← Chapters

သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်

Vol. 39 Ch. 4.105

သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်

Vol. 39 Ch. 4.105

လုရွှမ်တစ်ယောက်တည်း သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ်မှ လူကို အမှန်တကယ် အနိုင်ယူခဲ့သည်ကို လူအများက ထိတ်လန့်တကြား ကြည့်နေကြ​လေသည်။

အရင်တုန်းကတော့ လူတွေက လုရွှမ်ဟာ အခင်းအကျင်းရဲ့ စွမ်းအားနဲ့ နတ်ဆေးလုံး ရေကန်ရဲ့ မှော်အတတ်ကို အားကိုးပြီး မောက်မာနေခဲ့တာလို့ တွေးတောကြံဆခဲ့သည်။ ဒါပေမဲ့ ဒီနေ့မှာတော့ လူတွေဟာ သူတို့ရဲ့ တွေးခေါ်မှုကို ပြောင်းလဲလိုက်သင့်ကြောင့် နားလည်သွားကြ၏။

ဒါက သူရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ အနိုင်ယူသွားတာလေ။

သူတို့မှားသွားသော ကိစ္စမှာ လုရွှမ်က နတ်ဆေးလုံးရေကန်ဟာ သန်မာလွန်းတာ​ကြောင့် သိမ်းပိုက်ခဲ့ခြင်းဟုပင်။ တကယ်တော့ လုရွှမ်က နတ်ဆေးလုံးရေကန်ကို အသုံးချနေရုံသာ။

အခင်းအကျင်း ဆိုတာကလည်း လုရွှမ်လက်ထဲက ထွက်လာခဲ့တာ ဖြစ်သလို အပြင်းထန်ဆုံးက ထိုအခင်းအကျင်းတွေ မဟုတ်ဘဲ လုရွှမ်ရဲ့ ကိုယ်ပိုင်ခွန်အား ဖြစ်နေခဲ့လေသည်။

ဈေးဆိုင်ပိုင်ရှင်၏ မျက်လုံးများသည်လည်း လေးနက်လာပြီး လျှပ်စီးရောင်များဖြင့် တဖျတ်ဖျတ် တောက်ပနေသည်။ ထိုအခိုက် သခင်လေးယင်ရုံသည် အခြေအနေ မဟန်တော့မှန်း သိတာကြောင့် ချက်ချင်း လှည့်ပြေးတော့သည်။

"ဟမ့်! မင်းဘယ်သွားမလို့လဲ!"

လုရွှမ် ပြင်းထန်စွာ အော်လိုက်သည်။ သူ့ကို လာရိုက်လိုက်မှတော့ ဘယ်ကို ထွက်ပြေးချင်နေတာလဲ။

လုရွှမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ထိုထွက်ပြေးသွားသော သခင်လေးအား လက်သီးဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ သူ့ရဲစွမ်းသတ္တိကို ကြောက်လန့်ပြီး ရွှေခန္ဓာနယ်ပယ်က ခွန်အားလည်း မရှိတော့ပေ။

ယခုအချိန်တွင် သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်လောက်ပင် အသုံးမကျတော့ချေ။

အထိတ်တလန့်ဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက်ရာ ကျိုးပဲ့သွားသော အသံနှစ်ချက်နဲ့အတူ ပါးစပ်က သွေးတွေ ထွက်လာပြီး ထိုသခင်လေးရဲ့ ခန္ဓာကိုယ်မှာ မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားတော့သည်။

"ငါ့ကိုကယ်ပါ!!"

လုရွှမ် ရှေ့သို့လှမ်းကာ ခြေနှစ်ချောင်းကို ချိုးပစ်လိုက်သည်။ ထိုသခင်လေး၏ ခြေဖဝါးပေါ်ရှိ ရွှေရောင်ကိုယ်ထည် ပုံစံသည် ပေါက်ကွဲထွက်ကာ သူ၏ ကျင့်​ကြံ​မှုအခြေခံလည်း ဖျက်စီးခံလိုက်ရ​လေသည်။

"မင်း……"

"သွားသေလိုက်တော့!"

လုရွှမ်သည် ပျော့ပျောင်းသော လူငယ်လေး၏ ဦးခေါင်းကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။

ထိုသခင်လေး၏ သွေးများ ကျဆင်းလာချိန်တွင် အရိုးကျိုးသွားကာ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးကြပြီး လုရွှမ်ကို သေ​ခြင်းရဲ့ နတ်ဘုရားကို ကြည့်နေရသကဲ့သို့ အလွန်အမင်း တုန်လှုပ်သွားကြသည်။

လုရွှမ် တစ်ချက် ကြည့်လိုက်သောအခါ မတိုင်ခင်က ခိုးဝင်တိုက်ခိုက်ခဲ့သည့် ရွှေခန္ဓာနယ်ပယ်က ကျင့်ကြံမှာ ချက်ချင်း ဒူးထောက်ချလိုက်ပေ၏။ ကြောက်ရွံ့ထိတ်လန့်ပြီး ဘယ်ကိုပြေးနေပါစေ ပြေးမလွတ်နိုင်သလို တိုက်လည်း မတိုက်နိုင်တော့ဘူးလေ။

ဒါ့အပြင် သူ့ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန် ရနေပြီ။ ဆက်တိုက်နေရင် နှစ်ဖက်စလုံး ထိခိုက်ကုန်လိမ့်မည်။

လုရွှမ်၏ မျက်လုံးများ မှေးမှိန်သွားကာ အသက်မဲ့ အေးစက်မှုများနှင့် ပြည့်နှက်နေသော မျက်လုံးများကို မြင်လိုက်ရတော့ သူသည် အလိုလို မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

ဘယ်သူကမှ မရယ်ဝံ့ကြပါ။ သူတို့သာ ရယ်လိုက်ရင် မြေကြီးပေါ်မှာ ဒူးထောက်နေရတာက သူတို့ ဖြစ်သွားနိုင်တယ်လေ။

သေတာထက် အသက်ရှင်နေတာက ပိုကောင်းပါတယ်လေ။ အကြာကြီး ကြိုးကြိုးစားစား ကျင့်ကြံထားတာက အသက်ရှည်ဖို့ပဲ မဟုတ်ဘူးလား။

လုရွှမ်က ဒူးထောက်ခဲ့တဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူရဲ့ ဦးခေါင်းကို သေတဲ့အထိ ကန်ကျောက်ခဲ့သည်။ ဒီကန်ချက်က လူတိုင်း မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ ဖြစ်သည်။

တစ်ဖက်က အသက် ချမ်းသာပေးဖို့ ဒူးထောက်ခဲ့ပြီ မဟုတ်ဘူးလား? ဘာကြောင့် မလွှတ်ပေးတာလဲ?

လုရွှမ် နတ်ဆေးလုံးရေကန်ကို သိမ်းပိုက်ခဲ့စဥ်က သူသည် သူ၏လက်အောက် ငယ်သားများ အဖြစ် သူတော်စင်တစ်ပိုင်း တချို့ကို ခေါ်ယူခဲ့သည် မဟုတ်လား။

တစ်ဖက်က အဆင့်၂ ရွှေခန္ဓာနယ်ပယ် ဆိုပေမယ့် သူက နည်းနည်းလေးတောင် မစဥ်းစားဘဲ သတ်ပစ်ခဲ့တယ်တဲ့လား။

ဖြုန်းတီးပစ်ရာ မကျဘူးလား?

"တိုက်ပွဲဝင် စိတ်ဓာတ်မရှိတဲ့ သူပဲ... ချန်ထားတော်ရော ဘာအကျိုးရှိမှာလဲ!"

"ဒါ့အပြင် ငါအမုန်းဆုံးအရာက သစ္စာဖောက်တဲ့သူတွေပဲ... အထူးသဖြင့် နောက်ကနေ ခိုးဝင်တိုက်ခိုက်တဲ့ လူတွေပဲ... မင်းမှာ နှစ်ခုလုံးရှိတယ် မင်းမသေရင် ဘယ်သူက သေရမှာလဲ?"

တကယ်တော့ လုရွှမ် ဒီလူကို ထိန်းထားရမလားဆိုပြီး ခဏလောက် စဉ်းစားလိုက်မိသေးသည်။ သို့သော်လည်း ဒီအတွေးက ခဏတာသာ လင်းလက်သွားပြီး သူ့စိတ်ထဲမှာ ဖယ်ထုတ်ပစ်လိုက်သည်။

ဒီလူကိုမသတ်ရင် တခြားလူတွေ သူ့အပေါ် အထင်ကြီးသွားလိမ့်မယ်။ လုရွှမ်ကိုလုပ်ကြံပြီး လုရွှမ်ရဲ့ရန်သူ ဖြစ်သွားရင်တောင် မင်းသေမှာမဟုတ်ဘူး ဆိုတဲ့ စကားတွေ၊ လုရွှမ်က သူတို့ကို လိုအပ်တာကြောင့် သူလိုချင်သလောက်ပဲ သတ်ပစ်ချင်လိမ့်မယ် ဆိုတဲ့ အကြောင်းက ပေါ်လာလိမ့်မည်။

အဲဒါကပိုပြီး ကိုယ့်ဒုက္ခကို ရှာနေသလို ဖြစ်နေမှာပဲ။

သူ့ကို ရိုးရိုးရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား သတ်ပစ်လိုက်တာက သူနဲ့သာ ရန်သူဖြစ်ဝံ့ရင် သတ်ပစ်ဖို့ အသင့် ဖြစ်​နေတယ် ဆိုတာကို လူတိုင်းသိအောင် ပြသလိုက်တာပင်။

ထိတ်လန့် တုန်လှုပ်နေသော လူအုပ်ကြီးသည် အဝေးတစ်နေရာတွင် ပုန်းအောင်းနေကြကာ အသက်ရှုကိုပင် ကျယ်ကျယ် မရှူဝံ့ဘဲ တိတ်ဆိတ် ငြိမ်သက်နေကြသည်။

လုရွှမ်သည် ဈေးဆိုင်ပိုင်ရှင်ရှေ့သို့ တည်ငြိမ်သော အမူအရာဖြင့် ပြန်လာခဲ့ပြီး ယခင်က ဖြစ်ပျက်ခဲ့သော အရာများသည် သူ့စိတ်ခံစားချက်ကို လုံးဝထိခိုက်စေခြင်း မရှိသည့် အတိုင်းပင်။

"အဘိုးကြီး ခင်ဗျား စဥ်းစားတာ ဘယ်လိုလဲ?"

အဘိုးကြီးမှာ လုရွှမ်တဲ့ ပြတ်ပြတ်သားသား သတ်ပစ်ရဲတဲ့ သတ္တိကို စိတ်ထဲကနေ ချီးကျူးနေမိသည်။ ဒီကလေးက တောက်ပတဲ့ အနာဂတ်ရှိနေရာ သူနဲ့သာ အနာဂတ်မှာ သူငယ်ချင်းဖြစ်လာနိုင်ရင် ရန်သူဖြစ်လာတာထက် အဆ ၁၀,၀၀၀ ပိုကောင်းလိမ့်မည်။

သူ မသိစိတ်က လုရွှမ်ကို တန်းတူညီမျှ လုပ်ဖော်ကိုင်ဖက်အဖြစ် မှတ်ယူလိုက်ပြီး အပြုံးလေးနဲ့ ပြန်ဖြေလိုက်၏။

"သေချာစဥ်းစားပြီးပြီ... မိတ်ဆွေလု ကျုပ်နဲ့ လိုက်ခဲ့ပါ"

လုရွှမ်ရဲ့ ခွန်အားကို သူအသိအမှတ် ပြုထားပြီးဖြစ်ကာ သူငယ်ချင်းလေးမှ မိတ်ဆွေလု အဖြစ်သို့ တိုက်ရိုက် ရာထူးတိုးမြှင့် ခံလိုက်ရ​တော့သည်။

လုရွှမ်ကတော့ ပြုံးရုံသာပြုံးလိုက်သည်။ သူ့အမြင်အရတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စတစ်ခုပဲ။ တစ်ဖက်လူက သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်လေးပဲလေ။ သူ့မျက်လုံးထဲ သိပ်ပြီး ဘောင်ဝင်မနေပါဘူး။

လျှပ်စီးနယ်ပယ်၏ ပျံသန်းနိုင်သော အမြန်နှုန်းသည် လုရွှမ်ထက် ပိုမိုမြင့်မားနေဆဲ ဖြစ်သည်။ လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်တိုးမြင့်လာကာ ဖီးနစ်အတောင်နှင့် ရွှေအရှိန်၏ ကောင်းမှုကြောင့်သာ စျေးဆိုင်ပိုင်ရှင်ကဲ့သို့ လွယ်ကူစွာ ပျံသန်းနိုင်ခြင်း ဖြစ်သည်။

သုံးရက်သုံးညလောက် သူတို့နှစ်ယောက် ကောင်းကင်ယံမှာ ရေစီးကြောင်း နှစ်ခုလို ပြေးလွှားနေခဲ့ကြသည်။ အဘိုးအိုက လုရွှမ်ကို သူ့စိတ်ထဲတွင် ရွယ်တူချင်း မိတ်ဆွေဟု မှတ်ယူကာ သူတော်စင်လူကြီးဟုပင် အမည်ပေးခဲ့သည်။

သုံးရက် ကြာပြီးနောက်တွင် လုရွှမ်တစ်ယောက်တော့ ထိန်းထားနိုင်မည် မဟုတ်ဟု မူလက သူထင်ခဲ့သည်။ နောက်ဆုံးတွင် ဤအမြန်နှုန်းမြင့် အဆက်မပြတ် ပျံသန်းမှုသည် လုရွှမ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

မမျှော်လင့်ဘဲ လုရွှမ်ရဲ့ အရှိန်က သူ့နောက်မှာ အများကြီး ကျန်နေသေးပေမယ့် ဒီခံနိုင်ရည်က အဖိုးအိုကိုပင် တိတ်တဆိတ် ထိတ်လန့်သွားစေခဲ့သည်။

သူ့နှလုံးသားထဲမှာ နောက်ဆုံးတော့ လုံး၀ ရှင်းသွားခဲ့ပြီ။ တစ်ဖက်လူက အနာဂတ်မှာ သူ့အတွက် အကူအညီကောင်းတစ်ခု ရလာလိမ့်မည်။

သုံးရက်ကျော် ကြာသွားသောအခါ ၎င်းတို့နှစ်ဦး၏ အရှိန်သည် နတ်ဆေးလုံးမြို့ထက် မိုင်ပေါင်းများစွာ ဝေးကွာနေပြီ ဖြစ်သည်။

လုရွှမ် ဒီအနောက်ဖက်စူးစူးမှာ သုခဘုံလို နေရာတစ်ခု ရှိနေမယ်လို့ မထင်ထားခဲ့ချေ။ သူတို့ ဧကရာဇ်အင်ပါယာ တစ်ခုရဲ့ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီး ဤနေရာအကြောင်းကို မည်သူမျှ မသိကြသလိုပင်။

သဘာဝအတိုင်း ဤနေရာတွင် ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကို စီရင်ထား၏။ လုရွှမ်ရဲ့ အမြင်အရ ဒီအခင်းအကျင်းက တော်တော်လေး အားကောင်းလှသည်။ သူသာ သူတော်စင်မြက်ကို ခိုးယူလိုပါက အလွယ်တကူပဲ ဖမ်းမိသွားနိုင်သည်။

အခင်းအကျင်းကြီးထဲသို့ လျှောက်လှမ်းရင်း တောင်များတစ်လျှောက်ရှိ သူတော်စင် ဝိညာဉ်မြက်ပင်များသည် ကောင်းကင်ယံမှ ကြည့်ရသည်ထက် များစွာပို၍ ကြီးကျယ် ခမ်းနားတာကို တွေ့ရလေ၏။

ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းမှုတွင် အဘိုးကြီး သုံးဦးရှိ၍ အားလုံးမှာ ထူးကဲသော ခွန်အားများ ရှိကြသည်။ ၎င်းတို့ အားလုံးသည် အဆင့်၃ လျှပ်စီးနယ်ပယ်မှာ ရှိကြလို့ လုရွှမ်ပင် တိတ်တဆိတ် ထိတ်လန့်မိသွားသည်။

အဘိုးကြီး ဒီလောက်များတဲ့ သူတော်စင်နယ်ပယ်က ဝိညာဥ်အပင်တွေကို ထုတ်ယူလာရဲတာ အံ့သြစရာတော့ မဟုတ်ပေ။ သူ့နောက်မှာ အင်အားကြီးတစ်ခု ရှိနေတာပဲ။

သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်က လူ၄​ယောက်။ ဒီနေရာမှာ လှည့်ကွက်တွေ ကစားချင်တဲ့ ဘယ်သူမဆို ခေါင်းဖြတ်ခံရမှာတော့ အသေအချာပင်။

အဘိုးကြီးက သူတို့နဲ့ မိတ်ဆက်ပေးလာသည်။ ၎င်းတို့သုံးဦးသည် သူ၏ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်​ကြသည်။ လုရွှမ် သူတို့ကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လိုက်သည်။

အဘိုးကြီးက မျိုးဆက်တူ သူငယ်ချင်းလို မိတ်ဆင်ပေးစဥ် သုံးယောက်သား ငြိမ်သက်နေကြကာ သူတော်စင် ဝိညာဉ်မြက်များ​ကြောင့် လိုက်လာရသည့် အကြောင်းရင်းကြောင့်ဟု ယူဆလိုက်ကြပုံပင်။

လုရွှမ်အတွက် အကြပ်အတည်း တစ်ခုရှိလာပြီ။ တိုက်ခိုက်လို့ မနိုင်လျှင်ပင် သူမကြောက်ပေ။ သူ့တွင်အမြန်ဆုံး ရွှေအရှိန်ရှိလို့ အေးအေးဆေးဆေး လွတ်သွားနိုင်သည်။

သူတို့ လိုက်ဖမ်းရင်တောင် နတ်ဆေးလုံးမြို့ကို ပြန်ရောက်နေသမျှ ဒီလူတွေဟာ ဘာမှလုပ်နိုငိတာ မရှိတော့ပေ။

သို့သော် ဤစစ်ပွဲကို ရှောင်ရှားနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

"အိုး ဒီဝိညာဉ်မြက်တွေရဲ့ လက္ခဏာတွေရဲ့ အကြောင်းရင်းကို မင်းတကယ် ကုသပေးနိုင်မှာလား?"

အဘိုးအိုရဲ့ ရှင်းပြချက်ကို ကြားတော့ တခြား အဖိုးအိုက လှမ်းအော်မေးလာ၏။ လုရွှမ်က ခေါင်းညိတ်ပြပြီး အဘိုးကြီးကို ပြန်ကြည့်လိုက်သည်။ ထိုအခါ အဘိုးကြီးက

"ညီလေးလု... မင်းလည်း သူတော်စင် ဝိညာဉ်တော်မြက်ရဲ့ အသွင်အပြင်ကို မြင်ပြီးပြီပဲ.... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ"

လုရွှမ်လည်း အပိုစကားတွေ ပြောရန် စိတ်မ၀င်စားပေ။ သူ့စိတ်ထဲတွင် ရွှေကျီးကန်း၏ အော်ဟစ်သံသည် နားပေါက်လုနီးပါး ​ပေါ်ထွက်လာ၏။

"မြန်မြန်.... နဂါးဝိညာဉ်မြက်က နေ့တစ်ဝက်အတွင်း ဝိညာဉ်စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးတော့မယ်.... အဲဒီအချိန်ရောက်ရင် ငါတို့ဘာလုပ်လုပ် အချိန်မမီတော့ဘူး"

နဂါးဝိညာဥ်မြက်၏ တည်နေရာကို အာရုံခံရင်း လုရွှမ် တိုက်ရိုက်ပဲ လမ်းလျှောက် ထွက်လာခဲ့တော့သည်။

All Chapters