← Chapters

တစ်ယောက်သေ တစ်ယောက်လက်ခံ

Vol. 39 Ch. 4.98

တစ်ယောက်သေ တစ်ယောက်လက်ခံ

Vol. 39 Ch. 4.98

လုရွှမ်၏ မျက်ခုံးများ ပိုမိုနက်ရှိုင်းစွာ တွန့်ချိုးသွားသည်။ ဤထုံးရှန်းသည် ရိုးရိုးရှင်းရှင်းပင် တုံးအနေရုံသာမက ပို၍ပင် ရက်စက်​သေးသည်။

သူစိတ်မကျေနပ်တာနဲ့ တခြားလူတွေကို အပြစ်တင်နေတာပဲ။

ဤအကဲဆတ်သော အချိန်တွင် နတ်ဆေးလုံးမြို့သို့ လာရောက်ဝံ့သူများသည် အရိပ်လူသတ်ခန်းမကို သစ္စာခံပြီး ပါဝင်လိုသူများဖြစ်သည်။ မတိုင်ခင်က ထုံးရှန်း လက်ညှိုးထိုးပြီး သတ်ခိုင်းလိုက်တဲ့ လူတွေက ထိုလူတွေသာ ဖြစ်လေသည်။

ထုံးစံအတိုင်း လုရွှမ်သည် ဤလူများ အသတ်ခံရမှာကို ထိုင်ကြည့် မနေနိုင်တာကြောင့် ကောင်းကင်သို့ ပျံတက်သွားလေသည်။ အပြင်မှာ သူတော်စင်တစ်ပိုင်း အဆင့်၂ လူနှစ်ယောက် ရှိပေမယ့် သူ့မျက်လုံးထဲ ထည့်မထားပေ။

သူထွက်လာတာကို မြင်တော့ ထုံးရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"အရူးပဲ.... မင်း မှုန်ကုပ်ကုပ်နဲ့ ထွက်လာရဲသေးတယ်ပေါ့လေ.... မင်းက ဒီလူတွေအတွက် မင်းအသက်ကို စွန့်မလို့လား?"

"ဟမ့် သူတို့က ငါ့အပေါ် သစ္စာခံဖို့ ရောက်လာတဲ့အတွက် သဘာဝကျကျ ငါ့လက်အောက် ငယ်သားတွေပဲ... ငါ့ရဲ့လက်အောက် ငယ်သားတွေ ဆိုရင် သဘာဝအတိုင်း ငါက အကာအကွယ် ပေးထားမှာ!!"

မြို့တံခါး အပြင်ဘက်တွင်ရှိ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ကျင့်ကြံသူ အုပ်စုတစ်စုသည် မြို့တွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။

လုရွှမ်၏ ဂရုစိုက်မှုကို ကြားလိုက်ရသောအခါတွင် သူတို့၏ နှလုံးသားများသည် တုန်လှုပ်သွားပြီး ကျေးဇူးတင် စကားများဖြင့် ပြည့်နှက်နေ​တော့သည်။

ထိုစဥ် သူတော်စင်တစ်ပိုင်း ကျင်ကြံသူ တစ်ယောက် ပျံတက်လာခဲ့သည်။ ၎င်းမှာ လူဝကြီး ဖြစ်သည်။ သူ့မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားကာ ထူးခြားသော အရှိန်အဟုန်ဖြင့် သူ့မျက်လုံးများမှ ရွှေရောင် အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားသည်။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားများ ထိုးထွက်လာကာ လေထု ပုံသဏ္ဌာန်က ​ပြောင်းလဲသွားပြီး လူဝကြီးကို တိုက်ရိုက် ထိမှန်သွားသည်။

ဒီလူတွေအတွက်တော့ လုရွှမ် သူတို့ကို ခေါ်ယူချင်ရင်တောင် မဖြစ်နိုင်မှန်း သိပါသည်။ ဤလူများသည် ထိုမိသားစုကို သစ္စာခံထားပြီလို့ ကျမ်းသစ္စာ ကျိန်ဆိုထားရသည်။ ၎င်းတို့၏ အသက်သည် ရှုပ်ထွေးသော ကန့်သတ်ချက်များ အောက်တွင် ရှိနေပါသည်။

ထုံးရှန်းရဲ့ ဒီကျွန်နှစ်ယောက်ကို ဆူပူကြိမ်းမောင်းတဲ့ ပုံစံကို မြင်လိုက်ကတည်းက သူတို့ရဲ့ အခြေအနေကို သူသိလိုက်ပြီလေ။

လူဝကြီးက ဟစ်အော်ကာ စိတ်ဝိညာဥ် စွမ်းအင်လှိုင်းကို တိုက်ခိုက်ရန် လက်သီးဖြင့် ထိုးချလိုက်သည်။

သူ၏ လက်သီးများသည် သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ်၏ ထင်ရှားသော သင်္ကေတဖြစ်သည့် ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်သွားသည်။

သူ​တော်စင်တစ်ပိုင်း ဒုတိယအဆင့်အထိ လေ့ကျင့်ထားနိုင်သူများကို မသေနိုင်သော ခန္ဓာကိုယ်ရှိသည်ဟု လူသိများပြီး သေခြင်းတရားမှ အမှန်တကယ် ခွဲထွက်သွားခြင်းဟု မှတ်ယူ​ကြသည်။

ရွှေခန္ဓာနယ်ပယ်တွင် စိတ်က တည်ငြိမ်နေပြီး ပြင်ပ လက်နက်များကြောင့် ဒဏ်ရာရရန် မလွယ်ကူသည့်အပြင် ရှင်သန်နိုင်စွမ်းလည်း အလွန်မြင့်မားသည်။ မဖြစ်မနေ သေရမယ့် အခြေအနေကို မဝင်​ရောက်သရွေ့ ထွက်ပြေးဖို့ အခွင့်အလမ်းက အရမ်းများလေသည်။

ထို့ကြောင့် ဧကရာဇ်အင်ပါယာ၏ စစ်မှန်သော မိသားစု အင်အားသည် သူတော်စင်တစ်ပိုင်း အရေအတွက်ပေါ်တွင် မမူတည်ဘဲ ရွှေခန္ဓာနယ်ပယ်ရှိ သခင် အရေအတွက်ပေါ်တွင် မူတည်​ကြသည်။

ဤလူရှုပ်လူ​ပွေကို စောင့်ရှောက်ရန် ရွှေခန္ဓာနယ်ပယ် အဆင့်ရှိ သခင်နှစ်ယောက်ကို စေလွှတ်နိုင်ခြင်းကြောင့် ထုံးရှန်းသည် မိသားစုတွင် ထူးကဲသော အဆင့်အတန်းရှိပြီး သူ့နောက်ကွယ်ရှိ မိသားစု၏ ခွန်အားကိုပင် စိတ်ကူးကြည့်နိုင်သည်။

ရွှေခန္ဓာနယ်ပယ်၏ လက်သီးချက်ဖြင့် လုရွှမ်၏ စိတ်စွမ်းအားလှိုင်းသည် ချက်ချင်း လွင့်ထွက်သွားသည်။ လူဝကြီးသည် ဘာစကားမှ မပြောဘဲ လုရွှမ်ထံ တည့်တည့် ပြေးသွားပြီး လုရွှမ်၏ ဦးခေါင်းကို တိုက်ရိုက် ညွှန်ပြသော ရွှေရောင် အလင်းတန်းဖြင့် သူ့လက်ဖဝါးကို လှုပ်ရှားလိုက်သည်။

"တောက်ကျင့်စဥ်တွေ ထွက်လာပြီး နိယာမစွမ်းအင်ရဲ့ အခြေခံမူတွေ ပေါ်ထွက်စေ!"

ယခု လုရွှမ်၏ တိုက်ခိုက်ရေး စွမ်းအင်များသည် ရုပ်ခန္ဓာ ခွန်အားဖြစ်စေ စိတ်ဝိညာဉ် စွမ်းအားဖြစ်စေ သူတော်စင်တစ်ပိုင်း အဆင့်၁ကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ သို့သော် အဆင့်၂ ရွှေခန္ဓာနယ်ပယ်နှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် မလုံလောက်သေးချေ။

နိယာမစွမ်းအင် တိုက်ခိုက်မှုမှာ သူရဲ့လက်ရှိ အနေအထားနဲ့ အောက်ခြေအဆင့် စွမ်းရည် ဖြစ်သော်လည်း ရွှေခန္ဓာနယ်ပယ် မပြောနှင့် သူတော်စင်တစ်ပိုင်း အဆင့်၃က လူဆိုရင်တောင် ပြည့်စုံသော နိယာမစွမ်းအင်ဖြင့် တိုက်ခိုက်ခံရပါက အကူအညီမဲ့ ဖြစ်သွားလိမ့်မည်ဟု လုရွှမ် ယုံကြည်​လေသည်။

ဒါက နိယာမစွမ်းအင်ရဲ့ အရင်းအမြစ်တွေ ပါဝင်နေတဲ့ တိုက်ခိုက်မှုဖြစ်သည်။ လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအား မလုံလောက်ခြင်းနှင့် တောက်ကျင့်စဥ် အခြေခံများကို ပြည့်ပြည့်စုံစုံ နားမလည်ခြင်းကြောင့်သာ မဟုတ်ပါက သူတော်စင်တစ်ပိုင်း အဆင့်၃ အောက်က သခင်များကို သတ်ဖြတ်ခြင်းက အလွယ်လေးပင်။

လူဝကြီး၏ မျက်လုံးများသည် တည်ငြိမ်သွားသည်။ ဗီဇကြောင့် သူသည် ဤတိုက်ခိုက်မှု၏ ထူးကဲမှုကို ခံစားခဲ့ရသော်လည်း သူ၏ ပုံမှန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက သူ့ကိုပြန်၍ ယုံကြည်မှုအပြည့် ရှိလာစေသည်။

ရွှေခန္ဓာနယ်ပယ်ကို ကျင့်ကြံထားနိုင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ မည်သူမဆို မည်သည့်နေရာတွင်မဆို သူ့အား သေချာပေါက် မခြိမ်းခြောက်နိုင်ပေ။ သို့သော် ဒီလူငယ်လေးကတော့ အနည်းငယ် ထူးခြားနေသည်။

လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး နိယာမ စွမ်းအင်များ ရောယှက်နေသော ဖိအားများသည် သူ့အား ဖုံးလွှမ်းလုနီးပါး ပျံ့နှံ့သွားသည်။

"သွားပြီ!"

တကယ်တော့ လူဝကြီးဟာ အတော်လေးကို အစွမ်းထက်ပါ၏။ အခုအချိန်မှာတော့ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ပေါ်လာတဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင်ရဲ့ ဖိစီးအားကို ခံစားနေရလေသည်။

တောက်ကျင့်စဥ်ရဲ့ ပေါင်းစည်းမှုအဆင့်နဲ့ နိယာမစွမ်းအင်ကို ထုတ်သုံးနိုင်တဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတစ်ယောက် ရှိနေတာ တကယ်ကို မယုံနိုင်လောက်အောင်ပင်။ လုရွှမ်က သူ့ထက် အဆင့်မြင့်နေတာပဲ။

သူနားလည်လိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ။

လုရွှမ်ဖက်မှာတော့ ရွှေခန္ဓာနယ်ပယ်ကို အနည်းငယ် စိုးရိမ်နေရသည်။ နောက်ဆုံးတွင် ခွန်အား ကွာဟချက်သည် အလွန်ကြီးမားသည် မဟုတ်ပါလား။

မထင်မှတ်ပဲ အားပြည့်သော တိုက်ခိုက်မှု အောက်တွင် တောက်ကျင့်စဥ် နိယာမစွမ်းအင်၏ အခြေခံမူများ ရောယှက်လိုက်သော်အခါ လူဝကြီးပင် လုံးဝ မတားဆီးနိုင်လိုက်ပေ။

နိယာမစွမ်းအင် အကျိုးသက်ရောက်မှု၏ ပထမဆုံး အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ခန္ဓာကိုယ်ပေါ်၌ အသွင်အပြင်များ ထွက်ပေါ်လာကာ အဆက်မပြတ် ထိုးဖောက် ဝင်ရောက်ခဲ့သည်။

တစ်ချိန်တည်းတွင် လူဝကြီးလည်း သူ့ကိုရိုက်ခတ်လာတဲ့ စွမ်းအင်လှိုင်းကို အဆက်မပြတ် ခုခံနေသော်လည်း ခုခံသည့် အမြန်နှုန်းမှာ ဖောက်ထွင်းခံရသည့် အမြန်နှုန်းထက် များစွာနှေးကွေးနေခဲ့သည်။

လူဝ​ကြီးသည် သူ့လည်ချောင်းထဲက သွေးများကို ထွေးထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။

လူပိန်က အမြန်ပြေးထွက်လာသည်။ လူဝကြီး ကြုံတွေ့နေရတဲ့ အန္တရာယ်ကို သူလည်း ခံစားမိပေမယ့် အခြေအနေက ဒီလောက် မြန်ဆန်နေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သူ လူဝကြီးကို ဖမ်းမိလိုက်တဲ့ အချိန်မှာတော့ တစ်ဖက်လူက ရှင်လျက်နဲ့ သေလူလို ဖြစ်နေလေပြီ။

"အမှိုက်ကောင်... အသုံးမကျတဲ့ အမှိုက်ကောင်... ငါတို့ သွားစို့!"

လူရှုပ်လေးခမျာ ထိတ်လန့်သွားသည်။ သူ့လက်အောက် ငယ်သားတွေရဲ့ အင်အားကို သူသိပါသည်။ တော်ဝင်အင်ပါယာထဲ လမ်းလျှောက်သွားရင်း သူတို့ဟာ လုံးဝကို ပြိုင်ဘက်ကင်းပြီး ဘယ်လူကမှ ဘယ်ဝိညာဥ်သားရဲကမှ မတားရဲပေ။

ယခုတော့ အဲဒီလို အစွမ်းအစရှိတဲ့ လူတစ်ဦးက ဒီလိုပုံစံနဲ့ အသက်ပျောက်သွားခဲ့ပြီ။

"မင်း သူ့ကို တားထား... ငါတို့ မြန်မြန်သွားရအောင်"

ထုံးရှန်းမှာ လုံးဝကို ထိတ်လန့်နေပြီ ဖြစ်သည်။

တကယ်တော့ သူလည်း သူတော်စင်တစ်ပိုင်း ကျင့်ကြံသူပဲလေ။ စိတ်ဝိညာဉ်စွမ်းအားကို အဓိကထား မလေ့ကျင့်ထားပေမယ့် တောက်ကျင့်စဥ်ရဲ့ အခြေခံ သဘောတရားတွေအပေါ် နားလည်မှုက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ထက် အများကြီး သာလွန်သူပင်။

ထို့အပြင် မိသားစု၏ အင်အားသည် သခင်များစွာတို့ ပြသထားသည့် တောက်ကျင့်စဥ် နိယာမစွမ်းအင်ပုံစံကို မြင်ခဲ့ဖူးတယ်လေ။

သူလီမိသားစုမှ ထွက်လာရခြင်းမှာ မိသားစုထဲတွင် သူ့အား အသုံးမကျဘူးဟု ​ပြောနေသောကြောင့်ပင်။ ထို့ကြောင့် ဤသေးငယ်သောအရပ်၏ ဘုရင်ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

သို့သော် လုရွှမ်၏ ခန္ဓာကိုယ်တွင် အရိပ်အယောင်ကို တစ်ဖန် ခံစားလိုက်ရပြန်တဲ့အခါ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်လာခဲ့သည်။

လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ရောယှက်နေသော အသွင်အပြင်များသည် သူမြင်ဖူးသမျှ ပါရမီရှင်များ၏ ရောယှက်ထားသည့် အသွင်အပြင်များထက်ပင် ပို၍ ကြီးစိုးကာ တင်းမာနေလေသည်။

ထိုအချိန်တွင် ထုံးရှန်းသည် တစ်ဖက်လူကို သတ်ချင်သော်လည်း မတတ်နိုင်ဟုပင် ခံစားလိုက်ရသည်။ လုရွှမ်၏ နိယာမစွမ်းအင် အခြေခံမူများသည် ကောင်းကင်တွင် ထာဝရလောင်မြိုက်နေသော နေမင်းကဲ့သို့ပင် သူ့ကို ဆွဲဆောင်၍ လာပါတော့သည်။

ဤအတွေးသည် သူ့အား အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်စေ၏။ ဒီခံစားချက်က သူ့ဝမ်းကွဲအစ်ကိုအပေါ်တွင် သူခံစားခဲ့ရသည့် ခံစားချက်မျိုးပင်။

ပိန်လှီသောလူသည် လူဝကြီး၏ကိုယ်ကို စစ်ဆေးပြီးနောက် လူဝကြီး၏ ကျင့်​ကြံမှုအခြေခံသည် လုံးဝ ပျက်စီးသွားပြီး အသုံးမဝင်သောလူ ဖြစ်သွားပြီမှန်း သိလိုက်ရ၏။

ဒါက ရှင်လျက်နဲ့ သေနေတဲ့လူလိုပဲ ဘာမှမကွာတော့ချေ။

လုရွှမ်သည် မြေပြင်ပေါ်ရှိ ပိန်လှီသော လူပိန်ကို လှမ်းကြည့်ကာ သဘာဝအတိုင်း သိပ်ဂရုမစိုက်ဘဲ ထုံးရှန်းတို့အဖွဲ့ နောက်ကိုသာ လိုက်ဖမ်းလေ၏။ လက်ဖဝါးဖြင့် ဝေ့ယမ်း သတ်​ဖြတ်လိုက်ရာ အားလုံးမှာ ခုခံနိုင်စွမ်း မရှိသလောက်ပင်။

အမျိုးသမီး အုပ်စုသည် အလွန် ထိတ်လန့်သွားကြရှာသည်။ လုရွှမ်ကတော့ သူတို့ကို လျစ်လျူရှုကာ သူတို့အသက်ကို ကယ်နိုင်စေဖို့ ထွက်ပြေးစေခဲ့သည်။

အာဏာကို တွယ်တာခြင်းမှာ ၎င်းတို့၏ အပြစ်မဟုတ်ပေ။

"သခင်လေး!"

ပိန်ပိန်ပါးပါးနဲ့ လူက လုရွှမ်ရှေ့မှာ ရုတ်တရက် ဒူးထောက် ထိုင်ချလိုက်လေ၏။

"ကောင်းတယ်"

လုရွှမ်ရဲ့ အစွမ်းအစကို မတိုင်ခင်က သေသေချာချာ မြင်တွေ့ပြီးပြီ။ သူသာ ခုခံချင်နေသေးရင် လုရွှမ်က သူ့ကို မဆိုင်းမတွ သတ်ပစ်လိမ့်မည်။

ဖက်တီးကို သတ်ပြီးနောက် လုရွှမ်သည် သူ၏ နိယာမစွမ်းအင်အပေါ် အသုံးပြုခြင်းသည် အနည်းငယ် ဝေးကွာနေသေးကြောင်း သဘောပေါက်သွားခဲ့သည်။

သူ့လက်ထဲ စွမ်းအင် လှိုင်းလုံးများဖြင့် ပိန်လှီသော လူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွား​စေသည်။ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲကို စွမ်းအင်များ ဝင်ရောက်သွားပြီး သိပ်မကြာလိုက် ထိန်းချုပ်ထားသော ကန့်သတ်ချက်များ ပေါက်ထွက်လာလေ၏။

All Chapters