← Chapters

ပိုင်ရှင်အမျိုးသမီး

Vol. 40 Ch. 4.117

ပိုင်ရှင်အမျိုးသမီး

Vol. 40 Ch. 4.117

အမျိုးသမီး၏ မျက်လုံးများကို တွေ့သည်နှင့် ယောက်ျားသုံးယောက်သည် ခေါင်းငုံ့ကာ ထွက်ပြေးသွားကြသည်။

ဗုန်း!

အမျိုးသမီးက ခွေးခြေပေါ် တက်ပြီး လုရွှမ်ကို မောက်မာစွာ ကြည့်ရင်း နှာခေါင်းကို အနည်းငယ် ပွတ်သပ်လိုက်သည်။

"ကောင်လေး လုရွှမ် ဟုတ်တယ်နော်? မင်းက တော်တော် တော်တယ်ထင်တယ် တစ်ယောက်တည်းတောင် လာရဲတယ် ဆိုတော့ ငါတို့ ပူးပေါင်း ဆောင်ရွက်ကြမယ် ဘယ်လိုလဲ?"

လုရွှမ်သည် ထိုအမျိုးသမီး၏ မဆင်မခြင် တင်ထားသော ပေါင်ကို တစ်ချက် ကြည့်လိုက်သည်။ ဤအမျိုးသမီးကို ဟုန်ချောင် (ဝတ်ရုံနီ)ဟု ခေါ်သည်ကို သူသိသော်လည်း သူမနာမည်နှင့် အတော်လေး လိုက်ဖက်လှသည်။

"မင်းနဲ့ ပူးပေါင်းရမယ်? ငါက ဘာအကျိုး ကျေးဇူးတွေ ရမှာမလို့လဲ? အကျိုးကျေးဇူးတွေကို ဘယ်လို ခွဲဝေပေးမှာလဲ?"

လုရွှမ်က ဆိုင်ရှိ စားပွဲထိုးကို အစားအသောက်တွေ ချပေးဖို့ တောင်းဆိုလိုက်သည်။ ဆိုင်ထဲက စားပွဲထိုးများမှာ သူလက်​ဝှေ့ ယမ်းလိုက်တာနဲ့ ထိတ်လန့်တုန်လှုပ် သွားခဲ့သည်။

"ဒါကြောင့် နင်နဲ့ငါ အလုပ် အတူတူ လုပ်ရမှာပေါ့.. နင်က သူတို့လို လူယုတ်မာ မဟုတ်ဘူး"

ဟုန်ချောင်က တခြားသူတွေ ကြားမှာကို ဂရုမစိုက်ဘဲ ပြတ်သားတဲ့အသံနဲ့ အော်လိုက်သည်။

အခန်းထဲမှာ ယောက်ျားတွေ အများကြီး ထိုင်နေကြရာ ​​ဒီအချိန်မှာ သူတို့ဒေါသကိုသာ ထိန်းထားနိုင်ရင် တကယ်ကို လူမဟုတ်နိုင်တော့ဘူး။

ဝုန်း!

စားပွဲတစ်လုံးကို တိုက်ရိုက် ရိုက်ချိုးလိုက်သံနှင့် လူကြီးတစ်ယောက်က ရုတ်တရက် ထရပ်ကာ သူတို့ နှစ်ယောက်ကို စိုက်ကြည့်လာသည်။ သူ့မျက်လုံးများက ဟုန်ချောင်ကို ဖြတ်ကာ လုရွှမ်ပပေါ်သို့ ရောက်သွားသည်။

"ကောင်လေး.... မင်းရဲ့မိန်းက​​လေးကို သေချာထိန်းထား!! တစ်ယောက်ယောက်ကို ပြဿနာရှာမိရင် ဒီတစ်သတ် အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး"

တခဏအတွင်း ဟုန်ချောင်၏ မျက်နှာသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မည်းမှောင်လာ​​တော့သည်။ လက်ဖဝါး တစ်ချက်တည်းဖြင့် စားပွဲကို ခွဲချပစ်ကာ အစားအစာများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လုရွှမ် စကားမပြောရသေးသလို စားပင် မစားရသေးချေ။ ဤအရာများသည် သန့်ရှင်းသော သားရဲအသားများ ဖြစ်ကာ ရှန်းလင်တည်းခိုခန်း၏ အမှတ်အသား ဟင်းလျာများ ဖြစ်ပြီး လုရွှမ် ၎င်းကို အနံ့ခံကြည့်ရုံဖြင့် အရသာကောင်းမွန်ကြောင်း ခန့်မှန်းမိလေသည်။

"ဘာပြောလိုက်တယ်?"

လူကြီးက

"ငါပြောတာကို ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား? မိန်းမဆိုတာ အိမ်မှာနေပြီး ခင်ပွန်းနဲ့ ကလေးတွေကို ဆုံးမ သွန်သင်ပေးရမယ်.... သိက္ခာမရှိ ဆိုးဆိုးရွားရွား ဝတ်စားဆင်ယင်ပြီး ထွက်လာတာ တကယ့်ကို ဖြုန်းတီးတဲ့ မိန်းမပဲ"

ဟုန်ချောင်က ဒေါသတကြီး မျက်ခုံးပင့်လိုက်ပြီး ကြာပွတ်ကို လွှဲရိုက်လိုက်သည်။

စားပွဲထိုးများခမျာ မျက်ရည်တွေပါ ကျလာတော့သည်။ သူတို့ရဲ့ တည်းခိုခန်းပိုင်ရှင်ကို မြန်မြန် ပြန်လာစေချင်နေပါပြီ။ မဟုတ်ရင် တည်းခိုခန်း တစ်ခုလုံး ပြိုကျသွားလိမ့်မည်။

ထိုလူကြီး၏ ခွန်အားသည် ထူးကဲလှပြီး သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်တွင် ရှိနေသူ ဖြစ်သည်။ သူ၏လက်မောင်းကို မြှောက်လျကိ ကြာပွတ်ကို ပိတ်ဆို့ထားလိုက်သည်။ ကြာပွတ်သည် သူ့လက်ထဲ အဖမ်းခံလိုက်ရသည့် နောက်ပိုင်းတွင် မလှုပ်မယှက် ဖြစ်သွားသည်။

လုရွှမ် မျက်လုံးများ အေးခဲသွားသည်။ ဤလူ၏ လေ့ကျင့်ရေး စွမ်းရည်သည် မဆိုးလှပေ။ သူ့မျက်လုံးတွေက ယောက်ျားကြီးတွေ အုပ်စုဘက်ကို လှည့်ကြည့်တော့ စုစုပေါင်း ရှစ်ယောက်လောက် ရှိနေတာ တွေ့လိုက်ရသည်။

တခြားလူများက ဤပြိုင်ပွဲကို ပြုံးပြုံးရွှင်ရွှင်ဖြင့် စောင့်ကြည့်​နေခဲ့ကြပြီး ဟုန်ချောင်ကို ဂရုမစိုက်ကြသည်မှာ ထင်ရှားလေ၏။ သူတို့က သူတို့ရဲ့တွဲဖက် လူကြီးကို အလွန်ယုံကြည်ကြပုံပင်။

အားလုံးက သူတော်စင်တစ်ပိုင်း အဆင့်၃၌ ရှိနေကြသူများ ဖြစ်သည်။

လုရွှမ်သည် ယခုအချိန်တွင် ဤအမျိုးသမီးကို လွန်စွာ သဘောကျလာသည်။ သူတို့ ရှစ်ယောက်လုံးမှာ ထူးကဲသော ခွန်အားများ ရှိကြသည်။ ဒါကိုတောင် ပြေးတိုက်ခိုက် ရဲတယ် ဆိုတော့ ဦးနှောက်မရှိတာလား ဒါမှမဟုတ် သတ္တိ သိပ်ကောင်းနေတာလား?

"ဟမ်... လတ်စသတ်တော့ ဟော့လန်ဖုန်းက ညီအကို ရှစ်ယောက်ကိုး.... ငါ့ရဲ့ကြာပွတ်ကို တားနိုင်မယ်လို့ ထင်နေတာလား? နင်တို့ရဲ့ မွေးရပ်မြေကနေ နှင်ထုတ်ခံရတာ မဆန်းပါဘူး"

သူမပြောပြီးသည်နှင့် တပြိုင်နက် တခြားသော ညီအစ်ကို ခုနစ်ယောက်လည်း ရုတ်တရက် ထရပ်ကာ ဟုန်ချောင်ကို လက်ညှိုး ထိုး၍ အော်ဟစ်လိုက်သည်။

"ကောင်မလေး!! မင်းဘာတွေ ပြောနေတာလဲ??"

လုရွှမ် အပြစ်မဲ့စွာ ဆွဲထည့်ခံရပြန်သည်။

"ကောင်လေး.... ငါမင်းကိုပြောနေတာ မင်းမိန်းကလေးကို သေချာ ထိန်းလို့!!"

လုရွှမ်လည်း မတ်တပ်ထရပ်ပြီး သူ့လက်တွေကို ဝှေ့ယမ်းပြလိုက်သည်။

"မင်းတို့ပြောတာ မှန်တယ်.... သူမကို ကောင်းကောင်း သင်ပေးသင့်တယ်... အစားထိုးတာပဲ ဖြစ်ဖြစ်ပေါ့ သူမကို အစားထိုးလိုက်တာ ပိုကောင်းမယ် ထင်တယ်.... မင်းတို့လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်"

လုရွှမ်သည် ဤသို့ခွဲခြား ဆက်ဆံခံရသော ဘေးဒုက္ခမျိုးကို မခံချင်ပါ။ သူ့ဆီသို့ အရှိန်ပြင်းပြင်းနှင့် အရှိန်ပြင်းပြင်း ပြေးလာနေသော ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များကို ခံစားနေရပြီ ဖြစ်သည်။

တွေးစရာကို မလိုပေ။ ဒီနေရာမှာရှိတဲ့ လူအများစုက ဧည့်သည်တွေ ဖြစ်ပြီး ဘယ်လိုလုပ်လုပ် အဆင်ပြေသည်။

"ဟားဟား... ကောင်မလေး မင်းယောက်ျားရဲ့ စကားကို ကြားတယ်မလား?"

ညီအစ်ကိုရှစ်ယောက်သည် ဟုန်ချောင်ရဲ့ စကားကြောင့် ဒေါသထွက်လာခဲ့ကြရာ အချိန်အတော်ကြာအောင် ထိန်းထားခဲ့သော ဒေါသများကို တိုက်ရိုက် လွှတ်ထုတ်လိုက်သည်။

ဟုန်ချောင် ကြာကြာ ရပ်မနေရဲတော့ဘဲ ခြေတစ်ချက် ဖိကာ လူရှစ်ယောက်ကြား အေးအေးဆေးဆေး ပြန်ဆုတ်လိုက်သည်။ သူမ မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ အရေအတွက် သာလွန်ပါက သူမ ကံမကောင်းနိုင်ကြောင်း လူတိုင်း မြင်နိုင်သည်။

"အရူး... နင် ယောက်ျားရော ဟုတ်လား? ငါ တခြားသူတွေဆီက အရိုက်ခံရတာကို ဒီအတိုင်း စောင့်ကြည့်နေမယ်ပေါ့"

စိတ်မရှည်တော့တဲ့ ဟုန်ချောင်က ဒေါသတကြီး ကြိမ်းမောင်းပြီး ပြက်လုံးတစ်ခုကို ရပ်ကြည့်နေသူ လုရွှမ်ကို စိုက်ကြည့်နေလိုက်သည်။

"တောင့်ခံထား.... အဆင့်မြင့် သခင်တစ်ယောက် လာနေပြီ မင်းတစ်ယောက်တည်းနဲ့ လူရှစ်ယောက်ကို ဆန့်ကျင်နေတယ်.... ​​မင်းမှာ ထူးခြားတဲ့ အသွင်အပြင်လည်း ရှိတယ် ပြောလို့မရဘူး... သူ မင်းကို တပည့်အဖြစ် လက်ခံလာနိုင်တယ်"

ထိုအချိန်တွင် တည်းခိုခန်းရှိ လူတိုင်းသည် ပြင်းထန်သော အသက်ရှုသံကို ခံစားရပြီး အားလုံးသည် တည်းခိုခန်း အပြင်ဘက်သို့ အတူတူ ကြည့်လိုက်ကြသည်။

မကြာခင်မှာပဲ ကြော့ရှင်းတဲ့ အသွင်အပြင် တစ်ခုက တည်းခိုခန်းထဲကို ဝင်လာပြီး အားလုံးရဲ့ မျက်လုံးတွေ အောက်မှာ အတွင်းအကျ​​​ဆုံး စားပွဲပေါ်ကို သွားထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေ၏။

ထိုအမျိုးသမီးသည် အသက်၃၀ ကျော်ခန့်ရှိ အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။ ခရမ်းရောင်ဂါဝန်ကို ၀တ်ဆင်ထားပြီး ဖော်မပြနိုင်လောက်အောင် လွန်ကဲသော လေထုနှင့် တူသည်။

လှပတဲ့ အသွင်အပြင်နဲ့ အနီရောင်ဝတ်စုံ ဟုန်ချောင်နဲ့ ယှဉ်ရင် သူမမှာ ပိုကျက်သ​ရေရှိပြီး မျက်လုံးလေးတွေက တောက်လျှောက် ဒေါသထွက်နေပေမယ့်လည်း သူမဟာ လူအများရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ခံစားနေရဆဲပင်။

"အတင့်ရဲလိုက်တာ!! ငါ့တည်းခိုခန်းမှာ တိုက်ခိုက်ရဲတယ်ပေါ့ ဒီအဘွားကြီးရဲ့ စည်းကမ်းတွေကို မင်းတို့ မသိဘူးလား? ဆိုင်းဘုတ်ကြီး ဘယ်မှာလဲ?.... ဟမ့် စားပွဲထိုး သူတို့ ဖျက်ဆီးခဲ့တာ ဘယ်လောက်ရှိပြီလဲ"

ထိုအခိုက်မှာ စားပွဲထိုး မတ်တပ်ထရပ်ပြီး နံရံကို လက်ညှိုး ထိုးပြလိုက်သည်။ ရိုက်ချက်တွေကို အော်ပြလိုက်တော့ အလျားတစ်ပေနဲ့ သုံးလက်မ အနံတစ်ပေနဲ့ အနံ ၃ လက်မ ရှိတဲ့ ဆိုင်းဘုတ်မှာ 'တိုက်ခိုက်ခြင်း မပြုရန်' ဟူသည့် စာလုံးခြောက်လုံးကို ချိတ်ဆွဲထားတာ တွေ့ရလေ၏။

အထဲက လူအတော်များများ၏ မျက်နှာများမှာ မည်းမှောင်သွားသော်လည်း တချို့သော အသိမိတ်ဆွေများသည် ဤစည်းကမ်းကို ကြိုသိထားတာကြောင့် ပြုံးလိုက်ကြသည်။

စားပွဲထိုးက သူ့ခါးကို တည့်တည့်မတ်မတ် ထားပြီး

“စားပွဲနှစ်လုံး၊ ကုလားထိုင် ရှစ်လုံး…” လို့ အော်ပြောလိုက်ပါ၏။

သေးငယ်တဲ့ အရာဝတ္ထုများစွာ ပြန့်ကျဲနေပြီး နောက်ဆုံးမှာတော့ လျော်ကြေးငွေ ပမာဏကို ထုတ်အော်လာခဲ့သည်။

“ဝိညာဉ်ကျောက်တုံး ၁၃၀,၀၀၀”

ဒါက ဝိညာဥ်ကျောက်တုံးတွေကို ဓားပြတိုက်နေတာပဲ မဟုတ်လား?

ဟော့လန်ဖုန်း၏ ညီအကို ရှစ်ယောက်သည် မျက်လုံးများ ပြူးကျယ်သွားကာ အသက်ရှုပင် ကြပ်လာခဲ့သည်။ ဝိညာဉ်ကျောက်တုံး ၁၃၀၀၀၀ သည် မည်သူတစ်ဦး တစ်ယောက်အတွက်မျှ သေးငယ်တာ မဟုတ်ပေ။

ဟုန်ချောင်၏ မျက်နှာသည် ပြောင်းလဲသွားကာ သူမတွင် ပိုက်ဆံအများကြီး မရှိမှန်း သိသာလှသည်။

“ပိုက်ဆံမရှိဘူးလား?”

ပိုင်ရှင်အမျိုးသမီးက မေးလိုက်သည်။

“ပိုက်ဆံမရှိရင် အသက်ကို ချန်ထားခဲ့ရမယ်”

သူမက ပြင်းပြင်းထန်ထန် ဟစ်အော်​လေသည်။

ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တခြား လူများသည်လည်း လိမ္မာပါးနပ်သော အမူအရာများကို ပြသလာကြသည်။

တစ်ဖက်တွင်ရှိ စားပွဲထိုးလေးကတော့ သူတို့ကို လှောင်ရယ်နေပုံရ၏။ ဤလျော်ကြေးငွေသည် သူတို့ နားလည်ထားသည်နှင့် မတူသည်မှာ ထင်ရှားပါသည်။

"ငါတို့သခင်ရဲ့ သူတော်စင်သားရဲ မွေးမြူတာက လူ့အသားနဲ့ ကျွေးမွေးရတာ အခု အသား မရှိတော့ဘူး.... အသားဆယ်ကျင်က ဝိညာဥ်ကျောက် ၁၀၀၀၀ တန်တယ်.... ခင်ဗျားတို့ အသားကို ဖြတ်ချင်တာလား ဒါမှမဟုတ် ဝိညာဥ်ကျောက်တုံးကို ပေးမလားဆိုတာ ဟမ့် ခင်ဗျားတို့ကိုယ်တိုင် ရွေးလို့ရတယ်"

သေချာပေါက် လုရွှမ် အံ့သြမသွားချေ။ ဒီတည်းခိုခန်းက သူတော်စက်သားရဲရဲ့ အသားတွေကို အချိန်မရွေး တည်ခင်း ဧည့်ခံပေးနိုင်တာက ဒါကြောင့်ပဲ ဖြစ်သည်။

"အဲဒါကို ပေးစရာ မလိုပါဘူး... အတူတူ လုပ်လိုက်ရအောင်"

ဟော့လင်ဖုန်း ညီအစ်ကို ရှစ်ယောက်အနက် အကြီးဆုံး အစ်ကိုဖြစ်သူက အသံတိုးတိုးဖြင့် ဆိုလိုက်ပြီး ဟုန်ချောင်ကို မျက်စောင်း ထိုး​ကြည့်လိုက်သည်။

ဟုန်ချောင်က ဆိုင်ရှင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမအိတ်ကပ်ထဲက ဝိညာဥ်ကျောက်တုံး ကတ်တစ်ကတ်ကို ထုတ်လာ၏။

"ကျွန်မမှာ တစ်သောင်းပဲ ရှိတယ်"

All Chapters