တစ်နှစ်
Vol. 39 Ch. 4.99
ဤသည်မှာ လုရွှမ်မှ မှော်ဆန်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ တောက်ကျင့်စဥ်၏ ဖွဲ့စည်းပုံသည် နိယာမစွမ်းအင်ဖြစ်ပြီး နိယာမစွမ်းအင်သည် အရင်းအမြစ် ဖြစ်သည်။ ဓားများ၊ လက်နက်များ၊ ထူးဆန်းသော ရတနာများနှင့် နှိုင်းယှဉ်ပါက နိယာမစွမ်းအားသည် သိသာထင်ရှားစွာ အားကောင်းနေသည်။
အဲဒါက လူတွေကို အခြေခံကျကျ ဖျက်ဆီးဖို့ဖြစ်ပြီး ရန်သူ့ဘက်မှ လုံးဝ ခုခံနိုင်စွမ်းမဲ့သွားစေသည်။
"သခင်လေးရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
ပိန်ပိန်ပါးပါး အမျိုးသားက သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာခဲ့တဲ့ ကန့်သတ် ချုပ်ချယ်မှုကနေ ဖယ်ထုတ်ခံလိုက်ရတာကြောင့် လုရွှမ်ကို ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူတော်စင်တစ်ပိုင်း ရွှေခန္ဓာနယ်ပယ်မှ သခင်တစ်ဦး အနေဖြင့် စိတ်ဆန္ဒမပါဘဲ တိရစ္ဆာန်ကဲ့သို့ ဆက်ဆံခံရခြင်းသည် ရှက်ဖွယ်ကောင်းလှသည်။
ထို့ကြောင့် လုရွှမ်သည် ထုံးရှန်းကို လိုက်လံ သတ်ဖြတ်လိုက်သောအခါတွင် ထုံးရှန်း အသတ်ခံရတာကို မြင်သော်လည်း ဝင်မတားသည့်အပြင် သူ့စိတ်မှာ ပို၍ပင် လန်းဆန်းလာလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင် မဟုတ်တဲ့ တခြားသူဆီကနေ ကန့်သတ် ထိန်းချုပ်ထားတာကို ဖယ်ရှားခံရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ လူပိန်က မြေကြီးပေါ်က လူဝကြီးကို ငုံ့ကြည့်ပြီးနောက် စိတ်မကောင်းစွာ ခေါင်းခါယမ်းမိတော့သည်။
"ငါနဲ့ လိုက်ခဲ့!"
နတ်ဆေးလုံးမြို့မှ လူများသည် လုရွှမ်ဟာ ရာဇ၀တ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော သူတော်စင်တစ်ပိုင်း လူကို အနိုင်ယူပြီး မကြာခဏဆိုသလို ရန်သူတချို့ကိုပင် နှိမ်နင်းနိုင်ခဲ့တာကြောင့် ၎င်းတို့၏ အင်အားကို အဆက်မပြတ် အားကောင်းလာစေခဲ့သည်။
လုရွှမ်က ပိန်ပိန်ပါးပါးနဲ့ လူကို လူအုပ်နဲ့ မိတ်ဆက်ပေးလိုက်သည်။ လူပိန်က အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူစုလူဝေးနဲ့ ရောထွေးပြီး ဝင်နေလိုက်သည်။
"ကောင်လေး.... မင်း နိယာမဥပဒေရဲ့ အဓိပ္ပါယ် အမှန်ကို နားလည်သွားမယ်လို့ ငါမမျှော်လင့်ထားဘူး.... နိယာမဥပဒေက အရင်းမြစ်ပဲ ဒါပေမဲ့ ဒီကျီးဖိုးဖိုးက အဲဲဒါကို ခန္ဓာကိုယ်ထဲ လုံးလုံးလျားလျား ပေါင်းစည်းဖို့ အကြံမပေးဘူးနော်.... မင်းသိပါတယ် ဒါက ကမ္ဘာငယ်လေးပဲလေ ဒီနေရာမှာ မင်းက သမုဒ္ဒရာထဲက ရေတစ်စက်ပဲ"
"မင်းဒီမှာ ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ ဒီနေရာက ကောင်းကင်ဘုံထက် ဘာမှ မပိုဘူး.... နိယာမစွမ်းအင်ကို ပိုနားလည်လေ မင်းရဲ့ အားကိုးမှုက အားကောင်းလေပဲ အဆုံးမှာ မင်းရဲ့ ကျင့်စဉ်အတွက် အနှောင်အဖွဲ့ ဖြစ်လာလိမ့်မယ် နားလည်လား?"
ရွှေကျီးကန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။ ဤအချိန်အတောအတွင်း သူသည် ကလေးမလေးကို တပည့်ကောင်းနှင့် နာခံမှုရှိသော တပည့်အဖြစ် ပြုစုပျိုးထောင်ရန် ကြွေးကြော်ကာ လုရွှမ်၏ မျက်နှာကို ကောင်းကောင်းကြီး ရိုက်ပစ်လိုက်ဖို့ စဥ်းစားထားခဲ့သည်။
မမျှော်လင့်ဘဲ သူထွက်လာသည်နှင့် လုရွှမ်က နိယာမဥပဒေကို နားလည် သဘောပေါက်သွားတာကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ ပျော်ရွှင်သွားသလို လုရွှမ် လမ်းလွဲသွားမှာကိုလည်း စိုးရိမ်သွားမိသည်။
လုရွှမ် ထိတ်လန့် တုန်လှုပ်သွားကာ နားမလည်နိုင်အောင် စိုးရိမ်လာမိသည်။ အရင်က နိယာမစွမ်းအင် ဥပဒေ၏ စွမ်းအားကို သူခံစားလိုက်ရသည်။ ထိုအချိန်တုန်းက သူသည် အရူးဧကရာဇ် ဖြစ်ခဲ့စဥ်က ဂုဏ်ဒြပ်ကိုပင် သတိရသွားခဲ့သည်။
နိယာမစွမ်းအင်ကို ပေါင်းစပ် တိုက်ခိုက်လိုက်ရင် လူအနည်းငယ်ကလွဲရင် ဘယ်သူကမှ သူ့ပြိုင်ဘက် မဖြစ်လာနိုင်တော့ပေ။
ထိုအချိန်တွင် သူသည် ဤဘဝတွင် သူ၏ ခွန်အားသည် ယခင်ဘဝကထက် ပိုမိုအားကောင်းလာမည်ဟု ယုံကြည်နေခဲ့သည်။ သူ၏ လေ့ကျင့်မှုအဆင့် တိုးတက်လာပြီးနောက် ဧကရာဇ်ကျိုးရန် ကျိုးရန်တိကျွင်းကို သတ်ပစ်ရန် သူ၏ နောက်ဆက်တွဲ လေ့ကျင့်မှုအတွက် ခဏတာ စိတ်ရှုပ်နေခဲ့သည်။
ဤအချိန်တွင် ရွှေကျီးကန်း၏ စကားများကို နားထောင်ရင်း လုရွှမ် ရုတ်တရက် သူ့ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရသည်။ တစ်ခါတရံမှာ တစ်ဖက်ခုကို ပိုအားကိုးမိလေ တခြားအရာတွေကို လျစ်လျူမရှုနိုင်လေပင်။
အရင်ဘဝတုန်းက သူဟာ ဧကရာဇ်ငါးပါးဆိုတဲ့ တိကျွင်း ငါးယောက်ထဲက ဧကရာဇ်တစ်ပါး အဆင့်အတန်းကို ရရှိခဲ့သည်။
ဒါဆို ဘာကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့တာလဲ?
အကြောင်းပြချက်မှာ နစ်နာမှုများ သာမက အနာဂတ်အတွက် ရှုပ်ထွေးမှုများလည်း ရုန်းကန်ရင်း လွတ်မြောက်ရန် နည်းလမ်း ရှာလိုကြခြင်း ဖြစ်သည်။
ယခု ရွှေကျီးကန်းရဲ့ စကားကြောင့် လုရွှမ် နောက်ဆုံးတွင် နားလည်လာခဲ့သည်။ အောင်မြင်မှုနိယာမနဲ့ ကျရှုံးမှုနိယာမလို့ ခေါ်တဲ့ အရာတွေဟာ လက်တွေ့မှာတော့ အရေးကြီးဆုံးအရာက မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းသာ ဖြစ်သည်။
ကောင်းကင်လမ်းလို့ တက်လှမ်းခြင်းဟုလည်း ခေါ်ဆိုကြသည်။
ကောင်းကင်ကြီး မည်မျှလေးလံပြီး ကမ္ဘာမည်မျှရှိသည်ကို မည်သူမျှ မသိနိုင်သလို ယခုအချိန်အထိ စူးစမ်းလေ့လာခြင်း မရှိခဲ့သေးပေ။
နိယာမစွမ်းအင် နည်းလမ်းများကို မျက်စိမှိတ်နားလည် သဘောပေါက်ခြင်းသည် ဖြတ်လမ်းများစွာ ရှိသော်လည်း ၎င်းသည် တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ဖွံ့ဖြိုး တိုးတက်မှုကို ကန့်သတ်ထားပြီး မိမိကိုယ်ကို ကန့်သတ်ချက်တစ်ခု ချမှတ်ထားမိတတ်သည်။
"နားလည်ပြီ... ကျီးကန်း ငါ ယွမ်ယန်ကျင့်စဥ်ကို ခိုင်မာအောင် လုပ်မှာပါ"
လုရွှမ် သူ့ရင်ထဲမှာ ပြောလိုက်သည်။
ရွှေကျီးကန်း၏ သတိပေးချက်နှင့်အတူ လုရွှမ်ရဲ့ နိယာမစွမ်းအင်အပေါ် နားလည် သဘောပေါက်မှုနှင့် အခြေခံမူများကြားတွင် စိတ်ဝင်စားမှု နည်းပါးလာခဲ့သည်။
လူတိုင်းကို ကျင့်ကြံမှုနှင့် ပတ်သက်၍ အနည်းငယ် ထပ်ရှင်းပြပြီးတဲ့အခါ တိတ်ဆိတ်တဲ့ အခန်းကို ကျပန်းရွေးချယ်ကာ တံခါးပိတ် ကျင့်ကြံလိုက်သည်။
ယွမ်ယန်ကျင့်စဥ်သည် ယခုတွင် ပြီးပြည့်စုံသော ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အခွင့်အရေးကို စောင့်ဆိုင်းနေသမျှ ကာလပတ်လုံး သူသည် တတိယအဆင့်သို့ ဖြတ်ကျော်သွားနိုင်သည်။
အခွင့်အရေး ဆိုတာဘာလဲ? ဒါက နောင်တစ်ချိန်မှာ တောက်ကျင့်စဥ်တွေ အကြောင်းကို သူ့နှလုံးသားထဲမှာ နားလည်လာစေမယ့် အရာတစ်ခု ဖြစ်ပေသည်။
အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးလာခဲ့ရာ တစ်နှစ်ကျော် ကြာသွားခဲ့သည်။
လုရွှမ်သည် အခြားသော သူတော်စင်တစ်ပိုင်းများ သူ့ကိုလာပြီး လက်စားချေမှာကို ဂရုမစိုက်ပေ။ အကြောင်းမှာ ကြယ်အစုအဝေးအခင်းအကျင်း ရှိတာကြောင့် ဘယ်သူမှ မဖြတ်ကျော်နိုင်တာကြောင့်ပင်။
လူပိန်နှင့် မုရုန်ထျန်းကျောင်းတို့၏ အစောင့်များနှင့်အတူ ၎င်းတို့သည် နတ်ဆေးလုံးမြို့ထဲသို့ ဝင်ရောက်သည့် သူတော်စင်တစ်ပိုင်းများ အတွက် သေသေချာချာ စစ်ဆေးကြသည်။
ယခုတွင် အရိပ်လူသတ်ခန်းမထဲ ဝင်ရောက်လာသည့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် လူများ ပိုများလာကာ မော့ကောင်းရွှမ်း နှင့် ကျောင်းကျန့်တို့၏ အကဲဖြတ်ချက်အရ အရိပ်လူသတ်ခန်းမ၏ အင်အားသည် ဆက်လက် တိုးလာခဲ့သည်။
လုရွှမ်သည် တစ်ချိန်လုံး ကျင့်ကြံခြင်းကို အာရုံစူးစိုက်ပြီး တခြားလှုပ်ရှားမှုကို မလုပ်သော်လည်း မြို့ထောင်ချီမဟာမိတ်ထဲတွင် သူ့နာမည်က မထင်မှတ်ဘဲ မြင့်မားနေဆဲပင်။ လူတိုင်း၏အမြင်တွင် လုရွှမ်သည် သူတော်စင်တစ်ပိုင်းနှင့် မကွာခြားတော့ပေ။
သူတော်စင်တစ်ပိုင်း ကျင်ကြံသူတွေဟာ လုရွှမ်အကြောင်း ကြားတဲ့အခါ သူတို့ နှလုံးသားထဲအထိ အံ့သြသွားကြသည်။
ထိုအခင်းအကျင်းမှာ လူပေါင်းဘယ်လောက် ပူးပေါင်း တိုက်ခိုက်ခဲ့ပါစေ မချိုးဖျက်နိုင်ခဲ့ပေ။ နှိမ့်ချခံခဲ့ရသော လူအနည်းငယ်တွင် မုရုန်ထျန်းကျောင်းသည် မူလက ပြောစရာ မရှိလောက်အောင် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူမ၏ ခွန်အားသည် တစ်နှစ်အတွင်း ခုန်တက်သွားပြီး သူမမျက်လုံးထဲက နိယာမ သဘောတရားများ ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားသည်။
သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် ရွှေခန္ဓာနယ်ပယ်ကို ဖြတ်ကျော် ဝင်ရောက်တော့မည့် နိမိတ်လက္ခဏာ ဖြစ်သည်ကို လူတိုင်း သိကြလေသည်။
ကျောင်းကျန့် နှင့် တခြားသူများ၏ ကြံ့ခိုင်မှုမှာလည်း အလွန်တိုးတက် လာသော်လည်း တစ်နှစ်အတွင်း ၎င်းတို့အားလုံးသည် အနည်းဆုံး အဆင့်တစ်ခုအထိ တိုးတက် ကောင်းမွန်လာကာ လမ်းလွဲနေသော သူတော်စင်တစ်ပိုင်းများကို မနာလို ဖြစ်လာစေသည်။
နတ်ဆေးလုံးမြို့ထဲသို့ သူတော်စင်တစ်ပိုင်းများ ထပ်မံ ဝင်ရောက်လာခြင်း မရှိသော်လည်း ရှိနေသူများနှင့် အရိပ်လူသတ်ခန်းမသည် ကြီးမားသော အင်အားစုကြီး ဖြစ်လာမှာကို လူတိုင်း သိလေသည်။
ယွမ်စံအိမ်သည် တစ်ချိန်က မြို့ထောင်ချီမဟာမိတ်၏ အင်အား အကြီးဆုံး အဖွဲ့အစည်း ဖြစ်ခဲ့သည်။
ယခုအချိန်တွင် ယန်ရှီးနှင့် ကျိုးကျိုုးတို့သည် ဆန်းကြယ်သော အဘွားကြီး၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံမှုကို အာရုံစိုက်နေကြသည်။
သူတို့နှစ်ဦး၏ အရိပ်အာဝါသသည် ပိုမိုရှင်းလင်းလာကာ သူတော်စင်တစ်ပိုင်း မဖြစ်မီ နိယာမစွမ်းအင် ဥပဒေအခြေခံများနှင့် ရောယှက်နေပြီ ဖြစ်သည်။
"ဒီအဘွားကြီးကို မျက်လုံးပြူးသွား စေလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားဘူး... လုရွှမ် သတိပေးလို့သာ မဟုတ်ရင် ကျိုးကျိုးရဲ့ ခန္ဓာကိုယ်က မြေစွမ်းအင်ဓမ္မခန္ဓာကိုယ် ဖြစ်နေမယ်လို့ မြင်မိမှာ မဟုတ်ဘူး... ကောင်းကင်ဘုံက ကောင်းချီးပေးမှုကြောင့် ငါတို့ထျန်းလုံကျောင်းတော်မှာ ဆက်ခံသူတွေ ရှိလာခဲ့ပြီ!"
ယန်ရှီး၏ မျက်လုံးများထဲတွင် အထီးကျန်မှု အရိပ်အယောင် ပေါ်လာပြီး ကျိုးကျိုး၏ မျက်လုံးဝိုင်းကြီးများသည် အနည်းငယ် ရှက်သွားသော်လည်း ပို၍သာ ကျေးဇူးတင်မိလာသည်။
လုရွှမ် သတိပေးလို့သာ မဟုတ်ပါက သူမ၏ အရည်အချင်းနဲ့ သူမ၏လက်ရှိ အခြေအနေကို သိရဖို့ နေနေသာသာ ယနေ့ အရင်းအမြစ်များ၏ ခိုင်မာသော အထောက်အပံ့ကို ဘယ်လို ရယူရမှန်းတောင် သိမှာမဟုတ်ပေ။
"ဆရာ... အခုလုရွှမ် ဘယ်လိုအခြေအနေ ရှိမယ်လို့ ထင်လဲ? သူတော်စင်တစ်ပိုင်းကို ကျော်ဖြတ်သွားပြီလား?"
ယန်ရှီး မေးလိုက်သည်။ လုရွှမ်နဲ့ ပတ်သက်ပြီး သူမ ဘယ်လို ခံစားခဲ့ရမှန်းတော့ မသိပေဖယ ကြည်ညိုစိတ်နဲ့ နာကြည်းစိတ် အနည်းငယ်လည်း ရှိလေသည်။
အဘွားကြီးက ခေါင်းယမ်းလိုက်ကာ မျက်လုံးများထဲတွင် လျှပ်စီးများ လက်သွားသည်ကို တခြားလူများမြင်လျှင် အလွန်ကြောက်လန့် သွားပေလိမ့်မည်။ ဤဆန်းကြယ်သော အဘွားကြီးသည် သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်မှာပဲ ရှိနေတယ်လို့ ဘယ်သူမှ ထင်လိမ့်မည် မဟုတ်။
"သူ့လမ်းကြောင်းက ငါ့ရဲ့ခန့်မှန်းနိုင်တဲ့ အထဲမှာ မရှိဘူး.... အရေးကြီးဆုံး အချိန်မှာတောင် သူနောက်တခေါက် တံခါးပိတ်ကျင့်ကြံဖို့ သတ္တိရှိခဲ့တယ်.... ရှင်းရှင်းလင်းလင်း ပြောရရင် သူက ပိုမြင့်တဲ့ ကျင့်ကြံမှုအဆင့်ကို ဖြတ်ကျော် ချင်နေတာ ဖြစ်နိုင်တယ်.... သူက ထူးခြားတဲ့လမ်းကို လျှောက်နေပြီလားတောင် မပြောတတ်ဘူး"
"ဟေး.... မင်းတို့ရဲ့နယ်ပယ်က ဒါကိုနားလည်ဖို့ နိမ့်လွန်းပါသေးတယ်.... ဒီကမ္ဘာမှာ သခင်တွေ အများကြီးရှိပြီး သူတို့ရဲ့ ခွန်အားက မင်းတို့စိတ်ကူး ယဉ်ထားတာထက် အများကြီး ကွာတယ်.... မင်းတို့က... ဟူး ငါတောင် စတင်နေတဲ့ ကာလကို မရောက်သေးဘူး!"