သတ်လိုက်
Vol. 40 Ch. 4.109
ကမ္ဘာကြီးဟာ တခဏချင်း မည်းမှောင်သွားသလို ပတ်ဝန်းကျင်က တောင်တန်းတွေနဲ့ သစ်တောတွေ အားလုံး မှိန်ဖျော့သွားပြီး စူးရှတဲ့ ဓားတစ်ချောင်းရဲ့ အလင်းရောင်ပဲ ကျန်ခဲ့သည်။
တုံးဖန်းပိုင် ထိတ်လန့်သွားပြီး လူသတ်ဓားဆီသို့ သွေးစစ်များကို အလိုလို ထွေးထုတ်လိုက်သည်။ ယခုလို အသက်ရှင်ခြင်းနှင့် သေခြင်းတို့ အကြားတွင် သူတီထွင်ခဲ့သော ဗီဇသည် ဓားကို တစ်ဖက်က တားဆီးရန် သူ့ကံကောင်းမှုအပေါ် မူတည်လာကြောင်း နားလည်စေခဲ့သည်။
အမှောင်ထဲတွင် စိမ်းပြာနဂါးကြီးက မထင်မရှားပုံ ပေါက်သော်လည်း တခဏချင်းတွင် တောက်ပစွာ ထွန်းလင်းလာကာ ရှည်လျားသော မျက်လုံးများသည် တောက်လောင်နေသော နေနှစ်စင်းကဲ့သို့ အမှောင်ထုကို ထိုးဖောက်သွား၏။
ပြင်းထန်သော ဓား အရှိန်အဝါနှင့် စိမ်းပြာနဂါးတို့ ပြင်းထန်စွာ တိုက်မိသွားသည်။
ဝုန်း!
လူသတ်ဓားသည် စိမ်းပြာနဂါး၏ ဦးခေါင်းဆီသို့ ခုတ်ချလိုက်သည်။ စိမ်းပြာနဂါးသည် သူ့ခေါင်းကို လှည့်လိုက်ပြီး သူ့လက်သည်းများက လူသတ်ဓားဆီသို့ သွက်လက်စွာ ဆုပ်ကိုင်ထားလိုက်သည်။
လုရွှမ် သူ့စိတ် ယိမ်းယိုင်သွားကာ နဂါးသည်လည်း သူ့ကိုယ်တိုင်ကဲ့သို့ မောပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသော်လည်း ဒီအတိုင်းတော့ ဇွဲမလျှော့ပစ်နိုင်ပေ။
လုရွှမ်သည် ဤလှုပ်ရှားမှုကို အသုံးပြုရန် အလွန် အားနည်းနေသေးကြောင်း သိထားပါ၏။ သူသည် စိမ်းပြာနဂါးအား ဆက်လက်ခွန်အားပေးနိုင်မည် ဆိုပါက ဒီလောက် မခက်ခဲတော့မှာ သေချာလေသည်။
ယခု စိမ်းပြာနဂါး ချင်းလုံနှင့် ပြင်းထန်သော ဓားတိုက်ပွဲတွင် ဘယ်သူနိုင်ပြီး ဘယ်သူ ရှုံးမယ်ဆိုတာ ကံကြမ္မာအတိုင်းသာ ဖြစ်လိမ့်မည်။
ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တစ်ခွင် တောက်ပလာကာ စိမ်းပြာနဂါးပြာ ပျောက်ကွယ်သွားသလို လုရွှမ်လည်း သွေးတစ်လုတ် ထွက်ကျလာခဲ့သည်။ လူသတ်ဓားလည်း နှစ်ပိုင်းကွဲသွားပြီး ပတ်ဝန်းကျင်က ဖြည်းဖြည်းချင်း ပြန်လည် ရှင်းလင်းလာ၏။
ဒီတိုက်ပွဲက နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှုတစ်ခုဟု မှတ်ယူနိုင်ပြီး လူသတ်ဓားသည် စွမ်းအားအနည်းငယ်သာ ရှိတော့တာကြောင့် ပျောက်ကွယ်သွားသည်။
တုံးဖန်းပိုင်လည်း ပါးစပ်ထဲက သွေးတွေ ထွက်လာပြီး တွေးမတွေးတော့ဘဲ ခေါင်းကို လှည့်ကာ ထွက်ပြေးသွားတော့သည်။ သူ့စိတ်ထဲတွင် ထိတ်လန့် ကြောက်ရွံ့နေကာ ဤတစ်ကြိမ်တွင် သူကျရှုံးခဲ့မှန်း သိလိုက်သည်။
သို့သော် ထိုသို့သော ဆင်ခြင်တုံတရား မဲ့သော လူတစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်တဲ့လား။
ကောင်းကင်က လုံးဝ မတရားဘူး!
"သခင်လေး..."
ယွမ့်လင် လုရွှမ်ကို လျင်မြန်စွာ ပြေးထူထားလိုက်သည်။
"သွား သတ်လိုက်.... မလွတ်စေနဲ့!!"
ယွမ့်လင်လည်း ဒီအမှန်တရားကို သိထားပါ၏။ တုံးဖန်းပိုင်သာ လွတ်မြောက်သွားရင် အဆုံးမဲ့ဒုက္ခတွေ ရှိလာလိမ့်မယ်။ တခြားဘာမှ ပြောမနေဘဲ လေမိုးကြိုးဂိုဏ်းမှာ ပါရမီရှင် လူငယ်လေး တစ်ယောက် ရှိတယ်ဆိုတာ ထုတ်ဖော်လိုက်ရုံနဲ့ သူ့ကို လိုက်ဖမ်းပြီး သတ်ပစ်မယ့် အစွမ်းထက်တဲ့ သူတွေ ရှိမှာ သေချာပေါက်ပင်။
ထို့အပြင် သူတော်စင်များအတွက် မက်မောဖွယ်ကောင်းသော အရာများဖြစ်သည့် ထူးဆန်းသော ရတနာများ ပေါ်လာပါက ၎င်းတို့သည် ယနေ့သခင်လေး ကာကွယ်နိုင်သော အရာမဟုတ်သည်မှာ သေချာပါသည်။
ယွမ့်လင် ခဏလောက် အနားယူလိုက်ပြီး သူ့ရဲ့ ခွန်အားတွေ တဟုန်ထိုး တက်လာတာနဲ့ တုံးဖန်းပိုင်နောက်ကို အလျင်အမြန် လိုက်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ တုံးဖန်းပိုင်ရဲ့ ခေါင်းကို ကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်ရောက်လာ၏။
"သခင်လေး... ကံမကောင်းတဲ့ အသက်ကို နှုတ်လာပါပြီ"
"ကောင်းပြီ.... ငါတို့အရင် နေရာရှာပြီး ငါတို့ရဲ့ အသက်ရှုလမ်းကြောင်းကို ညှိလိုက်ကြရအောင်"
လုရွှမ်တို့ မြေပြင်ပေါ်တွင် အခင်းအကျင်းကြီး တစ်ခုကိုတည်၍ သူ့နံဘေးတွင် ဝိညာဉ်ကျောက်တုံးများကို ချထားကာ သူ၏ ယွမ်ချီကို ပြန်လည်ရရှိရန် လေ့ကျင့်လေသည်။
ယွမ့်လင်က အခင်းအကျင်းထဲသို့ မ၀င်ဘဲ အပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။
သူမအပြင်မှာ ရပ်နေတာက လုရွှမ် သူမကို မယုံမှာ စိုးရိမ်တာကြောင့် ဆိုတာကို လုရွှမ်အနေနဲ့လည်း ရှင်းရှင်းလင်းလင်း သိပါ၏။ သူမက အခြေအနေကိုလိုက်၍ ဘယ်လိုပြုမူပြီး နေထိုင်ရမယ် ဆိုတာကို သိတာကြောင့် လုရွှမ် ဒီမိစ္ဆာမလေးအပေါ် အနည်းငယ် သဘောတွေ့လာခဲ့သည်။
လေမိုးကြိုးဂိုဏ်းသည် ပို၍ပို၍ ဆုတ်ယုတ်လာနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူမ တစ်ယောက်တည်းကသာ အသက်ရှင် ကျန်ရစ်သူ ဖြစ်ခဲ့တာပဲကိုး။
ဝိညာဥ်ကျောက်တုံးများ၏ အားဖြည့်မှုနှင့်အတူ လုရွှမ်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ့ခန္ဓာကိုယ် အဆင်ပြေနေသည်ကို ခံစားရသောကြောင့် အခင်းအကျင်းထဲမှ ထွက်လာခဲ့၏။
သူ့ကို တွေ့တာနဲ့ ယွမ့်လင်က တလေးတစား ဂါဝရပြုဖို့ ပြင်လေရာ လုရွှမ် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး
"မလိုဘူး.... ယွမ့်လင် လေမိုးကြိုးဂိုဏ်းရဲ့ လက်ရှိအခြေအနေကို ပြောပြပါ"
သူမေးလိုက်တော့ ယွမ့်လင်မျက်လုံးများ နီရဲလာပြီး စကားစလာသည်။ လုရွှမ် မှန်းဆထားသည့်အတိုင်း ဧကရာဇ်တစ်ပါး၏ တိုက်ပွဲအပြီး ဂိုဏ်းဆရာများအားလုံး ကျဆုံးသွားခဲ့သည်။
လေမိုးကြိုးဂိုဏ်းသည်လည်း ၎င်း၏အမွေကို ဆုံးရှုံးခဲ့ပြီး အဆိုးမှ ပိုဆိုးသွားခဲ့သည်။ မကြာမီက ၎င်းကို တိုက်ရိုက် သုတ်သင် ရှင်းလင်းခဲ့ပြီး ယွမ့်လင်း တစ်ဦးတည်းသာ လွတ်မြောက်လာခဲ့သည်။
လုရွှမ် သက်ပြင်းချလိုက်ပြီး အခြားဂိုဏ်းကြီးများ အကြောင်း ပေါ့ပေါ့ဆဆ မေးကြည့်တော့ သားရဲထိန်းချုပ်ရေး ဂိုဏ်းမှလွဲ၍ ကျန်ဂိိုးအားလုံးသည် အတူတူပင် ဖြစ်၏။
သားရဲ ထိန်းချုပ်နိုင်မှုကြောင့် သေဘေးဒဏ်မှ လွတ်မြောက်ကာ သားရဲခန်းမဟု အမည်ပြောင်းကာ တခြားသော ဂိုဏ်းကြီး ငါးခုစလုံးကတော့ အထီးကျန်စွာ တိမ်မြုပ်သွားခဲ့သည်။
ရွှမ်ချင်ဂိုဏ်း၊ ဆင်သံချပ်ကာဂိုဏ်း၊ ရုပ်သေးပင်လယ်ဂိုဏ်း၊ ဝမ်ရှင်းဂိုဏ်း၊ လေမိုးကြိုးဂိုဏ်း။
တစ်ချိန်က တန်ခိုးကြီးမားခဲ့ဖူးသော ဂိုဏ်းငါးခုသည် ကျင့်ကြံသူ လောကကြီးထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း သက်ကြီးဆရာအချို့က ၎င်းတို့ကို မှတ်မိနေသေးသော်လည်း အချို့မှာမူ ညစာစားပြီးနောက် အချိုပွဲနေရာက ခံစားချက်များသာ ဖြစ်လာ၏။
"ဒါဆို တခြားဂိုဏ်းကြီးတွေရဲ့ အမျိုးအနွယ်တွေ ရှိသေးလား ဆိုတာ မင်းသိလား?"
တခြားလူရဲ့ ကိုယ်ထဲမှာ ပြန်မွေးဖွားလာပေမယ့် သူ့အရိုးထဲမှာ စရိုက်က မပြောင်းလဲတာကို လုရွှမ် ရှာတွေ့ရှိလိုက်သည်။
သူသည် အဓိကဂိုဏ်းကြီး ခြောက်ခုကို အနိုင်ကျင့်ခဲ့ဖူးသော်လည်း ယခုအခါ ၎င်းတို့သည် ပုပ်သိုးသော အသောက်အစားနှင့် တချို့သော လူများ၏ မေ့ပျောက်ခြင်းကို ခံနေရပြီ။
အစပိုင်းတွင် သူတို့ရဲ့ တိုက်ပွဲကြောင့် ဂိုဏ်းကြီးခြောက်ခုသည် ဖျက်စီးခံခဲ့ရသည်။ ယခုအခါတွင် ၎င်းတို့အား ပြန်လည် အသက်သွင်းရန်နှင့် ၎င်းတို့၏ ယခင်က ဂုဏ်အသရေကို ပြန်လည်ထူထောင်ရန် အချိန်ကို ရောက်ရှိလာပြီ ဖြစ်လေသည်။
"ဒီလက်အောက် ငယ်သားက နည်းနည်းတော့ သိတယ် ဒါပေမဲ့ သူတို့ကို သေချာဆက်သွယ်ဖို့တော့ လိုတယ်"
ယွမ့်လင်က ပြောသည်။
"ကောင်းပြီ.... ဒါဆို မင်းနဲ့ငါ ဒီက အရင်ထွက်ရအောင်.... နောက်မှ မင်းသူတို့ကို ဆက်သွယ်ပြီး စုစည်းလိုက်မယ် ငါသူတို့ကို ရှင်းပြစရာ တစ်ခုရှိတယ်"
ယွမ့်လင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း မဆိုင်းမတွ တလေးတစား သဘောတူ လိုက်သေးသည်။ လုရွှမ်သာလျှင် ထိုသို့သော လက်အောက် ငယ်သားများကို အသုံးပြုရန် ပို၍လွယ်ကူနိုင်သည်။
"ပြန်သွားရအောင်.... မြို့ထောင်ချီမဟာမိတ် ဆိုတာကို မင်းကြားတယ်မလား? အဲဒီမှာ ကောင်းကင်နဲ့ မြေကြီးက ထုတ်လွှတ်တဲ့ အခွင့်အလမ်းတစ်ခု ရှိလာလိမ့်မယ်"
ယွမ့်လင် ခေါင်းခါလိုက်သည်။ မြို့ထောင်ချီမဟာမိတ်သည် တော်ဝင်အင်ပါယာများ စုစည်းရာ နေရာတစ်ခုသာ ဖြစ်သည်။ သူမက သူတော်စင်တစ်ပိုင်း အဆင့်၄ ကို ရောက်ရှိနေပြီ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စည်းချက်သည် သူမကို လုံးဝ မဆွဲဆောင်နိုင်ပေ။
"ဟုတ်ပြီ... ဒါဆို မင်းငါ့နောက်ကို လိုက်ခဲ့သင့်တယ် ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ပျံသန်း ဝိညာဉ်သားရဲကို အရင်ဖမ်းရအောင် ငါ့ရဲ့ လက်ရှိအရှိန်က အရမ်းနှေးနေသေးတယ်"
ယွမ့်လင် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ လုရွှမ်၏ အရှိန်သည် ယခု မလုံလောက်သေးကြောင်း သူမ သိသည်။ ဧကရာဇ် အင်ပါယာတွင် ပေါ်လာသည်နှင့် လုရွှမ်၏ နောက်ကျောတွင်ရှိ ဖီးနစ်အတောင်ပံများကို မြင်ကြမှာပင်။
အင်အားကြီး မိသားစုကြီးများမှာ သူတော်စင်တစ်ပိုင်း နယ်ပယ်က လူများစွာ ရှိသည်။ ထို့ကြောင့် ဖီးနစ်အတောင်က လုရွှမ်အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်သည်။
"ဒါဆို သခင်လေး ခဏစောင့်ပါ... ကျွန်မသွားပြီး ပြန်လာခဲ့မယ်"
ယွမ့်လင် ပြောပြီးတဲ့အခါ တောထဲကို ပြေးဝင် ပျောက်သွားသည်။ ယပြန်လာတော့ ငှက်ကြီးတစ်ကောင်ပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။
လုရွှမ် တစ်ချက် ကြည့်လိုက်ရုံဖြင့် သူတော်စင် အဆင့်၃ ကျွေးဖုန်းဟဲဟု ခေါ်သည့် လေဖမ်းဝိညာဥ်သားရဲ တစ်ကောင်ဖြစ်ကြောင်း သိလိုက်သည်။ ယွမ့်လင်ရဲ့ ခွန်အားနဲ့ဆို မတတ်နိုင်ပေ။
လေဖမ်းဝိညာဥ်သားရဲ အဆင့်၃မှာ မြင့်မားသော အဆင့် မဟုတ်သော်လည်း အရှိန်အားဖြင့် သူတော်စင်နယ်ပယ်က သားရဲများကြားတွင် အလွန် လျင်မြန်၏။
"လေဖမ်းဝိညာဥ်သားရဲ.... အံ့သြစရာပဲ ကျေးဇူးတင်ပါတယ်!"
လုရွှမ်က ရယ်မောလိုက်ပြီး လေဖမ်းဝိညာဥ်သားရဲပေါ် ခုန်တက်ကာ ဘေးကင်းစွာပဲ ထိုင်ချလိုက်သည်။
"သခင်လေး ဒါ ကျွန်မရဲ့သားရဲပါ!"
ယွမ့်လင် ခဏလောက် ထိတ်လန့်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
လုရွှမ် ရှက်သွား၏။ ဒီလောက် မြန်မြန်နဲ့ ပြန်ရောက်လာတာ အံ့သြစရာ မလိုတော့ပါဘူး။ လတ်စသတ်တော့ သူမရဲ့ သားရဲ ဖြစ်နေတာပဲ။ လုရွှမ် ချောင်းဆိုးလိုက်ကာ ယွမ့်လင်လည်း တခစ်ခစ် ရယ်မောလိုက်သည်။
"သခင် သဘောကျရင် ဒီငယ်သား သခင်လေးကို ပေးလို့ရပါတယ်"
လုရွှမ် ခေါင်းယမ်း၍ ရှက်စရာကောင်းတဲ့ အခြေအနေကို ခပ်မြန်မြန်ပဲ မေ့ပစ်လိုက်သည်။ သူတော်စင်သားရဲများသည် သာမန် ဝိညာဥ်သားရဲများနှင့် ကွဲပြားသည်။
သာမန် ဝိညာဥ်သားရဲများက နောက်ပိုင်းတွင် အနည်းငယ်သာ ဉာဏ်အလင်း ထွက်လာကြသည်။ သူတော်စင်သားရဲများမှာ ဉာဏ်အလင်းကို ဖွင့်ထားပြီး ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း ရှိကာ ၎င်းတို့၏ဘ၀တွင် သခင်တစ်ဦးတည်းသာ ရှိသည်။
ဒုတိယသခင် ရှိလာမည် မဟုတ်ချေ။
မူလပိုင်ရှင် သေဆုံးသွားလျှင်ပင် ထိုသားရဲသည် လက်နက်ချမည် ဖြစ်သော်လည်း သူတော်စင်သားရဲ၏ နှလုံးသားကို နှိမ့်ချရန် ဘယ်သောအခါမှ မကြိုးစားပါနှင့်။ ဒါက တစ်ချိန်ချိန်တွင် တုံ့ပြန်မှု ရှိလာပေမည်။
"မလိုပါဘူး... ငါကိုယ်တိုင်က သူတော်စင်တစ်ပိုင်းနဲ့ သိပ်မကွာတော့ဘူး ဆိုတော့ နောက်မှ သူတော်စင် သားရဲတစ်ကောင်ကို ငါကိုယ်တိုင် ရွေးချယ်မယ်"
လေဖမ်းဝိညာဥ် သားရဲသည် အတောင်ပံများ ဖြန့်ကာ ပြင်းထန်သော အားမာန်များဖြင့် ခုန်တက်လိုက်ရာ ပတ်ဝန်းကျင်ရှုခင်းသည် ချက်ချင်း သေးငယ်လာသည်။
တခဏချင်းမှာပဲ လေဖမ်းဝိညာဥ်သားရဲသည် အပြာရောင် တိမ်တိုက်တစ်ခုလို ကောင်းကင်ပေါ် တည့်တည့် ပျံတက်သွားပြီး ချောမွေ့ လျင်မြန်စွာ ပျံသန်းသွားသည်။ တစ်ရက်အတွင်း သူတို့ မြို့ထောင်ချီမဟာမိတ်သို့ ပြန်ရောက်လာခဲ့၏။
"သခင်လေး ဒီနေရာလား?"
လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဒီနေရာက တကယ်ကို ခေတ်နောက်ကျလွန်းပေ၏။