အခင်းအကျင်းထဲကျရောက်ခြင်း
Vol. 40 Ch. 4.110
ယွမ့်လင် လေဖမ်းဝိညာဥ်သားရဲကို ထိန်းချုပ်လျက် ပျံသန်းလာတာကို အောက်မှလူများ အဝေးမှပင် လှမ်းမြင်ရသည်။ မြို့ထောင်ချီမဟာမိတ်မှ လူများသည် သူတော်စင်နယ်ပယ်က ဝိညာဥ်သားရဲကို တစ်ခါမှ မမြင်ဖူးကြတာကြောင့် အတူတကွ ပြေးထွက်လာကြသည်။
လုရွှမ် သူ့မျက်နှာပေါ် အနည်းငယ် ပူလာသလို ခံစားလိုက်ရသည်။ ဒီလိုအရာကို ဒီနေရာမှာ တစ်ခါမှ မမြင်ဖူးကြဘူးလေ။ ယွမ့်လင် ငုံ့ကြည့်လိုက်တော့ သူမမျက်နှာမှာ မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
ကံကောင်းထောက်မစွာနဲ့ နတ်ဆေးလုံးမြို့မှာ မဆင်းသက်ခဲ့ပေ။ မဟုတ်ပါက လုရွှမ်တစ်ယောက် သူ့မျက်နှာ လုံးဝပျက်သွားမည်ဟုပင် ခံစားမိသည်။
"အဲဒါ လေဖမ်းဝိညာဥ်သားရဲပဲ!! သူတော်စင် တတိယအဆင့် သားရဲပဲ!"
နောက်ဆုံးမှာ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ ထိုသူမှာ ဝေးလံခေါင်သီတဲ့ ဧကရာဇ်အင်ပါယာက လာတဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူဖြစ်ကာ အလွန် ပညာရှိစွာဖြင့် လေဖမ်းဝိညာဥ်သားရဲကို အကဲဖြတ်နိုင်ခဲ့သည်။
"အဲဒါ လုရွှမ်ပဲ!"
တစ်စုံတစ်ယောက်က လုရွှမ်ကို မှတ်မိသွားသည်။
ထိုကျင့်ကြံသူသည် ယွမ့်လင်ကို မြင်ပြီး ယွမ့်လင်ရဲ့ ကျင့်ကြံမှုကို ခံစားလိုက်ရပေမယ့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ ဒီအငွေ့အသက်က သူတို့မြင်ဖူးတဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တချို့ထက် အဆပေါင်းများစွာ ပြင်းထန်၏။
လုရွှမ် လေဖမ်းဝိညာဥ်သားရဲပေါ်မှ ခုန်ဆင်းလိုက်သည်။
ယွမ့်လင်က အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တချို့ကို ပစ်လွှတ်လိုက်ရာ လေဖမ်းဝိညာဥ်သားရဲသည် ၎င်းတို့ကို ဖမ်းကိုက်လိုက်ကာ အတောင်ပံများကို တဖျပ်ဖျပ် ခတ်၍ ကောင်းကင်သို့ ပျံသန်းသွားရာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ?"
လုရွှမ် ဒေါသတကြီး ပြုံးလိုက်ပေ၏။ သူ့ခမျာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေဆဲ ဖြစ်ပြီး တစ်ဖက်လူ၏ စီးတော်ယာဥ်မှာ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးများကို စားနေရှာသည်။
"စည်းစိမ်ဥစ္စာက အလကား မဟုတ်ဘူး... ယွမ့်လင် မင်း မကြာခင် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်"
လုရွှမ် ပြုံးလျက် ဆိုလိုက်သည်။
ယွမ့်လင် နားမလည်ချေ။ သူတော်စင် ဝိညာဥ်သားရဲကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးများ ကျွေးခြင်းမှာ သူမအတွက် လုံးဝ သင့်လျော်သော အရာဖြစ်၏။
လုရွှမ် ရှင်းပြမနေဘဲ ယွမ့်လင်နဲ့ လမ်းလျှောက်ထွက်လာခဲ့သည်။ မူလက သူသည် ခွန်အားတိုးစေရန် နဂါးဝိညာဉ်မြက်ကို ရယူပြီးနောက် သူတော်စင်နယ်ပယ်က သားရဲကို ရယူလိုသောကြောင့် ထွက်ခွာသွားခဲ့သည်။
သို့မှသာ ကောင်းကင်၊ မြေကြီးနှင့် နိယာမစွမ်းအင်များ လွင့်ထွက်သောအခါတွင် သူသည် အခွင့်အလမ်းများကို အမြင့်ဆုံး ရယူနိုင်သည်။
ယခု ယွမ့်လင်ဖြင့် ထိုပြဿနာ အားလုံးသည် သဘာဝကျကျ ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
ဤသို့ဖြင့် သိပ်မကြာခင်မှာပဲ သူတို့ရဲ့ အရှေ့နဲ့အနောက်ကို ပိတ်ဆို့ထားဖို့ ဒါဇင်ထက်ဝက်ကျော်တဲ့ လူတွေက ဂုဏ်ယူဝံ့ကြွားစွာ ထွက်လာကြလေသည်။
"လုရွှမ်.... မင်း ပြန်လာရဲဦးမယ်လို့ မမျှော်လင့်ထားဘူး.... ဟမ့် မင်း ငါတို့လူတွေ အများကြီးကို သတ်ပစ်ခဲ့တာ.... အခု မင်းကို လက်စားချေရမယ့် အချိန်ရောက်ပြီ"
စကားပြောသူသည် စက္ကူယပ်တောင်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းရင်း ချစ်စရာကောင်းပြီး နူးညံ့တဲ့ပုံသဏ္ဌာန်ကို ဆင်မြန်းထားလေသည်။
ယွမ့်လင်၏ မျက်လုံးများမှာ သံသယများဖြင့် ပြည့်နှက်လာခဲ့သည်။ လုရွှမ်သည် သူမ၏ ခွန်အားကို ထိန်းချုပ်ထားရန် ပြောခဲ့စဥ်က သိပ်နားမလည်ခဲ့ပေမယ့် ယခု ဤလူများ ပေါ်လာသည်ကို မြင်လိုက်ရသော် သူမ ရုတ်တရက် နားလည်သွားခဲ့သည်။
သခင်လေးက ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားသား စားနေတဲ့လူပဲ။
"မင်းအခုနကပြောတာ သူမလား?"
ယပ်တောင်နဲ့ သခင်လေးဖြန်းဖြန်းက သူ့ဘေးနားက လူတစ်ယောက်ကို မေးလိုက်သော် ထိုလူမှာ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း ယွမ့်လင်ကို လောဘစိတ်ဆန္ဒ အပြည့်နဲ့ ကြည့်နေလေ၏။
ယခုအချိန်တွင် ယွမ့်လင်၏ အငွေ့အသက်သည် ဩဘာသည် ချုပ်တည်းထားသဖြင့် သူမ၏ ခွန်အားကို တခြားလူများ မြင်ရန် ခက်ခဲစေသည်။ ဒါပေမဲ့ ဒီလူတွေ ကြိုတွေးထားပြီးသား အချက်က လုရွှမ်နဲ့ သူ့အပေါင်းအသင်းတွေက အရမ်းသန်မာတယ် ဆိုတာပင်။
"ကောင်မလေး မင်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ ရှိတာလား?"
ယပ်တောင်သခင်လေးက မေးလိုက်သည်။
အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးများသည် အလယ်အလတ်အဆင့် ဧကရာဇ်အင်ပါယာများတွင်သာ ရေပန်းစားသော ငွေကြေးဖြစ်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများသည် အဆင့်နိမ့် ဧကရာဇ်အင်ပါယာများတွင်သာ ပျံ့နှံ့နေသည်။
အလယ်အလတ်အဆင့် ဝိညာဥ်ကျောက်တစ်လုံးကို အဆင့်နိမ့် ဝိညာဥ်ကျောက် တစ်ရာနှင့် လဲလှယ်နိုင်သော်လည်း စျေးနှုန်းမခွဲခြားဘဲ လဲလှယ်ရန် မည်သူမျှ ရွေးချယ်မည် မဟုတ်ပေ။
အထူးသဖြင့် ဤအဆင့်နိမ့် ဧကရာဇ်အင်ပါယာများ၏ သူတော်စင်တစ်ပိုင်း များအတွက် အလယ်အလတ်တန်းစား နတ်ကျောက်များသည် ရတနာများကဲ့သို့ပင်။ အရေးကြီးတဲ့အခိုက်အတန့်တွေကို ဖြတ်ကျော်ရတာ ကောင်းပါတယ်၊ ဒါပေမယ့် အခုချိန်မှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေပုံရပြီး၊ အဲဒါကို လက်ခံဖို့ ချည်နှောင်ထားပါတယ်။
"ဟုတ်တယ်လေ နင်ပြောနေတာ ဒါလား?"
ယွမ့်လင်က ဘယ်လိုလူလဲ? သူမကို မိစ္ဆာမလေးလို့ တင်စားခေါ်ဝေါ် ကြတာလေ။ သာမန် အသိဥာဏ်လောက်နဲ့ သူမဖဲချပ်တွေကို ဘယ်လို ကစားနေလဲ လူအများ မသိနိုင်ချေ။
သူမသည် ဝိညာဥ်ကျောက်တုံး တစ်တုံးကို တိုက်ရိုက် ထုတ်ကာ လက်ထဲထည့် ကိုင်ထားသည်။
"ဒါသခင်လေးက ကျွန်မကို ဆော့ကစားဖို့ ပေးခဲ့တာလေ"
အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးသည် ပျော့ပျောင်းသော အလင်းရောင်ဖြင့် တောက်ပနေကာ ခိုင်ခံ့မှု မရှိပုံရသော်လည်း စွဲမက်ဖွယ် ကောင်းလှသည်။ ဤရောင်ဝါသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၏ ရောင်ဝါ ထွက်ပေါ်ခြင်းနှင့် ကွာခြားပေ၏။
သို့သော် ဖြာထွက်နေသော ရောင်ဝါ အနည်းငယ်သည် အလွန် ပြင်းထန်သောကြောင့် လူများကို မူးဝေသွားစေသည်။
ယပ်တောင်သခင်လေးသည် လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ သူ့မျက်လုံးများသည် ဒေါသနှင့် လောဘ အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
ဒီကလေးက အခွင့်အလမ်းတွေ အားလုံး သူ့ဆီ ပြေးလာအောင် ကံကြမ္မာက မျက်နှာသာ ပေးထားတာလား။ လူတိုင်းအိပ်မက်မက်ခဲ့တဲ့ နတ်ဆေးလုံးရေကန်ကို ရသွားခဲ့သလို အခု အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေပါ ရှိနေပြန်ပြီ။
"ကောင်လေး.... ယောက်ျားဖြစ်တိုင်း ကျောက်စိမ်းကို သယ်ထားတာ အပြစ်ဖြစ်လာတတ်တယ်! နားလည်လား?"
သခင်လေးဖြန်းဖြန်းက အော်ပြောပြီး ဓားရှည်ကြီးကို ဝှေ့ယမ်းကာ လုရွှမ်ဆီ ဓားဖျားကို ထိုးညွှန်ထားလိုက်သည်။ ထိုအခိုက် အမှောင်ထဲတွင် အခင်းအကျင်း တံဆိပ်ပြားများ တစ်ခုပြီးတစ်ခု ပွင့်လာခဲ့သည်။
ဒါကို လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နိုင်လေ၏။ ဤလူများသည် ယခင်လူများကဲ့သို့ ငတုံးများ မဟုတ်တာကြောင့် သူ့ကို ဓား၊ လှံများဖြင့် အနိုင်ယူ၍ မရနိုင်ကြောင်း သိလာကာ ဝှက်ထားသော အခင်းအကျင်းဖြင့် လုပ်ကြံနေခြင်းပင်။
"သခင်လေး....တစ်ယောက်ယောက်က အခင်းအကျင်းကို စီရင်ထားပြီ"
ယွမ့်လင်က သတိပေးလာသည်။
"စိတ်မပူပါနဲ့.... ဒီလူအားလုံးက ယင်ကောင်တွေ ကြွက်တွေလိုပဲ... ခဏလောက်နေလို့ အတူတူ သန့်ရှင်းရေး လုပ်လိုက်ရင် ရပြီ"
သခင်လေးဖြန်းဖြန်းကတော့ လုရွှမ်အပေါ် အမုန်းပွားနေဆဲပင်။ သူ့ဓားရှည်သည် ဝိညာဥ်စွမ်းအင်များ ပြန့်ကျဲနေပြီး ဓားကို ချုပ်ကိုင်ထားကာ လုရွှမ်အား လက်နက်မျိုးစုံဖြင့် အပြင်းအထန် ပစ်ခတ်ဖို့ ပြင်နေသည်။
သခင်လေးဖြန်းဖြန်းရဲ့ ရည်ရွယ်ချက်ကို သိရှိပြီးထားတဲ့ လုရွှမ်ဟာ အခင်းအကျင်း လုံးလုံးလျားလျား အောင်မြင်စွာ စီစဉ်ပြီးသည်အထိ တစ်ဖက်လူ၏ ရည်ရွယ်ချက်အတိုင်း ငြိမ်နေခဲ့သည်။
အမှန်တော့ အခင်းအကျင်း စီရင်ပြီးတဲ့ တစ်ဝက်လောက်မှာ လုရွှမ် သူတို့စီစဉ်ထားတဲ့ အရာက နဂါးကိုးကောင် ဝိညာဉ်တံဆိပ်ခတ်ခြင်း အခင်းအကျင်းပုံစံရဲ့ ရိုးရှင်းပြီး ပြောင်းလဲသွားတဲ့ အခင်းအကျင်း ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
မူလ အခင်းအကျင်းအတိုင်း စီစဉ်ရန် အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၉ သို့မဟုတ် အဆင့်၈ သခင်များ လိုအပ်သည်။ စစ်မှန်သော သူတော်စင်များပင် ပိတ်မိနေနိုင်လို့ ၎င်းသည် အလွန်ထူးခြားသော ထောင်ချောက် အခင်းအကျင်း ဖွဲ့စည်းမှုပင် ဖြစ်သည်။
သို့သော် ယခုအခင်းအကျင်းမှာ လူ ၂၇ ဦး၏ ပူးပေါင်းစီစဉ်မှု ဖြစ်ပြီး အခင်းအကျင်းကို ဘယ်လောက်တောင် စေ့စေ့စပ်စပ် စီစဥ်ထားတယ်ဆိုတာ တွေ့ရသောအခါ လုရွှမ် သူတို့အစား မျက်နှာပင် နီရဲသွားသည်။
စိတ်ဝိညာဉ်စွမ်းအား အရှိန်အဟုန်ဖြင့် စူးစမ်းလိုက်တဲ့အခါ အခင်းအကျင်း မျက်လုံးကို ရှာတွေ့သွားခဲ့သည်။ အနီးကပ် ကြည့်လိုက်ရာ ကျန်ရစ်နိုင်သည့် မျက်လုံးသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ထင်ရှားစေသည်။
သူသာ ထိုနေရာကို တမင်ဖောက်ဝင်လိုက်သည်နှင့် လေးလံသော အခင်းအကျင်း ဖွဲ့စည်းမှုထဲသို့ ကျရောက်သွားလိမ့်မည်။
လုရွှမ် လှောင်ရယ်လိုက်မိသည်။ အခင်းအကျင်းရဲ့ သခင်က တကယ့်အခင်းအကျင်း ပညာရှင်တွေဆိုရင် သူ့ရဲ့လက်ရှိ ခွန်အားကြောင့် အနည်းငယ် ကြောက်ရွံ့ရလိမ့်မည်။ သို့သော် တစ်ဖက်က ခြေထောက် သုံးချောင်းရှိတဲ့ ကြောင်တွေထက်တောင် နောက်ကျလွန်းတဲ့ ပုံစံကြောင့် လုရွှမ် အေးစက်စွာ နှာမှုတ်မိသည်။
လုရွှမ် နှင့် ယွမ့်လင်၏ ဖွဲ့စည်းမှုအတွင်း ပိတ်မိနေသည်ကို မြင်သော် သခင်လေးဖြန်းဖြန်းက ရယ်မောလိုက်သည်။
"ကောင်လေး မင်းက အခင်းအကျင်း ပညာရှင် မဟုတ်ဘူးလား? မင်း အခုအခင်းအကျင်း တစ်ခုထဲမှာ ပိတ်မိနေတယ်လို့ မထင်ဘူးလား? မင်းမှာ ဒီအခင်းအကျင်းကို ချိုးဖျက်နိုင်တဲ့ အရည်အချင်း ရှိရဲ့လား?"
ထိုအခါ လုရွှမ်က
"ဒါ မင်းရဲ့ နည်းလမ်း အကုန်ပဲလား? ဟမ့် ငါ့ကိုလုပ်ကြံချင်ရင် ထွက်လာခဲ့လေ"
ကြီးမားသော အခင်းအကျင်း၏ အပြင်ဘက်တွင် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ တစ်စထက်တစ်စ ပေါ်လာပြီး လူတစ်ရာထက်မနည်း ထူထပ်စွာ ပြည့်ကျပ်လာ၏။ ယွမ့်လင်လည်း အံ့အားသင့်သွားပြီး
"သခင်လေး.... သခင်လေး လူဘယ်နှယောက်ကိုတောင် ရန်စမိခဲ့တာလဲ?"
လုရွှမ်က ပခုံးတွန့်လိုက်ပြီး
"မင်းပြောကြည့်လေ.... မင်းတို့ကို ငါစတွေ့တုန်းကတောင် မကြောက်တာ ဒီလူတွေကို ငါကြောက်မယ်လို့ မင်းထင်နေတာလား?"
ယွမ့်လင်က နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။ သခင်လေးလို နယ်ပယ်မတူတဲ့ လူတွေနဲ့ မျက်နှာချင်းဆိုင် ရပ်နေမယ်ဆိုရင် သူမမှာ ဒီလိုသတ္တိမျိုး ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးဆိုတာ သူမသိပါ၏။
"အငယ်လေး.... မင်းက သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေကို သတ်သွားတယ်.... ကောင်းကင်လမ်းက တရားမျှတယ် ဒီနေ့ ငါတို့က ကောင်းကင်ကိုယ်စား မင်းကို သတ်ပစ်မယ်.... ဒါပေါ့ မင်းမှာ ရွေးချယ်စရာလည်း ရှိပါတယ်... ငါတို့လူကြီးတွေကို တောင်းပန်ပြီး နတ်ဆေးလုံးမြို့ရဲ့ အခင်းအကျင်းကို ဖွင့်ပေးလိုက် ဒါဆိုရင် ငါတို့မင်းရဲ့ ကျင့်ကြံမှုကို ဖျက်သိမ်းပြီး မင်းအသက်ကို ချန်ထားပေးနိုင်တယ်!"
"ဒါကို စဉ်းစားဖို့ ငါ မင်းကို သုံးနာရီလောက် အချိန်ပေးမယ်.... မဟုတ်ရင်တော့ မင်း ဘာဖြစ်မယ်ဆိုတာ မင်းသိပါတယ်"
လုရွှမ်၏ မျက်လုံးများက အေးစက်စွာ မှေးမှိန်သွားက လူတိုင်းကို ချရေးပြီး
"မင်းတို့က ထိုက်တန်လို့လား!"