ပိုက်ဆံဆုံးရှုံးရပြီ
Vol. 40 Ch. 4.118
ဟော့လန်ဖုန်း ညီအကို ရှစ်ယောက်ရဲ့ မျက်လုံးတွေဟာ ဝိညာဉ်ကျောက်တုံး တစ်သောင်းပါတဲ့ ကတ်ကိုကြည့်ကာ မီးလောင်တော့မလို ဖြစ်သွားသည်။
ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ပဲ ရှိတဲ့လူက ဘာဖြစ်လို့ သခင်တစ်ယောက်လို ဟိတ်ကြီးဟန်ကြီး လုပ်နေတာလဲ?
သူတို့ညီအစ်ကို ၇ယောက် ၈ယောက် ပေါင်းရင်တောင် စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၁သိန်းသာ ရှိကာ လျော်ကြေးပေးဖို့ ၂၀၀၀၀က လိုနေသေး၏။
"စရန်ငွေကို ပြန်အမ်းပေးနိုင်မလား? ကျွန်မ ငှားထားတာ ငါးရက်စာ ရှိတယ်"
ဟုန်ချောင် အခုအချိန်မှာ ရိုးရိုးသားသား ပြောနေခြင်းသာ ဖြစ်သည်။ တစ်ဖက်လူရဲ့ ကျင့်ကြံမှုဟာ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလဟု သူမထင်မိ၏။ သူမလို ကျင့်ကြံသူတစ်ယောက်က ဒီလိုသေးငယ်တဲ့ အရပ်ကလေးမှာ ဘာကြောင့် တည်းခိုခန်း လာဖွင့်ထားလဲ ကောင်းကင်ကသာ သိလိမ့်မည်။
"ကျွန်တော် ပြန်မအမ်းနိုင်ဘူး.... ရက်အနည်းငယ် ငှားထားတယ် ဆိုရင်တောင် အဲဒါက ရက်အနည်းငယ်ပဲ ရှိသေးတာလေ"
စားပွဲထိုးက သူ့ပါးပြင်ပေါ်က ဒဏ်ရာကို ထိပြီး အလွန်မာနကြီးစွာ အော်ဟစ်လိုက်သည်။ အရင်က မောက်မာနေခဲ့တာ မဟုတ်ဘူးလား။ အခု သူ့အတွက် အကြွေးပြန်တောင်းရမယ့် အချိန်ပဲ။
ထိုအခါ စားပွဲထိုးက ချောင်းဆိုးပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"သခင်မလေး... လူတစ်ယောက်မှာ အသား ၂၀ကျင်လောက်ရှိတယ်... အဲ့လောက်ဆို ဝိညာဥ်ကျောက်တုံး ၂၀၀၀၀ ရပါတယ်"
ဒါကိုကြားတော့ ဟော့လန်ဖုန်း ညီအကို ရှစ်ယောက်နဲ့ ဟုန်ချောင်တို့ရဲ့ မျက်နှာတွေဟာ သိသိသာသာ ပြောင်းလဲသွားသည်။ ပြဇာတ်ကို ကြည့်နေတဲ့ ပိုင်ရှင်သခင်မကတော့ သူတို့ရဲ့ အသက် ဒါမှမဟုတ် သေဆုံးမှုကို ဂရုမစိုက်သလို ရယ်မောလိုက်သည်။
"ခဏလေး.... သူက ကျွန်မယောက်ျား သူ့မှာ ပိုက်ဆံရှိတယ်"
ဟုန်ချောင် ရုတ်တရက် အော်ပြီး လုရွှမ်ကို လက်ညှိုး ထိုးပြလိုက်သည်။
လုရွှမ်မှာ လက်ဖက်ရည် သောက်နေတာကြောင့် သူ့လက်ဖက်ရည်တွေကို ထွေးထုတ်လုနီးပါး ဖြစ်သွား၏။ စောစောတုန်းက သူက ဒီအတိုင်း ဝင်ကူပြောပေးရုံပဲလေ။
"ဟုတ်တယ်....သူဌေး သူ့ဇနီးကို ကောင်းကောင်း မဆုံးမတဲ့အတွက် နောက်ဆက်တွဲ အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာ.... သူလည်း ပေးသင့်တယ်"
ဟုန်ချောင်မှ ပြောပြပြီးနောက် ဟော့လန်ဖုန်း ညီအစ်ကို ရှစ်ယောက်စလုံး တုံ့ပြန်လာကြပြီး လုရွှမ်အား ဒေါသမျက်လုံးဖြင့် စိုက်ကြည့်နေကြသည်။ ခန်းမအတွင်းရှိ လူတိုင်းကလည်း တစ်ချက်ကြည့်လိုက်ကြသည်။
လုရွှမ် နှင့် ဟုန်ချောင်တို့ကြားက ဆက်ဆံရေး အကြောင်းကို လူအများစုက သိကြသော်လည်း ဟာသတွေ ကြည့်နေရသလို တစ်ယောက်မှ ဝင်မထောက်ကြပေ။
လုရွှမ် သူမ၏ လိမ္မာပါးနပ်မှုကို ဂုဏ်ယူနေသကဲ့သို့ မာနကြီးသော မျက်နှာဖြင့် မျက်တောင်ခတ်နေသော ဟုန်ချောင်ကို ကြည့်လိုက်သည်။
ပိုင်ရှင်သူဌေးမက တစ်ချက် ကြည့်လာကာ
"ဟုတ်လား?"
သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလ။ ဤခွန်အားသည် ဒီကလူတိုင်းကို လက်တစ်ချက်ဝေ့ကာ ပြဿနာမရှိဘဲ ဖယ်ထုတ်ပစ်နိုင်သည်။ လုရွှမ် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ငွေဖြုန်းတီးခြင်းဟု မှတ်ယူနိုင်သော်လည်း ဘေးဥပဒ်ကို ရှောင်ရှားနိုင်သည်။ ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ သည် သူ့အတွက် အနည်းငယ်မျှ မဟုတ်ပေ။
အရင်က ဝိညာဉ်ကျောက်တုံးတွေ ရဖို့ကို သိပ်ပြီး မစဉ်းစားခဲ့ပေမယ့် အများစုကို ကျင့်ကြံတဲ့နေရာမှာ သုံးပြီး ကျန်တာတွေကို နတ်ဆေးလုံးမြို့က လူတွေဆီ ထားခဲ့တာကြောင့် သူ့မှာ များများစားစား မပါတော့ပေ။
သူ့အမြင်အရတော့ အနာဂတ်မှာ အနည်းဆုံး အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးတွေ လိုအပ်မှာ ဖြစ်ပြီး ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို သဘာဝအတိုင်း မလိုအပ်တော့ပါ။
သို့သော် ဤကဲ့သို့သော ဝိညာဉ်ကျောက်တုံး ၂သောင်းကို လွှတ်ပေးလိုက်ရုံဖြင့် ဤမိန်းကလေးကို သက်သာစေမှာ ဖြစ်သဖြင့် လုရွှမ် ဟုန်ချောငဘက်သို့ လျှောက်သွားခဲ့သည်။ ရုတ်တရက် သူသည် ဟုန်ချောင်ရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်ရာ စူးရှသော အသံတစ်ခုထွက် ပေါ်ထွက်လာခဲ့သည်။
ဟုန်ချောင်၏ မျက်နှာသည် ရှက်ရွံ့ဒေါသများဖြင့် နီမြန်းနေသော်လည်း သူမနားထဲတွင် ရုတ်တရက် လုရွှမ် အသံက ထွက်လာခဲ့သည်။
"ပိုက်ဆံရှိတာနဲ့ တစ်ယောက်ယောက်ကို ရိုက်ချင်တိုင်း ရိုက်လို့ရရောလား?!"
ဟုန်ချောင်၏ မြှောက်ထားသော လက်သည် မလှုပ်ဝံ့ဘဲ ရပ်သွားကာ လုရွှမ်အား ဒေါသတကြီး စိုက်ကြည့်နေသည်။
ဖြောင်း!
နောက်ထပ် ရိုက်သံတစ်ချက် ထပ်မံ ထွက်ပေါ်လာ၏။
"ဟေ..ဒါ ဝိညာဥ်ကျောက်တုံး ၂သောင်းပဲ.... နှစ်ကြိမ် ရိုက်လိုက်တဲ့ လျော်ကြေး"
လုရွှမ်က ရယ်မောပြီး ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ကို ထုတ်ယူလိုက်သည်။ စားပွဲထိုးက ဂုဏ်ယူစွာ ကောက်ယူပြီး ထွက်သွားခဲ့သည်။ ပိုင်ရှင်ဖြစ်သူကလည်း ချက်ချင်းပြုံးကာ
"နောက်ဆို လိမ်လိမ်မာမာ နေကြ... ဆူဆူညံညံတွေ မလုပ်ကြနဲ့!"
လေတစ်ချက် ဝေ့ဝဲတိုက်ခတ်လာပြီး ဆိုင်ရှင် အမျိုးသမီး ပျောက်ကွယ်သွားသည်။
ယခင်က တည်းခိုခန်း တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဖိအားများ ပျောက်ကွယ်သွားသည်။ လုရွှမ် လက်ဖက်ရည် တစ်ခွက်ကို ငှဲ့ကာ ဆက်သောက်နေ၏။ တကယ်ကို အရသာရှိလှလေသည်။
ဟုန်ချောင်၏ မျက်လုံးများသည် တည်းခိုခန်းအား မီးလောင် တိုက်သွင်းတော့မည့်နှယ် နီရဲလျက် လုရွှမ်အား ဒေါသတကြီး စိုက်ကြည့်ကာ
"ယောက်ျားဆိုရင် အပြင် ထွက်လာခဲ့!!"
ပြောပြီးနောက် တည်းခိုခန်းထဲက အရင် ထွက်သွားခဲ့သည်။ လုရွှမ် ပခုံးတွန့်ပြလိုက်ပြီး
"ဟုတ်ပါတယ် ငါက ယောက်ျားပဲ"
သူက ခြေလှမ်းတစ်လှမ်းနဲ့ တည်းခိုခန်းထဲက ထွက်သွားပြီး ရုတ်တရက် နောက်ပြန် ဆုတ်သွားခဲ့သည်။
"ငါထွက်လာတယ်.... အခု ငါပြန်ဝင်လာပြီ မင်းက ငါ့ကိုရိုက်ချင်တယ်ပေါ့... မိုက်မဲတဲ့ မိန်းမပဲ!"
ဟုန်ချောင်က ပါးစပ်လေးကို ဖွင့်ဟလိုက်ပြီး လုရွှမ် ဒေါသတကြီး အော်ဟစ်ပစ်ချင် သော်လည်း စကားမပြောနိုင်ဘဲ ဆွံ့အသွားရာ အားလုံးက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ရှင် တစ်သက်လုံး ဘယ်တော့မှ အပြင်မထွက်ဖို့ မကြိုးစားမိစေနဲ့!!"
လုရွှမ် ဝိညာဥ်ကျောက်တုံး ကတ်ပြားတစ်ချပ်ကို ပေါ့ပေါ့တန်တန် ပစ်ပေးလိုက်ပြီး
"စားပွဲထိုး... ဒီမှာ သန့်ရှင်းတဲ့ သားရဲအသားတချို့ ချပေး!!"
ဟုန်ချောင်မှာ သူမခန္ဓာကိုယ်ပေါ်တွင် ပိုက်ဆံ မရှိသောကြောင့် တံတွေးကိုသာ မျိုချလိုက်ရသည်။ သန့်ရှင်းတဲ့ သူတော်စင်သားရဲ၏ အသားကို ဝယ်စားဖို့ ဘယ်လိုလုပ် တတ်နိုင်တော့မှာလဲ။
ကံကောင်းထောက်မစွာ သူမ ခွန်အားက သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူမ မစားလိုလျှင် ကိစ္စမရှိသော်လည်း လုရွှမ် ပြင်းပြင်းထန်ထန် စားသောက်နေပုံကို မြင်လိုက်ရသဖြင့် သူမ၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်လာခဲ့သည်။
လုရွှမ် ဟုန်ချောင်ကို တစ်ချက် ကြည့်လိုက်သည်။ ဒီအမျိုးသမီးက စိတ်မနှံ့ဘူးပဲ။ ဒီနေရာက သူ့အိမ်လို့ ထင်နေတာလား။ လူတိုင်းက သနားတတ်တဲ့ လူတွေ မဟုတ်ဘူးလေ။
လွန်ခဲ့သည့် ငါးရက်တွင် လုရွှမ်သည် တည်းခိုခန်း၏ အခင်းအကျင်း ဖွဲ့စည်းပုံကို တိတ်တဆိတ် သေချာ လေ့လာခဲ့ရင်း သဘောကျလာခဲ့သည်။ ဒီအခင်းအကျင်းက သူ့အတွက် တွေးခေါ်မှု အသစ်ကို ဖွင့်ပေးနိုင်ခဲ့သည်။
ကျီးကန်းကသူ့ကို ရေတွင်းအောက်ခြေက ဖားတစ်ကောင်သာသာ ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ လုရွှမ်သည် တိမ်ပင်လယ် နယ်မြေထဲက အရာတွေကလွဲလို့ တခြားဆန်းသစ်တဲ့ ပုံစံတွေကို မလေ့လာခဲ့ပေ။
ဒါပေမဲ့ ဝေးလံခေါင်သီတဲ့ ဒီလိုနေရာလေး တစ်ခုမှာ ဒီလို အခင်းအကျင်း ဖွဲ့စည်းထားတာကို မြင်ခွင့်ရဖို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူ့အရင်က ထင်မြင် ယူဆချက်တွေကို တွေးရင်း လုရွှမ် အနည်းငယ် ရှက်သွားခဲ့သည်။
ထိုလူသုံးယောက် မကြာသေးမီက လူများစွာရောက်လာသည်ဟု ဆိုကြသော်လည်း ဤငါးရက် အတွင်းတွင်ပင် လူအများအပြား ရောက်ရှိလာသေးသည်။
အခုတော့ ဆိုင်ရှင်အမျိုးသမီး ရှိနေတာကြောင့် ဘယ်သူကမှ အတင့်ရဲစွာ မနေရဲဘဲ အခန်းမရှိတဲ့ အခါ လူတိုင်းက တံ ခါးအပြင်ဘက်မှာ တဲတွေ ဆောက်ကြလေသည်။
တစ်ညတည်းအတွက် ဝိညာဥ်ကျောက်တုံး ငါးထောင်ကို မည်သူမျှ မထုတ်ချင်ကြပေ။
ခြောက်ရက်မြောက်သောနေ့ နံနက်စောစောတွင်။
နံနက်စောစော၌ လူများစွာတို့သည် တည်းခိုခန်းရှေ့၌ စုဝေးကြပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးသည် ငှက်ကြီးတစ်ကောင်ကို စီး၍ တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေ၏။
"အမဲလိုက်တဲ့နေ့က ဒီနှစ်တစ်ခါ ပြောင်းပြန်ပြီ.... ဒီအချိန်မှာ မင်းတို့အားလုံး ဒီကိုရောက်လာကြပြီဆိုတော့ စည်းကမ်းတွေကို သဘာဝကျကျ သိကြမှာပါ... ဒီအဘွားကြီးက အခုမင်းတို့ကို တောင်ပေါ်ခေါ်သွားပေးမယ်.... မင်းတို့ အသက်အန္တရာယ်နဲ့ သေတာရှင်တာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်... သူတော်စင်သားရဲ ဖမ်းမိသည်ဖြစ်စေ မဖမ်းမိသည်ဖြစ်စေ တစ်လပြည့်တာနဲ့ ပြန်ထွက်လာရမယ့်.... မဟုတ်ရင် သေလမ်းပဲ ရှိလိမ့်မယ်..."
အားလုံး တညီတညွတ်တည်း သဘောတူကြပြီး ပိုင်ရှင် အမျိုးသမီးသည် ငှက်ကြီးကို လက်ဖြင့်ပုတ်ကာ ဝေးကွာသော တောင်တန်းများဆီသို့ ဦးတည်ကာ ပျံတက်သွားသည်။
တခြားလူများလည်း သူတော်စင် သားရဲများကို စီးနင်းလျက် အတူလိုက်သွားကြသည်။
ထိုနေရာကို လွမ့်ထျန်းတောဟု ခေါ်၏။ စားပွဲထိုးက လွမ့်ထျန်းတောက ဘယ်လောက်ကြီးလဲ မသိပေမယ့် အဲဒီထဲမှာ ပုန်းနေတဲ့ သူတော်စင် သားရဲတွေ အများကြီး ရှိတယ်လို့ ပြောဖူးသည်။
ဤအချိန်တွင် နှစ်စဉ်နှစ်တိုင်း လွမ့်ထျန်းတော၏ ရှုပ်ထွေးသော စွမ်းအင်အကျိုး သက်ရောက်မှုများသည် အားပျော့သွားကာ လူအများ ဝင်ထွက်နိုင်မည် ဖြစ်သည်။
နောက်တလ အကြာမှာတော့ လွမ့်ထျန်းတောဟာ သူတော်စင် အကောင်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်း တစ်ခုလို ဖြစ်သွားပြီး အဲဒီထဲမှာ ပိတ်မိနေတဲ့ ဘယ်သူမဆို ရုန်းမထွက်နိုင်တော့ပေ။
လူဟောင်းတချို့ထံမှ လုရွှမ် သတင်းတချို့ ကြားခဲ့ရသည်။ ဆိုင်ရှင်အမျိုးသမီး နှစ်သက်သောလူသည် ထိုလွမ့်ထျန်း တောအုပ်ထဲတွင် ပိတ်မိနေပုံရသည်။ ထို့ကြောင့် သူမသည် ဤမျှမြင့်မားသော ကျင့်ကြံမှုမျိုးဖြင့် ဒီလိုနေရာလေးမှာ နေ၍ သူ့ယောက်ျားကို ကယ်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဒါပေမဲ့ အစစ်အမှန် ဟုတ်မဟုတ်ကို စိစစ်ဖို့ မဖြစ်နိုင်ဘူးလို့ လူကြီးတချို့ရဲ့ ပြောစကားအရလည်း ကြားရသေးသည်။ ပိုင်ရှင် အမျိုးသမီးဟာ ဒီမှာ သောင်တင်နေတာ နှစ်ပေါင်းတစ်ရာနီးပါး ရှိနေလို့ပဲ ဖြစ်၏။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူတွေ မေ့လျော့နေခဲ့တာ ကြာပါပြီ။
လုရွှမ်မှာ သားရဲ မရှိပေ။ ဒါကြောင့် သူ့အတောင်ပံတွေကို နောက်ကျောမှာ ဖြန့်လျက် လူအုပ်ကြီး နောက်ကို လိုက်သွားခဲ့သည်။ သူ့ဘေးမှာတော့ ဟုန်ချောင်က ဝိညာဥ်ငှက်တစ်ကောင်ကို စီးလျက်နေ၏။
ထိုဝိညာဥ်ငှက်မှာ သက်တမ်း ရင့်နေချေပြီ။
လူတစ်ယောက်နဲ့ ငှက်တစ်ကောင်က သူ့နောက်က အနီးကပ် လိုက်လာခဲ့သည်။ အချိန်ကြာလာတော့ ဝိညာဥ်ငှက်က သိသိသာသာ အားနည်းသွား၏။
ဒါက ဟုန်ချောင်တစ်ယောက် သူရဲ့ စီးတော်ကို သူတော်စင်သားရဲအဖြစ် ပြောင်းချင်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့ လုရွှမ် ခန့်မှန်းမိလိုက်သည်။