← Chapters

ခိုးဝင်တိုက်ခိုက်မှု

Vol. 40 Ch. 4.112

ခိုးဝင်တိုက်ခိုက်မှု

Vol. 40 Ch. 4.112

လွန်ခဲ့သည့် ခြောက်လအတွင်း နတ်ဆေးလုံးမြို့သည် မြို့ထောင်ချီမဟာမိတ်၏ အဓိက ဧရိယာဖြစ်သော တြိဂံဧရိယာ၏ အနောက် မဝေးလှသည့်နေရာတွင် သုံးဆ တိုးချဲ့လာခဲ့သည်။

ထို့အပြင် နှစ်ဖက်က သတိရှိစွာ ချိတ်ဆက်ထားပြီး အလယ်တွင် ဝိညာဥ်သားရဲများဖြင့် ဆက်သွယ် သွားလာကြရာ ယခု မြို့နှစ်မြို့ကြားရှိ အကွာအဝေးသည် သုံးရက်အောက်သာ သွားရသော ဧရိယာနီးပါး ဖြစ်လာသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူများနှင့် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ များစွာတို့သည် နတ်ဆေးလုံးမြို့သို့ ဝင်ရောက်လာခဲ့ပြီး အရိပ်လူသတ်ခန်းမ၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။

အရိပ်လူသတ်ခန်းမသည် မြို့နှစ်မြို့၏ အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်လာကာ နတ်ဆေးလုံးမြို့၏ စည်းမျဉ်းများသည် ထိုနေရာ၏ စည်းမျဉ်းများ ဖြစ်သည်။

ဤကာလအတွင်း လုရွှမ် ပုံမှန်ဆို အပြင်မထွက်လာတော့ဘဲ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ အများအပြားကို လက်ခံတွေ့ဆုံရန်သာ ထွက်လာ၏။ သူ့ရဲ့ အံ့ဖွယ်လုပ်ရပ်များကို ကြည်ညိုသည့် လူအုပ်ကြီး၏ ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရသည်။

ယခုအခါတွင် လုရွှမ်သည် အနာဂတ်တွင် ကြီးကျယ်သော တန်ခိုးရှင် ဖြစ်လာမည် ဖြစ်ကြောင်း မြို့နှစ်မြို့မှာ လူပြောများလာကာ ထိုကဲ့သို့သော လူနောက်ကို လိုက်ပါက နောင်တွင် သူတို့အတွက် အလွန်အကျိုး ရှိလာမည်မှာ သေချာ​လေသည်။

မော့ကောင်းရွှမ်း နှင့် တခြားသူများ၏ ခွန်အားများသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ လုရွှမ်၏ လမ်းညွှန်မှု အောက်တွင် ၎င်းတို့သည် တောက်ကျင့်စဥ် လမ်းကြောင်းကို ထိန်းချုပ်ရာတွင် ပို၍ ကျွမ်းကျင်သည့် နားလည်မှုများရှိလာကာ အပြန်အလှန်အားဖြင့် နိယာမစွမ်းအင်ဆိုင်ရာ အခြေခံမူများဆီသို့ လျှောက်လှမ်းခဲ့ကြသည်။

အခွင့်အလမ်း ကြုံလာကာ ကောင်းကင်နှင့်မြေကြီး၏ သဘာဝ နိယာမစွမ်းအင်များကို စုပ်ယူနေသမျှကာလပတ်လုံး ၎င်းတို့၏ ကိုယ်ပိုင် တောက်ကျင့်စဥ်နှင့် နိယာမများကို အပြန်အလှန်ပေါင်းစပ်ရန် လွယ်ကူသွားမှာ ဖြစ်သည်။

ဟန်ရွှယ် နှင့် တခြားအမျိုးသမီးများသည် ဤအခွင့်အရေးကို အမီလိုက်ရန် လုံလောက်သော ခွန်အား မရှိကြသော်လည်း ၎င်းတို့သည် တချို့သော ထိုးထွင်းအမြင်များကို ရရှိနိုင်မှာပဲ ဖြစ်လေသည်။

၎င်းတို့သည် အနာဂတ်တွင် သူတော်စင်တစ်ပိုင်းသို့ နယ်ပယ့ တိုး​မြှင့်ခြင်းအတွက် များစွာအကျိုးရှိစေမည့် အသိအမြင် တချို့ကို ရရှိနိုင်ပါသည်။

သူတို့သည် တုံးအနေသူများ မဟုတ်ချေ။ လုရွှမ်၏ အသွင်အပြင်သည် ၎င်းတို့ကို သူ့ရဲ့နောက်ထပ် လက်တွေအဖြစ် ချန်ထားခဲ့ရန် ဖြစ်ပေသည်။

အရင်တစ်လက အရှေ့ဘက်တွင် အနီရောင် နေလုံး​ကြီး ထွက်လာပြီး ကောင်းကင်နှင့် မြေကြီး၌ အရောင်ခုနစ်ရောင်ရှိသော ပထမဆုံး တိမ်တိုက်များ ပေါ်လာသောအခါတွင် အခွင့်အရေး ရောက်လာပြီမှန်း လူတိုင်း သိလိုက်ကြသည်။

တိမ်တိုက်များသည် အသက်ရှိနေသလိုပဲ သူ့ပတ်ဝန်းကျင်ရှိ အရိပ်အာဝါသ အားလုံးကို ချက်ချင်း သုတ်သင်ပစ်လိုက်သည်။ ခဏအတွင်း သူတော်စင်တစ်ပိုင်းမှ လွဲ၍ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ကျင့်ကြံသူ အားလုံးကို မြေပြင်ပေါ် လှဲသိပ်ကာ ခြေထောက် မြှောက်ရန်ပင် ခက်ခဲ​စေခဲ့သည်။

လုရွှမ် အလျင်စလို မလုပ်ပေ။ အခွင့်အလမ်း ဟူသည့် အရာက လျင်မြန်စွာ ကျယ်ပြန့်လာပြီး သူ၏မျက်လုံးများသည် အချိန်တိုအတွင်း ထိုနေရာ၏ ၂၀% ကို လွှမ်းခြုံထားသွားတာကို တွေ့လိုက်ရသည်။

တဝုန်းဝုန်း ထွက်ပေါ်လာသော အသံများက တောင်တန်းများ တစ်လုံးပြီးတစ်လုံး ပြိုကျလာခဲ့သလို လူတိုင်း၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဥ်ကို ဆေးကြောပေးသွားသည်။

လုရွှမ်၏ တောက်ကျင့်စဥ် နိယာမစွမ်းအင်အပေါ် နားလည် သဘောပေါက်မှုသည် စိတ်ကူးယဉ်သက်သက် မဟုတ်တော့ပေ။ ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး၌ ၎င်း၏ ကိုယ်ပိုင် အကြောင်းပြချက် ရှိနေသည်ဟု သူခံစား​နေရသည်။

ကောင်းကင်နှင့် မြေကြီး၏ နိယာမစွမ်းအင် အခြေခံမူများကို သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း၍ သူ့ကိုယ်ပိုင် နားလည်မှုကို အတည်ပြုပြီးနောက် လုရွှမ် ထိုအရာများကို မဆိုင်းမတွ နှင်ထုတ်ပစ်လိုက်သည်။

အလင်းတန်းများသည် အစီအရီဖြင့် ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားပြီး ရူးသွပ်သော ဝိညာဉ်စွမ်းအင်များ လျှံထွက်နေသည်။ လုရွှမ်သည် သူ၏ ခွန်အားများ လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားလိုက်ရကာ သူ့ကိုယ်ထည်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသော ကာလသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

သို့သော် နိယာမစွမ်းအင်သည် ပေတစ်ရာ အကွာအထိ ပိုသွားချင်နေပုံရပြီး ချက်ချင်း ရပ်သွား၏။

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ကောင်းကင်လမ်းစဥ်က လူသားလမ်းစဥ်နဲ့ အမှန်တကယ် ဆန့်ကျင်ဘက် ဖြစ်နေတာပဲ။ ဆိုတော့ တိုက်ခိုက်ဖို့ လိုအပ်နေပြီပေါ့။

သူ့နောက်ကျောနောက်က အတောင်ပံတွေကို လှုပ်ခါရင်း ကောင်းကင်ကို တိုက်ရိုက် ပျံသန်းလာခဲ့သည်။ အနီးနားရှိ လူများစွာတို့သည် ကောင်းကင်လမ်း၏ အဓိပ္ပာယ်ကို နားလည်၍ အခွင့်အလမ်းများကို ရှာဖွေရန် ကောင်းကင်သို့ ပြေးတက်သွားကြသည်။

ဝှစ် ဝှစ်!

လျှပ်စှးကြောင်းများ လျှပ်တစ်ပြက်အတွင်ူ တောက်ပလာပြီး ကျင့်​ကြံသူများသည် လျင်မြန်စွာ ရှောင်တိမ်းသွားသော်လည်း တချို့မှာ လျှပ်စီးကြောင်း၏ အမြန်နှုန်းနှင့် မနှိုင်းယှဉ်နိုင်ဘဲ တစ်ချက် ထိမှန်လိုက်ရုံဖြင့် တိုက်ရိုက် ကွဲသွားလေသည်။

ဤလျှပ်စီးကြောင်း၏ စွမ်းအားသည် မိုးကြိုးပစ်ချက်ထက် ထက်ဝက်ခန့် နိမ့်သော်လည်း သူတော်စင်တစ်ပိုင်း ပထမအဆင့်နှင့် သာမန်ကျင့်ကြံသူများ ခုခံနိုင်ရန် ဝေးကွာလှသည်။

“ရေ.... အရာခပ်သိမ်းကို အာဟာရဖြစ်စေတဲ့ အသက်ရဲ့ ရင်းမြစ်!!”

မလှမ်းမကမ်းမှာ ကျယ်လောင်တဲ့ အသံကြီးက ပျံ့လွင့်လာ၏။ အသံနဲ့အတူ ခန္ဓာကိုယ်တစ်ဝိုက်မှာ တောက်ကျင့်စဥ် ပုံစံများ လွင့်လူးလျက် ပတ်ဝန်းကျင် ကောင်းကင်နဲ့ မြေကြီး၏ အခြေခံသဘောတရားတွေဟာ ရေစီးကြောင်းနှင့် ရောနှောပြီး မိန်းကလေး၏ မျက်လုံးထဲ စိမ့်ဝင်သွားသည်။

ဝိညာဉ်စွမ်းအင်၏ အရှိန်အဝါသည် တဖြည်းဖြည်း မြင့်တက်လာပြီး သူတော်စင် ဝိညာဉ်စွမ်းအင်၏ အရှိန်အဝါသည် ကျဆင်းသွားသော်လည်း ၎င်းသည် သူမအား တစ်စုံတစ်ရာ ခြိမ်းခြောက်မှု မရှိခဲ့ဘဲ ပြင်းထန်သော ရောင်ဝါအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။

လုရွှမ် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။ ဤအမျိုးသမီး ကျင့်​ကြံသူသည် ​ဒြပ်စင်အင်္ဂါငါးပါး၏ လမ်းကြောင်းကို အမှန်တကယ် လိုက်လျှောက်နေသူပင်။

ယခု လုပ်ငန်းစဉ်သည် မည်မျှ လွယ်ကူသည်ကို ကြည့်ပါက သူမတွင် ထူးကဲသော အရည်အချင်းရှိပြီး ကောင်းမွန်စွာ ပြင်ဆင်ထားသည်မှာ ထင်ရှားပါသည်။

ဟမ်? အဲဒါ သူ့ရဲ့ အရိပ်လူသတ်ခန်းမထဲက ကျင့်ကြသူ တစ်ယောက်လား? ကျင့်ကြံသူရဲ့ အမျိုးသမီးရဲ့ လက်မောင်းမှာ ကောင်းကင်ဖီးနစ်မီးဟု ရေးထွင်းထားတဲ့ အဖွဲ့ဝင်တံဆိပ်ကို တွေ့လိုက်ရတယ်။

သူမကို ကူညီရန် လုရွှမ်သည် သူ၏ကိုယ်ပိုင် ခံယူချက် ဒြပ်စင် ငါးခုအထဲက ရေကို တိုက်ရိုက်ပေးပို့လိုက်သည်။

ကျင့်ကြံသူ အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး မျက်လုံးများထဲက တောက်လမ်းစဥ် ပုံစံများက ပိုမိုရှုပ်ထွေးလာသည်။ နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ထိခတ်လာစဥ် သူမ၏ ခန္ဓာကိုယ်ထဲ သူတော်စင် အငွေ့အသက်များ တစ်ဖန် တိုးလာခဲ့သည်။

သိပ်မကြာခင်မှာပဲ သူမ မျက်လုံးတွေကို ဖွင့်ပြီး လုရွှမ်ကို ကျေးဇူးတင်စွာ ဂါဝရပြုလိုက်ပါ၏။ လုရွှမ်၏ အကူအညီဖြင့် သူမ၏ ကျင့်​ကြံမှုသည် သူတော်စင်တစ်ပိုင်း ပထမအဆင့် ပျံသန်းကောင်းကင်နယ်ပယ် အစောပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။

ပြီးတော့ အရည်အချင်းတွေကို အနည်းဆုံး အဆင့်တစ်ခုနဲ့ မြှင့်တင်ထားပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ရဲ့ ထောင့်တစ်ဝိုက်မှာ ရှိနေပြီ။

"ဆင်းပြီး နတ်ဆေးလုံးရေကန်ထဲကို ဝင်ပြီး ရေကန်အောက်ခြေမှာ အတွေ့အကြုံကောင်း တစ်ခုယူလိုက်ပါ.... မင်းဒီထက်ပိုပြီး အကျိုးအမြတ် ရလာလိမ့်မယ်"

ကျင့်ကြံသူ မိန်းကလေးကို ဆင်းသွားခိုင်းလိုက်သည်။ ဒါပေါ့ သူမအတွက် အောင်မြင်မှု ရှိနိုင်သလို ရှုံးနိမ့်မှုကိုလည်း အကြိမ်ပေါင်းမနည်း ကြုံတွေ့ရဦးမှာပင်။

ကျင့်ကြံသူတစ်ယောက်သည် နိယာမအဆင်း သဏ္ဍာန်ဖြင့် ဝန်းရံကာ လေထဲသို့ ပျံတက်ရန် အစွမ်းကုန် ကြိုးစားကာ ဒြပ်စင်ငါးပါးထဲက မြေဒြပ်စင် ပေါ်တွင် လျှောက်သွားခဲ့သည်။ သို့သော် မြေဒြပ်စင်စွမ်းအင်က ကြေမွနေပြီး ခံယူချက် မလုံလောက်ကြောင်း ထင်ရှား​လေသည်။

အသွင်အပြင်များသည် အချိန်အကြာကြီး မရောယှက်နိုင်ဘဲ နောက်ဆုံးတွင် မောပန်းနွမ်းနယ်ကာ ခန္ဓာကိုယ်တစ်ခုလုံး လဲကျသွားကာ သေမလိုရှင်မလို ဖြစ်သွား၏။

လုရွှမ်သည် သူ့နယ်ပယ်ကို တိုးမြှင့်ရန် အလျင်စလို မလုပ်ဘဲ မော့ကောင်းရွှမ်းနှင့် ထျန်ကျွင့်နမ်၏ နံဘေးသို့ ပျံသန်းသွားပြီး သူတို့၏ နယ်ပယ်တိုးရေး လမ်းကြောင်းများကို တစ်ယောက်ပြီး တစ်ယောက် စောင့်ကြည့်ပေး၍ အရေးကြီးသော အခိုက်အတန့်တွင် သူတို့ကို ကူညီ​ပေးခဲ့သည်။

လုရွှမ်၏ အရိပ်လူသတ်ခန်းမမှ လူများကို မည်သူမျှ မနှောင့်ယှက်ဝံ့ဘဲ အခြားနေရာများတွင် ဓားများ၊ လှံများနှင့် သွေးများဖြင့် ပြည့်နေသည်။

နိယာမစွမ်းအင် တိမ်တိုက်သည် ကနဦး ချဲ့ထွင်မှုအပြီးတွင် တဖြည်းဖြည်း ကျုံ့လာ​ပြီ။ အထူးသဖြင့် တစ်စုံတစ်ဦးကို သူတော်စင်တစ်ပိုင်းအဖြစ် နယ်ပယ် တိုးလာသောအခါတွင် ကောင်းကင်တိမ်တိုက်ကြီး ကျုံ့သွားသည့် အရှိန်သည် အလွန်တိုးမြင့်လာခဲ့သည်။

ယခင်က မြို့နှစ်မြို့ကို ဖုံးလွှမ်းထားသည့် ကြီးမားသော ကောက်ကြောင်းနှင့် နှိုင်းယှဉ်ပါက ယခုအခါ မိုင်တစ်ရာ ပတ်လည်ကိုသာ ဖုံးကွယ်ထားနိုင်ပေသည်။

အရိပ်လူသတ်ခန်းမတွင် ပါဝင်ခဲ့သူများသည် ၎င်းတို့သည် ကံကောင်းသူများ ဖြစ်ကြောင်း ဟစ်ကြွေးလျက် အရိပ်လူသတ်ခန်းမ၌ မပါဝင်သူများသည် ယခုအခိုက်အတန့်တွင် နောင်တရ နေကြရသည်။

လျှပ်စီးကြောင်းတစ်ခု ကျရောက်သွားသော်လည်း လုရွှမ်သည် မလှုပ်ရှားဘဲ လျှပ်စီးကြောင်းကို သူ့အပေါ် တိုက်ရိုက်ကျရောက်စေသည်။ တစ်ကိုယ်လုံး ထုံကျင်နေသော်လည်း နာကျင်မှု လုံးဝမရှိပေ။

အချိန်ရောက်ပြီဟု သိလိုက်သဖြင့် လုရွှမ်သည် နောက်ဆုံးတွင် သူ့စိတ်ကို စွန့်လွှတ်လိုက်ပြီး သူ၏ ရောယှက်နေသော အသွင်အပြင်များကို ထုတ်ဖော်ကာ ကောင်းကင်၊ မြေကြီးနှင့် တောက်ကျင့်စဥ် စည်းချက်တို့နှင့် ပေါင်းစပ်လိုက်သည်။

"သွားသေလိုက်တော့!"

အေးစက်သော အလင်းရောင် တစ်ခုသည် လေထုအလယ်တွင် ပေါ်လာ၍ကို ပြင်းထန်စွာ ဖြတ်တောက်သွားသည်။

လှုပ်ရှား ဆောင်ရွက်ခဲ့သူမှာ အလွန်အစွမ်းထက်သည့် အဘိုးအိုတစ်ဦး ဖြစ်ပြီး သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ် ကျင့်ကြံမှုအဆင့် ရှိသူဖြစ်သည်။ လုရွှမ် သူတော်စင်တစ်ပိုင်းအဖြစ် နယ်ပယ် တိုးလာချိန်တွင် ခိုးဝင်တိုက်ခိုက်ရန် တစ်ချိန်လုံး အမှောင်ထဲတွင် ပုန်းနေခဲ့သည်။

ဤအဆင့်သည် အလွန် အရေးကြီးလှသည်။ အနှောက်အယှက် ဝင်လာပါက နိယာမဥပဒေနှင့် အခြေခံမူများ ပေါင်းစည်းရေးလမ်းသည် ပြတ်လုနီးပါး ဖြစ်သွားပြီး အမှန်တကယ် အန္တရာယ်ရှိပါသည်။

"ဟားဟား.... အငယ်တန်းလေး မင်း ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ မင်းက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်က မျိုးဆက်လေးပဲ ရှိပါသေးတယ်.... မင်းရဲ့ အတွေ့အကြုံက ဒီအဘိုးကြီးလောက် မရှိပါဘူးကွာ... ဒီအဘိုးကြီးက ဒီနေ့ကို စောင့်နေတာ ကြာပြီ.... ယွမ့်အာ.... အဖေ မင်းအတွက် လက်စားချေနိုင်ပြီ!"

"သခင်လေး!"

အဝေးက လူတော်တော် များများမှာ ဒီမြင်ကွင်းကို မြင်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

မော့ကောင်းရွှမ်း၊ မုယန်ဖုန်း နှင့် ထျန်ကျွင့်နမ်တို့သည် လုရွှမ်အတွက် ထိုးနှက်ချက်ကို တားဆီးရန် အရှိန်အပြည့်ဖြင့် ထို​လမ်းကြောင်းဆီသို့ ပြေးသွားကြသည်။

အောက်ဖက်မှာတော့ မိန်းကလေး ငါးယောက်မှာ နတ်ဆေးလုံးမြို့ရဲ့ ထိပ်ပိုင်းမှာ ရပ်လျက် မျက်လုံးထဲမှာ မျက်ရည်များ စီးကျလာခဲ့သည်။

All Chapters