← Chapters

ခေါ်ယူခြင်း

Vol. 40 Ch. 4.114

ခေါ်ယူခြင်း

Vol. 40 Ch. 4.114

မကြာမီတွင် လုရွှမ်၏ ရုပ်သွင်သည် လည်ပတ် ရပ်တန့်သွားပြီး သူ၏ခန္ဓာကိုယ်သည် လွင့်မျောသွားပြီး နတ်ဆေးလုံးမြို့၏ ထိပ်ပေါ်တွင် လှပစွာ ဆင်းသက်လာခဲ့သည်။

"သူတော်စင်တစ်ပိုင်း အဖြစ် အဆင့်တိုးသွားတဲ့ အတွက် မြို့သခင်ကို ဂုဏ်ပြုပါတယ်... မြို့သခင်ရဲ့ ကျေးဇူးကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး...."

သူတို့သည် သူတော်စင်တစ်ပိုင်းသို့ အဆင့်တိုးလာသောအခါ လုရွှမ် သူတို့အတွက် အကာအကွယ် ပေးနေကြောင်း ပြတ်ပြတ်သားသား သိမြင်ခဲ့ကြပြီး သူတို့ရဲ့ စိတ်နှလုံးထဲမှာ ကျေးဇူးမတင်ဘဲကို မနေနိုင်တော့ပေ။

အဲဒီမတိုင်ခင်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူများကို သူတော်စင်တစ်ပိုင်း အဖြစ် အဆင့်တိုးဖို့ လမ်းပြတဲ့ လုရွှမ်ရဲ့ လုပ်ရပ်က သူတို့ရဲ့ အထင်ကြီးလေးစားမှုကို ပိုမို ရရှိလာခဲ့သည်။

ဘယ်သူက ဒီလောက် ကိုယ်ကျိုးမဖက်ဘဲ တခြားသူတွေ အဆင့်တက်ဖို့အတွက် လိုက်ကူညီနေမှာလဲ?

သိထားရမှာက အဲဒီလူတွေထဲမှာ အရင်က သူ့ကို ခိုးဝင် တိုက်ခိုက်ဖို့ ကြံစည်ချင်သူတွေ အများကြီး ရှိပြီးတော့ လုရွှမ်ကို သူတို့နှလုံးသားထဲမှာ မုန်းတီးနေခဲ့ပေမယ့် လုရွှမ်ကတော့ အဲဒါကို လုံးဝဂရုစိုက်ပြီး သူတို့ကို ကူညီပေးခဲ့သည်။

ကောင်းကင်မှာရှိတဲ့ တိမ်တိုက်တွေ လွင့်စင်သွားပြီး မိုးခြိမ်းသံက တဖြည်းဖြည်း အဝေးကို ရောက်သွားခဲ့ပြီ။

မိုးကြိုးပစ်ချက်ကို မစုပ်ယူရသေးတဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တချို့ရဲ့ အလားအလာက အရင်ကလောက် မကောင်းမွန်ပေမယ့် သူတော်စင်တစ်ပိုင်း ဖြစ်လာရတာ ဂုဏ်ယူစရာပင်။

ဤအခိုက်အတန့်တွင် အခြေခံမူများကို ပေါင်းစပ်ပြီးနောက် လုရွှမ်သည် ယခင်က လုပ်ဆောင်ခဲ့သမျှကို သဘာဝကျကျ သိခဲ့သည်။

တစ်ယောက်ပြီး တစ်ယောက် နတ်​ဆေးလုံးမြို့ဆီသို့ ဆင်းလာပြီး လုရွှမ်ကို တလေးတစား ဂါဝရပြုလိုက်ကြသည်။ လုရွှမ်၏ ယခင်က လုပ်ဆောင်ချက်များသည် ၎င်းတို့အတွက် ပြန်လည်ရှင်သန်ခြင်း၏ ကျေးဇူးနှင့် မတူကြောင်း ယုံကြည်ခဲ့ကြသည်။

"အားလုံး နတ်ဆေးလုံးရေကန်ကို သွားပြီး ခဏလောက် ကျင့်ကြံလိုက်ကြပါ!"

ပြောပြီးနောက် လုရွှမ်သည် တိတ်ဆိတ်သော အခန်းထဲသို့ ပေါ့ပေါ့ပါးပါး ဝင်သွားခဲ့သည်။

"ဒါကမှ တကယ့်ဆရာကြီးပဲ!"

"သခင်လေးလုက အနာဂတ်မှာ တကယ့် သူတော်စင် ဖြစ်လာလိမ့်မယ်"

...

နှလုံးသားထဲမှ ကျေးဇူးတင် ချီးမွမ်းသံများ ဆက်တိုက် ပြန့်နှံ့သွားခဲ့သည်။ ဒါဟာ ထောင်ပေါင်းများစွာသော ကျင့်ကြံသူတွေ မျက်စိနဲ့ မြင်ကြားကြားရတဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပင်။

အဲဒီအချိန်ကစပြီး လုရွှမ်ဟာ မြို့နှစ်မြို့ရဲ့ ထိပ်တန်း ဖြစ်လာခဲ့လေသည်။

တစ်လ ကြာပြီးနောက် နတ်ဆေးလုံးရေကန်တွင် အပြင်းအထန် ကျင့်​ကြံ​နေကြသော ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်​ကြံမှုကို တစ်စုပြီးတစ်စည်း စုစည်းခဲ့ကြသည်။

လုရွှမ်အား နှုတ်ဆက်ပြီးနောက် အများစုမှာ ထွက်ခွာသွားကြပြီး တချို့မှာ မြို့ထောင်ချီမဟာမိတ်ကို စိတ်လိုလက်ရ စောင့်ကြပ်ကာ အရိပ်လူသတ်ခန်းမသို့ ဝင်ရောက်ခဲ့ကြသည်။

မော့ကောင်းရွှမ်း၊ မုယန်ဖုန်းနှင့် ထျန်ကျွင့်နမ်တို့ အားလုံးကို သူတော်စင်တစ်ပိုင်း အဖြစ်သို့ နယ်ပယ်တိုးမြှင့်နိုင်ခဲ့သည်။ ဟန်ရွှယ်နှင့် အခြားမိန်းကလေးတို့၏ ခွန်အားသည် အနည်းငယ်မျှ မလုံလောက်သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို သိရှိလာကြပြီး သူတော်စင်တစ်ပိုင်း၏ အနာဂတ် အောင်မြင်မှုမှာလည်း တုနှိုင်းမမှီနိုင်တော့ပေ။

လုရွှမ်သည် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ၏ ခန္ဓာကိုယ်တွင် ကျန်ရစ်ခဲ့သော ဖီးနစ်မီးတောက်များကို တိတ်တဆိတ် ပြန်ယူသွားခဲ့သည်။ ယခုအချိန်တွင် သူသည် သူ၏ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအားကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ပြီး လူတိုင်းက သူ့ကို စိတ်ရင်းမှန်ဖြင့် ကိုးကွယ် လေးစားနေကြပြီ။

လုရွှမ် မော့ကောင်းရွှမ်းနှင့် ချန်စစ်ယန်တို့အား ကောင်းကင်ကြယ်အစုအဝေး အခင်းအကျင်းကို ထိန်းချုပ်နည်းအား သင်ကြားပေး၏။ ၎င်းတို့နှစ်ဦးစလုံးသည် သူ ထွက်ခွာတော့မည်ကို သဘောပေါက်လိုက်သည်။

အမှန်တကယ်လည်း သူ့အတွက် ဒီနေရာမှာ တိုးတက်နိုင်သည့် လမ်းကြောင်း မရှိပေ။

လုရွှမ် သူ့ရဲ့လမ်းခရီးကို ကျဉ်းမြောင်းသော ထောင့်တစ်ခုမှာ ကပ်နေရတာမျိုး မဟုတ်ဘဲ ကြယ်ပင်လယ်တစ်ခု ဖြစ်လာရန် ရည်မှန်းထားသည်။

လုရွှမ် မြို့ထောင်ချီမဟာမိတ်မှ ထွက်ခွာတော့မည့် သတင်းသည် များမကြာမီတွင် မြို့ထောင်ချီမဟာမိတ် တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး တချို့သောသူများသည် ပျော်ရွှင်ကြပြီး တချို့မှာ ဝမ်းနည်းသွားကြသည်။

နောက်ဆုံးတော့ လူသတ်နတ်ဘုရား ထွက်သွားတော့မှာမို့ ပျော်နေကြသလို ဒီလိုနတ်ဘုရားကို ဒလုံးဝ မပိုင်နိုင်တဲ့အတွက်လည်း ဝမ်းနည်းနေကြ၏။

မြို့ထောင်ချီမဟာမိတ်သည် ယခင်က သေးငယ်သော နေရာတစ်ခုမျှသာ ဖြစ်ပြီး မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ နာမည်က ကြီးစိုးတယ်လို့ထင်ရပေမယ့် သူတို့အားလုံးက လူသေးသေးလေးတွေ ဖြစ်ပြီး သူတော်စင်တစ်ပိုင်းတွေ တောင်မှ ဒဏ္ဍာရီတွေလို ဖြစ်ခဲ့ကြသည်။

လုရွှမ် ရောက်ရှိလာခြင်းကြောင့် လူတိုင်းရဲ့ အမြင်အာရုံက မြင့်မားလာပြီး သူတော်စင် တစ်ပိုင်းများ၏ ပံ့ပိုးမှုဖြင့် ဤနေရာတွင်ရှိ အနာဂတ်သည် တောက်ပနေပါပြီ။

လျှို့ဝှက်စွာဖြင့် လောကကပ်ဆိုးကို ဖြစ်စေခဲ့သော အဂ္ဂိရတ်ပညာရှင်မှာ လုရွှမ် ဖြစ်သည်ဟူသော ကောလဟာလများလည်း ရှိလာခဲ့သည်။ နတ်ဆေးလုံးမြို့မှ မည်သူမျှ တုံ့ပြန်ခြင်းမရှိသော်လည်း လူတိုင်းက ဤအချက်ကို လက်ခံခဲ့ကြသည်။

​နတ်ဆေးလုံးမြို့၏ အခမ်းအနား ခန်းမဖြစ်သော မြို့သခင်အိမ်တော်တွင် လူများစွာသည် ယခုအချိန်တွင် စုရုံးရောက်ရှိ နေကြသည်။ မိန်းမလေး များစွာဖြင့် ဝန်းရံထားပြီး အလွန် လှပသော မြင်ကွင်းတစ်ခုပင် ဖြစ်​နေသည်။

"သခင်လေးလု.. ကျုပ်တို့ ထျန်းလုံကျောင်းတော်က သခင်လေးကို ကျုပ်တို့ကျောင်းတော်ကို လာရောက်ဖို့ စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်လိုက်ပါတယ်....သခင်လေးရဲ့ အရည်အချင်းတွေနဲ့ဆို ကျုပ်တို့ကျောင်းက အမျိုးမျိုးသော အရင်းအမြစ်တွေနဲ့ အားကြိုးမာန်တက် ကျင့်ကြံလိုက်ရင် သိပ်မကြာခင် ဒဏ္ဍာရီထဲက သူတော်စင်နယ်ပယ်ကို ဖြတ်ကျော် ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်"

"သခင်လေးလုရွှမ်... ထျန်းလုံကျောင်းတော်က အခု နာမည်နည်းနည်းပဲ ရှိတော့တယ်.... ကျုပ်တို့ ပိုင်ဟူကျောင်းတော်နဲ့ ယှဉ်ရင် အများကြီး ကျန်နေခဲ့ပြီ"

"ကျုပ်တို့ ရွှမ်ဝူကျောင်းတော်မှာ ပါဝင်ပါ..."

"ကျူးချွဲ့ကျောင်းတော်က..."

အဓိက ကျောင်းတော်ကြီး လေးခုသည် တိမ်ပင်လယ်နယ်မြေ၏ အလယ်အလတ် အဆင့် ဧကရာဇ်အင်ပါယာထဲတွင် ထိပ်တန်းကျောင်းတော်များ ဖြစ်ကြသည်။ ကျောင်းပြီးသွားသော သူတော်စင်များစွာ ရှိပြီး ပြည်မကြီးတွင် ၎င်းတို့၏ ဂုဏ်သတင်းသည် အားမနည်းပေ။

ဒါပေါ့ အထက်တန်းစား ဧကရာဇ်အင်ပါယာတွေ ဒါမှမဟုတ် ထိပ်တန်း ကျိုးရန် ဧကရာဇ်အင်ပါယာလောက် နာမည်ကြီးတာ မဟုတ်ပေမယ့် လုရွှမ်ရဲ့ လက်ရှိအနေအထားနဲ့ ကိုက်ညီနေသည်။

"သခင်​လေးလုရွှမ် အတွက် ကျောင်းတက်ရတာ ဘာ အဓိပ္ပာယ် ရှိမှာလဲ? ကျုပ်တို့ဂိုဏ်းနဲ့ ပေါင်းလိုက်တာ ပိုကောင်းပါတယ်.... ကျုပ်တို့က အထက်တန်း ဧကရာဇ်အင်ပါယာမှာ ရှိနေတာ..."

အဲဒီနောက်မှာတော့ ဂိုဏ်းပေါင်းစုံက သူတို့ဂိုဏ်းထဲကို ဝင်ဖို့ ထောက်ခံ အကြံပြုလာကြသည်။

လုရွှမ်သည် ကောင်းကင်နှင့် မြေကြီး ပေါက်ကွဲ ထွက်လာသောအခါတွင်ပင် တည်ငြိမ်စွာ ထိုင်နေခဲ့တာကို အားလုံး မြင်လိုက်ရပြီးပြီ။ သူသည် အံ့မခန်း ပါရမီရှင်သာ ဖြစ်​လေသည်။

အလွန်ထက်မြက်သော ပါရမီရှင် ဖြစ်တာကို လူတိုင်း သိကြပြီး ယခင်က မမြင်ဖူးကြသည့်တိုင် ထိုကဲ့သို့သော အရည်အချင်းများသည် ကျောင်းတော် သို့မဟုတ် ဂိုဏ်းတွေထဲ ဝင်လာခဲ့ရင် သူတို့ရဲ့ အနာဂတ် တောက်ပလာမှာ သေချာသလို အကြံပေးသူများ အနေဖြင့်လည်း များစွာအကျိုး ဖြစ်ထွန်းမှာပင်။

"သခင်လေးလု အဂ္ဂိရတ်ပညာရှင် အဖွဲ့ကပါ..."

လုရွှမ် အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ပို့လာသော အဘိုးအိုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့ကြားက အရှုပ်အထွေးကို သိပြီးတာကြောင့် သူ့ကို လာလည်ဖို့ ဖိတ်ခေါ်မယ်လို့ မထင်ထားခဲ့ပေ။

မူလက အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် အခဲမကြေ ခဲ့သော်လည်း မကြာသေးမီက လုရွှမ်သည် နတ်ဆေးလုံး မှော်အဂ္ဂိရတ်ပညာရှင် ဖြစ်ကြောင်း သတင်းရရှိပြီးနောက်တွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် ထိုင်ပင် မထိုင်နိုင်တော့ပေ။

၎င်းသည် နတ်ဆေးလုံး ဖြစ်သည်။ အဆင့်အနည်းငယ် နိမ့်သော်လည်း သူတို့ဆီက အဂ္ဂိရတ်သမားများ၏ အစွမ်းသတ္တိမှာလည်း နိမ့်ကျသည်။

လုရွှမ် သေချာလေ့ကျင့်ပြီးသည့် တစ်ပြိုင်နက် ၎င်းတို့သည် သူ​တော်စင်အဆင့် နတ်ဆေးလုံး ဒါမှမဟုတ်ရင် သူတော်စင်တစ်ပိုင်း နယ်ပယ်က အဂ္ဂိရတ်ဆေးများကို သန့်စင်ပေးနိုင်လောက်သည်။

ဒီလို ချမ်းသာကြွယ်ဝမှုမျိုး ရရှိနိုင်တဲ့ ပါရမီရှင်ကို တွန်းထုတ်ချင်နေ သေးရင်တော့ တကယ်ကို အရူးပဲ ဖြစ်လိမ့်မယ်။

"သားရဲခန်းမ..."

"အခင်းအကျင်းပညာရှင် အဖွဲ့..."

"ဆေးဥယျာဉ်..."

ဆေးဥယျာဉ်ထဲက အဆက်အသွယ် ရှိသူက စွင်းလင်ကို တိုက်ရိုက် ပို့ဆောင်ခဲ့သည်။ သူမမျက်နှာက ရှက်​နေပြီး သူ့မျက်လုံးတွေကို မှိတ်ထားပေမယ့် ဆွဲဆောင်မှုရှိနေဆဲပင်။

လုရွှမ်ရဲ့ အလိုမကျသော မျက်လုံးတွေကို မြင်လိုက်ရချိန်မှာတော့ ဟန်ရွှယ် နဲ့ တခြား အမျိုးသမီးတို့ရဲ့ မျက်လုံးတွေကလည်း မီးလောင်လာတော့သည်။

ဆေးဥယျာဉ်မှာ မွေးဖွားလာခဲ့တဲ့ ချန်စစ်ယန်သည် စွမ်းလင်ကို သူမရဲ့ နှလုံးသားထဲက မြေခွေးတစ်ကောင်လို အော်ဟစ် ကြိမ်းမောင်းနေတော့သည်။

လုရွှမ်ကတော့ ထျန်းလုံကျောင်းတော်က ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်တာကို သူစိတ်ထဲတွင် ရှိထားပြီးသား ဖြစ်သည်။ ယခု သူ့ခန္ဓာကိုယ်ထဲတွင် စိမ်း​ပြာနဂါးရဲ့ နှလုံးရှိနေပြီ။ ထျန်းလုံကျောင်းတော်တွင် စွန့်စားမှုတချို့ ရှိကောင်းရှိနိုင်သည်ဟု လုရွှမ် ဖျတ်ခနဲ ခံစားလိုက်ရသည်။

သူ​တော်စင်တစ်ပိုင်း အဆင့်အထိ လေ့ကျင့်ပြီးနောက် အရာများစွာသည် လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခု ရှိနေပြီ ဖြစ်သည်။ ထျန်းလုံကျောင်းတော်နှင့် စိမ်းပြာနဂါး နှလုံးတို့သည် သူ၏နောက်သွားရမည့် နေရာနှင့် ဆက်စပ်နေနိုင်သည်။

"အစ်ကိုကြီးလုရွှမ်.... အစ်ကို ညီမတို့ရဲ့ ကျောင်းတော်ကို လာခဲ့ပါလား? ကျောင်းက အရမ်းကောင်းတယ်... အစ်ကို သေချာပေါက် သဘောကျလိမ့်မယ်"

ကျိုးကျိုးက လုရွှမ်ရဲ့ လက်မောင်းကို ပွေ့ဖက်ပြီး ချစ်စရာကောင်းစွာ အော်လိုက်သည်။

သူတို့နှစ်ဦးကြား ရင်းနှီးသော မြင်ကွင်းကြောင့် တခြားသူများ လွန်စွာ ဒေါသထွက်ပြီး အားကိုးရာမဲ့ ဖြစ်သွားခဲ့ရသည်။

ဆေးဥယျာဉ်ပိုင်ရှင်သည် လှည့်စားသည့် နည်းကိုပင် အသုံးပြုခဲ့သော်လည်း လုရွှမ်၏ နှလုံးသားကို မမြင်ခဲ့ရပေ။ ကလေးမလေးက မမျှော်လင့်ဘဲ လုရွှမ်ကို သဘောကျလာအောင် လုပ်နိုင်ခဲ့တာ အံ့သြစရာ ကောင်းလှသည်။

ကျိုးကျိုးရဲ့ မြေကံကြမ္မာ ဓမ္မခန္ဓာကိုယ် ရှိတယ်ဆိုတဲ့ အချက်က လျှိုဝှက် မထားနိုင်ခဲ့သလို ထိုသတင်းကို လုရွှမ်ကပဲ ပေးခဲ့ကြောင်း လူတိုင်း သိကြသည်။

အထူးသဖြင့် ပိုင်ဟူ၊ ရွှမ်ဝူ နှင့် ကျူးချွဲ့ကျောင်းတော်မှ သံတမန်များမှာ အလွန်ဒေါသထွက်ကာ သွေးပင် အန်ချင်သွားကြသည်။ ထျန်းလုံကျောင်းတော်တွင် ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်နှင့် မြေကံကြမ္မာ ဓမ္မခန္ဓာကိုယ် ရှိပြီး ဘယ်လောက် တန်ခိုးကြီးမှန်း မသိတဲ့ ဒီပါရမီရှင်ကိုပါ စုဆောင်းနိုင်သွားရင် ထျန်းလုံကျောင်းတော်က တကယ်ပဲ အဆင့်တက်လာတော့မှာ မဟုတ်လား။

All Chapters