← Chapters

ကြောက်စရာကောင်းသောလူ

Vol. 39 Ch. 4.102

ကြောက်စရာကောင်းသောလူ

Vol. 39 Ch. 4.102

သို့သော်လည်း ဈေးဆိုင်ပိုင်ရှင်သည် ဆိတ်ဆိတ်နေကာ ဈေးမလုံလောက်ဟု ထင်နေပုံဖြင့် လုံးဝ စကားမဆိုလာချေ။ ဈေးတက်နေဆဲဟု ထင်ကာ ဈေးတင် တောင်းချင်​နေ​သော သူ​တော်စင်တစ်ပိုင်းတို့ကိုပင် သိပ်လှည့်မကြည့်ချင်ပေ။

ဆိုင်ပိုင်ရှင်က ရုတ်တရက် ချောင်းဆိုးပြီး နောက်ဆုံးတော့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးအထဲမှာ လျှပ်စီးတစ်ချက် လက်သွားပြီး သူ့ရှေ့မှာ စုဝေးနေတဲ့ သူတော်စင်တစ်ပိုင်း အုပ်စုကို ကြည့်လိုက်သည်။

အပြာရောင် ဝတ်ထားသော သူ​တော်စင်တစ်ပိုင်း လူတစ်ယောက်သည် စိတ်လှုပ်ရှားသွားပြီး

"အကြီးအကဲ... ဒါက ဝိညာဥ်ကျောက်တုံး ဆယ်သန်းပါ..."

ဈေးဆိုင်ပိုင်ရှင်က

“မင်းရဲ့ကမ်းလှမ်းချက်ကို သဘောတူမယ်လို့ ငါမပြောခဲ့ဘူး.... ဝိညာဥ်ကျောက်တုံး ၁၀ သန်းက အရမ်းမြင့်နေပြီလို့ မင်းထင်နေတာလား?”

လူတိုင်း အံ့ဩသွားကြသည်။ ဒီဈေးက မမြင့်သေးဘူးလား? မမြင့်ဘူး ဆိုရင် စောစောက ပြောသင့်တယ်လေ။

ဈေးဆိုင်ပိုင်ရှင်က သက်ပြင်းချကာ သူတော်စင် ဝိညာဉ်မြက်ပင်ကို သူ့လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်​ပေးနေပုံကို သူ့ကလေးကို ပွတ်သပ်နေသလို ဂရုတစိုက် ရှိလှသည်။

"ဒါတွေက သူတော်စင် ဝိညာဉ်မြက်တွေဆိုတာ အမှန်ပဲ ဆိုပေမယ့် သူတော်စင်နယ်ပယ်က ဝိညာဥ်မြက်ပင်တွေက ပျက်စီးသွားကြပြီ... သူတို့မှာ သူတော်စင် ဝိညာဉ်မြက်ရဲ့ ဆေးဖက်ဝင် အာနိသင်တွေ မရှိတော့ဘူး... ဒီအဘိုးကြီး ဒီဝိညာဉ်မြက်တွေကို ထုတ်လာတာက သူတို့ ဘာဖြစ်သွားလဲ ဆိုတာကို မေးဖို့ပဲ!"

သူက ဆက်၍

"မင်းတို့လူတွေက သူ​တော်စင် ဝိညာဉ်မြက်ကို မြင်ပေမယ့် ဝံပုလွေတွေ ခွေးတွေလိုပဲ ဘာမှကို နားမလည်ကြဘူး ဆိုတာ တစ်ချက်လောက် ကြည့်ရုံနဲ့ကို ပြောနိုင်တယ်.... သွား သွား... အကုန် ဟိုဘက်သွားကြ!"

အချိန်အတော် ကြာအောင် ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ဆိုင်ပိုင်ရှင်က လုံးဝ ထုတ်မရောင်းခဲ့ချေ။ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများသည် သွားများကို ကိုက်ခဲသော်လည်း ရွေးချယ်စရာ မရှိတာကြောင့် လှည့်ထွက်သွားဖို့ ပြင်လိုက်ကြချိန်။

“ဒါပေမယ့်…”

ဆိုင်ရှင်က ရုတ်တရက် ထပ်ပြောလိုက်တော့ အားလုံးလှည့်ကြည့်လိုက်ကြသည်။

"ဒီသူတော်စင် ဝိညာဉ်မြက်ပင်တွေရဲ့ ဖြစ်ပျက်ခဲ့တာကို ပြောပြနိုင်ရင် အောင်မြင်စွာ ပြန်စိုက်နိုင်ရင် အဲဒီထဲက တချို့ကို ငါရောင်းပေးနိုင်မယ်"

ဆိုင်ပိုင်ရှင်၏ စကားသည် ဤသူတော်စင်တစ်ပိုင်း၏ စိတ်ခံစားမှုကို နှိုးဆွပေးကာ တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြသည်။ ဈေးဆိုင်ပိုင်ရှင်၏ အချက်ပြမှုကြောင့် ဝိညာဥ်မြက်ပင်ကို ကောက်ယူပြီး စစ်ဆေးခဲ့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် မည်သူမျှ သဲလွန်စ မရရှိခဲ့ပေ။

လုရွှမ်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ ဤသူတော်စင် ဝိညာဉ်မြက်ပင်များ ဘာဖြစ်သွားသည်ကို သူသိသည်။

"ကောင်လေး မင်းရဲ့ အံ့သြစရာကောင်းတဲ့ အသွင်အပြင်ကို ငါမြင်ရတယ်... မင်းဒီဆေးပင်တွေ အကြောင်း ပြောကြည့်ချင်လား?"

ဆိုင်ပိုင်ရှင်က ရုတ်တရက် လှည့်ပြောလိုက်သည်။

လုရွှမ်၏ နှလုံးသားသည် ထိတ်လန့်တုန်လှုပ်သွားသည်။ ဤဆိုင်ပိုင်ရှင်၏ ခွန်အားသည် အမှန်တကယ်ပင် ကြီးမားလှသည်။ စိတ်ဝိညာဉ် စွမ်းအားကလည်း သူ့ထက် မနည်းပုံပေါ်၏။ သူသည် တခဏမျှ စိတ်လှုပ်ရှားသွားလေသည်။

"ဒီကအဘိုးကြီး..."

"အတင့်ရဲလိုက်တာ!"

လုရွှမ် စကားမဆုံးခင်မှာ သူတော်စင်တစ်ပိုင်း လူတစ်ယောက်က ဟောက်လိုက်လေသည်။

လုရွှမ် ဒီနေရာမှာ ရပ်နေတာကို သူမြင်နေခဲ့တာ ကြာပြီ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲ ရှိတဲ့ အငယ်တန်းလေးက ဒီသူတော်စင်နယ်ပယ်က ဝိညာဉ်မြက်ပင်ကို လိုချင်တပ်မက်စွာ တောင့်တဝံ့သူပင်။ ဈေးဆိုင်ပိုင်ရှင်ရဲ့ အကျင့်စာရိတ္တကြောင့်သာ မဟုတ်ရင် ဒီလူမိုက်ကလေးကို ရိုက်နှက်ပြီးလောက်ပြီ။

ဒီအချိန်မှာ မထင်မှတ်ဘဲ ပြောရရင်တော့ သူက အကြီးအကဲလို့တောင် မခေါ်ဘဲ အဘိုးကြီးလို့ ခေါ်လိုက်သည်။ သူက မျိုးဆက်တူ သူငယ်ချင်းတွေကို ခေါ်ဝေါ်နေတဲ့ လေသံမှာ ရှိနေတဲ့ သူတို့ကိုပါ ဂရုမစိုက်တာ သိသာလေ၏။

သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများက ဆိုင်ရှင်အား အကြီးအကဲဟု လေးလေးစားစား ခေါ်နေစဥ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လုရွှမ်ကတော့ အဘိုးကြီးဟု ခေါ်ခဲ့သည်။

ဒါက သူတို့လို သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေကို သောက်ဂရုမစိုက်တဲ့ သဘောလား?

"ဟမ့်...."

လုရွှမ် အေးစက်တဲ့ အသံတစ်သံကို ထုတ်လွှတ်လိုက်ပြီး ရေခဲချွန်တွေလို မျက်လုံးတွေနဲ့ တစ်ဖက်လူကို ပြန်စိုက်ကြည့်လိုက်သည်။ ထိုသူသည် သူတော်စင်တစ်ပိုင်း ပထမအဆင့်က လူသာဖြစ်လို့ သူ့မျက်လုံးထဲ လုံးဝ မထည့်ထားချင်ပေ။

"ဘာလဲ မင်းက မာန်တက်ချင်နေသေးတာလား?"

ထိုလူက အော်ပြောပြီး ဆိုင်ပိုင်ရှင်ကို တစ်ချက် လှည့်ကြည့်လိုက်ရင်း ယုံကြည်မှု အပြည့်နဲ့

"ကောင်လေး မင်း အခု နာခံနေသင့်ပြီ..."

လုရွှမ် လက်ဝါးတစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။

ဘာကောင်လဲ? ဒီသူတော်စင်နယ်ပယ်က ဝိညာဉ်မြက်ရဲ့ အခြေအနေကို ဖော်ထုတ်နိုင်သူဟာ သဘာဝအတိုင်း ဝယ်နိုင်တယ်လို့ ဈေးဆိုင်ပိုင်ရှင်က ပြောထားပြီးသား မဟုတ်ဘူးလား?

ဈေးဆိုင်ပိုင်ရှင်က တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေတာနဲ့ တခြားသူရဲ့ မျက်နှာသာရရေးအတွက် သူ့ကိုလာပြီး အနိုင်ကျင့်ချင်သေးတာလား? တကယ်ကို အသုံးမကျချက်ပဲ။

ထိုသူတော်စင်တစ်ပိုင်းကလည်း လုရွှမ် လှုပ်ရှားလာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူလုံးဝ ဂရုမစိုက်ထားမိဘူး။ ဒီအငယ်တန်းလေးက သူ့အပေါ် ဒီလိုမျိုး ကျူးလွန်ရဲတာကို သူလုံးဝ ခွင့်မလွှတ်နိုင်ပေ။

သူသည် လက်ဖဝါးကို မြှောက်ကာ လုရွှမ်၏ လက်မောင်းကို ဖမ်းဆုပ် ရိုက်ချိုးရန် ကြိုးစားလိုက်သည်။

သို့သော် လုရွှမ်လက်မောင်းကို တစ်ချက် ရိုက်မိလိုက်တာနဲ့ ထိုလူမှာ သူ့လက်ဖဝါးက ကျောက်တုံးကို ပြေးရိုက်မိသလို တိုက်ရိုက် ကျိုးသွားတာကြောင့် ကျယ်လောင်သော အသံကို ထုတ်လွှတ်လိုက်ရတော့သည်။

ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ထွက်ပေါ်လာပြီး ထိုလူသည် တုံ့ပြန်ရန် အချိန်မရှိလိုက်ဘဲ သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ဆွဲတင်ခံလိုက်ရကာ သူ့ခန္ဓာကိုယ်လည်း ဇောက်ထိုး လွင့်ကျသွားခဲ့သည်။

အနီးနားရှိ လူတိုင်း တုန်လှုပ် အံ့အားသင့်သွားကာ လုရွှမ်ကို အထိတ်တလန့်ဖြင့် ကြည့်နေကြလေ၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က တစ်ဦးက သူတော်စင် တစ်ပိုင်းကို လွင့်ထွက်သွားအောင် ရိုက်ထုတ်နိုင်လိုက်တာက သူတို့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများကို ပိုလို့တောင် အံ့သြသွားစေခဲ့သည်။

သူတို့သည် ဝိညာဉ်စွမ်းအား သို့မဟုတ် တခြားနည်းလမ်းများကို မခံစားမိကြဘဲ ရုပ်ခန္ဓာ၏ စွမ်းအားကို ရိုးရှင်းစွာ အားကိုးခဲ့​ကြောင်း သတိထားမိလေသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူလေးက ဘယ်အချိန်ကများ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားကို ပိုင်ဆိုင်သွားကြတာလဲ။

"မင်းက ဘယ်သူလဲ?"

တိုက်ခိုက်ခံခဲ့ရသော လူသည် မယုံကြည်နိုင်စွာနဲ့ သူ့ပါးကို လက်နဲ့အုပ်ပြီး ပြန်ပြေးလာခဲ့သည်။ လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ရင်း အရိုက်ခံရမှာကို ကြောက်နေရှာ​​လေသည်။

ဒါဟာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုပဲ။ သူရိုက်ထုတ် ခံရတာကြောင့် အရှက်ရသွားသလို ခံစားခဲ့ရပေမယ့် အကြောင်းတစ်ခုခုကြောင့် လုရွှမ်ရဲ့ စူးစူးစိုက်စိုက် ကြည့်ခြင်းကို ခံရတော့ သူ့ရင်ထဲမှာ အမုန်းတရားတွေ ထပ်မံ မခံစားနိုင်တော့ဘဲ ခုခံဖို့ စိတ်ကူးကိုတောင် ချက်ချင်း ဖယ်ထုတ်ပစ်လိုက်ရ၏။

ပတ်ဝန်းကျင်က လူတော်တော် များများက တုန်လှုပ် ချောက်ချား​နေကြပြီး သူတော်စင်တစ်ပိုင်း လူတစ်ယောက်တောင် အခုလို တိုက်ခိုက်ခံရတာကြောင့် ပြန်မတိုက်ဝံ့ကြပေ။

လွန်ခဲ့သည့် နှစ်တွင် လုရွှမ်၏ ဂုဏ်သတင်းသည် တဖြည်းဖြည်း ကြီးထွားလာပြီး သူတော်စင် တစ်ပိုင်းတို့သည် ချုပ်နှောင်ရခြင်း အကြောင်းရင်းကို တဖြည်းဖြည်း နားလည်လာကြသည်။

လွန်ခဲ့သော တစ်နှစ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူံသည် သူတော်စင်တစ်ပိုင်းကို စော်ကားဝံ့ပါက သူတော်စင်တစ်ပိုင်းတွေဆီက ရက်ရက်စက်စက် ဟိုးရှေးရှေးတုန်းကပင် သူတော်စင်ကို အသတ်ခံရလိမ့်မည်။

လုရွှမ်သည် သူ၏စိတ်ဝိညာဉ် စွမ်းအားသည် အရည်အသွေးပိုင်းအရ အမှန်တကယ် တိုးတက်လာကြောင်း သူ့စိတ်ထဲတွင် သိထားသည်။ ယခင်က ၎င်းသည် သန့်စင်သော ဝိညာဉ် အတိုင်းအတာ၏ တိုးတက်မှု တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါတွင် ဝိညာဉ်အပိုတစ်ခု ရှိလာသလို အရှိန်အဟုန်ကို ရရှိလာခဲ့သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် နတ်ဆိုးတစ်ကောင် ချဥ်းကပ်လာသလို စိတ်စွမ်းအား အတိုင်းအတာ ရှိသူသည် သူ့အကြည့်ကို ခံနိုင်ရည်ရှိရန်ပင် ခွန်အား မရှိနိုင်ပေ။

"ဆိုင်ရှင်က အသက်ကြီးနေပြီ... သူ့ကို အဘိုးကြီးလို့ ခေါ်တာ ဘာမှားလို့လဲ? ဟုတ်တယ်မလား?"

လုရွှမ် ထိုကျင့်ကြံသူကို လုံးဝဂရုမစိုက်ဘဲ အဘိုးကြီးကိုသာ လှည့်မေးလိုက်သည်။

ထိုသူမှာ လုရွှမ်ကို လက်စားချေဖို့ နေနေသာသာ ခံနိုင်ရည် မရှိတာကြောင့် လူအုပ်ကြီးရဲ့ မြင်ကွင်းထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားခဲ့ရလေသည်။

"ဟားဟား ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီကသူငယ်ချင်းလေးက မိတ်ဆွေလေးလုရွှမ် ဖြစ်မယ် ဟုတ်တယ်မလား?"

ဆိုင်ပိုင်ရှင်က ပြုံးပြုံးလေး ပြောလိုက်သည်။

လုရွှမ်လည်း သူ့မျက်နှာပေါ်က ရုပ်ဖျက်ထားတာတွေကို ဖယ်ရှား၍ သူ၏ ဇာတိရုပ်ကို ဖော်ထုတ်လိုက်သည်။ ယခုတော့ ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ ဆိုင်ရှင်သည် အလွန်တန်ခိုးကြီးလှရာ မျက်စိစုံမှိတ်ပြီး ဖုံးကွယ်ထားလျှင် သူ့ကို စော်ကားရာ ရောက်သွားလိမ့်မည်။

နောက်ပြီး သဘောတူညီချက်ကို လက်လွှတ် မခံချင်ဘူးလေ။ နဂါးဝိညာဥ်မြက်ပင်ကို ရယူဖို့ သူရည်ရွယ်ထားပြီးသား ဖြစ်နေပြီ။

လုရွှမ်ရဲ့ မျက်နှာအစစ်ကို မြင်လိုက်ရတော့ လူတွေက တစ်ယောက်ပြီး တစ်ယောက် အထိတ်တလန့် အသံများ ထွက်ပေါ်လာကြသည်။ လုရွှမ် အကြောင်းကို ဒီလူတွေလည်း သိနေကြပြီလေ။

ဒဏ္ဍာရီထဲမှာတော့ သူ့ရဲ့ အံ့သြဖွယ် ဝိညာဉ်စွမ်းအားအ​ကြောင်း၊ သူရဲ့ စိတ်ဝိညာဉ် စွမ်းအားက သူတော်စင်တစ်ပိုင်းကို သတ်လိုက်တာ မဟုတ်လား။

သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများအားလုံး ခြေလှမ်း အနည်းငယ် တိတ်တဆိတ် ဆုတ်၍ ကျောခိုင်းလိုက်ကြသည်။ ဤလူသည် သူတော်စင်တစ်ပိုင်းများကို သတ်ဖြတ်ရန် အမှန်တကယ် စွဲလမ်းနေသူ မဟုတ်ပါလော။

လူ အများအပြားသည် သွေးထွက်သံယို မုန်တိုင်းမှ ထွက်လာခဲ့ဖူး ကြသော်လည်း ခေါင်းဖြတ်ခံရသော သူတော်စင် တစ်ပိုင်း အရေအတွက်မှာ လုရွှမ်တစ်ယောက်တည်း အင်အားလောက်ပင် မများပေ။

ဒီလိုလူက အရမ်းကြောက်ဖို့ ကောင်းလွန်းလှပေသည်။

All Chapters