← Chapters

သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း

Vol. 40 Ch. 4.113

သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း

Vol. 40 Ch. 4.113

"သခင်လေး!"

ဒီမြင်ကွင်းကို လူတော်တော်များများ မြင်လိုက်ကြရသည်။ တကယ်တော့ လုရွှမ် လေထဲမှာ လွင့်ပျံလာပြီးနောက်မှာ သူဟာ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီးသားပင်။ ဒီအချိန်မှာ တိုက်ခိုက်ခံရတဲ့ မြင်ကွင်းဟာ အမှောင်ထဲမှာ အတောက်ပဆုံး မြင်ကွင်းတစ်ခုလို့ ထင်ရပြီး လူတိုင်းကို တစ်ပြိုင်တည်း ငေးကြည့်မိစေသည်။

မျှော်လင့်ချက်များ၊ ပူပန်မှု၊ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ အပါအဝင် လူတိုင်း၏မျက်လုံးများကို အမူအရာမျိုးစုံဖြင့်။

လူများစွာသည် လုရွှမ် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ နောက်တစ်ကြိမ် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်ကို တိတ်တဆိတ် ခန့်မှန်းမိတာကြောင့် ကျောခိုင်း ထွက်သွားခဲ့ကြသည်။

လုရွှမ်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ကို လျစ်လျူရှုလိုက်ကာ သူ့ခန္ဓာကိုယ်သည် အလင်းတန်းများ ကျိုးပဲ့သွားသကဲ့သို့ ရုတ်တရက် လင်းလက်သွားသည်။ ခန္ဓာကိုယ်အနှံ့ အေးစက်သော အလင်းတန်းများ ဖြတ်သွားကာ လုရွှမ်၏ ခန္ဓာကိုယ်သည် အလင်းဘောလုံး အဖြစ်သို့ ပြောင်းလဲသွားပြီး လေထုအလယ်၌ ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်း အံ့ဩသွားကြသည်။ နတ်ဆေးလုံးမြို့၏ အရှင်သခင် လုရွှမ်သည် ဤကဲ့သို့ ခေါင်းဖြတ်ခံရလိုက်တာ ဘယ်လိုလုပ်များ ဖြစ်နိုင်ပါ့မလဲ။

တိုက်ခိုက်ခဲ့တဲ့ အဘိုးကြီးလည်း မယုံကြည်နိုင်စွာ ကြောင်အသွားကာ ခဏအကြာတွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"လုရွှမ် နောက်ဆုံးတော့ မင်းကို ငါသတ်လိုက်ပြီ....ယွမ့်အာ...အဖေ မင်းအတွက် လက်စားချေလိုက်ပြီ ဟားဟားဟား... ဖူး...."

သူ ဂုဏ်ယူစွာ ပြုံးလိုက်ပေမယ့် ရုတ်တရက် ပါးစပ်ထဲနေ သွေးတွေ ထွက်ကျလာ၏။ အားလုံးက လန့်သွားပြီး လုရွှမ်ကို လှည့်ကြည့်လိုက်ကြသည်။ အဘိုးအိုမှာ ပို၍ပင် ထိတ်လန့်သွားပြီး လမ်းကြောင်းပြောင်းကာ

"လုရွှမ်.... ထွက်လာခဲ့စမ်း မင်းခေါင်းကို ဝှက်ပြီး အမြီးကိုပဲ ထုတ်ပြနေတာ မင်းဘယ်လို ယောက်ျားလဲကွ!!"

လုရွှမ် အဘိုးအိုရှေ့တွင် အေးအေးဆေးဆေး ပေါ်လာခဲ့သည်။

"မင်းရဲ့သမီးက ဘယ်သူလဲ ငါမသိဘူး ဒါပေမဲ့ ငါသတ်လိုက်တာ ဆိုရင်တော့ သေဖို့ထိုက်တန်လို့ပဲ"

ခပ်ဝေးဝေးက ပုန်းအောင်းနေတဲ့ လူတွေက ထိုစကားကြားတော့ လန့်ဖျပ်သွားကြသည်။

လုရွှမ် ရက်စက်တယ်လို့ နာမည်ကြီးကာ သူ၏ လက်ရှိနာမည်မှာ လူသတ်နတ်ဘုရား ဟူသည့် ကျော်ကြားမှုကို ရရှိထားသော်လည်း သူမည်သူ့ကိုမျှ အနိုင်ကျင့်ခြင်း မရှိသည်မှာ အမှန်ပင်။

ဆန့်ကျင်ဘက်အနေနှင့် တခြားသူများကမူ သူ၏ ကျင့်​ကြံမှုကို အလယ်အလတ် အဆင့်ဟု မှတ်ယူကာ အခွင့်ကောင်း ယူချင်ကြသည်။ ဒါကြောင့် သူကိုယ်တိုင် မီးရှို့ပစ်တာပင်။

လုရွှမ် ဒီလိုပြောတဲ့အခါ တကယ်ပဲ အဓိပ္ပာယ် ရှိသလိုပဲ။

သူပြောတာက အဘိုးကြီးရဲ့ ဒဏ်ရာပေါ် ဆားနဲ့ပက်​နေသလိုပင်။ သူက ဒေါသတကြီးနဲ့ ဟောက်လိုက်ကာ အသက်ရှုသံတွေ တဟုန်ထိုး ထွက်နေပြီး လုရွှမ်ကို လှမ်းဖမ်းလိုက်သည်။

"အားလုံးအတူတူ သေလိုက်ကြရအောင်!"

သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် လင်းထိန်နေပြီး အသွင်အပြင်က ထင်ရှားလာရာသလို မြေကြီးပါ တသိမ့်သိမ့် လှုပ်ခါလာတာကြောင့် သူ့ကိုယ်သူ ပေါက်ကွဲတော့မည်မှာ ထင်ရှား​လေသည်။

သို့သော် သူ အော်ဟစ်လိုက်ပြီးနောက် သူ့လက်တွေ ရုတ်တရက် တုန်ခါသွား၏။ အဘိုးအိုသည် လုရွှမ် ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားများ ထိုးထွက်လာတာကို သိသိသာသာ ခံစားလိုက်ရသည်။ ထိုစွမ်းအင်သည် ကြီးမားပြီး မခံမရပ်နိုင်ဖြစ်ကာ သူ့ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ တုန်ရီလာစေသည်။

ဝုန်း!

ပေါက်ကွဲသံတစ်ခု ထွက်လာပြီး သွေးမိုးများ ရွာကျလာသလို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲသွားတော့သည်။ လုရွှမ် လက်တစ်ချက် ဝေ့ယမ်း၍ အဖိုးအို၏ ခြေရာလ​က်ရာ အားလုံးကို သုတ်ပစ်လိုက်သည်။

ကောင်းကင်မှာ တိမ်တိုက်တွေက သေးသထက် သေးလာခဲ့ပြီ။

လုရွှမ် အတောင်များသည် သူ့နောက်ကျောတွင် ဖြန့်လျက် လူတိုင်း၏ ကြောက်လန့်နေသော မျက်လုံးများအောက်မှ ကောင်းကင် တိမ်တိုက်ထဲသို့ တိုက်ရိုက် ပျံသန်းသွား​တော့သည်။

မိုးခြိမ်းသံတွေ တဟုန်းဟုန်း ခြိမ်းလျက် တိမ်တိုက်များ​ကြားတွင် အလင်းတန်းများ ထွန်းလင်း တောက်ပနေသည်။ မိုးခြိမ်းသံကိုကြားရုံမျှဖြင့် အားလုံးသည် ခဏတာမျှ မငြိမ်မသက် ဖြစ်သွားကြပြီး တိမ်တိုက်များဆီသို့ မချဉ်းကပ်ရဲကြပေ။

လုရွှမ်မှာ အစွမ်းထက်တဲ့ စွမ်းအားရှိပြီး သူ့အစွမ်းက တခြားသူတွေထက် တကယ်ကို သာလွန်နေတယ်ဆိုတာ အံ့သြစရာ မရှိတော့ပေ။

သူတော်စင်တစ်ပိုင်း လူတော်တော် များများမှာ လုရွှမ်ကိုကြည့်ပြီး တောက်ကျင့်စဥ်နဲ့ ဝေးကွာနေဆဲဖြစ်တဲ့ အရိပ်အယောင် တွေကိုတောင် ခံစားလိုက်ရသည်။ မိုးကြိုးပစ်၍ ခုတ်ထွင် ရှင်းလငိးခြင်းခံရမည်ကို စိုးရိမ်၍ အဝေးသို့ ရှောင်သွားကြသည်။

လုရွှမ်သည် တိမ်တိုက်ထဲသို့ တိုက်ရိုက်ပျံသန်း ဝင်ရောက်လိုက်သည်နှင့် လျှပ်စီးကြောင်း တစ်ထောင်၏ စွမ်းအားကို ခံစားလိုက်ရသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ရောနှောနေသော စွမ်းအင် အသွင်အပြင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားနေပြီ။ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများသည် သူတော်စင်တစ်ပိုင်းသို့ တိုးမြှင့်နိုင်ရန် နတ်ဆေးလုံးရေကန်သို့ အပြေးအလွှား သွားကြသည်။

ဉာဏ်နည်းသော ကျင့်ကြံသူ တချို့သာလျှင် တိမ်တိုက်နောက်သို့ အသည်းအသန် ပြေးလိုက်နေ၏။

လုရွှမ်မှာ ယခုအချိန်တွင် မိုးခြိမ်းသံများ ဝန်းရံထားပြီး လျှပ်စီးကြောင်းတွေ ယှက်သန်းနေသော တိမ်တိုက်အလယ်၌ လျှပ်စီးလက်လာသည့် အချိန်တိုင်း သူ့ခန္ဓာကိုယ်မှ တောက်ကျင့်စဥ်၏ ပုံစံများ ပျောက်ကွယ်သွားသော်လည်း လုရွှမ်က ပြန်ထုတ်လွှတ်လိုက်လေသည်။

ဒီလို အခွင့်ကောင်း ယူလို့မရရင် အတင်းအကျပ် လုပ်ယူရတော့မှာပေါ့။ သူ့အပြုအမူက စွမ်းအင်တိမ်တိုက်ကို ဒေါသထွက်စေဟန်တူသည်။လျှပ်စီးကြောင်းများက ပိုမို ကျယ်လောင်လာပြီး ပိုမိုပြင်းထန်လာခဲ့သည်။

လုရွှမ် ဆင်သံချပ်ရွှေကိုယ်ထည်ကို ဖွင့်ထုတ်၍ ခုခံလိုက်သည့်တိုင် ပြင်းထန်သော နာကျင်မှုကို ခံစား​နေရသေးသည်။

သို့သော် နာကျင်ပြီးနောက်မှာတော့ ဆဲလ်အသစ်တွေ ပြန်လည် မွေးဖွားလာသလိုမျိုး ခန္ဓာကိုယ်အနှံ့ သက်သာလာခဲ့သည်။ တစ်ဆက်တည်း ခန္ဓာကိုယ်က အဆက်မပြတ် အားကောင်းလာ၏။

ဆင်သံချပ် ရွှေကိုယ်ထည်က ဆက်ပြီး ထိုးဖောက်ထွက်လာသလို မျက်လုံးတွေက အဖြူရောင်ကနေ ရွှေရောင် ပြောင်းလဲသွားသည်။ ရွှေရောင်အဖြစ်မှ နောက်ဆုံးတော့ အဖြူရောင် ပြန်ဖြစ်လာသည်။

တောက်လမ်းစဥ် တစ်ခုခုကို နားလည်ရင် သူတော်စင် ဖြစ်သွားနိုင်၏။ လုရွှမ်သည် အရင်ဘဝက လမ်းကြောင်းအတိုင်း မလိုက်ဘဲ ယွမ်ယန်ကျင့်စဥ်ကို ရယူခဲ့သည်။ သူ့ရဲ့ နားလည်မှုအဆင့်သည် အလွန်မြင့်မားနေပြီဟု ခံစားရသော်လည်း ချို့ယွင်းချက် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်သည်။

ယခု သူထုတ်လွှတ်ထားသော နိယာမစွမ်းအင် များသည် တစ်စတစ်စနှင့် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားပြီး ပတ်ဝန်းကျင်ရှိ ချည်မျှင်များသည် လမ်းကြောင်း အားလုံးမှ ရောယှက်လာလျက် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ဆက်လက် စုဝေးနေသည်။

သူသည် ဤအသွင်အပြင် ပြောင်းလဲခြင်းကို ထိန်းချုပ်ခြင်းသာ ဖြစ်သည်။ အရာအားလုံးသည် သူ့ကိုယ်သူ အခြေခံထားပြီး လောက၏ နိယာမ စွမ်းအင်များကို နားလည်ရန်နှင့် သူ့ကိုယ်သူ ပြန့ထိန်းချုပ်ရန် ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအင်ကိုပါ အသုံးပြုထားသည်။

ရှိသမျှ အရာအားလုံးကို သူ့ နှလုံးသားဖြင့် ထိန်းချုပ်ထားခြင်းပင်။

သူ့စိတ်ထဲတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာတဲ့အခါ လုရွှမ် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ယခု သူသည် သူတော်စင်တစ်ပိုင်း အဆင့်၁ ပျံသန်းကောင်းကင်နယ်ပယ်ကို တရားဝင် အောင်မြင်ခဲ့ပြီ။

သူ့နှလုံးခုန်သံနှင့်အတူ သူ့နောက်ကျောမှအတောင်များသည် စွမ်းအင်၏ နားလည်နိုင်မှုအပေါ် ခံစားမိဟန်ဖြင့် သူ့ကိုယ်တွင်းသို့ ပြန်ဆုတ်သွားကာ လုရွှမ်ကို လွတ်လွတ်လပ်လပ် ပျံသန်းစေ၏။

ယွမ်ယန်ကျင့်စဥ်လည်း လျင်မြန်စွာ ဖြတ်ကျော်၍ တတိယအဆင့်သို့ ဝင်ရောက်လာခဲ့သည်။ ဝိညာဥ်စွမ်းအင်များက အရှိန်ပြင်းပြင်း လှိုင်းလုံးကြီး တစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို သိသိသာသာ မြှင့်တင်လာ​စေသည်။

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေထုတစ်ခုလုံး တုန်ခါသွားကာ တိမ်တိုက်ကြီး ချက်ချင်း ပြိုကျသွားသည်။

အသက်ပြင်းပြင်းရှူရင်း လုရွှမ် မျက်လုံးကိုမှိတ်လိုက်ပြီး စိတ်ဝိညာဥ် စွမ်းအားတွေကို လွှင့်ထုတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က အရာအားလုံး ချက်ချင်း လွင့်စင်သွားပြီး အားကောင်းလှတဲ့ စိတ်ဝိညာဉ် စွမ်းအားရဲ့ အတိုင်းအတာဟာလည်း လျင်မြန်စွာ တိုးလာနေ၏။

မကြာခင်မှာပဲ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ၂၄ အထိ ရောက်ရှိသွားတာကို တွေ့ရှိလိုက်ရတဲ့ အတွက် လုရွှမ်ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့သည်။

မျက်လုံးများကို ဖွင့်လိုက်ကာ ကမ္ဘာကြီးကို တစ်ဖန် ကြည့်ရှုလိုက်ပြန်သည်။ ယခုအချိန်တွင် ကမ္ဘာကြီးသည် လုံးဝရှင်းလင်းသွားကာ ကျန်နေသော တောက်လမ်းစဥ်၏ စွမ်းအင်များကို မှုန်ဝါးဝါးသာ မြင်ရတော့သည်။

တောက်လမ်းစဥ် အခြေခံ စွမ်းအင်များသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

အနီးနားရှိ ကျင့်ကြံသူ များစွာတို့သည် နောက်ဆုံး လက်ကျန်ကို သိမ်းဆည်းရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ခေါင်းမပါတဲ့ ကြက်တွေလို တစ်ကောင်ပြီးတစ်ကောင် လိုချင်ပေမယ့် မရလိုက်တာက သနားစရာပင် ကောင်းနေ၏။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားများ လွင့်စင်သွားပြီး နောက်ဆုံးလက်ကျန် စွမ်းအင်များကို သူ့ခန္ဓာကိုယ်ပေါ်သို့ စုပ်ယူလိုက်သည်။

ကောင်းကင်မှာ မိုက်မဲစွာ ပျံသန်းနေကြသော ကျင့်ကြံသူများသည် ကောင်းကင်၊ မြေကြီးနှင့် တောက်လမ်းစဥ်တို့၏ သန့်စင်သော စည်းချက်ကို ခံစားလိုက်ရသဖြင့် အနီးပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်ကြသည်။

အံ့အားသင့်စွာဖြင့် သူတို့သည် စွမ်းအင်များ စုဝေးသွားရာ နေရာဆီသို့ အလိုလို ပျံသန်းလာရင်း လုရွှမ် ပတ်ပတ်လည်တွင် စုရုံးနေကြသည်။ လုရွှမ်၏ ရုပ်သွင်ကို စွမ်းအင်များက လှည့်ပတ်သွားလာနေလျက် နိယာမစွမ်းအင်များက အဆက်မပြတ် ရောယှက်နေပြီး ကောင်းကင်မှ အသံများပင် ထွက်​ပေါ်လာသည်။

ရာနှင့်ချီသော ကျင့်ကြံသူများသည် လုရွှမ် အနီးတွင် စုရုံးကာ ငြိမ်သက်စွာ အာရုံစိုက်ရင်း နားလည် သဘောပေါက်ကာ အလွန်ပျော်ရွှင်လာကြသည်။

All Chapters