ရှန်းလင်တည်းခိုခန်း
Vol. 40 Ch. 4.115
လုရွှမ်က ပြုံးပြီး ယဉ်ယဉ်ကျေးကျေး စကားတချို့ပြောပြီးနောက် ထျန်းလုံကျောင်းတော်ကို ရွေးချယ်ခဲ့သည်။
ဂိုဏ်းဂဏများ၊ မင်းမျိုးမင်းနွယ်များ၊ ဂိုဏ်းချုပ်များနှင့် တခြားကျောင်းတော်များ အားလုံးသည် နောင်တရစွာဖြင် သွေးအန်ချင်စိတ်ကို ထိန်းကာ စိတ်ဓာတ်ကျနေခဲ့သည်။
ထျန်းလုံကျောင်းတော်မှ အဘွားကြီးသည် လုရွှမ်အား တချို့အရာများကို ရှင်းပြကာ ဝမ်းသာအားရ ထွက်ခွာသွားကာ ကျိုးကျိုးအား သူမ၏ မျက်လုံးများထဲတွင် လေးလေးနက်နက် ရွှင်လန်းစွာဖြင့် ကြည့်သွားခဲ့နေသည်။
ယန်ရှီးမှာ စိတ်ဆိုးသွားသော်လည်း သူမ ထုတ်ဖော်မပြဝံ့ပေ။
"ကျိုးကျိုး ဒီအရူးမတော့.... ဒီကောင်ရောက်လာပြီးရင် ငါတို့မှာ ဘယ်လိုလုပ် အခွင့်အလမ်းတွေ ရှိတော့မှာလဲ?"
သူမသည် ထိုမျှမနာလို ဖြစ်ခဲ့သော်လည်း လုရွှမ်ရဲ့ လက်ရှိအခြေအနေကို တွေ့ပြီးနောက် သူမ လုရွှမ်ကို လုံးဝ လိုက်မမီနိုင်ကြောင်း ခံစားခဲ့ရသည်။ သူမဟာ မိန်းကဘေး တစ်ယောက်ဖြစ်ပြီး လုရွှမ်က ယောက်ျားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပဲ သူမကိုယ်သူမ နှစ်သိမ့်ခဲ့ပါသည်။
ယောက်ျားတွေက ကမ္ဘာကြီးကို အောင်နိုင်သလို မိန်းမတွေက ယောက်ျားတွေကို အနိုင်ယူကြတယ်။ နှစ်ဖက်စလုံးကို ကမ္ဘာကြီးကိုလည်း အောင်နိုင်တယ်။
သို့သော် လုရွှမ်သည် သူမအား ကျောင်းတော်ရှိ ကြင်နာသော ပန်းခူးသူများကဲ့သို့ မျက်လုံးတွေနဲ့ မကြည့်လာပေ။ ထိုအချက်က သူမကို အနည်းငယ် စိတ်ပျက်သွားစေသည်။
လုရွှမ် ထိုကလေးမလေးနှင့် အလွန် နီးကပ်နေသောကြောင့် သူမသည် ပထမဆုံးအကြိမ် မိမိမှာ ကလေးမလေးလောက် မတော်ကြောင်း ခံစားလာရပြီး သူမ၏ နှလုံးသားသည်လည်း နာကျင်လာခဲ့သည်။
ထျန်းလုံကျောင်းတော်မှ လူတိုင်း ထွက်သွားကြသော် လုရွှမ် ခန်းမထဲတွင် ကျန်ရှိနေသော လူများကို ကြည့်လိုက်သည်။ ဤလူများမှာ အစမှ ယနေ့အထိ သူနှင့် အတူရှိခဲ့သော သူ၏ အပေါင်းအဖော်များ ဖြစ်ပေသည်။
လူတိုင်းသည် ဝမ်းနည်းစွာဖြင့် မျက်ဝန်းထဲမှ မျက်ရည်များ တလိမ့်လိမ့် စီးကျလာခဲ့သည်။
"သခင်လေး ကျွန်တော်တို့ကို အတူခေါ်သွားပါလား.... ကျွန်တော်တို့ သခင်လေး အရှက်မကွဲအောင် ကြိုးကြိုးစားစား လုပ်ပါ့မယ်"
မုယန်ဖုန်းက အော်ပြောလိုက်သည်။ တခြားသူတွေက သူ့လို မပြောကြပေမယ့် အားလုံးက အတူတူပင် ကြည့်နေကြသည်။
အထူးသဖြင့် အမျိုးသမီးများ၏ အနီရောင်မျက်လုံးများသည် လုရွှမ်၏ စိတ်အား ခဏတာ ကမောက်ကမ ဖြစ်စေခဲ့သော်လည်း ရှေ့ဆက်ရမည့်လမ်းသည် ပို၍ အန္တရာယ်များလာမည်ကို သူသိသည်။
ဧကရာဇ်အင်ပါယာ တစ်ခုသို့ ဝင်ရောက်ခြင်းသည် သာမန် တော်ဝင်အင်ပါယာ ငယ်လေးများနှင့် လုံးဝမတူတော့ဘဲ ထူးချွန်ထက်မြက်သူများနှင့် လူအများ၏ စိတ်က ပိုပြီးပင် မှန်းဆလို့မရနိုင်ချေ။
သူတို့သည် သူတို့ဘဝကို ပျက်စီးစေမည့် လမ်းပေါ်တွင် စမ်းတဝါးဝါး လျှောက်သွားနေရလိမ့်မည်။ လုရွှမ် မိန်းကလေးတွေရဲ့ မျက်လုံးတွေကို ရှောင်လိုက်ပြီး
"မင်းတို့ဒီမှာနေခဲ့... မင်းတို့ငါ့ကို တွေ့ချင်ရင် မင်းတို့ရဲ့အစွမ်းသတ္တိကို သူတော်စင်တစ်ပိုင်း အဆင့်၅အထိ လေ့ကျင့်ထား... ပြီးရင် ငါ့ကို ထျန်းလုံကျောင်းတော်မှာ လာရှာလို့ရတယ် နားလည်လား?"
"အင်း!"
အသည်းကွဲသလိုမျိုး နူးညံ့တဲ့ အသံလေးများ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်နေ့တွင် လုရွှမ် လူတိုင်းအား နှုတ်ဆက်ပြီး ဧကရာဇ်အင်ပါယာသို့ သွားမည့် လမ်းမပေါ် ထွက်လာခဲ့သည်။ အဝေးမှ နောက်သို့ လှမ်းကြည့်လိုက်ရာ လူအုပ်၏ ပုံသဏ္ဌာန်များက လက်ဝှေ့ယမ်းပြ နေသည်ကို ယောင်ဝါးဝါး မြင်နေရသည်။
"ဒီမှာနေပြီး ကောင်းကောင်း လေ့ကျင့်ထားပါ...ငါတို့ နောင်တစ်ချိန်မှာ ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်!"
လုရွှမ်သည် အနီးဆုံး ဧကရာဇ်အင်ပါယာသို့ သွားမည့် နက်ရှိုင်းသော တောင်တန်းများနှင့် သစ်တောများထဲသို့ လျှောက်သွားခဲ့သည်။ ထျန်းလုံဧကရာဇ် အင်ပါယာသည် ကျယ်ပြောလှပြီး ဧရိယာကျယ်ဝန်းသော အလယ်အလတ်အဆင့် ဧကရာဇ်အင်ပါယာတစ်ခု ဖြစ်သည်။
အဆင့်မြင့်သော တော်ဝင်အင်ပါယာ ထောင်ပေါင်းများစွာပင် သူ့လောက် မကြီးမားလှပေ။ ခွန်အားနဲ့ ပျံသန်းလာတဲ့အခါ တကယ်ကို ပင်ပန်းလေ၏။
ပျံသန်းဝိညာဥ် သားရဲတစ်ကောင်ကို ဖမ်းရလိမ့်မည်။
မူလက ယွမ့်လင်သည် တွဲဖက်ကောင်းတစ်ဦး ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူထွက်သွားပြီးချင်းတွင် ပျောက်သွားသောကြောင့် လုရွှမ်လည်း ထျန်းလုံဧကရာဇ်အင်ပါယာသို့ သွားပြီဖြစ်ကြောင်း စာချန်ထားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
"အိုး.... တည်းခိုခန်းပဲ!"
မထင်မှတ်ပဲ တောထဲမှာ တည်းခိုခန်း တစ်ခုရှိနေတာ တွေ့တော့ လုရွှမ် တည်းခိုခန်းဆီ ပြေးထွက်သွားလေသည်။
လူအများအပြား ထိုနေရာ၌ စုရုံးနေကြပြီး ၎င်းတို့အားလုံးသည် လူသတ် အငွေ့အသက်တွေနဲ့ ပြည့်နေ၏။ တချို့က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသောကာလတွင် ရှိနေကြပြီး ၎င်းတို့ထဲမှ အများစုမှာ သူတော်စင်တစ်ပိုင်း အဆင့်တစ်နှင့် အထက်အဆင့်တွင် ရှိနေကြသည်။
လုရွှမ် လမ်းလျှောက်လာစဥ် လူတိုင်းရဲ့ အာရုံကို ချက်ချင်း ဖမ်းစားလိုက်နိုင်။ လုရွှမ်၏ အဝတ်အစားများသည် သန့်ရှင်းလွန်း၍ ခရီးရှည်ကြီး ထွက်လာခဲ့သော ခရီးသွားတစ်ဦးနှင့် လားလားမှ မတူပေ။
အကြောင်းမှာ ကျောက်စိမ်းပြားထဲ၌ အဝတ်အစားများစွာ သိမ်းဆည်းထားလို့ အဝတ်လဲရန် အဆင်ပြေသည်။ အထဲမှာ ဝိညာဥ်ကျောက်တုံးတွေနဲ့ အစာတွေ အများကြီးရှိပေမယ့် သာမန်လူ တစ်ယောက်စာ အတွက်တော့ ဖြုန်းတီးရာ ကျလေ၏။
အကယ်၍ ဧကရာဇ်ကျိုးရန်သည် ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးကို တစ်ပြေးညီတည်း သတ်မှတ်ထားပါက ဝိညာဥ်ကျောက်တုံးဖြင့် တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးကို ဖြတ်ကျော်သွားနိုင်ကာ ကမ္ဘာအနှံ့ ခရီးသွားနိုင်မည် ဖြစ်သည်။
အပြင်ထွက်တဲ့အခါ ဝိညာဥ်ကျောက်တုံးပါတဲ့ ကတ်တွေကို အိတ်ကြီးကြီး တစ်လုံးထဲထည့်ပြီး သယ်သွားရတာ တကယ်ကို ရှက်စရာကောင်းတဲ့ ရက်စက်မှုပဲလေ။
"ဧည့်သည်တော်... ကြွပါ ကြွပါ အတော်ပဲ ကျွန်တော်တို့မှာ နောက်ဆုံး တစ်ခန်းပဲ ကျန်တော့တာ... တစ်နေ့ကို ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ပါ"
စားပွဲထိုးက ယဉ်ကျေးပျူငှာစွာ ပြောကာ စျေးနှုန်းကို ပြောပြလိုက်သည်။
လုရွှမ် သူ့လျှာကို တိတ်တဆိတ် ကိုက်လိုက်မိသည်။ ဒါက တကယ်စျေးကြီးတာပဲ။ လုရွှမ် ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ကို လွှဲပေးပြီးတော့ ၁၀၀၀ပါသော တစ်ကတ်ကို စားပွဲထိုးဆီ တိတ်တဆိတ် ပစ်ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"စားပွဲထိုးလေး.... အခုတလော ဘယ်နေရာမှာ ဝိညာဥ်သားရဲတွေ ဖမ်းနိုင်လဲ သိလား?"
စားပွဲထိုးလေးက ဝိညာဥ်ကျောက်တုံး ကတ်ကို ပြုံးပြုံးလေး ကိုင်ထားပြီး
"ဧည့်သည်.... ခင်ဗျား တကယ် မှန်ကန်တဲ့ နေရာကို ရောက်လာတာပဲ.... ကျွန်တော်တို့ရဲ့ ရှန်းလင်တည်းခိုးခန်းက အဲဒီလို ဝန်ဆောင်မှုမျိုး ရှိတယ်.... အနီးအနားမှာ တောင်တွေ သစ်တောတွေ ရှိတယ်.... ဒါပေမဲ့ ဝိညာဥ်သားရဲတွေ ဘယ်မှာ ရှိတယ် မကြာသေးမီက အကြီးအကဲတချို့ သတင်းရထားကြတယ်... သူတော်စင်သားရဲတွေကို ဖမ်းဖို့ ရှန်းလင်တောထဲကို ဝင်ကြမှာ... ဧည့်သည် သူတို့နဲ့ အဖွဲ့သွားဖွဲ့နိုင်တယ်"
"ဒါပေမဲ့ အနည်းဆုံး ငါးရက်လောက်တော့ ကြာမယ် ထင်တယ်"
လုရွှမ်က ပြုံးပြီး ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ပါသော ကတ်ငါးခုကို ထုတ်ပစ်လိုက်သည်။ စားပွဲထိုးလေးက ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ကတ်ထဲက တစ်ခုကို သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။
"ဒါဆို ဧည့်သည် အခန်းထဲမှာ စိတ်ချလက်ချ အနားယူပါ.... လိုအပ်တာတွေရှိရင် တတ်နိုင်သမျှ အသေးစိတ် အကြောင်း ကြားပေးပါ့မယ်"
ရှန်းလင်တည်းခိုခန်းသည် ဤနေရာတွင်ရှိ တစ်ခုတည်းသော တည်းခိုခန်း ဖြစ်နိုင်သည်။ ထို့ကြောင့် လုရွှမ်လည်း ဤနေရာကို ရွေးချယ်ခဲ့သည်။ တည်းခိုရန် ဧည့်ခန်းသို့ ရောက်ရှိလာပြီးနောက် လုရွှမ် အလွန်ပင်ပန်းလာသဖြင့် အနားယူရန် ချက်ချင်း ထွက်သွားခဲ့သည်။
"စားပွဲထိုးလေး... အဲဒီလူက ဘယ်သူလဲ?"
ဧည့်ခန်းထဲမှာ လူတော်တော်များများ စကားစမြည် ပြောနေကြပြီး စားပွဲထိုးလေး ဆင်းလာတာကို တွေ့တော့ လူတစ်ယောက်က မေးလိုက်သည်။
ပြောင်လက်နေသော မျက်နှာထားဖြင့် စားပွဲထိုးသည် ဝိညာဥ်ကျောက်တုံး ကတ်ငါးခုကို ပြ၍ လုရွှမ်နှင့် ပတ်သက်သည့် အရာအားလုံးကို သတင်းပို့တော့သည်။
"အိုး... အစ်ကိုကြီး သန့်သန့်ရှင်းရှင်း အဝတ်အစား၊ ရက်ရောတဲ့ လက်နဲ့ သာမန် ကျင့်ကြံမှုအဆင့်လေးနဲ့ တစ်ယောက်တည်း လာတာဆိုတော့.... လောကကို ကြည့်ဖို့ ထွက်လာတဲ့ ချမ်းသာတဲ့ မိသားစု သခင်လေးများ ဖြစ်နေမလား? ကျွန်တော်တို့ သွားပြီး လှုပ်ရှားလိုက်ရမလား?"
ဤသည်မှာ လူသုံးယောက် ဝိုင်းထိုင်နေသော စားပွဲငယ်လေး ဖြစ်ပြီး မျက်လုံးတစ်ဖက်တည်း ရှိသော လူက အသံတိုးတိုးဖြင့် မေးလိုက်သည်။
"အရင် စောင်ကြည့်ရအောင်.... ဝိညာဥ်သားရဲ မပါဘဲ တစ်ယောက်တည်း လမ်းပေါ်ထွက်ရဲတယ်.... သူက အစွမ်းထက်တဲ့ လူဖြစ်နေမှာ ကြောက်ရတယ်... မြွေကို သွားမခြောက်မိစေနဲ့..."
ထိုလူကြီးမှာ ဦးခေါင်းပြောင်ဖြင့် မျက်နှာကလည်း ရောင်ရမ်းနေရာ သူတော်စင်တစ်ပိုင်း အဆင့်၃ အရှိန်အဝါသာ မရှိကာက သူ့ကို သားသတ်သမားဟုသာ ထင်မိလိမ့်မည်။
နောက်ဆုံး တစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနဲ့ ဖြစ်ကာ သူက ပြုံးပြီး
"အစ်ကိုကြီးက တကယ် ထက်မြတ်တယ်ဗျာ"
"အိုး.... အစ်ကိုကြီး ကြက်ကလေးတစ်ကောင် ထပ်ရောက်လာပြန်ပြီ"
ထိပ်ပြောင်သော လူသည် သူ့ခေါင်းပြောင်ကို အားကြိုးမာန်တက် ပွတ်သပ်ကာ ပြောလိုက်သည်။
"အခုတလော ဘာလို့ လူတွေ ဒီလောက်များလာကြတာလဲ? ဒီမှာ ကြီးကြီးမားမား ကိစ္စကြီး ဖြစ်ပျက်နေလို့လား?"
ထိုအမျိုးသမီးသည် အသက် နှစ်ဆယ်ကျော်ခန့် ရှိပုံရသည်။ သူမ၏ မျက်လုံးများသည် တောက်ပနေသော်လည်း မာနကြီးသည့် အသွင်ရှ်ကာ ခါးပတ်ကအစ လက်ဝတ်ရတနာ ဘောလုံးတစ်လုံးကို ၀တ်ဆင်ထားသောကြောင့် ပထမတစ်ချက်မှာပင် သူမကို ထူးထူးခြားခြား ခံစားရစေသည်။
ခွန်အားသည် သူတော်စင်တစ်ပိုင်း တတိယအဆင့် လျှပ်စီးနယ်ပယ်တွင် ရှိပြီး လူတိုင်းကို စိုက်ကြည့်နေသော သူမမျက်လုံးများတွင် မီးတောက်များ တဖျပ်ဖျပ် တောက်နေရာ လူများစွာသည် သူတို့အကြည့်များကို လျင်မြန်စွာ လွှဲသွားကြသည်။
"မိန်းကလေး အခန်းတွေက မရှိတော့ပါဘူး... နောက်ဆုံးအခန်းက အခုပဲကြိုတင် စာရင်းပေးထားပါပြီ"
စားပွဲထိုးလေးက ပြုံးနေသော မျက်နှာဖြင့် ပြေးလာသည်။
"ဘာ?? တစ်ယောက်ယောက်က ငါ့အခန်းကို ယူသွားတယ်ပေါ့!! သူ့ကိုအခု နှင်ထုတ်လိုက်!!"
စားပွဲထိုးလေး အံသြသွားသလို လူတိုင်းကလည်း အံသြသွားကြသည်။
ဖြောင်း!
အမျိုးသမီးသည် ကြာပွတ်ကို တိုက်ရိုက် လှန်ချလိုက်သည်နှင့် စားပွဲထိုးလေးရဲ့ မျက်နှာကို ထိမိသွားသည်။ သွေးထွက်လာပေမယ့် ယွမ်ချီကို အသုံးမပြုသည်မှာ သိသာထင်ရှားလေသည်။ မဟုတ်ပါက စားပွဲထိုးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင်သာ ရှိ၍ တစ်ခါတည်း သေသွားပေလိမ့်မည်။
"မသွားသေးဘူးလား!"