← Chapters

လေပြင်းလက်ဝါး

Vol. 40 Ch. 4.107

လေပြင်းလက်ဝါး

Vol. 40 Ch. 4.107

လုရွှမ် တိတ်ဆိတ် ငြိမ်သက်စွာ ပုန်းနေပေမယ့် သူ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ သူ့ကို ရှာတွေ့သွားပြီမှန်း သိလိုက်ရသလို သူတို့နှစ်ဦး၏ ခွန်အားကို လျှော့တွက်မိလိုက်ကြောင်း သူ့ကိုယ်သူလည်း သဘောပေါက်လိုက်သည်။

သေချာတာပေါ့။ လုရွှမ် ပုန်းနေတဲ့ နေရာကို ဝိညာဉ်စွမ်းအင် အလင်းတန်းတွေ စီးဆင်းလာပြီး ပစ္စည်းတစ်ခု ပြေးဝင်လာသည်။ ထိုအခိုက် ရှေ့က အမျိုးသမီးအသံကလည်း ထွက်ပေါ်လာသည်။

"ဆရာတူမောင်လေး.... ယွိလင်းလုံကို ယူပြီး မြန်မြန်သွားတော့... ငါကူပြီး ခဏလောက် တားထားပေးမယ်"

လုရွှမ် သူ့စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။ ​​ဒီအမျိုးသမီးကတော့ တကယ်ကို မုန်းတီးစရာပဲ။ ဟိုလူက သူမကို မိစ္ဆာမလို့ ခေါ်တာ မဆန်း​တော့ပါဘူး။

ထိုပျံသန်းလာသည့် အရာနှင့် ပတ်သက်၍ လုရွှမ် ၎င်းကိုပင် ​ကြည့်ပင်မကြည့်ဘဲ ကောင်းကင်ထက်သို့ ပျံတက်လာခဲ့ကာ ၎င်းတို့ သုံးယောက်သား တြိဂံပုံသဏ္ဌာန် မျက်နှာမူလိုက်သည်။

"ဒီကနှစ်ယောက်... ငါ ယွိလင်းလုံကို မင်းတို့နဲ့အတူ လုဖို့ စိတ်မ၀င်စားဘူး.... မင်းတို့နဲ့ လှည့်စား​နေဖို့လည်း ငါ မအားဘူး... ငါ ဒီလမ်းကို ရောက်လာတာ ဝိညာဥ်သားရဲ တစ်ကောင်လောက် ဖမ်းချင်ရုံပဲ... မင်းတို့နဲ့လည်း မတော်တဆ တွေ့တာ... အဲ့တော့ မင်းတို့ဘာသာ ဆက်လုပ်ကြ"

"စကားမစပ်... တခြားလူတွေကို ဆရာတူမောင်လေးလို့ ပေါ့ပေါ့တန်တန် မခေါ်နဲ့.... ငါမင်းထက် အသက်အများကြီး ကြီးတယ်"

လုရွှမ် ထိုမိန်းကလေးကို ပြောပြီးတဲ့အခါ လှည့်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

"ရပ်စမ်း!" တုံးဖန်းပိုင်က အော်လိုက်သည်။

"မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး... မင်းဒီကိုရောက်နေပြီဆိုတော့ ထွက်သွားဖို့တောင် မစဉ်းစားနဲ့"

တစ်ဖက်က မိစ္ဆာမကလည်း

"မောင်လေး... မင်းက ငါ့ထက် အသက်ကြီးတယ်ပေါ့ ဟားဟား... ဘယ်နားကများ အသက်ပိုကြီးလို့လဲ... ယွိလင်းလုံက ရတနာတစ်ခုပဲ ငါတို့ရဲ့ ဆရာတူအစ်ကို တုံးဖန်းပိုင်က ယွိလင်းလုံကို သူယူချင်နေတဲ့ အကြောင်း တခြားသူတွေကို မသိစေချင်ဘူး.... အခုတော့ မင်းသိသွားပြီ"

လုရွှမ်က လှည့်ကြည့်ပြီး ရယ်မောလိုက်သည်။

"တုံးဖန်းပိုင် ဟုတ်တယ်မလား? တုံးဖန်းဟုန်ထျန်းက မင်းနဲ့ ဘာတော်လဲ?"

တုံးဖန်းပိုင်ရဲ့ နှလုံးသား တုန်လှုပ်သွားပြီး လုရွှမ်ကို ခဏလောက် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။

"ကောင်လေး ငါ့ဘိုးဘေး နာမည်ကို ဘယ်လိုလုပ် သိတာလဲ? မင်းက ဘယ်သူလဲ?"

တုံးဖန်းဟုန်ထျန်းသည် သူ၏အဘိုး ဖြစ်သည်။ ငယ်စဉ်ကပင် အဖိုးဖြစ်သူ၏ ဒဏ္ဍာရီကို ကြားဖူးသည်။ ဒဏ္ဍာရီအရ သူ၏ဘိုး​​ဘေးသည် တစ်ချိန်က ဧကရာဇ်ငါးပါးထဲမှ တစ်ပါးဖြစ်သည့် ပိုင်တိ၏ ညီတော် ဖြစ်​လေသည်။

သူသည် တိမ်ပင်လယ်တွင် သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်က ဧကရာဇ်ငါးပါးနှင့် ဧကရာဇ်တစ်ပါးတို့ အငြင်းပွားမှုနှင့် ဖြစ်ပွားခဲ့ပြီး ထိုအချိန်မှစ၍ သူ့အကြောင်း သတင်းတစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိ​တော့ပေ။

ထိုအခါ လုရွှမ်က

"ဟမ့် တကယ် စိတ်ပျက်စရာပဲ...မင်း ရတနာတွေကို လုယူချင်ရင်တောင် မင်းမှာ ခွန်အားမရှိဘူး သတ္တိမရှိဘူး... မင်းမှာ ကြံစည်ချင်တဲ့ စိတ်ဓာတ်ပဲ ရှိတယ်.... အနှစ်သုံးရာ ကြာပြီးသွားတာတောင် မင်းတို့ရဲ့မိသားစုက အခုထိ သုတ်သင် မခံရသေးဘူးကိုး... ဟမ့် ကြည့်ရတာ ကျိုးရန်ရဲ့ နောက်လိုက် ခွေးတစ်ကောင် ဖြစ်သွားပုံပဲ!"

လုရွှမ် ဒါကို ပြောပြီးတာနဲ့ တုံးဖန်းပိုင်နဲ့ မိစ္ဆာမလေးတို့မှာ ကြောက်ရွံ့ ထိတ်လန့်သွားတော့သည်။

အဲဒီ လျှို့ဝှက်ချက်တွေကို သိ​နေတဲ့ ဒီကလေးက တကယ်ပဲ ဘယ်သူလဲ? သူက ဧကရာဇ်ကျိုးရန်ကိုတောင် နာမည်တပ်ခေါ်ရဲတယ်ပေါ့။

"မင်း ဘယ်သူလဲ?"

တုံးဖန်းပိုင် ကြောက်လန့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ လုရွှမ်ရဲ့ နောက်ကျောပေါ်က အတောင်တွေကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာတော့သည်။

"ဖီးနစ်အတောင်တွေလား? ဖီးနစ်အမွေး! ထူးဆန်းတဲ့ ရတနာတစ်ခုလား?"

စိတ်ကြွဆေးတစ်မျိုး သုံးလိုက်သလို လောဘမျက်လုံးတွေက သူ့မျက်နှာပေါ် တက်လာပြီး လောဘစိတ်နှင့် ပြည့်စွာ လုရွှမ်ကို စိုက်ကြည့်နေသည်။ မိစ္ဆာမ၏ မျက်လုံးများလည်း တောက်ပလာကာ လုရွှမ် ဘယ်လို ဆက်လုပ်ရမလဲ တွေးရင်း ပြုံးပြလျက် ရှိသည်။

"မင်း ဒီလောက် မာနကြီး​နေတာ မဆန်းပါဘူး... မင်းလက်ထဲမှာ ရှားပါးတဲ့ ရတနာတစ်ခု ရှိနေတာကိုး... မင်း ဒီနေ့ ငါနဲ့တွေ့တာ ကံမကောင်းတာပဲ"

တုံးဖန်းပိုင်မှာ ယွိလင်းလုံကိုပင် ဂရုမစိုက်တော့ဘဲ လုရွှမ်ဆီကို ပြေးဝင်လာခဲ့သည်။

ယွိလင်းလုံသည် ရှားပါးသော်လည်း ၎င်းသည် ရှားပါးသော ရတနာများစာရင်းတွင် မပါဝင်သေးတဲ့ အောက်ခြေ စာရင်းတွင်သာ ရှိနေ​​သေးသည်။ အဆင့် ၁၈ ရှိသော ဖီးနစ်အမွေးနှင့် မည်သို့နှိုင်းယှဉ် နိုင်မည်နည်း။

အဲဒီရတနာနဲ့ဆို လောကမှာ မသွားနိုင်တဲ့ နေရာမရှိဘူး။ အထူးသဖြင့် မီးတောက်ကို သန့်စင်လိုက်နိုင်ရင် အနာဂတ် ရတနာတွေကို ရှာဖွေတဲ့နေရာမှာလည်း အသုံးဝင်သလို မီးတောက်တွေကြားမှာလည်း သွားလာနိုင်ပြီ။

လုရွှမ်က ရယ်လိုက်သည်။ သူ့ဆီက တစ်ခုခုလိုချင်ရင်တော့ တန်ရာတန်ကြေး ပေးရမှာပဲ။

"ဆရာတူညီမလေး....အတူတူ တိုက်ချင်လား?"

လုရွှမ်က ပြုံးပြီး မိစ္ဆာမလေးကို ကြည့်လိုက်သည်။ မိစ္ဆာမ မိန်းကလေးက ပေါ့ပေါ့ပါးပါး ညည်းညူလိုက်သည်။

"မောင်လေး.... ဘယ်သူ့ကို မင်းရဲ့ညီမလို့ ခေါ်နေတာလဲ? ငါက မင်းထက် အသက်အများကြီး ကြီးတယ်.... သူ့ကို အတူတူ တိုက်ခိုက်တာက ပြဿနာ မရှိပါဘူး ဒါပေမဲ့ ယွိလင်းလုံကို ဘယ်လိုခွဲဝေမလဲ?"

"အဲဒါက ငါ့မျက်လုံးထဲ မဝင်ဘူး"

မိစ္ဆာမလေးရဲ့ မျက်လုံးများက လှည့်လာပြီး သူမ ပြုံးကာပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို.... ဒါပေမဲ့ နားမလည်နိုင်တဲ့ တုံးဖန်းပိုင်က ကျွန်မကို တလမ်းလုံး လိုက်ဖမ်း​နေခဲ့တာ... အခုတော့ အားတွေ ကုန်ပြီး အနားယူဖို့ လိုနေပြီ မင်းက သူ့ကိုအရင် တားထားလိုက်လေ ဘယ်လိုလဲ?"

လုရွှမ် ထိုမိန်းမကို တိတ်တဆိတ် ကျိန်ဆဲသော်လည်း သူမရဲ့ အကူအညီကို မိမိမှာ လိုအပ်​နေကြောင်းကိုလည်း သူသိသည်။ တုံးဖန်းပိုင် မရှိတော့ရင်လည်း အနာဂတ်မှာ အဆုံးမဲ့ဒုက္ခများ ရှိလာမည် ဖြစ်သည်။

"ကောင်းပြီ!"

လုရွှမ် အဓိပ္ပာယ် မရှိတဲ့ စကားတွေကို မပြောချင်ပေ။ ပူးပေါင်း​စေချင်ရင် သူ့ရဲ့ အစွမ်းသတ္တိကို ပြသပြီး ပူးပေါင်းဖို့ အရင်းအနှီးရှိမရှိ သဘာဝကျကျနဲ့ သက်သေပြဖို့ လိုပေသည်။

"ကောင်လေး မင်း ကိုယ့်ကိုကိုယ် တကယ် အထင်ကြီးနေတာပဲ.... မိစ္ဆာမ ဒီဥာဏ်မဲ့တဲ့ ကောင်လေးကို ငါသတ်ပြီးရင် မင်းရဲ့အသက်ကို လာယူမယ်!!"

"လူသတ်ဓား!"

တုံးဖန်းပိုင်က အော်ဟစ်လိုက်ပြီး သူ့နောက်မှာ သွေးနီရောင် ဓားတစ်ချောင်း ပေါ်လာကာ လေထဲမှာ တဖြည်းဖြည်း ကြီးထွားလာသည်။

သူ့ပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအင်တွေက လှိုင်းထလာပြီး လူသတ်ဓားဆီ ဦးတည် စိမ့်ဝင်သွား၏။ ဓားဖျားက လုရွှမ်ဆီသို့ ထိုးညွှန်လျက် လူသတ်တော့မည့် အငွေ့အသက်များ ပြည့်လျှံလာသည်။

လုရွှမ်သည် သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပြင်းထန်သော ဝိညာဉ်စွမ်းအင် ဖိအားကို ခံစားလိုက်ရသည်။ စွမ်းအင်ဖိအားက တုနှိုင်းမရလောက်အောင် ကြီးမားပြီး ဖိနှိပ်ခံထားရသော လုရွှမ်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်လာခဲ့သည်။

"သွား!"

တုံးဖန်းပိုင်က အော်ဟစ်ပြီး ကမ္ဘာကြီးကို နှစ်ခြမ်းခွဲလိုက်သလို သူ့ရဲ့ လူသတ်ဓားက ခုတ်လှဲချလာတော့သည်။

လုရွှမ်သည် ကောင်းကင်တွင် လူသတ်ဓားရဲ့ ရောင်ဝါကို စိုက်ကြည့်ကာ ဆင်သံချပ်ရွှေကိုယ်ထည်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

လေထုအလယ်တွင် လက်ဝါးရာကြီး ဖြစ်ပေါ်လာ၏။ ၎င်းမှာ ဝိညာဉ်စွမ်းအင်တွေက်ု စုဆောင်းနေတဲ့ လူသတ်ဓားရဲ့ အမြန်နှုန်းထက်တောင် ပိုမြန်နေသေးသည်။ လက်ဝါးရာက ချက်ချင်းပင် လူသတ်ဓားဆီ ပြေးဝင်သွားလေ၏။

"လေဟာနယ် လေပြင်းလက်ဝါး?"

မိစ္ဆာမ မိန်းကလေးက အော်ဟစ်မိရင်း သူမ၏မျက်နှာမှာ ထိတ်လန့်မှု အပြည့်နှင့်။

တုံးဖန်းပိုင်ရဲ့ မျက်လုံးများသည်လည်း လေးနက်သွားပြီး သွေးများကို ပါးစပ်ထဲမှတစ်ဆင့် လူသတ်ဓားအပေါ် ဖျန်းကာ ခွန်အားကို ထပ်မံ ထည့်သွင်းလိုက်သည်။

"ဖြတ်!"

လူသတ်ဓားသည် ပို၍ကြီးမားလာပြီး အရှိန်အဝါကလည်း ယခင်ကထက် နှစ်ဆပိုမို ပြင်းထန်လာသည်။ တောထဲမှ သူတော်စင်နယ်ပယ် ဝိညာဥ် သားရဲတွေက အော်ဟစ်ပြီး တစ်ကောင်ပြီး တစ်ကောင် ပြေးထွက်သွားကြ၏။

ဒီလို တိုက်ပွဲ အရှိန်အဝါက သူတို့ရဲ့ ခွန်အားကို ကျော်လွန်သွားပြီ။ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မြင့်နေပြီမို့ ဒီပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူပြီး အသုံးချဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတော့ သူတို့ရဲ့ ဗီဇအတိုင်း အမြန်ပဲ ပြေးထွက်သွားကြတော့သည်။

လုရွှမ် လှောင်ရယ်လိုက်သည်။ လေပြင်းလက်ဝါးမှာ ​လေမိုးကြိုးဂိုဏ်း၏ ထူးခြားသော ကျွမ်းကျင်မှု ဖြစ်​ပေသည်။ ၎င်းသည် သဘာဝအားဖြင့် သာမန် သိုင်းပညာ မဟုတ်ပေ။

လုရွှမ် အနည်းငယ် စိတ်လှုပ်ရှား​နေသဖြင့် လေပြင်းလက်ဝါးသည် ယခင်က ထက်မြက်မှု မရှိခဲ့သော လက်ဝါးသည် ကြီးမား သွက်လက်သော လက်ကြီးနှင့်ပင် တူသွားသည်။

ဤအခိုက်အတန့်တွင် ဓားရောင်ဝါဖြင့် ပြင်းထန်သော်လည်း အသားတစ်ပိုင်းသို့ ခုတ်ထစ်မိသွားပုံဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

လုရွှမ် အကြည့်တွေ မည်းမှောင်သွားပြီး သွေးတစ်လုတ် စွန့်ထုတ်လုနီးပါး ဖြစ်သွား၏။ သူ၏ ခွန်အားမှာ မလုံလောက်သေးပေ။ သာလွန်ကောင်းမွန်သော သိုင်းပညာအရ လေပြင်းလက်ဝါးသည် ထိုလူသတ်ဓားထက် အဆင့်တစ်နှစ် သို့မဟုတ် နှစ်တန်းထက်ပို၍ သာလွန်သည်။

သို့သော် တစ်ဖက်လူသည် သူတော်စင်တစ်ပိုင်း အဆင့်၄ ယန်ရှန်နယ်ပယ် ဖြစ်ကာ သူကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ထက် ဘာမှမပိုချေ။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် အားကောင်းသော်လည်း ကွာဟချက်မှာ သိသာလွန်းနေသေးသည်။ ဤတိုက်ကွက်ကို ခုခံဖို့ လုရွှမ်မှာ သူ၏ ခွန်အားကို ဆုံးရှုံးလုနီးပါးပင် ဖြစ်သွားခဲ့သည်။

ကျောက်စိမ်းတွင်းမှ ဝိညာဉ်ကျောက်များသည် ဝိညာဉ်စွမ်းအင်အဖြစ် ချက်ချင်း ပြောင်းလဲကာ သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့သည်။ စိမ်းပြာနဂါး၏ နှလုံးသည်လည်း ပြင်းထန်စွာ ခုန်နေသည်။

သူ့ခန္ဓာကိုယ်အနှံ့ သူ့နှလုံးမှ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများက ဖြန့်ကျက် ပြည့်နှက်လာသည်။ လုရွှမ် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလျက် သူ့ခန္ဓာကိုယ်အတွင်း ခွန်အား ပြန်ပြည့်လာခဲ့သည်။

"သခင်လေးကို ဂါဝရပြုပါတယ်!"

ရုတ်တရက် မိစ္ဆာမလေးက ဒူးထောက် ထိုင်ချလိုက်ပြီး သူမရဲ့ အမူအရာက အလွန်လေးစားစရာ ကောင်းသော လူအား တွေ့လိုက်ရသည့်နှယ် ဦးညွတ်လိုက်သည်။

All Chapters