← Chapters

နဂါးဝိညာဉ်မြက်

Vol. 39 Ch. 4.101

နဂါးဝိညာဉ်မြက်

Vol. 39 Ch. 4.101

လုမင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"ကျွန်​တော့် ထင်မြင်ချက်က အရေးမကြီးပါဘူး.... အရေးကြီးတာက သူက ကျွန်တော်တို့ရဲ့ ကျောင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိမရှိ ဆိုတာပဲ.... ပြီးတော့ အဲဒီလူကို ဆွဲဆောင်နိုင်မယ့် အရာ ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတာက အရေးကြီးဆုံးအချက်လို့ ကျွန်တော် ထင်တယ်... ဟုတ်တယ်မလား?"

ထိုအခါ ယန်ရှီးက

"မဟုတ်တာ... ကျွန်မတို့ကျောင်းက အဆင့်မြင့် ဧကရာဇ်အင်ပါယာမှာ ထိပ်တန်းကျောင်းတော် မဟုတ်ပေမယ့် ပြည်မကြီးမှာ နာမည်ကြီးတဲ့ ထိပ်တန်းကျောင်း တစ်ကျောင်းပဲ... အဆင့်မြင့် ဧကရာဇ်အင်ပါယာက ကျောင်းသားတချို့တောင် ကျွန်မတို့ကျောင်းမှာ လာလေ့ကျင့်ကြတယ်လေ... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတစ်ယောက်က ဘာလို့ မလုပ်ချင်ရမှာလဲ?"

"မဟုတ်သေးဘူးလေ.... အစ်ကိုလုရွှမ်က အရမ်းအစွမ်းထက်တယ်။ သူက သူတော်စင်တစ်ပိုင်း အဆင့်၂က အကြီးအကဲကိုတောင် အနိုင်ယူနိုင်ခဲ့တာ... သူ စာသင်ဖို့ ကျောင်းကို မဝင်ချင်တော့မှာကို ကြောက်ရတယ်.... ညီမက ကျောင်းက မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး... အစ်ကို လုရွှမ်က အဲဒီအတွေးမျိုး လုံးဝ မရှိခဲ့ပုံပဲလို့ ခန့်မှန်းမိလို့"

ကျိုးကျိုးက သတိကြီးကြီးထားပြီး ပြောနေ၏။ ပုံမှန် ဆရာတွေရှေ့မှာ စကားမပြောရဲပေမယ့် ယန်ရှီးရဲ့စကားကို ကြားတော့ သူမ ရုတ်တရက် မကျေမနပ်ဖြစ်လာရာ သတ္တိမွေးပြီး ထုတ်ပြောလာခဲ့သည်။

ယန်ရှီးက

"ငါတို့ကျောင်းရဲ့ အကာအကွယ်နဲ့ဆို ဘယ်သူက သူ့ကို အနိုင်ကျင့်ဝံ့မှာလဲ? သူက ထက်မြက်တဲ့သူဆိုရင် သူဘယ်လို ရွေးရမယ်ဆိုတာ သဘာဝကျကျ သိလိမ့်မယ်!!"

"ကောင်းပြီ!"

အဘွားကြီးသည် မိန်းကလေး နှစ်ယောက်၏ စကားကို အလျင်စလို ဝင်နှောင့်ယှက်လိုက်သည်။ ဒီမိန်းကလေး နှစ်ယောက် စကားများရန်ဖြစ်ကာ သူတို့၏ သည်းခြေဖြစ်စဉ် ပြင်းထန်လာမည်ကို စိုးရိမ်ရသည်။

"ကျောင်းက ဆရာတွေ ဒီကိစ္စကို ဖြေရှင်းလိမ့်မယ်.... မင်းတို့နှစ်ယောက်ကို နှောက်ယှက်ဖို့ ခွင့်မပြုဘူး ကြားလား?"

အဘွားကြီးရဲ့ အသံက ပြင်းထန်လာပြီး ယန်ရှီးကို ပူလောင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတော့သည်။

ယန်ရှီး နားလည်မှုစွာ ခေါင်းညိမ့်လိုက်သည်။ ကျိုးကျိုးက ပိုလို့တောင် နာခံပြီး စကားမပြောရဲတော့ပေ။

"မင်းတို့အရင် ထွက်သွား.... ငါဒီဆရာတွေနဲ့ စကားပြောစရာရှိတယ်"

အဘွားကြီးက ပြောပြီး ကျိုးကျိုး နဲ့ ယန်ရှီးကို ခပ်မြန်မြန်ပဲ ထွက်သွားခိုင်းတော့သည်။ တံခါးအပြင် ထွက်ပြီးနောက် ယန်ရှီးသည် ပြင်းပြင်းထန်ထန် ခြေစောင့်လျက် တိုက်ရိုက် ထွက်သွား​လေသည်။

ကျိုးကျိုးက ရှားပါးသော မြေစွမ်းအင်ကံကြမ္မာ ဓမ္မခန္ဓာဖြစ်ကြောင်း သိလာကတည်းက ကျောင်းက သူမအား အရင်းအမြစ်များစွာ ပေးခဲ့သည်။ ထိုအခါ သူမ အပေါ်ထားရှိသော အစ်မကောင်းဖြစ်သူ၏ သဘောထားသည်လည်း များစွာဆိုးရွားလာတာကို တွေ့ရှိခဲ့ရသည်။

ယခင်က ဂရုစိုက်မှုကို တွေးတောရင်း ကျိုးကျိုး သူမ ပိုသည်းခံသင့်တယ်လို့ ခံစားလိုက်ရသည်။ အခုရတဲ့ အရင်းအမြစ်တွေက အရင်ကထက် အများကြီး ပိုကောင်းလာပြီ​လေ။

သို့သော် ယန်ရှီးသည် သူမအတွေးထဲက ပုံရိပ်နဲ့ အလွန်ဝေးသွားလေရာ သူမ၏ ဖြူစင်သော နှလုံးသားလေးသည် ယန်ရှီးကို တဖြည်းဖြည်း ရွံရှာလာသည်။

"အစ်ကိုလုရွှမ် အခု တံခါးပိတ် ကျင့်ကြံနေတာ ဘယ်လိုနေလဲ မသိဘူး...သူ့ခွန်အားတွေ ပိုတိုးလာမှာလား?"

ကျိုးကျိုး လုရွှမ် အကြောင်းကို တွေးရင်း အနည်းငယ် ပြုံးပြလိုက်သည်။

မြို့ထောင်ချီ မဟာမိတ်အဖွဲ့သည် ယခုအခါ ပိုမိုတိုးတက် ထွန်းကားလာကာ မြို့ခံများပင် အဆက်မပြတ် တိုးပွားလာလျက် စည်ကားနေဆဲပင်။ တော်ဝင်အင်ပါယာနှင့် ဧကရာဇ် အင်ပါယာကြီးများမှ ကျင့်ကြံသူများ၊ သူတော်စင်တစ်ပိုင်း အဆင့်မြင့် ကျင့်ကြံသူများပါ ရောက်ရှိလာကြသည်။

လမ်းမပေါ်တွင် အသွင်ပြောင်းခြင်း နယ်ပယ်၏ ပေါ့ပါးသော အသွင်အပြင်ကို ဖြန့်ကျက်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ပေါ့ပေါ့ပါးပါး အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လမ်းလျှောက်၍ ဈေးဆိုင်များ တည်ထောင်ကာ အမျိုးမျိုးသော အထူးရောင်းချမှုများကို ရောင်းချပေးနေ၏။

တော်ဝင်အင်ပါယာမှာ တစ်ခါမှမမြင်ဖူးတဲ့ ကမ္ဘာကြီးရဲ့ အမှိုက်တွေထဲမှာ သူတော်စင်တစ်ပိုင်းတွေကို စိတ်လှုပ်ရှားစေမယ့် ပစ္စည်းကောင်းလေးတွေ ရှိကောင်းရှိနိုင်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ လုရွှမ်တစ်ယောက် ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်။ တစ်နှစ်ကြာ ကျင့်ကြံပြီးနောက် လုရွှမ်သည် သူ့ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်း သန်မာသွားသည်ကို ခံစားလိုက်ရသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ပြီးပြည့်စုံသောကာလအထိ မြှင့်တင်ထားပြီးပြီ။ စိမ်း​ပြာနဂါး၏ နှလုံးသားသည် ယခုအခါ သူ့ခန္ဓာကိုယ်နှင့် အဆက်မပြတ် ပေါင်းစပ်နေပြီး သာမန် သူတော်စင်တစ်ပိုင်း ကဲ့သို့ ကြံ့ခိုင်နေပြီ ဖြစ်သည်။

ဆင်သံချပ် ရွှေကိုယ်ထည်နဲ့ဆို လုရွှမ် သူတော်စင် တစ်ပိုင်းလောက်ကို သန်မာနေပြီ။

ပြီးတော့ စိတ်ဝိညာဉ် စွမ်းအားက တစ်လှမ်းပိုတိုး သွားခဲ့ပြီး အခုဆို ဝိညာဉ်စွမ်းအား အတိုင်းအတာ ၂၃ ကို ရောက်ရှိ​နေ​လေပြီ။ သူတော်စင်တစ်ပိုင်း အဆင့်၁ကို တစ်ယောက်လာ တစ်ယောက်သတ်၊ နှစ်ယောက်လာ နှစ်ယောက်သတ်နိုင်ပြီ ဖြစ်သည်။

ကောင်းကင်၊ မြေကြီးနှင့် ​တောက်ကျင့်စဥ်တို့၏ စွမ်းအင်သည် ပေါက်ကွဲလုနီးနီး ဖြစ်သွားရင် လမ်းသွားလမ်းလာများ သူ့ကို သတိထားမိနိုင်၏။ အခု သူတော်စင် တစ်ပိုင်းများ အားလုံးသည် သူတို့၏ နှလုံးသားထဲတွင် နားလည်မှုအနည်းငယ်ရှိကြပြီး ဤအချိန် အတောအတွင်း ၎င်းတို့သည် နိမ့်ကျသော ကိုယ်ရေးအကျဉ်းကိုသာ ထုတ်ဖော်ပြသ ထားကြသည်။

မကြာခင်မှာ တိုက်ပွဲကြီး တစ်ခုဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် အခုအချိန်ဟာ သူတို့ရဲ့ အားသာချက်တွေကို ဖုံးကွယ်ပြီး အချိန်တွေကို ချွေတာနေတဲ့ ကာလဖြစ်လို့ ဒီအချိန်ကာလ အတွင်းမှာ မြို့ထောင်ချီမဟာမိတ်ရဲ့ တြိဂံဧရိယာမှာ တိတ်ဆိတ်နေ၏။

စျေးဆိုင်များကို တည်ဆောက်ပြီးနောက် လူတိုင်းသည် စည်းမျဥ်း စည်းကမ်းများကို လိုက်နာကြ၍ မလိုအပ်တော့သော ပစ္စည်းမျိုးစုံကို ရောင်းချခြင်း လိုအပ်သော အခင်းအကျင်း တံဆိပ်ပြား နှင့် ပစ္စည်းအမျိုးမျိုးကို ဖြည့်စွက်ခြင်းနှင့် ၎င်းတို့၏ ခွန်အားကို ပိုမိုခိုင်မာစေရန် ကြိုးစားနေကြသည်။

ထိုသို့သော အခြေအနေမျိုးတွင် လုရွှမ်သည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကာ လက်ရှိ မြို့ထောင်ချီ မဟာမိတ်အဖွဲ့ကို ကြည့်ရှုရန် ထွက်လာခဲ့သည်။

"ကောင်လေး ပစ္စည်းကောင်းလေး ရှိသလိုပဲနော်?"

ကျီးကန်း၏ အသံသည် သူ့စိတ်ထဲတွင် ရုတ်တရတ် ထွက်ပေါ်လာ၏။ ထိုအသံမှာ အလွန် စိတ်လှုပ်ရှားကာ ရူးလုမတတ် ဖြစ်တော့မလိုပင်။

လုရွှမ်ရဲ့ စိတ်လည်း ကမောက်ကမ ဖြစ်သွားကာ သူ့နှလုံးက တဆတ်ဆတ် တုန်နေတာကို ခံစားလိုက်ရသည်။ လွန်ခဲ့သည့် နှစ်အတွင်း စိမ်းပြာနဂါး၏ နှလုံးသည် သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်သွားပြီး လုရွှမ်၏ ခန္ဓာကိုယ်သည် အထူးခံစားချက် တချို့ကို ထုတ်ပေးလာခဲ့သည်။

အခုလိုမျိုးပင်။ သူ့ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတဲ့ အရာတစ်ခု ရှိတယ်လို့ သူခံစားမိတဲ့အခါ နှလုံးကပါ တုံ့ပြန်ပေးလာသည်။ သူ့ခံစားချက်အတိုင်း လုရွှမ်သည် မတ်တပ်ထရပ်၍ ဆိုင်လေးတစ်ခုရှေ့ကို ရောက်သွားခဲ့သည်။

ဝိညာဥ်​ဆေးမြက်များ ရောင်းသည့် ဆိုင်ကလေး ဖြစ်သည်။ တော်တော်ရှားပါးတဲ့ သူတော်စင် ဝိညာဥ်ဆေးပက်များ ဖြစ်ကာ အမည်အတိုင်း သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ အတွက် အလွန် ထိရောက်သည်။

၎င်းကို အဂ္ဂိရတ် သန့်စင်ခြင်းနှင့် ကျင့်​ကြံခြင်းအတွက် အသုံးပြုနိုင်သည်။ သူတော်စင်နယ်ပယ်မှ ဝိညာဥ် မြက်ပင်များသည် သက်တမ်း ကြာရှည်စွာ ရှင်သန်နေထိုင်နိုင်သည်။ သက်တမ်းရင့်ပါက စိတ်ဝိညာဉ်စွမ်းအား တိုးတက်စေရန်အတွက် အထောက်အကူ ဖြစ်စေသည်။

ဤသည်မှာ အလွန်အစွမ်းထက်သော ဝိညာဉ်ရေး ဆေးဖက်ဝင် အပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်း၏ အစွမ်းထက်သော ဆေးဖက်ဝင် အာနိသင်ကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားကာ တွေ့ရခဲသွားခဲ့ပြီ။

သက်တမ်းရင့်သော ဝိညာဉ်မြက်များ သာမက စိုက်ပျိုးနိုင်သော မျိုးစေ့တချို့လည်း ရောင်းချကြသည်။

သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ များစွာသည် ဈေးဆိုင်ရှေ့တွင် စုဝေးနေကြပြီး လေထုက ဖောင်းပွလာကာ အနီးနားရှိ ဈေးဆိုင်များမှာ ဒုက္ခရောက်နေကြသည်။ သာမာန် ဟွာဖန် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ကျင့်ကြံသူများပင် ၎င်းတို့အနားကို ချဉ်းကပ်ရန် မဝံ့ရဲကြပေ။

စျေးဆိုင်ပိုင်ရှင်မှာ အဘိုးကြီး ​ဖြစ်သည်။ လုရွှမ်မှာ ထိုသူ၏ ကျင့်ကြံမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် အနည်းငယ် စိုးထိတ်သွား၏။ အဘိုးအိုသည် အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၃ကို ကျင့်ကြံထားသူ ဖြစ်နိုင်လေသည်။

ဤ​နေရာတွင် စုဝေးနေကြသော သူတော်စင်တစ်ပိုင်းများမှာ ၎င်းတို့ကို တိုက်ရိုက် ဖမ်းဆုပ် ဝယ်ယူမည့်အစား တစ်​ယောက်ပြီး တစ်ယောက် ငြိမ်သက်စွာ ညှိနှိုင်း​နေကြသည်မှာ အံ့သြစရာ မရှိ​တော့ပေ။

သူတော်စင်တစ်ပိုင်း ဝိညာဉ်မြက်များက အလွန်အကျွံ ပေါများနေခြင်းမျိုး မဟုတ်​ချေ။ အဘိုးအိုသည် ၎င်းကို အမှန်တကယ် ရောင်းစား​နေသည်မှာ အနည်းငယ် ထူးဆန်း​နေသည်။

"အရူး... သူတော်စင် ဝိညာဉ်မြက်တွေကို စိတ်ပူမနေနဲ့... ဒီမှာ နဂါးဝိညာဉ်မြက် ရှိတယ်ကွ!!"

ကျီးကန်းက ဟစ်အော်လိုက်သည်။

"နဂါးဝိညာဥ်မြက်?"

လုရွှမ် သူ့နှလုံးသားထဲမှ သက်ပြင်းချမိသည်။ ဒါက သူ တစ်ခါမှ မကြားဖူးတဲ့ ဝိညာဥ်အပင် တစ်မျိုးပဲ။ အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က သူ​တော်စင် ဖြစ်နေပြီ ဖြစ်သော သူသည် မသိသေးသော အရာများ ရှိနေသည်ကို သိရလျှင် အမှန်တကယ် အရှက်ရလိမ့်မည်။

ကျီးကန်း၏ အသံမှာ အံ့သြစရာပြီး ဝံ့ကြွားနေသော အရိပ်အမွတ်များ ပြည့်နှက်နေ၏။

"ဟမ့်... ကောင်လေး မင်းမသိတဲ့ အရာတွေ အများကြီး ရှိသေးတယ်ကွ!! သေချာ နားထောင် ကောင်လေး....နဂါးဝိညာဥ်မြက်မှာ ဘယ်လိုဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိရှိလဲ ဆိုရင် ဒီသူတော်စင် ဝိညာဥ်မြက်ပင်တွေလို့ ခေါ်တဲ့ဟာတွေက သူနဲ့ ယှဉ်လိုက်ရင် အမှိုက်ပုံလိုပဲ ဘယ်လိုမှကို ယှဥ်လို့မရဘူးကွ"

လုရွှမ်လည်း ရွှေကျီးကန်းသည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေမှန်း သိသောကြောင့် ၎င်းအား ပြန်လည်ချေပရန် စိတ်မ၀င်စားဘဲ နဂါးဝိညာဉ်မြက်၏ အစွမ်းသတ္တိအကြောင်း တဟုန်ထိုး နားထောင်နေခဲ့သည်။

"အကြီးအကဲ.... ဒီသူတော်စင် ဆေးပင်တွေ အကုန်လုံးကို ဝိညာဥ်ကျောက်တုံး ဆယ်သန်းနဲ့ ဝယ်မယ် ဘယ်လိုလဲ?"

လုရွှမ် ကျီးကန်းရဲ့ စကားကို နားထောင်နေစဉ် ဆိုင်ရှေ့ရှိ သူတောင်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်က ဈေးခေါ်လိုက်ရာ အရေအတွက် ပိုများလာတာကြောင့် ကြည့်နေသူတိုင်းကို ရူးသွပ်သွားစေ​တော့သည်။

ဝိညာဥ်ကျောက်တုံး ၁၀ သန်းက သိပ်မများပါဘူး။ ဒါပေမဲ့ ဆိုင်ရှေ့မှာ သူတော်စင် ဝိညာဥ်ဆေးပင်တွေကို တိတ်တဆိတ် ချောင်းကြည့်နေတဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ များစွာက ရှိနေဆဲပင်။

All Chapters