← Chapters

ပွေရှုပ်တဲ့ မြို့သခင်

Vol. 39 Ch. 4.97

ပွေရှုပ်တဲ့ မြို့သခင်

Vol. 39 Ch. 4.97

လုရွှမ်၏ လက်ဖဝါးလှိုင်းနှင့်အတူ စွမ်းအင် မုန်တိုင်းက ရိုက်ခတ်သွားသဖြင့် ထိုသူတော်စင်တစ်ပိုင်းတို့၏ ခြေလက်အင်္ဂါများ ကျိုးပဲ့ပျက်စီးသွားသည်။ လိုက်ပါလာသော အဖော်များကို ကြည့်လိုက်လျှင် အလောင်းကို ကောက်ယူရန် နေဝံ့သူ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။

ဒါက ခွန်အားဖြင့် လူများကို အနိုင်ကျင့်ခြင်းထက် ဘာမှမပိုပါ။ သူတို့၏ ကံကြမ္မာသည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ကျောင်းကျန့် နှင့် မုရုန်ထျန်းကျောင်းအား ရှင်းပြပြီးနောက် လုရွှမ်သည် နတ်ဆေးလုံးရေကန်သို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

နေရာတစ်ခုကို အမှတ်တမဲ့ ရွေးချယ်ကာ အခင်းအကျင်း တစ်ခု တည်ဆောက်၍ ငြိမ်သက်စွာ လေ့ကျင့်လိုက်သည်။

ဤသူတော်စင် တစ်ပိုင်းများကို တိုက်ခိုက်ပြီးနောက် လုရွှမ်သည် နောက်ထပ် ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခဲ့သည်။ တကယ်တော့ ဒီလူတွေကို သတ်ပစ်တာဟာ သူ့ရဲ့စစ်မှန်တဲ့ တိုက်ခိုက်ရေး စွမ်းအားထက် အခင်းအကျင်း ဖွဲ့စည်းမှု အပေါ်မှာသာ မူတည်ခဲ့တာ ဖြစ်သည်။

အခု ချိုင့်ဝှမ်းက ရရှိတဲ့ ဖွဲ့စည်းမှု အခင်းအကျင်း တံဆိပ်ပြားတွေ ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် နောက်ဆက်တွဲ စစ်ပွဲတွေကျရင် သူ့ကိုယ်သူသာ အားကိုးရတော့မည်။

ဆယ်ရက်အကြာတွင် လုရွှမ် အခင်းအကျင်းကို ရုပ်သိမ်းလိုက်သည်။ အပြင်ဘက်တွင် စောင့်နေသော ကျောင်းကျန့်က လေးစားစွာ နှုတ်ဆက်လာခဲ့သည်။ မော့ကောင်းရွှမ်းလည်း နံဘေးတွင် ရပ်နေကာ နှစ်ယောက်လုံး တစ်ခုခု စိုးရိမ်ပြီး စိတ်မသက်မသာ ဖြစ်နေပုံရသည်။

"ဘာဖြစ်တာလဲ?"

ကျောင်းကျန့်သည် အခြေအနေကို နားလည်တတ်သူဖြစ်ပြီး အရေးကြီးသည့်အရာ မရှိပါက သူ့ကို နှောက်ယှက်မည် မဟုတ်ပေ။ ထို့အပြင် ဘေးတွင် မော့ကောင်းရွှမ်း၏ ကိုယ်ရံတော်လည်း ရှိနေပြီး ၎င်းတို့နှစ်ဦး အတူ ရောက်ရှိလာသည်မှာ သိသာထင်ရှားလှသည်။

"သခင်လေး မြို့သခင် ပြန်လာပြီ....အမ်း.... အရင်က ခန့်အပ်ထားတဲ့ မြို့သခင် ပြန်လာပါပြီ"

လုရွှမ် ထိုမြို့သခင် အကြောင်းကို ကြားဖူးပြီးသား ဖြစ်သည်။ သူသည် ဧကရာဇ်အင်ပါယာ မိသားစုမှ သခင်လေး တစ်ဦးဖြစ်သည်။ သူ့တွင် ခွန်အား မရှိသော်လည်း ထူးထူးခြားခြား နောက်ခံရှိလေ၏။

ထုံးရှန်း ဟုခေါ်ပြီး သူသည် ထျန်းလုံဧကရာဇ်အင်ပါယာ မိသားစုကြီးမှ သခင်လေး ဖြစ်သည်။ ဒီနေရာကို သိပ်စိတ်မဝင်စားတာကြောင့် အခြေခံအားဖြင့် လူလုံးထွက်မပြပေမယ့် အခု ဘာကြောင့် ပြန်ရောက်နေရတာလဲ?

"သူ မြို့ပြင်မှာ အော်ဟစ်ပြီး မြို့တံခါးကို ဖွင့်ခိုင်း​နေပါတယ်... သခင်လေး အဲ​ဒီထုံးရှန်းမှာ အင်အား မရှိပေမယ့် ထျန်းလုံဧကရာဇ်အင်ပါယာကတော့ မတူဘူး အထူးသဖြင့် အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးရှိတဲ့ ထျန်းလုံကျောင်းတော်ပဲ... သာမန် ကျောင်းတော်လေး မဟုတ်ဘူး"

"ထျန်းလုံ၊ ကျူးချွဲ့၊ ရွှမ်ဝူနဲ့ ပိုင်ဟူကျောင်းတော် လေးခုက ဧကရာဇ်အင်ပါယာ အားလုံးမှာ နာမည်ကောင်း ရှိတယ်... အဆင့်မြင့် ဧကရာဇ်အင်ပါယာက ကျောင်းသားတချို့တောင် ဒီကျောင်းတော် လေးခုကို သွားလေ့လာဖို့ တောင်းဆိုကြပါတယ်..."

လုရွှမ်၏ ထူးခြားသော စွမ်းရည်ကို နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ပြီးနောက် ကျောင်းကျန့်သည် သူ့စိတ်နှလုံးထဲ လုရွှမ်ကို လေးစားနေခဲ့ပြီမို့ ထုံးရှန်း၏ နောက်ခံအားလုံးကို အမြန်ပြောပြခဲ့သည်။

"အိုး သူ့မှာ အစောင့်နှစ်ယောက်ရှိတယ် နှစ်ယောက်စလုံးက အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၂ နယ်ပယ်မှာ ရှိနေကြတာ ဟုတ်လား?"

လုရွှမ် ပြန်မေးတော့ ကျောင်းကျန့် အထပ်ထပ် အခါခါ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ယခင်က ၎င်းတို့ထဲမှ တစ်ဦးကို တိုက်ခိုက်ခဲ့ဖူးပြီး ပြိုင်ဘက်အဖြစ်မှ ဝေးကွာသွားခဲ့သည်။

ထိုတိုက်ပွဲမှ ရလာသော ဒဏ်ရာများက သူ့ကို လုံးလုံးလျားလျား နှိပ်စက်ခဲ့​သေးသည်။ နောက်ပိုင်းမှသာ ထိုသူသည် သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ်မှ ကျင့်ကြံသူ ဖြစ်ကြောင်း သိခဲ့ရသည်။

သူ​တော်စင်တစ်ပိုင်း အဆင့်၉ ဆင့်တွင် တစ်ခုနှင့်တစ်ခုကြား ကောင်းကင်တစ်ထပ်စီ ရှိသည်။ ဝူအဆင့်နယ်ပယ် သို့မဟုတ် သေမျိုး အသွင်ပြောင်း​ခြင်းနယ်ပယ်နှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။

လူတစ်ဦးသည် အရည်အချင်းရှိပြီး အခွင့်အလမ်း တချို့ရှိသရွေ့ ဝူအဆင့် နယ်ပယ် သို့မဟုတ် သေမျိုူ အသွင်ကူးပြောင်းမှုနယ်ပယ်တွင် စိန်ခေါ်မှုများကို ခုန်ပျံကျော်လွှားရန် လွယ်ကူသည်။

သူတော်စင် တစ်ပိုင်း ဖြစ်လာပြီးနောက် အဆင့်တစ်ခုစီကြား ကွာဟချက်သည် တစ်ခုနှင့်တစ်ခု ကောင်းကင်ကြီး ကဲ့သို့ ကျော်လွှားရန် ခက်ခဲလေသည်။

ဒဏ္ဍာရီတွင် ပျံ့နှံ့နေခဲ့သော သခင်အချို့မှ လွဲ၍ ယခုအချိန်အထိ သူတော်စင်တစ်ပိုင်း နယ်ပယ်ရဲ့ စိန်ခေါ်မှုကို ခုန်ကျော်နိုင်သူ ရှိကြောင်း မကြားရသလောက်ပင် ဖြစ်သည်။

လုရွှမ်ရဲ့ အံ့အားသင့်ဖွယ် အချက်အလက်တွေ ပြည့်နှက်နေပေမယ့် ကျောင်းကျန့်ကတော့ လောလောဆယ်မှာ စိုးရိမ်နေဆဲ ဖြစ်သည်။

"ကျန်တဲ့လူတွေ ဘယ်မှာလဲ?"

လုရွှမ် မေးလိုက်သည်။

"သခင်လေးက တကယ် အမြင်ရှိပါတယ်... သူတို့က သန်မာလွန်းတာ မဟုတ်ပေမယ့် အားလုံးက ပွင့်လင်းတဲ့စိတ် ရှိတဲ့လူတွေပဲ... ဒီလက်အောက် ငယ်သားတွေက သူတို့နဲ့ စကားပြောပြီးပါပြီ သူတို့ ဘာလုပ်ရမယ် ဆိုတာ အားလုံး သိ​​ကြပါတယ်!"

လုရွှမ် လူခြောက်ယောက်ကို အနိုင်ယူခဲ့သော အခါတွင် သူတို့သည် အနာဂတ်တွင် ကြုံတွေ့ရမည့် အခြေအနေကို တွေးတောကာ ခေါင်းညိတ်ခဲ့​ကြသည်။

ကျောင်းကျန့်၊ မုရုန်ထျန်းကျောင်းတို့နှင့် မတူဘဲ လုရွှမ်သည် ၎င်းတို့ကို နှိမ်နင်းရန် အလွန်စိတ်မပူခဲ့ပေ။ သူတို့နှစ်ယောက်သည် ဘယ်ညာ လက်နှစ်ဖက် ဖြစ်နိုင်သော်လည်း နောက်ပိုင်း သိမ်းယူထားတဲ့ လူတွေက ရိုးရှင်းသော ကိရိယာများသာ ဖြစ်သည်။

သူတို့ခြောက်ယောက်က သူတို့ကို အခင်းအကျင်းထဲကို ဆွဲသွင်းလိုက်တဲ့ အချိန်ကတည်းက လုရွှမ် ဖီးနစ်မီးတောက်ကို သူတို့ထဲသို့ ထိုးသွင်းခဲ့တာကြောင့် ခုခံဖို့ သတ္တိရှိရှိ သစ္စာဖောက်ပြီးတာနဲ့ ချက်ချင်း သေသွားကြမှာပဲ ဖြစ်လေ၏။

"ကောင်းပြီ ငါထွက်ပြီး အဲဒီမြို့သခင် ဘယ်လိုနေလဲ သွားကြည့်​လိုက်မယ်"

လုရွှမ် မြို့တံခါးဆီသို့ ပျံသန်းသွားသည်။

လက်ရှိအချိန်တွင် မြို့၏ အပြင်ဘက်တွင် အလံများနှင့် လူများ ပြည့်နေ၏။ အနီးကပ် ကြည့်ရှုပြီးနောက် ၎င်းသည် သခင်လေးထုံးရှန်း၏ ပြောင်မြောက်သော စွမ်းအားတစ်ခုသာဖြစ်ကြောင်း သိသာပါသည်။

ထုံးရှန်း ဒီလောက်လူတွေ အများကြီး ရောက်လာအောင် ဆွဲဆောင်နိုင်တာ အံ့သြစရာတော့ မဟုတ်ပေ။

သူဘေးမှ လူများ၏ အားသာချက်မှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၁မှ ၉ အထိ ဖြစ်သည်။ တူညီသောအရာမှာ ၎င်းတို့အားလုံး မိန်းကလေးများ ဖြစ်ကာ လှပနေခြင်း ဖြစ်သည်။

လုရွှမ် ရယ်မောရင်း ခေါင်းယမ်းမိသည်။ ဒါက မိသားစုကြီးက လာတဲ့ အဖိုးတန် သခင်လေးတဲ့လား။

လုရွှမ် ထုံးရှန်းရဲ့ နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်က ခပ်ဝဝ၊ တစ်ယောက်က ပိန်း၏။ သူတို့ရဲ့ အငွေ့အသက်ကို ချုပ်နှောင်ထားပေမယ့် တစ်ချက်ကြည့်ရုံဖြင့် အဆင့်မြင့်သူများ ဖြစ်ကြောင်း သိနိုင်သည်။

ထုံးရှန်း၏ ကျင့်​ကြံမှုအခြေခံသည် သူတော်စင်တစ်ပိုင်း ပျံသန်းကောင်းကင် နယ်ပယ်တွင်သာ ရှိသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အမဲစက်အဆင်းသဏ္ဌာန်အရ ဤလူသည် လူမိုက်သက်သက် ဖြစ်ကြောင်း လုရွှမ် သိလိုက်သည်။

မိသားစုရဲ့ စွမ်းအားကို အားကိုးပြီး တချို့နေရာလေးတွေမှာ သူတို့ရဲ့ စွမ်းအားကို ပြသနေကြတဲ့ လူတွေပဲပေါ့။

လုရွှမ် ထွက်လာတာကို မြင်တော့ ထုံးရှန်း သူ့ဘေးနားက လှပစွာ ၀တ်စားဆင်ယင်ထားတဲ့ အလှမယ်နှစ်ယောက်ကို တွန်းဖယ်လိုက်ပြီး ပျော့ပျောင်းတဲ့ ထိုင်ခုံပေါ်ကနေ ထရပ်လိုက်သည်။

"ကောင်လေး မင်းက ဒီသခင်​လေးရဲ့ နတ်ဆေးလုံးရေကန်ကို သိမ်းပိုက်ခဲ့တာလား? မင်းကို ချက်ချင်းထွက်လာပြီး ငါ့ကို တောင်းပန်ဖို့ နာရီဝက် အချိန်ပေးတယ်.... မင်းနားမှာ အလှလေးတွေ ရှိနေတယ်လို့ ငါကြားမိတယ်.... မင်းငါ့ကို လူလွှဲပေးရင် ငါမင်းအသက်ကို ချန်ထားပေးနိုင်တယ်"

လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။ ဒီကောင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို မသိလိုက်ဘူးလား?

သူခန့်မှန်းတာ မှန်ပေ၏။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နတ်ဆေးလုံးမြို့မှာ ဖြစ်ပျက်ခဲ့တာကို ဒီလူငယ် ထုံးရှန်းမှာ အမှန်တကယ် ဘာမှမသိရသေးချေ။

လွန်ခဲ့တဲ့ တစ်လကျော်လောက်က တော်ဝင်အင်ပါယာလေး တစ်ခုမှာ အလှမယ်လေးတွေ ကြွယ်ဝတယ်လို့ ကြားသိရတဲ့အတွက် သူ့လူတွေကိုခေါ်၍ ထွက်လာခဲ့ရာ အခုမှ ပြန်လာတာကြောင့် မတိုင်ခင်က ဘာဖြစ်သွားမှန်းတောင် မသိခဲ့ပေ။

ထုံးရှန်း မိသားစု၏ သြဇာလွှမ်းမိုးမှုကို ကြောက်ရွံ့တာကြောင့် ထိုသူတော်စင်တစ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်မှာ ထိုကဲ့သို့သော နုနယ်သော သခင်​လေးကို လုံးဝ အလေးအနက်မထားဘဲ နေလိမ့်မည်။

လုရွှမ် နောက်ပြန် လှည့်၍ ကျောင်းကျန့်ရဲ့ အမူအရာကို ကြည့်လိုက်သည်။

ဒီသီလရှိတဲ့ လူရဲ့ အသွင်အပြင်ကို တွေ့ရဲ့လား? ထမင်းတစ်မျိုးတည်းက လူမျိုးစုံကို အစာကျွေးနိုင်တယ်။ သစ်တောကြီးကလည်း တကယ်ကို ကြီးကျယ်လို့ ငှက်မျိုးစုံလည်း ရှိတယ်။

"ငါမလုပ်ရင်ရော မင်း ဘယ်လိုလုပ်မလဲ?"

လုရွှမ် မျက်နှာကို ငုံ့ချလိုက်သည်။ ဟန်ရွှယ်နဲ့ မိန်းကလေးတွေ အတွက် လုရွှမ် သူ့စိတ်ထဲမှာ အပြစ်အလွှာ တစ်ခုရှိသလို ခံစားလိုက်ရသည်။ သူမတို့ဟာ လုရွှမ်ရဲ့ ပြောင်းပြန်ကြေးခွံနဲ့တူပြီး သူမတို့ကို ထိတဲ့သူက သေရလိမ့်မည်။

ထုံးရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ဒါဆိုငါ ကိုယ့်ဘာသာ ယူလာတာကို အပြစ်မတင်နဲ့နော်.... သွားစမ်း ငါ့အတွက် အဲဒီစုတ်ပြတ်သတ်နေတဲ့ အခင်းအကျင်းကို ဖျက်စီးပစ်လိုက်!!"

လူဝကြီးနဲ့ လူပိန်လေးတို့ လူနှစ်ယောက်ဟာ တစ်ပြိုင်တည်း ရှေ့ကို ပြေးလာပြီး အခင်းအကျင်းရဲ့ ခံစစ်ပုံစံကို ပေါက်ကွဲထွက်အောင် တိုက်ခိုက်လိုက်ပေမယ့် အခင်းအကျင်းက လှုပ်တောင်မလှုပ်ပေ။

နှစ်ယောက်သား ခဏလောက် တိုက်ခိုက်ကြပြီးနောက် အခင်းအကျင်းက ဘာမှမဖြစ်လာဘူး ဆိုတာ သိလိုက်တဲ့အတွက် သူတို့အမိန့်အတိုင်း ပြန်သွားကြပြီး သူတို့ရဲ့ အမူအရာတွေက ပိုပြီးတော့ လေးနက်လာခဲ့သည်။

သူတော်စင်တစ်ပိုင်း အဆင့်၂ သခင်နှစ်ဦး၏ ပူးတွဲ တိုက်ခိုက်မှုအောက်တွင် အခင်းအကျင်းသည် အနည်းငယ်မျှ အနှောင့်အ​ယှက် မဖြစ်စေနိုင်ခဲ့သည်မှာ သိသာထင်ရှား​လေသည်။ ဤအရာသည် ၎င်းတို့ ကိုင်တွယ်နိုင်သည့် အရာမဟုတ်ပေ။

"အမှိုက်တွေ... အကုန်လုံး အမှိုက်တွေ မင်းတို့ ဘယ်နားမှာ အသုံးဝင်သေးလဲ??"

ထုံးရှန်ူ ဒေါသတွေ ထွက်လာပြီး မျက်လုံးတွေက ရက်စက်စွာ တောက်ပလာကာ ဆိုးသွမ်းတဲ့ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။

"ကောင်လေး မင်း ကိုယ့်ကိုကိုယ် အားမကိုးရဲဘူးလား? အခင်းအကျင်းထဲက မထွက်လာရဲဘူးပေါ့လေ... ဟားဟား ငါ့အတွက် အဲဒီလူတွေကို သွားသတ်လိုက်စမ်း!! ဘယ်သူက မြို့ပြင်ကို ထွက်လာရဲဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

All Chapters