ယွိလင်းလုံ
Vol. 40 Ch. 4.106
"ဒါ……"
လုရွှမ်၏ အမူအရာကို မြင်ရသောအခါ သူတော်စင်တစ်ပိုင်း ညီအစ်ကိုများသည် မငြိမ်မသက် ဖြစ်လာသော်လည်း မိမိကိုယ်ကို ချုပ်နှောင်မှုအောက်တွင် လုရွှမ်၏ လှုပ်ရှားမှုများကို ငြိမ်သက်စွာ ကြည့်ရှုနေကြဆဲ ဖြစ်သည်။
သူတို့လည်း လှုပ်ရှားချင်ကြတာပေါ့။ ဒီနေရာက ကောင်းကင်နဲ့ မြေကြီးစွမ်းအင်တွေနဲ့ သုခဘုံဖြစ်သလို သူတို့ နားမလည်နိုင်သော ပြောင်းလဲမှုတစ်ခုကလည်း ဖြစ်ပေါ်နေခဲ့သည်။
တစ်ကြိမ် ရှိလျှင် နှစ်ကြိမ်လည်း ရှိလာနိုင်တာကြောင့် သတိထားနေရတာက အကောင်းဆုံးပဲ ဖြစ်လေသည်။
နဂါးဝိညာဉ်မြက်ပင်ကိုလည်း စစ်ဆေးကြည့်ရာ ကွာခြားမှု အနည်းငယ်မျှ မတွေ့ခဲ့ရပေ။ အဲဒါက အတိအကျ ဘာဖြစ်နေမှန်း နားမလည်တာကြောင့် သူတို့ကို ပိုပိုပြီး စိုးရွံ့လာစေသည်။
လုရွှမ်က ပို၍ပင် စိုးရွံ့နေခဲ့သည်။ ဤမျှကြီးမားသော ဝိညာဉ်မြက်ပင် အခင်းကြီးကြောင့် နဂါးဝိညာဥ်မြက် တုံ့ပြန်လာမယ့် အချိန်စောသွားရင် သူ့အတွက် အချိန်နှောင်းသွားမည်ကို သူကြောက်နေခြင်းပင်။
သူသည် ပျံသန်းသွားသလိုမျိုး လှုပ်ရှားလိုက်ကာ စိမ်းပြား နဂါး၏ အငွေ့အသက်ကို ခဏတာ စုပ်ယူလိုက်သည်။ နဂါးဝိညာဥ်များကို ဆွဲထုတ်ပြီး နောက်ကျောက တောင်းထဲကို ပစ်ချလိုက်ပြီး ဒီဆေးခင်းထဲမှာ အဆက်မပြတ် ပြေးလွှားနေ၏။
သူ့ပုံစံကို ကြည့်ပြီး လူလေးယောက်မှာ တဖြေးဖြေး အံ့သြလာခဲ့ကာ သူတို့ ဘယ်တော့မှ အဲ့လောက်ထိ မလုပ်နိုင်မှန်း နားလည်လာကြသည်။ ဒါပေမဲ့ လုရွှမ်ရဲ့ အသွင်အပြင်ကို ကြည့်ရင် သူသည် ပျင်းရိပုံ မပေါ်တာကြောင့် သူတို့ကို အနည်းငယ် သံသယ ဖြစ်မိလာသလို အပြစ်ရှိစိတ်ကိုလည်း ခံစားလာရစေသည်။
လုရွှမ် မြေပြင်မှ ပေါင်းပင်အစုအဝေးကို ဆွဲထုတ်လိုက်သောအခါ သူတော်စင် ဝိညာဉ်မြက်ပင်များ၏ အငွေ့အသက်သည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာကို သူတို့ ခံစားလာရသည်။
လုရွှမ်သည် သူလိမ်ညာနေခြင်း မဟုတ်ကြောင်းကိုလည်း ပြသခဲ့ပြီး သူတို့၏ မျက်လုံးများထဲတွင် ဤသူငယ်ချင်းလေးနှင့် ပေါင်းသင်းရလောက်အောင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်လာခဲ့ကြသည်။
လုရွှမ်ရဲ့ စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကိုသာ သူတို့သိရင် လေးယောက်စလုံး သူ့ကို သတ်ပစ်ချင်နေလိမ့်မည်။
"ကြိုးစားထား.... ကြိုးစားထား!"
ကျီးကန်းက ပြင်းပြင်းထန်ထန် ဟောက်ပြီး ကလေးမလေးက လုရွှမ်ရဲ့ ထွက်ပေါက် ခုနစ်ပေါက်ကို မီးခိုးထွက်အောင် လုပ်လိုက်ပါတော့သည်။ ဘယ်လောက်ပဲ အလုပ်ကြိုးစားလုပ် ရတဲ့ အကျိုးကျေးဇူးတွေ အားလုံးက သူ့အပေါ်သာ ကျရောက်လာမှာ မဟုတ်လား။
ဤသို့ဖြင့် တစ်နေကုန်သော် လုရွှမ် နောက်ဆုံးတွင် နဂါးဝိညာဥ်မြက်ပင် အားလုံးကို ဆွဲထုတ်ပြီး တောင်းကြီး တစ်လုံးကို သူ့နောက်ကျောတွင် ထမ်းထားလိုက်သည်။
သိပ်မယုံကြည်သော်လည်း ပေါင်းပင်များကို စစ်ဆေးကြည့်ပေမယ့် ဘာမှမခံစားနိုင်သော လူအိုလေးယောက်ကို တွေ့လိုက်ရသည်။ စိမ်းပြာ နဂါးကြီးရဲ့ ဝိညာဥ်စွမ်းအင်သည် ဝိညာဉ်တစ်ခုရှိပြီး ၎င်းသည် သူ့အလိုလို ပုန်းကွယ်နေလိမ့်မည်။
စိမ်းပြားနဂါး၏ နှလုံးသားဖြင့် စွဲဆောင်နိုင်သော သူ့ကို တွေ့သော အခါမှသာလျှင် နဂါးဝိညာဉ်မြက်ပင်မှ ထွက်သက်ဝင်သက်များ လွင့်ထွက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာမည်ဖြစ်သည်။
အချိန်အတော်ကြာ စစ်ဆေးပြီးနောက် သူတို့လေးယောက်သည် ထိုအပင်များကို တွန့်ဆုတ်စွာ စွန့်ပစ်လိုက်ကြသည်။ သူတော်စင် ဝိညာဉ်အပင်များ တဖြည်းဖြည်း တောက်ပြောင်လာကာ ဝိညာဉ်စွမ်းအင်များ ပြန်လည် ပေါက်ဖွားလာတာကို တွေ့လိုက်ရသဖြင့် လူတိုင်းသည် လုရွှမ်အား အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်နေကြလေသည်။
လုရွှမ် ပေါင်းပင်များ အနားသို့ လျှောက်သွားသော် ရုတ်တရက် နဂါးဝိညာဉ်မြက်ပင်မှ စိမ်းပြာနဂါး၏ အငွေ့အသက်မှာ ပိုမို ကြီးကျယ်လာပြီး လုရွှမ် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။
ဤသူတော်စင်တစ်ပိုင်း အဘိုးကြီး သုံးယောက်က စွမ်းအားအရှိဆုံး ဖြစ်လို့ တစ်စုံတစ်ခုကို ဖျတ်ခနဲ ခံစားလိုက်ရသည်။ သို့သော် သူတို့သည် ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ထပ် မလှုပ်တော့ပေ။
ဒီပေါင်းပင်လို့ ခေါ်တဲ့ အပင်တွေက လုရွှမ် အပေါ်မှာ သက်ရောက်မှုရှိရမယ်။ မဟုတ်ရင် သူရှာတွေ့မှာ မဟုတ်ဘူး ဆိုတာ သူတို့ သေချာပေါက် သိတယ်လေ။
ထို့ကြောင့် သူတို့သည် တစ်ပင်ကို ဝှက်ထားပြီး နောက်ပိုင်းတွင် အကဲဖြတ် လေ့လာရန် ဆုံးဖြတ်လိုက်၏။ သူတို့၏စိတ်ထဲတွင် သူတော်စင် ဝိညာဉ်မြက်ပင်ကဲ့သို့ မည်သည့် ပေါင်းပင်မဆို ထိရောက်နိုင်သည်ဟု ပုဂ္ဂလဓိဋ္ဌာန်ထင်မြင်နေသေးသည်။
ဒီအတွေးက သူတို့ကို အနာဂတ်မှာ နဂါးဝိညာဉ်မြက် ဆိုတဲ့အရာ ရှိနေတာကို သိစေပြီး ဒေါသအရမ်းထွက်ကာ တွင်းခုနစ်ပေါက်ကနေ သွေးထွက်လုနီးပါး ဖြစ်လာမှာပင် ကြောက်ရ၏။
ခဏအကြာတွင် လုရွှမ်သည် နဂါးဝိညာဥ်မြက်မှ အငွေ့အသက်တွေကို အပြည့်အဝ စုပ်ယူလိုက်ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်အတွင်း စိမ်းပြာနဂါး၏ နှလုံးခုန်သံသည် အနည်းငယ် ပိုအားကောင်းနေပုံရပြီး သူ့ခန္ဓာကိုယ် အတွင်း ပိုမိုသန်စွမ်းလာသည်ကို ခံစားလိုက်ရသည်။
ခန္ဓာကိုယ် အရေပြားပေါ်တွင် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ဖြင့် နဂါးပုံစံများ ရှိနေပြီး ပုံမှန်မဟုတ်သော မာကြောမှုကိုပင် ခံစားရသည်။
လူအိုလေးယောက်သည် သူတော်စင် ဝိညာဉ်အပင် တချို့ကို ပြင်ဆင်ထားပြီး ဖြစ်လို့ လုရွှမ်လည်း ၎င်းကိုယူကာ လူတိုင်းအား နှုတ်ဆက် ထွက်ခွာလာခဲ့သည်။
ဤအင်ပါယာသည် အဆင့်နိမ့်သော ဧကရာဇ်အင်ပါယာ ဖြစ်သည်။ သူတော်စင်တစ်ပိုင်း အဖိုးအို၏အဆိုအရ ၎င်းအား ဆူးယန် ဧကရာဇ်အင်ပါယာဟု ခေါ်တွင်ပြီး အင်ပါယာကို တည်ထောင်ခဲ့သူ၏ အမည်ဟု ဆိုလေသည်။
သို့သော် သူ၏ ခွန်အားမရှိမှုကြောင့် အနှစ်တစ်ရာ ကျော်ပြီးနောက် ကြိုးဆွဲချ သေဆုံးသွားခဲ့ပြီး ဧကရာဇ်အင်ပါယာကလည်း တော်ဝင်အင်ပါယာ တစ်ခု ဖြစ်လာခဲ့၏။
သူဒီကို ရောက်လာတုန်းကလောက် စိတ်မပူတော့တာမို့ လုရွှမ်ရဲ့ အပြန်လမ်းက သဘာဝကျကျ နှေးကွေးသွားပြီး လမ်းတစ်လျှောက် အေးအေးဆေးဆေး ပတ်ဝန်းကျင်ရှုခင်းကို ကြည့်နေခဲ့သည်။
တစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံပြီးနောက်မှာ အရမ်းပင်ပန်းတယ်လို့ ခံစားရတဲ့အတွက် လမ်းလျှောက်ထွက်ပြီး သူ့စိတ်နှလုံးကို လွှတ်ထားလိုက်ချင်သည်။
ရုတ်တရက် ညည်းတွားသံနှင့်အတူ ဝိညာဥ်သားရဲ၏ အူသံက သူအောက်ရှိ တောအုပ်ထဲမှ ထွက်ပေါ်လာ၏။
လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် ယခုအချိန်တွင် အလွန် ပြင်းထန်လာသဖြင့် ၎င်းသည် သူတော်စင်တစ်ပိုင်း ပထမအဆင့်နှင့် ကိုက်ညီသော သူတော်စင်တစ်ပိုင်း ပထမအဆင့် ဝိညာဥ်သားရဲဖြစ်ကြောင်း ချက်ချင်း ခံစားမိလိုက်ရသည်။
သို့ရာတွင် သူတော်စင်တစ်ပိုင်း အဆင့်၁ သားရဲများ၏ ခွန်အားသည် လူသား ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်လေသည်။ ၎င်းသည် သူတော်စင်တစ်ပိုင်း ပထမအဆင့် ကျင့်ကြံသူ သုံးယောက်ကိုပင် ချေမှုန်းပစ်နိုင်သည်။
လုရွှမ်သည် သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် ပျံဆင်းသွားခဲ့သည်။ ထူးထူးခြားခြား အစွမ်းထက်သော သူတော်စင်တစ်ပိုင်း သားရဲတစ်ကောင်ရှိလျှင် တောင်ထိပ်တစ်ခုအဖြစ် အနိုင်ယူလိုက်လျှင် ကောင်းပေလိမ့်မည်။
အထူးသဖြင့် သူတော်စင်တစ်ပိုင်း ထိုအဘိုးကြီး၏ အရှိန်ကို မြင်ပြီးနောက်တွင် လုရွှမ်သည် သူ၏အမြန်နှုန်းမှာ မလုံလောက်သေးကြောင်း သိလိုက်ရသည်။
ပထမ သို့မဟုတ် ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း သားရဲကို ဖမ်းမိနိုင်လျှင် အမြန်နှုန်းသည် သူတော်စင်တစ်ပိုင်း အဆင့်၃ထက်ပင် မြင့်မားလာနိုင်သည်။
ဤတောင်ကြီးသည် အဖိုးအိုနှင့်အတူ မြင်ခဲ့ရသော တောင်ကြီးနှင့် နှိုင်းယှဥ်ကြည့်လျှင် ဤတောင်သည် ပို၍ကြီးသည်။ တစ်ဆက်တည်း သူတော်စင်တစ်ပိုင်း သားရဲများစွာ ရှိကြောင်းကို ခံစားလိုက်ရသည်။
လုရွှမ်သည် တောအတွင်း ဆင်းသက်လာစဥ် သူ၏အသက်ရှုသံကို ဖုံးကွယ်ကာ တောင်နက်နက်ဆီသို့ တိတ်တဆိတ် ပြေးဝင်သွားခဲ့သည်။
ထန်း ထန်း!
"ဟေး.... လူတွေရှိနေတာပဲ!"
လုရွှမ် အံ့သြသွား၏။ ဒီနေရာက တောင်ကြီးမှာ နက်နဲပြီး တောလည်းထူရာ လူတွေ ရှိနေတာက သူ့ကို အနည်းငယ် အံ့သြသွားစေ၏။ သူတို့လည်း သူလိုမျိုး သူတော်စင်တစ်ပိုင်း ဝိညာဥ်သားရဲကို ဖမ်းချင်နေတဲ့ လူတွေလား။
ရွှေအရှိန်ကိုသုံးပြီး လုရွှမ်သည် တိုက်ခိုက်နေသည့် နေရာသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။
တိုက်ခိုက်နေသူမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အရမ်းငယ်ပေမယ့် သူတို့ရဲ့ ကျင့်ကြံထားတဲ့ အဆင့်က အရမ်း ပြင်းထန်တာကြောင့် လုရွှမ်ပင် ထိတ်လန့်သွားသည်။
ဤလူနှစ်ဦး၏ ခွန်အားသည် အဘိုးကြီးထက် မြင့်မားကာ အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၄ထက် မြင့်မားနေလောက်သည်။ ဤနေရာတွင် တိုက်ခိုက်ဝံ့ကြသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော သူတော်စင်နယ်ပယ်က သားရဲများစွာရှိပြီး ၎င်းတို့နှစ်ဦးစလုံး ဆုံးရှုံးရန် စောင့်မျှော်နေတဲ့အထိ ၎င်းတို့၏ ဉာဏ်ရည်ကို မြှင့်တင်ထားပြီးဖြစ်သည်။
"တုံးဖန်းပိုင်....နင်ငါ့နောက်ကို ဒီအထိလိုက်လာတာ ဘာသဘောလဲ? ငါသေရင်တောင် ယွိလင်းလုံကို နင့်လက်ထဲ မထည့်ပေးနိုင်ဘူး!"
အမျိုးသမီးက ဟစ်အော်လိုက်သည်။ သူ့လက်ထဲက ဓားရှည်ဟာ ဓားရောင်ဝါများ တောက်ပနေပြီး သူမအသံက တိတ်ဆိတ်နေတဲ့ ချိုင့်ဝှမ်းတစ်ခုထဲ ထွက်ပေါ်လာသလို ကြည်လင် ပြတ်သားနေသည်။
တစ်ဖက်က အမျိုးသားသည် ချောမောသော မျက်နှာရှိပြီး ဖြောင့်စင်းသော အကြည့်ဖြင့် သူ့လက်ထဲတွင် လှံရှည်တစ်လက်နှင့် ကိုင်ထားသည်။ အနီရောင်တောက်တောက် အငွေ့အသက်များကို ထုတ်လွှတ်လျက် သူ့ကို ထူးထူးခြားခြား ပေါ်လွင်စေသည်။
"နတ်ဆိုးမ.... ယွိလင်းလုံက မင်းတို့ဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု မဟုတ်ဘူး.... အခု မင်းရဲ့ဂိုဏ်း ဖျက်ဆီးခံရတော့မှာ.... မင်းကအဲ့ဒါကို ဂရုမစိုက်ဘဲ ယွိလင်းလုံကို လွတ်အောင်တောင် ဆွဲထုတ်လိုက်သေးတယ်.... ဟမ့် ဒီသခင်လေးက ယွိလင်းလုံကို ယူရုံတင်မကဘူး.... မင်းကိုပါ သတ်ပစ်မှာ!"
"ပြောတာတော့ နားထောင်လို့ ကောင်းသား.... ဒါနင်ကိုယ်တိုင် လိုချင်နေတာ မဟုတ်ဘူးလား? နင့်မှာ အရည်အချင်းရှိရင် လာယူကြည့်လေ"
ဆိုပြီးနောက် နှစ်ယောက်သား ဆက်ပြီး တိုက်ခိုက်ကြပြန်သည်။
လုရွှမ် ထိုစကားကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုယွိလင်းလုံမှာ ရတနာတစ်ခု ဖြစ်နိုင်ကြောင်း သိသာထင်ရှား သောကြောင့် ၎င်းတို့နှစ်ဦးသည် ထိုအရာအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်နိုင်သည်။
ဒါပေမဲ့ အဲဒီယွိလင်းလုံက အတိအကျ ဘာများလဲ? သူ တကယ်ကို ရှင်းရှင်းလင်းလင်း မကြားရချေ။
ခဏလောက် စဉ်းစားပြီးမှ လုရွှမ်ဟာ သူ့ရဲ့ စူးစမ်းချင်စိတ်ကို စွန့်လွှတ်လိုက်တော့သည်။ သူ့ရဲ့ ခွန်အားက နောက်ကျ ကျန်နေသေးတာမို့ ဒီလိုအရာတွေနဲ့ သွားမရှုပ်ချင်ပါ။
ထို့အပြင် ယွိလင်းလုံ ကဲ့သို့သော အရာမျိုးကိုလည်း သူ တစ်ခါမှ မကြားဖူးပေ။ ထို့ကြောင့် ၎င်းသည် ထိပ်တန်း ရှားပါးပစ္စည်း မဟုတ်သည်မှာ သိသာထင်ရှားလှသည်။
ဆိုတော့ ဘာအတွက် အချိန်ဖြုန်းနေမှာလဲ?