လက်ဝါးတစ်ချက်၏စွမ်းအား
Vol. 39 Ch. 4.104
ဒါကလည်း ကျီးကန်းတို့ အရမ်း စိတ်လှုပ်ရှားနေရတဲ့ အကြောင်းရင်းပဲ ဖြစ်သည်။ ပေါ့ပေါ့ပါးပါး လမ်းလျှောက် ထွက်လာတာကို ဒီလောက်ကြီးကျယ်တဲ့ အခွင့်အရေးကို ကြုံရမယ်လို့ တကယ် မထင်ထားမိဘူးလေ။
လုရွှမ်သည် သူ့အမူအရာတွင် တယူသန်မှုကို မပြဝံ့ဘဲ သူ့မျက်နှာကို လျစ်လျူရှုထားသည့် အမူအရာဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားသည်။ ဤအဘိုးကြီးသည် သူတော်စင် ဝိညာဉ်မြက်ပင်ကို ပြင်းပြင်းထန်ထန် ပြုစုပျိုးထောင် ထားနိုင်သောကြောင့် ဝိညာဥ်အပင်အပေါ် နားလည်မှုသည် တခြားလူထက် သာလွန်နေပါသည်။
သူ့ရဲ့ မူမမှန်မှု အနည်းငယ်ကို ခံစားမိသွားတာနဲ့ အခုလုပ်ငန်းက အလကား ဖြစ်သွားနိုင်သည်။
လုရွှမ် တစ်ဖက်လူ အခွင့်ကောင်းယူ၍ မလှုပ်ရှားလိုပေ။ တစ်ဖက်လူမှာ သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ် ဖြစ်ကာ ထိုနယ်ပယ်ကို ရင်ဆိုင်ဖို့ လုရွှမ်တွင် ပိုင်နိုင်မှု မရှိချေ။
သူတော်စင်တစ်ပိုင်းရဲ့ အဆင့်၉ဆင့်မှာ ကောင်းကင်တစ်ထပ်စီ ရှိကာ အဆင့်၂ ရွှေခန္ဓာနယ်ပယ်မှ ကျင့်ကြံသူများအတွက် လုရွှမ် ယခုပင် ရင်ဆိုင်နိုင်သော်လည်း လျှပ်စီးနယ်ပယ်က ကျင့်ကြံသူရဲ့ အရှိန်အဝါကိုတော့ မဖြစ်နိုင်ပေ။
အဘိုးအိုသည် လုရွှမ်ကို ငုံ့ကြည့်ပြီးနောက် သူ့လက်ထဲတွင် ရှိသော နဂါးဝိညာဉ်မြက်ကို စိုက်ကြည့်ရင်း လုရွှမ်စကားကို တွေးတောသော်လည်း သူ့စိတ်ထဲ မဆုံးဖြတ်နိုင်သေးဘဲ ဖြစ်နေသည်။ လုရွှမ်က အလျင်မလိုဘဲ ဘေးနားတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ထိုအခိုက်။
"ထွက်သွား...အကုန်ဖယ်ကြ!"
ခဏလောက်ကြာတော့ ပတ်ဝန်းကျင်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ဖယ်ရှားခံလိုက်ရကာ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတချို့ ပြေးဝင်လာကြသည်။
"လုရွှမ်! ကောင်လေး တကယ် မင်းဖြစ်နေတာကိုး... မင်းရဲ့အခင်းအကျင်းထဲမှာ ဘာလို့ ပုန်းမနေတော့တာလဲ? အခုတော့ ထွက်လာပြီပေါ့ ဟားဟား... ကောင်းပြီလေ ဒါဆိုငါကမင်းကို ငရဲရောက်သွားအောင် ပို့ပေးရတော့မှာပေါ့"
စကားပြောဆိုသူမှာ နူးညံ့သိမ်မွေ့သော မျက်နှာထားရှိသူ အမျိုးသားတစ်ဦး ဖြစ်သည်။ မုရုန်ထျန်းကျောင်းဆီက ရလာတဲ့ သတင်းအရ အဆိုပါ အမျိုးသားသည် သူတွေ့ခဲ့ဖူးသော မိန်းမဆန်သူ လူငယ်၏ အစ်ကို ဖြစ်လေသည်။
နှစ်ဝက်လောက်က စပြီး အခင်းအကျင်းကို ဖြိုခွဲဖို့ ကြွေးကြော်သံတွေ အများအပြား ထွက်ပေါ်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟာသတစ်ခုလို ဖြစ်လာခဲ့သည်။
လုရွှမ် တစ်ယောက်တည်း အပြင်မှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရသည့် သူ့လူတွေကို ခေါ်ကာ အပြေးအလွှား ရောက်ချလာခဲ့၏။
လုရွှမ် အဘိုးအိုကို လှမ်းကြည့်လိုက်တော့ တစ်ဖက်လူက လှုပ်လှုပ်ရှားရှား လုပ်ချင်စိတ် မရှိတာကို မြင်လိုက်ရသည်။ လူကြီးက သူ့ကို မယုံသေးဘဲ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနေပုံရသည်။
ဘာပဲဖြစ်ဖြစ် လုရွှမ်က အလျှော့ပေးချင်တဲ့ ရည်ရွယ်ချက် မရှိပေ။ ဒီမြေခွေးအိုကြီးက တစ်ခုနဲ့ တစ်ခုထက် သာလွန်တယ်။ သဲလွန်စနည်းနည်းလေးမှ ထုတ်မပြနိုင်ရင် သူဘာအကျိုးအမြတ်မှ မရနိုင်ဘဲ ဆုံးရှုံးသွားရလိမ့်မည်။
ရိုးရှင်းစွာပင် လုရွှမ် ဈေးဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ တစ်ဖက်လူက ရွှေ့ရန် ရည်ရွယ်ချက် မရှိသောကြောင့် ၎င်းကို အခွင့်ကောင်း မယူချင်ခဲ့ပေ။ ထွက်၍ အခြားသူများထံမှ အကူအညီ မလိုအပ်ကြောင်း လုပ်ဆောင်ချက်များဖြင့် သက်သေပြရမည်။
မျှော်လင့်ထားသည့် အတိုင်း ဈေးဆိုင်ပိုင်ရှင် လူအိုကြီးသည် မျက်မှောင်ကြုတ်ကာ လုရွှမ်ကို ပို၍နားမလည်နိုင် ဖြစ်လာခဲ့သည်။
"မင်းတို့လူ ဘယ်နှစ်ယောက် ရှိလဲ? အကုန်တက်လာခဲ့!"
လုရွှမ် လက်ညိုး ထိုးပြလိုက်တဲ့ အရေအတွက်က တော်တော်များလှသည်။ သူတော်စင်တစ်ပိုင်း အဆင့်၂ စုစုပေါင်း သုံးယောက် ဖြစ်၍ ကျန်တဲ့လူတွေ အားလုံးဟာ သူတော်စင်တစ်ပိုင်း အဆင့်၁များ ဖြစ်ကြလေသည်။
သူတော်စင်တစ်ပိုင်း၏ ပထမအဆင့်မှာ တောက်ကျင့်စဥ် နားလည် သဘောပေါက်မှု ဖြစ်ပြီး သူတော်စင်လမ်းကြောင်းက အခြေခံ သဘောတရားများသည် ၎င်းတို့၏ ကိုယ်ပိုင် နိယာမစွမ်းအင်ကို ရောယှက်ထားနိုင်သည်။
တောက်ကျင့်စဥ် သူတော်စင်လမ်းပေါင်း သုံးထောင်ရှိပြီး မိမိနှင့် ကိုက်ညီသော လမ်းကြောင်းကို ရွေးချယ်နိုင်သရွေ့ အသွင်အပြင်သည် သဘာဝအတိုင်း ပြိုလဲမသွားဘဲ အောင်မြင်မှုများ ဆက်လာမှာပင် ဖြစ်သည်။
ရွှေခန္ဓာနယ်ပယ်နဲ့ ပတ်သက်ပြီး အသွင်အပြင်သည် မထင်ရှားတော့ဘဲ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်လာသည်။ စိတ်ဝိညာဉ်သခင် မဟုတ်လျှင် ယေဘုယျအားဖြင့် သူတော်စင်တစ်ပိုင်း အဆင့်၂ ဖြစ်သော အသွင်အပြင်နှင့် ဝိညာဉ်စွမ်းအားတို့သည် တစ်ဆက်တည်း ရောယှက်နေ၏။
ပြင်ပလောက၏ လှည့်ဖြားမှုများကြောင့် လူ့စိတ်အား အလွယ်တကူ ဖြားယောင်း သွေးဆောင်နိုင်ခြင်း မရှိသည့်အပြင် ရုပ်ခန္ဓာသည်လည်း အလွယ်တကူ မပျက်စီးနိုင်ပေ။ ကြီးမားသော ပြင်ပ စွမ်းအားများကို ခုခံနိုင်သောကြောင့် ရွှေခန္ဓာနယ်ပယ်သည် မသေနိုင်သော ခန္ဓာကိုယ်ဟု ဆိုခြင်း ဖြစ်သည်။
ထင်ရှား ပေါ်လွင်နေသော သူတို့၏ခန္ဓာကိုယ်ပတ်၀န်းကျင်ရှိ အသွင်သဏ္ဌာန်များကို ကြည့်ရုံဖြင့် လုရွှမ်အတွက် ၎င်းတို့သည် အချည်းနှီး စွမ်းအားမဲ့များသာ ဖြစ်ကြသည်။
သူတော်စင်တစ်ပိုင်း ပထမအဆင့် ပျံသန်းကောင်းကင်နယ်ပယ်မှ လူများ၏ စွမ်းအားသည်ပင် ပျမ်းမျှသာဖြစ်သည်။
မမျှော်လင့်ဘဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အငယ်တန်းလေး ဖြစ်သော လုရွှမ်သည် သူတို့ကို ရန်စ ဝံ့ကြွားလာခဲ့ရာ ထိုလူအများအပြားလည်း ဒေါသ ထွက်လာခဲ့ကြသည်။
လုရွှမ်အား စကားပြောခဲ့သူ သခင်လေးယင်ရို့သည် သူ့အဆင့်အတန်းကို အားကိုးကာ အော်ဟစ်လိုက်ပြီး လုရွှမ်နှင့် တိုက်ခိုက်ရန် မထီမဲ့မြင်ပြုစွာဖြင့် လက်ညှိုး တစ်ချောင်းထုတ်လျက် အချက်ပြလိုက်သည်။
ထိုအခါ သူတော်စင်တစ်ပိုင်း ပထမအဆင့်မှ ကျင့်ကြံသူများစွာ ပြေးထွက်လာခဲ့သည်။
လုရွှမ်ရဲ့ မျက်လုံးကတော့ ကြည်လင်နေ၏။ သူ့မျက်လုံးများက လမ်းကြောင်းအားလုံးကို ကြည့်နေသည်။ သူ့နားသည်လည်း လမ်းကြောင်း အားလုံးကို နားစွင့်လျက် သူ့ပတ်ဝန်းကျင်က ပြောင်းလဲမှုများကို အာရုံစိုက်ရန် သူ့စိတ်တစ်ပိုင်းကို ခွဲထားသည်။
နောက်ဆုံးတစ်ချက်ကတော့ ဒီလူတွေရဲ့ မျက်လုံးတွေက လွဲမှားနေပြီး ပထမတစ်ချက်မှာတင် မကောင်းတဲ့ အရာတွေမှန်း သိသာလှကာ ခိုးဝင်တိုက်ခိုက်နိုင်ချေလည်း များလေ၏။
သူတော်စင်တစ်ပိုင်း၏ ဝိသေသ လက္ခဏာမှာ တိုက်ခိုက်ခြင်းပင်။ ယခု သူတော်စင်တစ်ပိုင်း အများအပြားသည် လူတစ်ဦးတည်းကို ပူးပေါင်း တိုက်ခိုက်နေကြတာ တကယ် မျက်နှာပျက်စရာ ကောင်းလှသည်။
နဂါးဆင်ရွှေလက်ဝါးသည် နဂါးနဲ့ဆင်တို့ ဟိန်းဟောက်နေသကဲ့သို့ ထွက်ပေါ်လာကာ လုရွှမ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားသည်။ သူ့ထံ ပြေးလာနေသော သူတော်စင်တစ်ပိုင်း သုံးဦးကို ရင်ဆိုင်လိုက်သည်။
၎င်းတို့ အသီးသီးသည် ခွန်အား ပြိုင်ဆိုင်မှု သက်သက် ဖြစ်သည်။
ဝုန်း ဝုန်း ဝုန်း!
တိုက်ခိုက်သံ သုံးချက်မြည်သွားသည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို လှုပ်တောင်မလှုပ်ချေ။ အော်သံများကြားတွင် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ သုံးယောက်သည် နောက်သို့ ပြန်လွင့်သွားကာ အားအပျော့ဆုံးလူမှာ လက်ကျိုးသွားခဲ့သည်။
အဖြူရောင် အရိုးများပင် ပေါ်ထွက်လာ၍ သွေးများလည်း ဖြန်းခနဲ စီးကျလာပြီး မြေပြင်ပေါ်သို့ ကျလာသည့်အခိုက် သူ့သွေးထဲမှ ဝိညာဉ်စွမ်းအင်များ ပွင့်ထွက်လာသည်။ အမှန်မှာ ၎င်းသည် သူတော်စင်တစ်ပိုင်း၏ သူတော်စင် အသွေးဟု မှတ်ယူနိုင်သည်။
လူများစွာသည် ပူလောင်သော မျက်လုံးများဖြင့် သွေးများ ကျဲပြန့်နေသော နေရာကို စိုက်ကြည့်ကာ နှလုံးသားထဲတွင် လျှို့ဝှက်စွာ တွက်ချက်နေလေသည်။
"မင်းကိုယ်တိုင် တက်လာလိုက်... ဒီလူတွေလောက်က ငါ့မျက်လုံးထဲ ဘောင်မဝင်ဘူး!"
လုရွှမ် သခင်လေးယင်ရုံအား ကြည့်ကာ ပြောလိုက်သည်။
ထိုလူက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက ရွှေခန္ဓာနယ်ပယ် ဖြစ်သည်။ သူ့ရှေ့က အဆင့်၁ လူသုံးယောက်ကို သူ့ဘာသာသူ အနိုင်ယူနိုင်သည်ကို ကောင်းစွာသိသော်လည်း လုရွှမ်ကဲ့သို့ ပေါ့ပေါ့ပါးပါးလေး ချေမှုန်းနိုင်ဖို့ကို သူ တတ်နိုင်မည် မဟုတ်ပေ။
တစ်ချက်တည်းနဲ့ ထိုသုံးယောက်ကို လှဲသိပ်လိုက်ဖို့ သူကိုယ်တိုင်တောင် မလုပ်နိုင်ဘူး။
လုရွှမ်ရဲ့ အစွမ်းသတ္တိကို သူကြားသိခဲ့ရသော်လည်း လုံးဝမယုံကြည်ခဲ့ပေ။ နောက်တော့ သူက ရန်သူကို ဖျက်ဆီးဖို့ အခင်းအကျင်း ဖွဲ့စည်းပုံတွေကို သုံးမည်။ ရွှေခန္ဓာနယ်ပယ်မှာ ရှိနေတာကြောင့် သဘာဝအတိုင်း လုရွှမ်ကို အနိုင်ယူဖို့က ပြဿနာမရှိဘူးလို့ တွေးခဲ့မိသည်။
ယခုတော့ သူသည် သူထင်ထားတဲ့အားလုံး ပြောင်းလဲသွားတာကို ရုတ်တရက် သဘောပေါက်လိုက်သည်။ ဒီကောင်က တကယ်တိုးတက်တာ အရမ်းမြန်လွန်းတယ်။
သူက သူ့ညီအစ်ကိုကို မျက်စောင်းထိုးပြပြီး ကျယ်လောင်စွာ အော်လိုက်၍ လုရွှမ်ကို လက်သီးနဲ့ ပြေးထိုးလိုက်သည်။ ပြေးသွားပြီးနောက် ခန္ဓာကိုယ်က ရုတ်တရက် ဘေးသို့ ရှောင်ထွက်သွားသည်။
လုရွှမ် အေးစက်စွာ လှောင်ရယ်လိုက်သည်။ ဒီလှည့်ကွက်ကို သူ့အရင်ဘဝက ဘယ်လောက်ထိတောင် ကြုံဖူးလဲ မသိတော့ပေ။ လက်ဖဝါးနဲ့အတူ သူ့နောက်မှာ တိတ်တဆိတ် လူတစ်ယောက် ပေါ်လာပြီး နောက်ကျောကို ခိုးဝင်တိုက်ခိုက်လာခဲ့သည်။
ပစ်မှတ်က သူ့ခေါင်းကို ဖောက်ခွဲကာ သတ်ပစ်လိုက်ဖို့ပင်။
ဝုန်း!
လက်ဝါးနှစ်ဖက်က ဝိညာဉ်စွမ်းအားနှင့် မူလစွမ်းအားတို့ ရောထွေးကာ တိုက်မိသွားသည်။ လေပွေလှိုင်းနှစ်ခု တိုက်မိသလိုပဲ သူတို့ပတ်ဝန်းကျင်က အရာအားလုံးဟာ ချက်ချင်း လွင့်စင်သွားသလို သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ များစွာတောင် ဒီလို ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဟုန်ကို မခုခံနိုင်တာကြောင့် ဆက်တိုက် ဆုတ်ခွာသွားကြရသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေဆို ပြောစရာပင် မလိုပေ။ သူတို့ရဲ့ အကွာအဝေးက အရမ်းနီးကပ်နေလို့ သွေးတွေအောင် ထွေးထုတ်လိုက်ရသည်။
တအံ့တသြဖြင့် အကြိမ်ကြိမ် ကျောခိုင်းကာ နောက်ဆုတ်သွား၏။ သူ့စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်ကာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
နတ်ဆေးလုံးရေကန်က ဒီလောက် အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုမျိုး ရှိနိုင်လို့လား?
အရိပ်လူသတ်ခန်းမကို ဝင်ရောက်ခြင်းက အမှန်တကယ်ပဲ လေ့ကျင့်ရန် ဖြတ်လမ်းတစ်ခု ဖြစ်သွားနိုင်သည်။ လူများစွာသည် ယခုအချိန်တွင် စိတ်လှုပ်ရှားနေကြလေပြီ။
အရိပ်လူသတ်ခန်းမရဲ့ လူသစ်စုဆောင်းမှု အရှိန်သည် အလွန်နှေးကွေးသွားကာ တချို့မှာ နုတ်ပင် ထွက်ခဲ့ရသည်။
ယခု လုရွှမ်၏ ထူးကဲသော စွမ်းအားကြောင့် ကျင့်ကြံသူများ အားလုံး၏ နှလုံးသားမှာ တစ်ဖန်ပြန်လည် လှုပ်ခတ်သွားပြန်သည်။
"ဖူး....."
ခိုးဝင်တိုက်ခိုက်မှု နောက်ကွယ်မှ လူသည် သွေးတစ်လုတ် အန်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဆုတ်ခွာသွားခဲ့သည်။
သူတို့သည် ရွှေခန္ဓာနယ်ပယ်၌ အစွမ်းထက်သော်လည်း လုရွှမ် ဤလူများကို အစောကတည်းက သတိထားမိခဲ့သည်။ ယခင်ဘဝက တိုက်ခိုက်ခံရသည့် မြင်ကွင်းသည် လုရွှမ် စိတ်ထဲမှာ အမြဲစွဲနေခဲ့သည်။
ခိုးဝင် တိုက်ခိုက်နေသော လူများ၏ ပစ်မှတ်မှာ လုရွှမ်ရဲ့ နှလုံးတည့်တည့်ကို ဖြစ်တာကြောင့် ပို၍ ရွံမုန်းသွားခြင်း ဖြစ်သည်။
သူသုံးလိုက်တဲ့ လက်ဝါးချက်က သူ့ရဲ့ ယွမ်ချီ၊ စိတ်စွမ်းအား၊ နဂါးနှလုံးရဲ့ အထူးစွမ်းအင်နဲ့ ရွှေအရှိန်တို့ ပေါင်းစပ်ထားသောကြောင့် စွမ်းအားအားလုံးကို ဤလက်ဝါးထဲတွင် စုစည်းထားခဲ့သည်။
ရွှေခန္ဓာနယ်ပယ် ဘယ်လောက်ပဲ သန်မာနေပါစေ ဒီလက်ဝါး တစ်ချက်ရှေ့မှာပဲ အရှုံးပေးလိုက်ရလိမ့်မည်။