြောင်း နားလည်ပါ၏။ ဒီမှာ လူတွေအများကြီး ရှိနေပေမယ့် လူတိုင်းက သူ့လက်အောက် ငယ်သားဖြစ်ဖို့ အခွင့်အရေး ရှိနေတာ မဟုတ်ပေ။
အရင်က အဘိုးကြီးရှစ်ဖန်းလိုပင်။ အဲဒီလူကြီးက သေခြင်းတရားကို သူ့ဘာသာသူ ရှာနေတာကြောင့် လုရွှမ်ကလည်း သဘာဝကျကျ သူ့အသက်ကို ရိတ်သိမ်းခဲ့၏။
ကျောင်းကျန့်သည် အထူးကိစ္စရပ် တစ်ခုဖြစ်ပြီး သူ့အရည်အချင်းနှင့်သူ လေ့ကျင့်၍ တိုးတက်လာသူ ဖြစ်ကာ မော့ကောင်းရွှမ်းထက် အခြေအနေ ကောင်းလေသည်။ မုရုန်ထျန်းကျောင်းရဲ့ အရည်အချင်းက ထူးကဲသောကြောင့် လုရွှမ် သူမကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
လုရွှမ်ရဲ့ တည်ငြိမ်တဲ့ မျက်နှာထားကြောင့် မုရုန်ထျန်းကျောင်းသည် နောက်ဆုံးတွင် သူမအား လက်အောက်ငယ်သားအဖြစ် ခေါ်ယူရန် အဘယ်ကြောင့် ယုံကြည်မှု ရှိနေရသလဲ ဆိုတာကို နားလည်လာခဲ့သည်။
သူ့မှာ အဲဒီလိုလုပ်ဖို့ အရင်းအနှီးကို အမှန်တကယ် ရှိနေခဲ့တာပဲကိုး။ စကားရပ်ပြီး မြို့ထဲသို့ ဝင်လာခဲ့၏။ အဖြေက မြို့ထဲမှာ ရှိနေကြောင်း သူမဘာသာ သဘောပေါက်သွားသည်။
"ကောင်လေး မင်း နတ်သမီးမုရုန်ကို လွှတ်ပေးလိုက်စမ်း! မင်း သူမအပေါ် ဘယ်လို မှော်ပညာကို သုံးပြီး ပြုစားလိုက်တာလဲ?"
"မုရုန် ဧကရာဇ်အင်ပါယာက အလယ်အလတ် အဆင့် ဧကရာဇ်အင်ပါယာ တစ်ခုပဲ... မင်းသမီးလေး မုရုန်က ငါတို့အင်ပါယာရဲ့ အထူးဧည့်သည်.... သူမကို မလွှတ်ပေးဘူးဆိုရင် ယုံချင်ယုံ မယုံချင်နေ ငါတို့ ချောင်ထျန်းဧကရာဇ်အင်ပါယာက မင်းရဲ့ ပျက်စီးယိုယွင်းနေတဲ့ ဒီနေရာကို ပျက်စီးပစ်ဖို့ တစ်ပြည်လုံးရဲ့ စွမ်းအားကို သုံးပစ်လိုက်လို့ ရတယ်ကွ!! နတ်ဆေးလုံးမြို့ကို အပိုင်းပိုင်းခွဲပြီး မင်းကို သေစရာ နေရာမရှိအောင် ဖြစ်သွားစေရမယ်!"
ဆူပူကြိမ်းမောင်းသံများ ကောင်းကင်ပြင်တွင် တစ်ကြိမ်စီ ထွက်ပေါ်လာပြီး အသံတစ်ခုစီသည် တစ်သံထက် တစ်သံ ပိုမိုကျယ်လောင်နေသော်လည်း လူအများ၏ မျက်နှာကို ကြည့်လျှင် တစ်ယောက်ကို တစ်ယောက် မောက်မာနေကြတာ အတိုင်းသားပင်။
သူတို့အားလုံး ခြိမ်းခြောက်ခံနေရပြီ!
မုရုန်ထျန်းကျောင်းသည် သူမ၏ကိုယ်ပိုင်လက္ခဏာ၊ အသိပညာ၊ အဆင့်အတန်း သို့မဟုတ် အရည်အချင်း စသည်ဖြင့် လူအုပ်ကြားတွင် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း သူမသည်ပင် အလွယ်တကူ ထိန်းချုပ်ခံထားရပြီ။
လုရွှမ်သာ သူတို့ကို တိုက်ခိုက်လာပါက ရှောင်ရှားရန် အင်အား မရှိပေ။
"အတူတူ သတ်ကြရအောင် သူအားလုံးကို တပြိုင်နက်တည်း စွဲဆောင်နိုင်မယ်လို့ ငါမယုံဘူး"
တစ်စုံတစ်ယောက်က နောက်ဆုံးတွင် အကြံပြုလာခဲ့သည်။
"သတ်!"
တစ်ယောက်ပြီး တစ်ယောက် ယွမ်ချီများနဲ့အတူ လက်နက်များကို ဆွဲထုတ်ကာ လုရွှမ်အား အလုံးအရင်း တိုက်ခိုက်လာတော့သည်။