ကျောင်းတော်ကြီးလေးခု
Vol. 39 Ch. 4.100
အမျိုးသမီးလေး နှစ်ယောက်မှာ အံ့အားသင့်သွားကြသည်။ အဘွားကြီး၏ ခွန်အားသည် မစတင်ရသေးဘူး ဆိုရင် လုရွှမ်ဟာ အနာဂတ်မှာ ဘယ်လို ထူးခြားသော အောင်မြင်မှုများကို သိမ်းပိုက်တော့မည်နည်း။
"ဆရာ... ဧကရာဇ် အင်ပါယာကြီးတွေထဲက သူတော်စင်တစ်ပိုင်းတွေ အများကြီး ရောက်လာကြတယ်လို့ ကြားမိတယ်... ကောင်းကင်၊ မြေကြီးနှင့် နိယာမစွမ်းအင်တွေ မကြာခင် အရှိန်ပြင်းပြင်း ထွက်လာတော့မယ်လို့ သတင်းကြားမိပါတယ်"
ယန်ရှီးက တိတ်တဆိတ် သက်ပြင်းချကာ ကျိုးကျိုးကိုလည်း ကြည့်ရင်း ဆိုလိုက်သည်။ ရုတ်တရက် သူမနှလုံးသားထဲမှာ စိတ်ဆိုး ဒေါသထွက်လာချင်သလို ခံစားရတာကြောင့် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"မှန်တယ် ဆရာ.... ဒီတစ်ခါရောက်လာတဲ့ သူတော်စင်တစ်ပိုင်းက တန်ခိုးကြီးတယ်လို့ စီနီယာအစ်ကိုတွေက ပြောတယ်... အစ်ကိုလုရွှမ် အတွက် မကောင်းတာများ ဖြစ်နေမလား?"
ကျိုးကျိုးက ခပ်မြန်မြန်လေး မေးလာ၏။
အဘွားကြီးက ရယ်မောကာ ကျိုးကျိုးရဲ့ ခေါင်းကို ညင်ညင်သာသာလေး ပွတ်သပ်ပေးရင်း
“အခွင့်အလမ်း အခွင့်အလမ်း... အဲဒါက ဘယ်သူရမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်.... မင်းအဲဒါကို တိုက်ခိုက်ချင်ရင်တော့ ကမ္ဘာ့အပြင်မှာ နေရတာထက်တောင် ခက်လိမ့်မယ်”
ထိုအခါ ကျိုးကျိုးက အော်ဟစ်လိုက်ပြီး
"ဆရာ အစ်ကိုလုရွှမ် တပည့်တို့ ထျန်းလုံကျောင်းတော်ကို ဝင်မယ်ဆိုရင် တပည့်တို့ သူ့ကို ကာကွယ်နိုင်မှာလား?"
"ကျိုးကျိုး.... နင် ဘာတွေ လျှောက်ပြောနေတာလဲ? လုရွှမ်က အရမ်းမာနကြီးတာ... သူ ငါတို့ကျောင်းတော်ကို ဘယ်လိုလုပ်ဝင်ဖို့ ဆန္ဒရှိမှာလဲ?"
ယန်ရှီးက သူ့ကိုယ်ပိုင် ကျောင်းတော်ကို အနှောင့်အယှက် ဝင်လာသလိုမျိုး ခံစားမိသွားရာ ရုတ်တရက် ဝင်ပြောလိုက်ပေမယ့် သူမလေသံက မှားနေတယ်လို့ ပြန်ခံစားမိတာကြောင့် မြန်မြန်ပဲ သူမစကားများကို ပြောင်းလဲ ပြောဆိုလိုက်သည်။
"ဟုတ်သားပဲ ဆရာ သူက တပည့်တို့ ကျောင်းထဲကို တကယ်ဝင်လိုက်ရင် သူ့ကို ကာကွယ်ရမှာလား?"
အဘွားကြီးက ညည်းညူရင်း သူမ၏ မျက်လုံးထောင့်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
ယန်ရှီးရဲ့ အရည်အချင်းကို သူမ အရမ်းတန်ဖိုးထားပေမယ့် ဒီမိန်းကလေးက ခေါင်းမာပြီး ဘဝင်မြင့်လွန်းသည်။ ကျောင်းမှာ သူမအရည်အချင်းတွေကို ဂုဏ်ယူရသော်လည်း တခြားသူတွေကို အလေးအနက် မထားဘူးလို့ အမြဲ ကြားနေရလေသည်။
ရေခဲဘုရင်မရဲ့ ဂုဏ်ပုဒ်ကိုတောင် ရထားသေး၏။
အတန်းဖော်များနှင့် ပေါင်းသင်းခြင်းတွင် အမြဲလိုလို ဆန့်ကျင်ဘက်များ ဖြစ်နေတတ်သည်။ ကျောင်းသား အများအပြားသည် ကျောင်းတော်၏ ကြီးကြပ်ရေးဌာနကိုပင် တိုင်ကြားခဲ့သော်လည်း ၎င်းတို့အားလုံးကို ဖိနှိပ်ခံခဲ့ရသည်။
အခု လုရွှမ်ကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ဖို့ ပြောတဲ့အခါ ယန်ရှီး လုရွှမ်နဲ့ ကောင်းကောင်း ဆက်သွယ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့သည်။ သူတို့ သူငယ်ချင်း ဖြစ်လာကြပြီး နောက်ထပ်တစ်လှမ်းတက်၍ နှစ်ယောက်သား အကြင်လင်မယား ဖြစ်သွားနိုင်ပါစေ ယန်ရှီးအတွက် ကောင်းချီးဖြစ်မည်မှာ သေချာသည်။
ဒါပေမဲ့ ဒီမိန်းကလေးရဲ့ စိတ်နေစိတ်ထားက မာနကြီးပြီး ဝေးကွာလွန်းသည်။ အဘွားကြီးဖြစ်တဲ့ သူလည်း ယန်ရှီးကို ပိုပိုပြီး စိတ်ပျက်လာမိသည်။
မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ သန်မာနေပါစေ ယောက်ျားလေး တစ်ယောက်ရှိကာ သူမကို ထောက်ပံ့ပေးနေတာက ပိုကောင်းတယ်လေ။ ဒီလိုမှမဟုတ်ရင် အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်း အထီးကျန်ပြီး ဆုံးရှုံးမှုတွေ ကြုံလာရတဲ့အခါတိုင်း စွန့်လွှတ်ဖို့ ခဲယဉ်းသွားလိမ့်မည်။
သူမရဲ့အမြင်အရ လုရွှမ်ဟာ အလွန်ထက်မြက်ပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက သိပ်မကောင်းပေမယ့် သူ့ရဲ့စိတ်ပိုင်းဖြတ်မှုကိုသာ အသုံးပြုတဲ့အတွက် ယန်ရှီးရဲ့ အကောင်းဆုံး ခင်ပွန်းလောင်း ဖြစ်လာနိုင်သည်။
လုရွှမ် ကျိုးကျိုးအပေါ် ချစ်မြတ်နိုးသွားလျှင်လည်း အနာဂတ်တွင် ဘေးဥပဒ်ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
အဘွားကြီးသည် ယန်ရှီးနှင့် ကျိုးကျိုးကို ကြည့်လိုက်သည်။ မတိုင်ခင်က ယန်ရှီးသည် ဂုဏ်ယူစရာ ဖြစ်နေသေးသော်လည်း ကျိုးကျိုးသည် ယခုနှစ် လေ့ကျင့်မှုအပြီးတွင် စွမ်းအား အနည်းငယ်ရရှိကာ ယန်ရှီးနှင့် ယှဥ်ပြိုင်နိုင်ပုံအား တဖြည်းဖြည်း ထုတ်ဖော် ပြသလာခဲ့သည်။
ကျောင်းတော်မှ ဆရာ ဆရာမများသည် ရက်စက်သော မျက်လုံးများ ရှိသောကြောင့် ကျိုးကျိုး၏ အလားအလာသည် နေရောင်အောက်တွင် မတောက်ပလာခဲ့ပေ။
သို့သော် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် ဟာသတစ်ခု မဟုတ်ဘဲ ရှေးခေတ်မှ ဆင်းသက်လာသော အတွေးအခေါ် တစ်ခုဖြစ်ကြောင်း အဘွားကြီးသာ သိလေသည်။
အခြားသူများ အကြောင်း မဟုတ်ဘဲ ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်နှင့် ကမ္ဘာမြေကံကြမ္မာ ဓမ္မခန္ဓာကို ရည်ညွှန်းခြင်းသာ ဖြစ်လေသည်။
ကျိုးကျိုး၏ ဝိသေသ လက္ခဏာကို လေ့လာပြီးနောက် သူမသည် မကြာခဏ ဆိုသလိုပင် နှလုံးသားထဲတွင် သက်ပြင်းချရင်း ဒါက ကောင်းကင်က သူမကို စနောက်နေတာလား ဟုပင် တွေးမိ၏။
ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်၊ မြေစွမ်းအင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်မှာ ကျောင်းတော်တိုင်းတွင် ဂုဏ်ပြုထိုက်သော အရာဖြစ်သည်။
သို့သော် သူတို့သည် တစ်ချိန်တည်းတွင် ထျန်းလုံကျောင်းတော်၌ ပေါ်ထွက်လာခဲ့သည်။ အခြားဆရာများ၏ အမြင်တွင် ဒါက ထျန်းလုံကျောင်းတော် အဆင့် တက်လာမည်ကို မျှော်မှန်းကြပြီး ထျန်းလုံဧကရာဇ်အင်ပါယာ အဆင့်တက်လာဖို့လည်း တွန်းပို့လိုကြသည်။
အဘွားအိုသည် လောက၌ စည်းစိမ် အကြောင်းကို ကောင်းစွာသိ၏။ ကောင်းကင်နှင့် မြေကြီးတို့၏ နိယာမ သဘောတရားတို့ကြောင့် မွေးဖွားကြရာ ကောင်းကင်နှင့် မြေကြီး၏ နိယာမတို့ကြောင့်ပဲ နောက်ဆုံးတွင် ပျက်စီးရလိမ့်မည်။
သူတို့နှစ်ယောက်ကြားက ရုန်းကန်မှုတွေက အနာဂတ်မှာ မလွဲမသွေ ပေါ်လာလိမ့်မည်။
ကျောင်းအုပ်ကြီးက ထျန်းလုံကျောင်းတော် ကြီးပွားတော့မည်ဟု ပြောခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ကပ်ဆိုးကြီး တစ်ခုလည်း ရှိနေခဲ့သည်ကို သူမ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
ယန်ရှီးကြောင့် အဘွားကြီးမှာ အနည်းငယ် နားလည်ခဲ့သော်လည်း ကျိုးကျိုးသည် မြေစွမ်းအင်ကံကြမ္မာ ဓမ္မခန္ဒာရှိကြောင်းပါ သိလိုက်ရသောအခါတွင် သူမ နောက်ဆုံးတွင် ထိုစာကြောင်း၏ အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။
ဤသည်မှာ ထျန်းလုံကျောင်းတော်၏ ကြီးကျယ်ခမ်းနားသော သာယာဝပြောရေး မျှော်လင့်ချက် ဖြစ်သည်။ သို့သော် ၎င်းသည် ကျောင်းတော် ကျဆင်းမှုအစလည်း ဖြစ်နိုင်သည်။
အနာဂတ် ဦးတည်ရာကို မည်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်မည်နည်း?
သို့ပေမယ့် ဒါတွေအားလုံးဟာ ကိုယ်ရေးကိုယ်တာ ကံပေါ်မှာ မူတည်ပါသေးသည်။
ထိုစဥ် တံခါးခေါက်သံ ကြားလိုက်ရပြီး လူသုံးယောက် ဝင်လာသည်။ ၎င်းတို့ အားလုံးသည် ထျန်းလုံကျောင်းတော်မှ ဆရာများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ကျောင်းတော်၌ ထူးခြားသော အဆင့်အတန်း ရှိသည့် ပါမောက္ခဖြစ်သည်။
ယန်ရှီးနှင့် ကျိုးကျိုးတို့သည် အလျင်စလို အရိုအသေ ပြုလိုက်ကြပြီး အကြီးအကဲတွေအတွက် ဘေးဖယ်ပေးလိုက်သည်။
"ကျူးချွဲ့၊ ပိုင်ဟူနဲ့ ရွှမ်ဝူကျောင်းတော်က ဆရာတွေလည်း ရောက်လာပြီ.... လူတော်တော် များများက လုရွှမ်ရဲ့ နာမည်ကို ပြောပြီး သူ့ကို သူတို့ကျောင်းထဲ ဝင်စေချင်နေကြတယ်.. တပည့်တွေကို စုံစမ်းခိုင်းလိုက်တော့ ဒီမှာ အရည်အချင်းရှိတဲ့ သူတွေ အများကြီး ရှိနေတယ်တဲ့"
ဒီတစ်ခါ စကားပြောသူက အဖွဲ့ကို ဦးဆောင်လာခဲ့တဲ့ ပါမောက္ခ တိုက်ချွန်းလုံး ဖြစ်လေသည်။ ကျောင်းတော်မှ ပြုစုပျိုးထောင်ခဲ့သော ပါရမီရှင်သည် ယခု အသက်ငါးဆယ်ကျော်သာ ရှိသေးသော်လည်း ၎င်းတို့သည် သူတော်စင်တစ်ပိုင်း အဆင့်၃ကို ရောက်ရှိနေပြီ ဖြစ်ကာ လူတိုင်း၏ ကြည်ညိုလေးစားမှုကို ခံရသော ပုဂ္ဂိုလ်များ ဖြစ်သည်။
"ဆရာ.... ဆရာရော ဘယ်လိုထင်လဲ?"
ပြောပြီးနောက် တိုက်ချွန်းလုံက အဘွားကြီးဘက်ကို ဦးညွှတ်ပြီး မေးလိုက်သည်။
ယန်ရှီးနှင့် ကျိုးကျိုးတို့နှစ်ယောက်လုံး မျက်လုံးဝိုင်းလေးများဖြင့် အံ့သြသွားကြသည်။ အဘွားကြီးသည် သာမန်ထက် ထူးခြားသူ တစ်ဦးဖြစ်ကြောင်း သိသော်လည်း သူမသည် တိုက်ချွန်းလုံရဲ့ ဆရာပါ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။
အဘွားကြီးသည် သူ့အပေါ်ထားရှိသော ဤကျောင်းသားများ၏ သဘောထားကို သိသဖြင့် ပေါ့ပေါ့ဆဆ လက်ဝေ့ယမ်းပြလိုက်သည်။
သူမသည် သူမနေရာကို နှိမ့်ချထားပြီး မည်သည့်ဂုဏ်သိက္ခာ၊ မည်သည့် အဆင့်အတန်းမဆို ဘေးဖယ်ထားလျက် ကျောင်းသား တစ်ယောက်ပြီး တစ်ယောက်၏ ပင်ကိုယ်စွမ်းရည်များ တိုးတက် အောင်မြင်လာစေရန်သာ ကြည့်ရှုလိုခဲ့သည်။
"အဲဒီလုရွှမ်က ပါရမီပဲ... သူက ယန်ရှီးနဲ့ ကျိုးကျိုးထက်တောင် မြင့်တယ်.... ဖြစ်နိုင်ရင် သူ့ကို ဆွဲထားရမယ်... ဒါမှ ငါတို့ကျောင်းအတွက် အနာဂတ် ဘေးဆိုးကြီးကနေ ကယ်တင်နိုင်လိမ့်မယ်"
အဘွားအိုက ဖြည်းညှင်းစွာ ပြောလိုက်သည်။
ယန်ရှီးနှင့် ကျိုးကျိုးတို့မှာ နားမလည်သော်လည်း တိုက်ချွန်းလုံက မျက်မှောင်ကြုတ်ပြီး နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။
ဆရာက ဘယ်တော့မှ မုသားမပြောဖူးဘူး။ အရိပ်အယောင် တစ်ခုပြတဲ့အနေနဲ့ ပြောလာတာ ဆိုတော့ အဲဒီလုရွှမ်က အလွန်အရေးကြီးတဲ့ လူဆိုတာ သိသာနေပြီ။
"ဆရာ.... ဒါပေမဲ့ လုရွှမ်ရဲ့ အတိတ်ကို စုံစမ်းကြည့်လိုက်တာ ဒီကလေးက တော်တော် အရည်အချင်းရှိပြီး ပါရမီအား ကောင်းတယ်လို့ ပြောရမယ်... အသက်က နှစ်ဆယ်လောက်ပဲ ရှိသေးတယ်.... ဒါပေမဲ့ သူက အရမ်း မာနကြီးပြီး အကြီးတွေကို လေးစားဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး.... သူ ယင်းယန်ကျောင်းတော်မှာ စာသင်ဖူးပေမယ့် အတန်းဖော်တွေကို နာကျင်စေပြီး ဆရာတွေကိုလည်း စော်ကားတယ်... နောက်ဆုံး ကျောင်းကိုတောင် ဖျက်စီးမိလုနီးပါးပဲ"
"နောက်ပြီး အဂ္ဂိရတ်ပညာရှင် အဖွဲ့ကိုလည်း နာမည်ပျက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်... ဒီလို အထိန်းအကွပ်မဲ့တဲ့ ကျောင်းသားတစ်ယောက်ကို ကျုပ်တို့ တကယ်ပဲ ခေါ်ယူမလို့လား?"
စကားပြောဆိုသူမှာ ဝမ်ဖုန်းဟုခေါ်သော မရိုးမဖြောင့်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
အဘွားကြီးသည် ခပ်ဖျော့ဖျော့ ပြုံးကာ တခြားဆရာ တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"လုမင်.... မင်းနဲ့ လုရွှမ်က မျိုးရိုးတူတူပဲ.... ပြောလို့မရဘူး လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီတုန်း မိသားစုတစ်ခုက လူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် မင်းဘယ်လိုထင်လဲ ပြောပြကြည့်ပါဦး"