တစ်ဖက်သတ် လူသတ်ပွဲ
Vol. 39 Ch. 4.96
လုရွှမ် လက်ဝှေ့ယမ်းလိုက်ခြင်းဖြင့် ကျောင်းကျန့်သည် သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် နောက်ပြန် ပျံ့ထွက်သွားတာကို ခံစားလိုက်ရပြီး ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းပုံထဲသို့ ဝင်ရောက်သွားတာ တွေ့လိုက်ရသည်။
တစ်ဖန် ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းမှု၏ အပြင်ဘက်သို့ ကြည့်လိုက်သော် လုရွှမ်သည် အခင်းအကျင်း ဖွဲ့စည်းမှု အတွင်း၌ ရှိနေပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် သံသယ မဝင်ဘဲကို မနေနိုင်တော့ပေ။ သခင်လေးသည် အခင်းအကျင်း၊ လက်နက်သန့်စင်မှု၊ သားရဲထိန်းကျောင်းမှုနှင့် အဂ္ဂိရတ်ပညာများကို တစ်ကိုယ်တည်းတွင် ပေါင်းစပ် တက်မြောက်ထားကြောင်း သူကြားခဲ့ပြီးပြီ။
တခြားဘာမှ မပြောဘဲ ဤအခင်းအကျင်းသည် သူ့ကို သဘောကျစေသော လုရွှမ်၏ အောင်မြင်မှုပင် ဖြစ်သည်။
ရာနှင့်ချီသော တိုက်ခိုက်မှုများသည် လှိုင်းလုံးများနှယ် အခင်းအကျင်း တည်ဆောက်မှုကို တရစပ် တိုက်ခိုက်လာခဲ့သည်။
"ကျစ်..... ဒီအခင်းအကျင်းက?"
တစ်စုံတစ်ဦးသည် နောက်ဆုံးတွင် ဖွဲ့စည်းတည်ဆောက်မှု ပြောင်းလဲသွားသည်ကို မြင်ခဲ့ရပြီး ယခင်က ၎င်းတို့ ပူးပေါင်း တိုက်ခိုက်တဲ့ အားက တဖြည်းဖြည်း ထိရောက်မှု မရှိတော့တာ တွေ့လိုက်ရသည်။
ယခု အခင်းအကျင်း၏ ကာကွယ်မှုစွမ်းရည်သည် ယခင် အခင်းအကျင်း ဖွဲ့စည်းမှုထက် ပိုမိုအားကောင်းလာခဲ့သည်။
"ကောင်လေး.... မင်းထွက်လာလေ!! အခင်းအကျင်းထဲမှာ ဘာကိစ္စ ပုန်းအောင်းနေတာလဲ?"
"ဟုတ်တယ်.... မင်းအစောက မာနကြီးနေတာ မဟုတ်ဘူးလား? လာပြီး တိုက်ခိုက်လေ!!"
"မင်းငါ့ကို လက်အောက် ငယ်သားအဖြစ် လက်ခံချင်သေးလား ဟားဟား.... ငါကတော့ သူရဲဘောကြောင်နိုင်တဲ့ သခင်မျိုး မလိုချင်ဘူးဟေ့!!"
...
အခင်းအကျင်း အပြင်ဘက်တွင် သူတော်စင်တစ်ပိုင်းများ အားလုံး မိမိတို့ အစွမ်းအစများဖြင့် တိုက်ခိုက်ခဲ့ကြရာ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အင်အားဖြင့် ထိုအခင်းအကျင်း တည်ဆောက်မှုကို လုံးဝ မချိုးဖျက်နိုင်ကြောင်း သိရှိခဲ့ကြသည်။
အင်အားကို ဖြုန်းတီးမည့်အစား အော်ဟစ် ကျိန်ဆဲကြတော့သည်။
သူတို့သည် တူညီသော စွမ်းအားများရှိသည့် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ ဖြစ်သော်ငြား သူတို့၏ ကိုယ်ပိုင် အရည်အသွေးများသည် လုံးဝ ကွဲပြားကြသည်။
မတူညီစွာ နားလည်နိုင်သော တောက်ကျင့်စဥ် သူတော်စင်လမ်းကြောင်း ကဲ့သို့ပင် နိယာမစွမ်းအင်များ မတူညီသော လူများက မတူညီသော စွမ်းအင်များ ရှိကြသည်။
"မင်းတို့ အရှက်မရှိကြဘူးလား? မင်းတို့က ရာနဲ့ချီတဲ့ သူတော်စင်တစ်ပိုင်း ကျင်ကြံသူတွေ... ငါတို့ သခင်လေးက တစ်ယောက်တည်း!!! ဒါကို တရားမျှတတဲ့ ပြိုင်ဆိုင်မှုလို့ ကြွေးကြော်ချင်နေ သေးတာလား? မင်းတို့ ဘယ်လောက် အရေထူလဲ ဆိုတာ ဖုံးထားလို့တောင် မရတော့ဘူး"
ကျောင်းကျန့်၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းနေသည်။ သူသည် ဤလူများစွာကို စော်ကားခဲ့ဖူးသည်။ သူတို့ခွန်အားက တော်တော့်ကို တော်ကြပြီး လူတစ်ဦးစီက တစ်ဦးထက် တစ်ဦး ပိုမိုက်ကြရာ ၎င်းတို့အားလုံးသည် တူညီသောအဆင့်ရှိ လူများဖြစ်ကြတာ အလွန်ရှင်းလင်းသည်။
ဤနေရာတွင် ကျောင်းသားများအား လေ့ကျင့်ရန်နှင့် အခွင့်အလမ်းများ ရရှိရန် မျှော်လင့်ထားသော ကျောင်းတော်မှလာသော ကဆရာ တချို့မှလွဲ၍ တခြားလူများသည် ဧကရာဇ်အင်ပါယာ အတွင်းရှိ လူကြိုက်မများသော အရာများဖြစ်လေ၏။
တချို့သော သူတော်စင်တစ်ပိုင်း သခင်တချို့၏ မျက်နှာသာ ပေးခြင်းကို မလိုကြရာ သြဇာအနည်းငယ်ရှိသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က သခင်များကို သူတို့မျက်လုံးထဲ ဘယ်လိုလုပ် ထည့်ကြမလဲ။
အခု သူတော်စင်တစ်ပိုင်းတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတာက သူတို့ကို ဒုက္ခပေးချင်နေတာ မဟုတ်ဘူးလား။
"သခင်လေး.. ဒီလူတွေက အနိုင်ကျင့် လှည့်စားလွန်းတယ်.... သူတို့နဲ့တိုက်ဖို့ ကျုပ်ကို ထွက်စေချင်လား?"
ကျောင်းကျန့်က အော်ဟစ်လိုက်သည်။ အပြင်က လူတွေက အရမ်းညစ်ပတ်ပြီး ပိုလို့တောင် ရက်စက်ကြ၏။ သူ့သခင်လေးကို သေလောက်အောင် အရှက်ရစေလို့ ကျောင်းကျန့် ချက်ချင်း သတ်ပစ်ချင်လာသည်။
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ငါကိုယ်တိုင်လုပ်မယ်!"
ကျောင်းကျန့်မှာ သူ့တံတွေးကို ပါးစပ်ထဲ မျိုချလိုက်ပြီး
"သခင်လေး.... သခင်လေး ကိုယ်တိုင် ထွက်ပြီး ရာနဲ့ချီတဲ့ သူတော်စင် တစ်ပိုင်းတွေကို ကိုယ်တိုင် တိုက်ချင်တာလား?"
"မှန်တယ်!! ဒီလူတွေက ကြည့်တော့သာ အားကောင်းပုံရတာ.... ဒါပေမဲ့ သူတို့က ကြက်တွေ ခွေးတွေထက် ဘာမှ မပိုဘူး....အစကတော့ ဒီကို လာတဲ့လူတွေထဲမှာ အရည်အချင်းရှိတဲ့ လူတွေ ပိုမယ်ထင်တာ... ဒါပေမဲ့ ကြည့်ရတာ ငါမှားသွားပုံရတယ်.... ဒီလူတွေ အဆုံးသတ်သင့်ပြီ"
ကျောင်းကျန့်မှာ အဖန်ဖန် ခေါင်းညိတ်ရင်း လုရွှမ်က ဦးဆောင်နေသဖြင့် သဘောမတူဘဲ မနေရဲတော့ပေ။
လုရွှမ် အခင်းအကျင်းထဲမှ ပြေးထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ချိုင့်ဝှမ်းထဲတွင် ရလာသော အခင်းအကျင်း တံဆိပ်ပြားများ အားလုံးကို ပစ်ချလိုက်သည်။
အချိန်အတော် ကြာလို့ သူတို့က သက်တမ်းရင့်နေပေမယ့် တစ်ပိုင်းတစ်စအတွက် အသုံးဝင်နေဆဲ ဖြစ်သည်။ ဒီသူတော်စင်တစ်ပိုင်းတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အားကောင်းသူများသည်လည်း ၎င်းတို့၏ ထိရောက်မှုကို ဆုံးရှုံးစေနိုင်သည်။
ဤနေရာတွင် အမှိုက်များကို ရှင်းလင်းရန်အတွက် သင့်တော်လေသည်။
"အားလုံး သတိထား... ဒီကောင်လေးက အခင်းအကျင်း ပညာရှင်ပဲ လုံးဝ မ..."
စကားသံ မဆုံးခင်မှာ စကားပြောသူသည် ပုံရိပ်ယောင် အခင်းအကျင်းထဲ ဆွဲသွင်းခံလိုက်ရတာကို တွေ့လိုက်ရလေသည်။ ဓားနဲ့ထိုးလိုက် အော်ဟစ်လိုက်ဖြင့် နောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။
နတ်ဆေးလုံးမြို့ အတွင်းရှိ လူတိုင်းသည် အခင်းအကျင်း အပြင်ဘက်ရှိ ကမ္ဘာကြီးကို ကြည့်နေကြသည်။ ရာနှင့်ချီသော သူတော်စင်တစ်ပိုင်းများ လာရောက် တိုက်ခိုက်ကြသည်ကို သိလိုက်ရသောအခါတွင် အားလုံး ထိတ်လန့်သွားကြသည်။
ဒါက မြို့ကိုသတ်တဲ့ စည်းချက်လား?
သို့သော် မကြာမီတွင် အခင်းအကျင်း အသစ်ဖွဲ့စည်းမှုဖြင့် တိုက်ခိုက်မှု အားလုံးကို ပိတ်ဆို့ထားသည်ကို လူတိုင်း တွေ့ရှိခဲ့ကြသည်။
တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ကြည့်လိုက်လျှင် ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိဟု ထင်ရသည်။ အခင်းအကျင်းက ယုံကြည်မှု ရှိစွာဖြင့် ဆက်တိုက်ဆိုသလို အောင်ပွဲခံခြင်းဖြင့် ထိန်းသိမ်းထားလေသည်။
အခင်းအကျင်း ဖွဲ့စည်းခြင်းရဲ့ စွမ်းအားကို မြင်တော့ လုရွှမ်အပေါ် မြို့ထဲက လူတွေရဲ့ ယုံကြည်မှုက နည်းနည်းတော့ တိုးလာခဲ့သည်။
လုရွှမ် အခင်းအကျင်းထဲက ထွက်၍ ရာနှင့်ချီသော သူတော်စင်တစ်ပိုင်းများကို တစ်ဦးတည်း ယှဉ်ပြိုင် တိုက်ခိုက်နေတာကို မြင်လိုက်ရသည်။ ထိုသူရဲကောင်း စိတ်ဓာတ်သည် လူတိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားပြီး ရှက်ရွံ့မှုနှင့် လေးစားမှုများ အစားထိုးလာခဲ့သည်။
အားလုံးက သူတို့လုပ်တော့မည့် အရာအားလုံးကို မေ့ပစ်လိုက်ကြသလို မုရုန်ထျန်းကျောင်းကလည်း အခင်းအကျင်း၏ အပြင်ဘက် ကမ္ဘာကို စိုက်ကြည့်ရင်း လုရွှမ်၏ အောင်ပွဲ ပြန်လည်ရယူခြင်းကို စောင့်မျှော်နေပါသည်။
အခင်းအကျင်း ဖွဲ့စည်းမှု အပြင်ဘက်တွင်တော့ အခြားကမ္ဘာ တစ်ခုသို့ ပြောင်းလဲသွားသကဲ့သို့ ရှုပ်ထွေးသော စွမ်းအင်များစွာဖြင့် ရောယှက်နေသည်။
လုရွှမ်ရဲ့ အခင်းအကျင်းတွေက လုပ်ကြံသတ်ဖြတ်ခြင်း မဟုတ်ဘဲ ဤလူများ၏ အရည်အချင်းနှင့် စရိုက်ကို စမ်းသပ်ရန် စီစဥ်ထားသော လှည့်ကွက်များသာ ဖြစ်လေ၏။
၎င်းတို့အားလုံးသည် ပျံသန်းကောင်းကင်နယ်ပယ်၏ ပထမအဆင့်ထက် မပိုသော သူတော်စင်တစ်ပိုင်းများ ဖြစ်ကြပြီး ၎င်းတို့အားလုံးသည် ဧကရာဇ်အင်ပါယာ အတွင်းရှိအောက်ခြေ ဖြစ်တည်မှုများ ဖြစ်သည်။
ဤနေရာကို လာရခြင်းမှာ အခွင့်အလမ်း ဟူသည့် အရာကြောင့် ဖြစ်နိုင်သည်။ အန္တရာယ်များသော်လည်း ၎င်းတို့၏ တိုးတက်မှုက ၎င်းတို့ကိုယ်တိုင်၏ လက်ထဲတွင် ရှိနေသည်လေ။
လုရွှမ် စိတ်ပျက် အားငယ်သွားတဲ့ အရာမှာ အမှိုက်များက အမှိုက်များသာ ဖြစ်နေခြင်းပင်။ တစ်နာရီ ကြာပြီးနောက် အခင်းအကျင်း အလင်းရောင်များ ပျောက်ကွယ်သွားတဲ့အခါ လူခြောက်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ရာနှင့်ချီသော သူတော်စင်တစ်ပိုင်းများထဲမှ ခြောက်ယောက်သာ လွတ်မြောက်လာခဲ့သည်။
လုရွှမ် လေထုအလယ်၌ ပြန်ပေါ်လာသောအခါ နတ်ဆေးလုံးမြို့ တစ်ခုလုံးသည် ၎င်းတို့၏ လွတ်လပ်မှုကို ထုတ်ဖော်ပြသသည့် အသံများကို တစ်ညီတစ်ညွတ်တည်း ဟစ်ကြွေးလိုက်ကြလေ၏။
လူခြောက်ယောက်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး ထိတ်လန့်နေဆဲပင်။ အတိတ်မှာ လုပ်ခဲ့တဲ့ အမှားတွေက တစ်ခုပြီးတစ်ခု ကြုံတွေ့နေရသလိုမျိုး တုန်ရီနေကြသည်။
အသတ်ခံရသူတို့သည် အကြိမ်ကြိမ် ပြန်လည် မွေးဖွားလာကြပြီး အကြိမ်ကြိမ်လည်း အသတ်ခံနေရသည်။ ဒါက သူတို့ရဲ့ စိတ်အခြေအနေကို အဖန်ဖန် ပြတ်တောက်စေခဲ့သည်။
အခင်းအကျင်း လှည့်ဖြားမှုထဲတွင် သူတို့သည် လုရွှမ်နှင့် နတ်ဆေးလုံးမြို့ကို မေ့သွားသလို အရာအားလုံးကို မေ့သွားကြပြီး ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝဖြင့် အသက်ရှင်ရခြင်းကိုသာ တောင်းတလာမိကြ၏။
လုရွှမ်၏ မျက်လုံးထဲရှိ သွေးများသည် သေခြင်းတရားကဲ့သို့ အေးစက်နေခဲ့သည်။ ဒါက ကျီးကန်သ သူ့ကို ပြောပြဖူးတဲ့ အခင်းအကျင်း တံဆိပ်ပြားရဲ့ ဆင့်ကဲဖြစ်စဉ် နည်းလမ်းတစ်ခု ဖြစ်ကာ ဒီအတွက် စိတ်ဝိညာဉ်စွမ်းအားကို ကြီးကြီးမားမား သုံးစွဲထားရသည်။
ဓားတစ်ချောင်းတည်းဖြင့် အားလုံး၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သူ ဖြစ်သည်။
"မင်းတို့ လက်မြှောက်ချင်လား?"
လုရွှမ်က အသက်ပြင်းပြင်းရှူရင်း ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများ လွင့်စင်သွားသည်။ ထို့နောက် သူ့လက်ထဲက ဓားရှည်သည် အသက်ရှင်ကျန်ရစ်သူ ခြောက်ဦးကို ထိုးညွှန်လိုက်သည်။
ဤလူခြောက်ယောက်မှာ နမော်နမဲ့ နိုင်သော်လည်း ပင်ကိုယ်စွမ်းရည်သည် အလွန် ကောင်းမွန်ကာ ကောင်းကောင်း လေ့ကျင့် ပြုစုပျိုးထောင်နိုင်သည်။
သူတို့အထဲမှာ ကျောင်းကျန့်ရဲ့ သူငယ်ချင်း ယဲ့ကူလည်း ပါ၀င်၏။ အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ဟာ မရေရာတဲ့ အခြေအနေမှာ ရှိနေပြီး သူ့မျက်လုံးတွေက သွေးတွေကြောင့် နီရဲနေကာ ဒူးထောက် ထိုင်ချလိုက်တော့သည်။
"သခင်လေးကို ဂါဝရပြုပါတယ်"
ကျောင်းကျန့်ဆီက စကားကို လက်ခံရရှိပြီးနောက် လုရွှမ်ရဲ့ စွမ်းရည်ကိုလည်း သူမြင်လိုက်ပြီ။ အတွေးတစ်ချက်တည်းဖြင့် မုရုန်ထျန်းကျောင်းသည် တောက်ပသော အနာဂတ်တစ်ခု ရရှိသွားပြီဖြစ်ကြောင်း သိသာ၏။
ထို့နောက်တွင် တခြားသူများ သေဆုံးသွားခဲ့ပုံကို ကြည့်ပြီး သူသည် ငတုံး မဟုတ်သောကြောင့် ဘာကို ရွေးချယ်ရမည်ကို သဘာဝကျကျ သိလေသည်။
"ကောင်းပြီ.... မင်းတို့အားလုံး မြို့ထဲကိုသွား.... လန်းဆန်းအောင် တစ်ခုခုလေ့လာဖို့ နတ်ဆေးလုံးရေကန်ကို သွားပြီးတော့ ပြန်လာခဲ့"
လုရွှမ် ဆိုတာ ကြောင်သူတော် မဟုတ်ချေ။ ဤလူများသည် နောင်တွင် ဤနေရာတွင်နေမည့် သူ၏အဖွဲ့၀င်များ ဖြစ်သည့်အတွက် နှစ်သိမ့်စကားကောင်းကောင်းဖြင့် သူတို့ကို နတ်ဆေးလုံးမြို့ထဲသို့ ပို့လိုက်သည်။
နတ်ဆေးလုံးမြို့ အပြင်ဘက်တွင် သူတော်စင်တစ်ပိုင်းများ ခေါ်ဆောင်လာသော တပည့်များစွာသည် မြေပြင်ပေါ်ရှိ အလောင်းများကို ထုံကျဉ်စွာ ကြည့်ကာ မည်သူမည်ဝါဖြစ်ကြောင်း မပြောနိုင်တော့ပေ။
မြို့တော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပေမယ့် သန့်ရှင်းစွာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။
လုရွှမ် သူတို့ ထွက်သွားတာကို မတားခဲ့ချေ။ ဒီလူတွေကနေတစ်ဆင့် သတင်းဖြန့်ပြီး သခင်တစ်ယောက် ရောက်လာတာကို စောင့်လိုက်ရုံပဲလေ။