← Chapters

အနီရောင်ဝတ်စုံနဲ့ မိန်းကလေး

Vol. 40 Ch. 4.116

အနီရောင်ဝတ်စုံနဲ့ မိန်းကလေး

Vol. 40 Ch. 4.116

စားပွဲထိုးလေး ငိုပြီး အမြန်ထွက်သွားသည်။

ဒီလို ရက်စက်တဲ့ မိန်းမတစ်ယောက်နဲ့ တွေ့တာ တကယ်ကို ကံမကောင်းတာပဲ။ သူတို့ဒီမှာ ဆိုင်ဖွင့်လာတာ နှစ်အတော်ကြာပြီး ဆိုးသွမ်းတဲ့ သူတွေနဲ့ ကြုံခဲ့ရပြီး သဘောမတူတဲ့အခါ လူတွေကို ရိုက်နှက်တာတွေ အများကြီး ရှိပေမယ့် ဒီတစ်ကြိမ် အရိုက်ခံရတာ သူဖြစ်​နေမယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။

သေချာတာပေါ့ ညဘက်မှာ လမ်းအရမ်းလျှောက်ရင် တစ္ဆေနဲ့ တွေ့တတ်တယ်လေ။

တခြား စားပွဲထိုးများမှာ ကြောက်ရွံ့ထိတ်လန့်ကာ တချို့ကလည်း ကြည်နူးနေကြသည်။

ဒေါက် ဒေါက် ဒေါက်!

တံခါးခေါက်သံကြောင့် လုရွှမ် လန့်နိုးလာသည်။ တံခါး ဖွင့်ကြည့်လိုက်တော့ စားပွဲထိုးက မျက်နှာတွင် သွေးများ ထွက်လျက် ရပ်နေတာကို တွေ့လိုက်ရသည်။

"ဧည့်သည်....တောင်းပန်ပါတယ် မိန်းကလေး တစ်ယောက်က ကျွန်​တော်တို့ တည်းခိုခန်းကို လာပြီး အခန်းတစ်ခန်းပေးဖို့ အော်ဟစ်ပြောနေပါတယ်... ဒါပေမဲ့ ခင်ဗျားက နောက်ဆုံးအခန်းကို ရသွားတယ် သိတယ်မလား? သူမက ခင်ဗျားကိုထွက်သွားပြီး သူမအတွက် နေရာပေးစေချင်တာ... ဒါမှမဟုတ် ဧည့်သည် သူမနဲ့ ညှိနှိုင်းကြည့်ပါလား? ကျွန်တော် အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ရင် ကျွန်တော့်ကို ထပ်ရိုက်နေမှာ ကြောက်တယ်"

လုရွှမ် စိတ်ထဲက လှောင်ရယ်လိုက်သည်။ တည်းခိုခန်းမှာ တည်းတာလေးကတောင် ပြဿနာက ရောက်လာသေးတာပဲ။

စားပွဲထိုးရဲ့ မျက်နှာပေါ်က သွေးစွန်းကွက်တွေက ကောင်းကောင်း မပျောက်သေးပေ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ယောက်က ဒီဒဏ်ရာလောက်ကို ကုသနိုင်တာကို မကုသထားတာက သူ့ကိုပြချင်နေတာ ရှင်းပါ၏။

ဒီလိုလူလေးတွေနဲ့ အချိန်ဖြုန်းဖို့ ပျင်းလွန်းတဲ့ လုရွှမ်က တည့်တည့်ပဲ လျှောက်ထွက်လာခဲ့သည်။

မူလက အပြင်မှာ နေရလည်း အရေးမကြီးဘူးလို့ သူထင်ခဲ့ပေမယ့် အနီးနားမှာ တည်းခိုခန်း ရှိနေတာကြောင့် လာကြည့်ခဲ့သည်။ ထို့အပြင် အခကြေးငွေ မြင့်မားသော်လည်း အကျိုးသက်ရောက်မှု ကောင်းမွန်ဆဲဖြစ်တဲ့ အပြင် ပတ်ဝန်းကျင်က အခင်းအကျင်း ဖွဲ့စည်းပုံမှာလည်း ကျေနပ်ဖွယ်ကောင်းလှသည်။

သို့သော် ပတ်ဝန်းကျင် တောင်တန်းများနှင့် သစ်တောများ၏ စွမ်းအင်လမ်းကြောင်း ဦးတည်ရာကို အခွင့်ကောင်းယူကာ ဝိညာဉ်စွမ်းအင်များသည် တည်းခိုခန်းဆီသို့ လှုပ်ရှားမှုတစ်ခုဖြင့် စုရုံးရောက်ရှိလာကာ ​ကျင့်ကြံသူများကို သက်တောင့်သက်သာ အနားယူစေမည် ဖြစ်သည်။

ထိုသို့သော ပုံစံဖြင့် လုရွှမ်သည်လည်း အချိန်အကြာကြီး နေချင်လို့ အခန်းကို စွန့်လွှတ်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ပေ။

အောက်ထပ်သို့ ဆင်းလာသောအခါတွင် လုရွှမ်သည် အနီရောင် တောက်​တောက်ပြောင်ပြောင် အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် အပြင်ဘက် အနီးနားရှိ နေရာ၌ သူတော်စင် ဝိညာဥ်သားရဲ တစ်ကောင်ကို တွေ့လိုက်ရသည်။

လုရွှမ် ဆင်းလာသည်ကို မြင်လိုက်ရပြီး အနီရောင် ဝတ်ထားသော အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းပေါ်တွင် အထင်အမြင် သေးသည့် အရိပ်အယောင်ဖြင့် အော်ဟစ် ပြောဆိုလိုက်သည်။

"လတ်စသတ်တော့ သူတော်စင်တစ်ပိုင်း အဆင့် ၁ကလေးကိုး.... ဟမ့် ငါ့ကိုရန်စဖို့ သတ္တိရှိနေတယ်ပေါ့... သေလမ်းကို ရှာနေတာလား? မင်းက တော်တော် သတ္တိကောင်းတာပဲ.... ဟုတ်ပြီ မခက်ပါဘူး... မင်းရဲ့ပစ္စည်းတွေကို သိမ်းပြီး လိမ်လိမ်မာမာနဲ့ ထွက်သွားလိုက်... မဟုတ်ရင်တော့ အသက်ကို ထားခဲ့လိုက်"

သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်ကိုး။ မောက်မာနေတာ အံဩစရာတော့ မရှိတော့ပါဘူး။

ဒီရှန်းလင်တည်းခိုခန်းက ဘယ်ဧကရာဇ် အင်ပါယာထဲမှာမှန်း မသိသော်လည်း ဝိညာဥ်စွမ်းအင် ကြွယ်ဝမှုအရ ၎င်းသည် အဆင့်နိမ့် ဧကရာဇ်အင်ပါယာတစ်ခု ဖြစ်နိုင်ပြီး သူတော်စင်တစ်ပိုင်း အဆင့်၃က သဘာဝကျကျ အဆင့်မြင့်သူ အဖြစ် သတ်မှတ်ထားနိုင်သည်။

"မသွားဘူး!"

လုရွှမ်ရဲ့ စကားများသည် ရိုးရှင်းပြီး တိုတိုတုတ်တုတ်ပင်။ အမျိုးသမီးက ချက်ချင်း မျက်ခုံးပင့်ကာ သွားများကို အံကြိတ်လျက်။

"ဘာပြောတယ်??"

"ငါပြောတာ မသွားနိုင်ဘူးလို့.... မင်းနားက ပြဿနာ ရှိ​နေတာလား?"

"သေချင်နေပြီပဲ!"

လှံတံတစ်ချောင်းသည် လုရွှမ်ဆီသို့ တိုက်ရိုက် ပြေးဝင်လာသလို လေထုနှစ်ခြမ်း ကွဲအက်သွားကာ ပတ်ဝန်းကျင်က တုန်ခါသွားသည်။ ကြာပွတ်သည် အလွန်လျင်မြန်စွာ လုရွှမ်၏ နှာခေါင်းဖျားသို့ ချက်ချင်း ရောက်ရှိလာသည်။

လုရွှမ် လန့်သွားသည်။ ဧကရာဇ် အင်ပါယာကတော့ ဧကရာဇ် အင်ပါယာပါပဲ။ တော်ဝင်အင်ပါယာနဲ့ နှိုင်းယှဥ်လိုက်ရင် ဒီမှာရှိတဲ့ လူတွေရဲ့ ခွန်အားက ပိုအားကောင်းသည်။ သူတို့ကို မြို့ထောင်ချီမဟာမိတ်ဆီ လာခဲ့ကြတဲ့ လူယုတ်မာတွေနဲ့ နှိုင်းယှဉ်ဖို့ ဝေးလွန်းလှသည်။

တစ်ချက် ရွှေ့လိုက်သည်နှင့် တပြိုင်နက် ဟာကွက် တစ်စုံတစ်ခု ရှိမရှိကို ကျွမ်းကျင်သူများကသာ သိလိမ့်မည်။

အနီရောင် ဝတ်ထားသော အမျိုးသမီးသည် လျှပ်စီးနယ်ပယ်ကို နားလည်မှုဖြင့် ကြာပွတ်ကို ထိန်းချုပ်ထားတာကြောင့် ကြာပွတ်အရှိန်က အလွန်မြန်လှသည်။

သူမလက်နက်က လူတစ်ကိုယ်လုံးကို ဖောက်ထွက်သွားတော့မလိုပင်။

တခဏချင်းမှာပဲ လုရွှမ့ရဲ့ လည်ပင်းက တစ်ဖက်ကို လှုပ်ရှား၍ တစ်နေရာသို့ သူ အမြန် ရှောင်ထွက်သွားတဲ့အတွက် နောက်ဆက်တွဲ ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ကြာပွတ်သည် နောက်ဆက်တွဲ အရိပ်ကို ထိမှန်ပြီး နောက်ဆက်တွဲ ပုံရိပ်အား အပိုင်းပိုင်းခွဲကာ တခဏချင်း ကွဲထွက်သွား​စေသည်။

"အမ်.... တော်တော်မြန်သားပဲ"

ထိုအမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားက အားကောင်းပြီး လုရွှမ်၏ အနေအထားကို တိုက်ရိုက် ထိုးထွင်းသိမြင်ကာ နောက်တစ်ကြိမ် ထပ်၍ ဝေ့ယမ်းလိုက်သည်။

လုရွှမ်ရဲ့ လှုပ်ရှားမှုကြောင့် ဆင်ချပ်ရွှေကိုယ်ထည်သည် ချက်ချင်း ထွက်လာသည်။ သူက လက်ဗလာနဲ့ ကြာပွတ်ကို အမိအရ ဖမ်းထားလိုက်သည်။ ရုတ်တရက် ကြာပွတ်က သူ့လက်ထဲက လွတ်ထွက်သွား၏။

အနီရောင် ဝတ်ထားသော အမျိုးသမီးသည် နောက်ပြန်ဆုတ်ကာ လုရွှမ်ကို အံ့သြ​နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

"ကောင်လေး.... မင်းဘယ်သူလဲ မင်းနာမည် ဘယ်လိုခေါ်လဲ?"

လုရွှမ်ရဲ့ ခွန်အားကို မြင်ပြီးနောက်မှာ သူမ လုရွှမ်ကို တော်ရုံ မနှောင့်ယှက်နိုင်ဘူး ဆိုတာကို သိလိုက်တာကြောင့် နောက်ထပ် မလှုပ်ရှားသေးဘဲ ရပ်နေလိုက်သည်။

သူတော်စင်တစ်ပိုင်း အဆင့်၁ကို တိုးလာပြီးနောက် လုရွှမ်ရဲ့ ယွမ်ယန်ကျင့်စဥ်က တတိယအလွှာကို ဖြတ်ကျော်သွားခဲ့သည်။ လုရွှမ်သည် သူ၏စွမ်းအားဖြင့် သာမန် သူတော်စင်တစ်ပိုင်း အဆင့်၄ နှင့် အနည်းဆုံး ယှဉ်နိုင်သည်ဟု ယုံကြည်ခဲ့သော်လည်း ဒီကိုရောက်တာနဲ့ ဒီလိုလူနဲ့ တွေ့နေရမယ်လို့ မမျှော်လင့်ထားခဲ့။

တစ်ဖက်က သူတော်စင်တစ်ပိုင်း အဆင့်၃ ဖြစ်သော်ငြားလည်း အနည်းဆုံး လုရွှမ်နှင့် ပြင်းထန်သော စွမ်းအားဖြင့် ယှဉ်ပြိုင်ကြပြီး ၎င်းတို့နှစ်ဦးသည် အညီအမျှ ဖြစ်နေ၏။

"လုရွှမ်!"

အမျိုးသမီးက မျက်မှောင်ကျုံ့၍

“တစ်ခါမှ မကြားဖူးဘူး”

အော်ဟစ် ပြောဆိုသော်လည်း သူမတွင် ယခင်ကကဲ့သို့ လူသတ်ချင်သည့် အငွေ့အသက်တို့ မရှိတော့ဘဲ တခြားသူများကို လှည့်ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

“အခန်းကို ဘယ်သူဖယ်ပေးနိုင်လဲ? မဟုတ်ရင်တော့ သူ့ကို သတ်ပစ်မယ်!"

ခန်းမထဲက လူတွေအားလုံး ပြန့်ကျဲပြီး ပြေးသွားတော့ အနီရောင်ဝတ် အမျိုးသမီးက ကြာပွတ်နဲ့ လှမ်းရိုက်လိုက်တဲ့ နောက်ဆုံးလူကို အမြန် ပြေးဆွဲလိုက်ကြသည်။

နောက်တစ်ယောက်ကတော့ ကြမ်းတမ်းတဲ့အသွင်အပြင်နဲ့ ပိန်ပိန်ပိန်ပါးပါး ယောက်ျားတစ်ယောက်ပင်။ သူ့ပုံစံက ကြမ်းတမ်းပေမယ့် ဒီအချိန်မှာ သူက ချော့မော့ပြီး

"ဝတ်ရုံနီ မိန်းကလေး... ကျွန်တော် နားလည်ပါတယ်... အခန်းကို အခုချက်ချင်း လွှဲပေးပါ့မယ်"

နှစ်ယောက်သား အခန်းပြောင်း သွားကြသည်။ လုရွှမ်ကတော့ စားပွဲတစ်ခု ရှေ့တွင် ထိုင်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှ တခြားလူများက သက်ပြင်း တစ်ချက်ချကာ သူ့ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြတာကို လျစ်လျူရှုလိုက်သည်။

တခြားလူတွေ အတွက်ကတော့ ဝတ်ရုံမိန်းကလေးနဲ့ အပေးအယူ လုပ်နိုင်တဲ့ သူ့ကို စော်ကားဖို့ မဝံ့ရဲကြချေ။

အနီးနားတွင် လုရွှမ်ဆီက လုယက်ဖို့အကြံနဲ့ ပတ်သက်၍ ယခင်က ဆွေးနွေးခဲ့ဖူးသော လူသုံးဦးစလုံးသည် တစ်ကိုယ်လုံး အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်း​နေကြသည်။

"အစ်ကိုကြီးက တကယ်ကို ပညာရှိတာပဲ!"

ထိပ်ပြောင်​နေသော အစ်ကိုကြီး ဆိုသူလည်း အသက်ရှုကြပ်နေလျက်။

"အခုတလော ဒီမှာစုဝေးနေတဲ့ လူတွေ ပိုပိုများလာတယ်... မင်းတို့အားလုံး သတိထားကြ.... အဆင့်မြင့်သူတွေကို ရန်မစမိစေနဲ့!"

နှစ်ယောက်သား တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားက အားကောင်းလာခဲ့ပြီ။ စိတ်စွမ်းအားနဲ့ တည်းခိုခန်း တစ်ခုလုံးကို ဖုံးအုပ်ထားပြီးသား ဖြစ်လို့ ထိုလူသုံးယောက်ရဲ့ စကားများကို သဘာဝကျကျ ကြားလိုက်တာကြောင့် ထိုလူသုံးယောက်ဆီ လျှောက်သွားလိုက်သည်။

"အစ်ကိုကြီး.... အဲဒီကောင်လေးက ဘာဖြစ်နေတာလဲ? သူက ကျွန်တော်တို့ကို ဒုက္ခပေးချင်နေတာများလား?"

"ဟမ့်... ဘာအဲဒီ ကောင်လေးလဲ? သခင်လေးလို့ ခေါ်ရမှာကွ နားလည်လား?"

ထိပ်ပြောင်​နေသော လူသည် ကြင်နာမှုဟု ခေါ်သော အပြုံးတစ်ခုဖြင့် ရုတ်ခြည်း မတ်တပ်ထရပ်ကာ ကြည့်နေသော ညီငယ်နှစ်ယောက်မှာလည်း တအံ့တသြနှင့် ထရပ်လိုက်၏။

"ဒီက သခင်လေး.... ဘာကိစ္စရှိလို့လဲ? ကျုပ်တို့အားလုံးသိရင် သိသမျှ အကုန်ပြောပြပါ့မယ်"

လုရွှမ်က ညင်သာစွာ ပြုံးလိုက်သည်။ ဒီလူ ထိပ်ပြောင်ကြီးက သူ့ရဲ့ အစ်ကိုကြီးဆိုတဲ့ စာအုပ်ကို ပစ်ချလိုက်မယ်လို့ မမျှော်လင့်ထားဘူး။

"အခုတလော ဒီကိုလာတဲ့ လူတွေ ပိုများလာတယ်လို့ စောစောက ပြောခဲ့တယ်နော်.... အဲဒါ ဘာဖြစ်တာလဲ? ကျုပ်က ပျံသန်းသားရဲတစ်ကောင်ကို ဖမ်းဖို့ ဒီမှာလာခဲ့တာ... ကိုယ်တိုင် ပျံသန်းရတာက အရမ်းပင်ပန်းတယ် မဟုတ်လား?"

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ညီညီညွတ်ညွတ် ခေါင်းယမ်းလိုက်ကြသည်။

"သခင်လေး ကျုပ်တို့လည်း မသိဘူး.... လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ဒီကို လူတော်တော်များများ ရောက်လာကြတာ... အဆင့်မြင့်တဲ့ လူငယ်တွေလည်း အများကြီး ရောက်လာကြတယ် ဒါပေမဲ့ အဲဒါက ဘာကြောင့်လဲ ဆိုတာတော့ ကျုပ်တို့လည်း မသိဘူး"

"အိုး... ဒါဆို အစည်းအဝေးက အချိန်မီ​သေးပုံရတယ်!"

လုရွှမ် ရယ်လျက် ဆိုလိုက်သည်။

ထိုစဥ် လှေကားထစ် အတက်အဆင်းမှ လျှောက်လာနေတဲ့ အမျိုးသမီးရဲ့ ခြေသံတစ်သံကို ကြားလိုက်ရသည်။ ထိုသူက မတိုင်ခင်က အနီရောင်ဝတ် အမျိုးသမီးဖြစ်ကာ လုရွှမ်ရှိတဲ့ စားပွဲဆီကို လျှောက်လာလေ၏။

All Chapters