← Chapters

လွမ့်ထျန်းသစ်တော

Vol. 40 Ch. 4.119

လွမ့်ထျန်းသစ်တော

Vol. 40 Ch. 4.119

ဒါက ဟုန်ချောင်နဲ့ ပတ်သတ်ပြီး သူ့အမြင်ကို ပိုကောင်းလာစေခဲ့သည်။ လုရွှမ် ဒီဝိညာဥ်ငှက်နဲ့ ဟုန်ချောင်တို့ကြားက ဆက်ဆံရေးကို အခုတလော မြင်ခဲ့ရသလောက် ဟုန်ချောင်ရဲ့ ဝိညာဥ်ငှက်အပေါ် အရမ်းကောင်းပါ၏။

ဝိညာဉ်ငှက်သာ အိုလာလို့မဟုတ်ရင် ဟုန်ချောင် ဒီကို အန္တရာယ်ရှိတဲ့ နေရာကိုလာဖို့ မဖြစ်ဘူးဆိုတာ ထင်ရှားပါသည်။

ဟုန်ချောင်၏ မုန်းတီးသော မျက်လုံးများကိုကြည့်ရင်း လုရွှမ် ဤမိန်းကလေးက သူ့အပေါ်မှာ ရိုက်သတ်ချင်နေသည့် စိတ်ထားရှိကြောင်း သိလိုက်သည်။ လုရွှမ် စိတ်ထဲက လှောင်ရယ်မိ၏။ ဒီမိန်းကလေး သူ့ကိုဒုက္ခ ထပ်ပေးချင်သေးပါက သူကလည်း ပြန်ပေးလိုက်မှာပင်။

ဟော့လန် ညီအကို ရှစ်ယောက်ကတော့ အားလုံးဟာ ရိုးသားတဲ့လူတွေ ဖြစ်ကြကာ လုရွှမ်လည်း သူတို့ အကြောင်းကို ကြားခဲ့ကြပြီးပြီ။ သူတို့တောင်ကို ရန်သူတွေက သိမ်းပိုက်ထား၏။

ဒီလွမ့်ထျန်းတောအုပ်ထဲက သူတော်စင် သားရဲများကို လိုက်ရှာပြီးရင် သူတို့နေရပ်ကို ပြန်သွားကြမှာ ဖြစ်လေသည်။

သူတို့၏ရန်သူမှာ ချောမောသော မျက်နှာရှိသည့် သခင်ငယ်တစ်ဦး ဖြစ်တာကို သိခဲ့ကာ သူ၏ခွန်အားသည်လည်း မပျော့ညံ့ပေ။ အမှန်တကယ်တွင် သူတော်စင်တစ်ပိုင်း အဆင့်၄ ယန်ရှန်နယ်ပယ်မှာ ဖြစ်၏။

သို့သော် ထိုလူတွင် ပြင်းထန်သော ရောဂါတစ်ခု ရှိနေကြောင်း ကြားမိသည်။ အထူးသဖြင့် သူ၏နဖူးကြားတွင် အနက်ရောင် လေများစီးနေ၍ မကောင်းသော အလုပ်များ လုပ်နေသည်ကို လုရွှမ် မြင်နိုင်သည်။

ထို့ကြောင့် ထိုသို့လေ့ကျင့်မှုသည် အလွန်လျင်မြန်ပြီး ခွန်အားသည် ပြင်းထန်သော်လည်း ၎င်းသည် အလွန် အကန့်အသတ် ရှိလို့ ပြင်းထန်သော တုံ့ပြန်သက်ရောက်မှု ရှိလိမ့်မည်။

ပိုင်ရှင်အမျိုးသမီးရဲ့ ထိုင်ခုံအောက်မှာ ပျံဝဲနေတဲ့ ငှက်သည် အလွန် လျင်မြန်လှသည်။ ထို့ကြောင့် တခြားလူများမှာ အမှီမလိုက်နိုင်ဘဲ ခပ်ဝေးဝေးမှာ ကျန်နေခဲ့၏။ ပိုင်ရှင် အမျိုးသမီးသည် ၎င်းတို့ကို လုံးဝ ဂရုမစိုက်တော့သည်မှာ ထင်ရှားပါသည်။

ကံကောင်း ထောက်မစွာဖြင့် ပျံသန်းသားရဲများသည် အလွန်ပြင်းထန်သော ဝိညာဥ်စွမ်းအင်တစ်ခုဖြင့် ပျံသန်းနေလို့ နောက်မှာ မကျန်ခဲ့ဘဲ အမီလိုက်နိုင်ခဲ့သည်။

ထိုစဥ် ခရီးသွား ဧည့်သည်တစ်ယောက်က

"သူဌေး တကယ်လို့ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?"

ပိုင်ရှင်ဖြစ်သူက သူ့ကို လိမ္မာပါးနပ်စွာ ပါးရိုက်လိုက်သည်။

"ဒီအဘွားကြီး နောက်ကို လိုက်ချင်ရင် ဒီလောက်ကတော့ လုပ်နိုင်ရမယ်... ဒီပျံသန်း သားရဲပေါ်ကနေတောင် ပြုတ်ကျမယ် ဆိုရင်တော့ လွမ့်ထျန်းတောထဲ ရောက်တာနဲ့ သေသွားလိမ့်မယ်... အဲ့တော့ လိုက်ပြီး ဘာလုပ်နေမှာလဲ? ဒီအဘွားကြီးက မင်းတို့အသက်ကို ထိုင်ကယ်နေရမှာလား?"

လုရွှမ် ပြုံးလိုက်သည်။ အမျိုးသမီးပြောတာ မှန်ပါ၏။ ဒါကိုပင် လိုက်မမှီနိုင်လျှင် လွမ့်ထျန်းတောထဲ ရောက်ရင် သေလမ်းနဲ့သာ တွေ့ရလိမ့်မည်။

ဝိညာဉ်စွမ်းအား၏ ခွန်အားနှင့် ပတ်သက်၍ လူအားလုံးကြားတွင် လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် တည်းခိုခန်း ပိုင်ရှင်ထက်သာ နိမ့်၏။

လမ်းတစ်လျှောက်လုံး ပျံသန်းနေသော လုရွှမ်သည် ပတ်ဝန်းကျင် မြေပြင်ကို တိတ်တဆိတ် မှတ်သားထားပြီး လွမ်ထျန်းတောလို့ခေါ်တဲ့ အခင်းအကျင်း ထိုအရာ ရှိမရှိ အမြဲစစ်ဆေးနေခဲ့သည်။

သို့သော် ယခုအချိန်အထိ လုရွှမ်သည် မည်သည့် အခင်းအကျင်း ပုံစံများ ရှိနေသည်ကို မရိပ်မိသေးပေ။

ဟုန်ချောင်၏ အကွာအဝေးသည် သူ့နောက်မှ တဖြည်းဖြည်း ဝေးကွာလာ၏။ လုရွှမ်နှင့် ဟုန်ချောင်တို့သည် အုပ်စု၏ အဆုံးတွင် ရှိနေတာ ဖြစ်သည်။ လုရွှမ် သူ့ရဲ့ ခွန်အား အစစ်အမှန်ကို ထုတ်မပြချင်ချေ။

နောက်ဆုံးတော့ ဒီကိုလာတဲ့လူတွေထဲမှာ သူက သူတော်စင်တစ်ပိုင်း ပထမအဆင့်သာ ရှိကာ ကျန်သူတွေက အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၂မှာ ရှိနေကြသူတွေ ဖြစ်လေသည်။

ဟုန်ချောင်၏ ဝိညာဉ်သားရဲသည် သူမကို မြန်ဆန်စွာ မပို့ဆောင်နိုင်ပေ။

ယခုအချိန်တွင် လုရွှမ်သည် ဤနေရာ၌ ဝိညာဥ်းသားရဲများအပေါ် နားမလည်နိုင်သော ဖိနှိပ်မှုရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရပြီး ဝိညာဉ်သားရဲများ ပျံသန်းရန် ပို၍ပို၍ ခက်ခဲလာသည်။ ပျံသန်းမှုသည် နှေးကွေးနေပြီ ဖြစ်သော်လည်း ယခုအခါ ပို၍ပင် နှေးကွေးလာသည်။

ဟုန်ချောင် ဝိညာဥ်သားရဲကို လှမ်း၍ နှစ်သိမ့်ပေးနေသော်လည်း ၎င်းသည် ဝိညာဥ်သားရဲ၏ စွမ်းရည်ထက် ကျော်လွန်သွားသည်မှာ ထင်ရှား​​နေသည်။

"သူ့ကို လွှတ်လိုက်ပါတော့ မဟုတ်ရင် ဒီထက်ပိုနက်တဲ့ တောထဲဝင်လာရင် သူတော့ သူတော်စင်သားရဲ တချို့အတွက် စားစရာ ဖြစ်လာမှာကို ကြောက်ရတယ်"

လုရွှမ်က ဆိုလိုက်သည်။ ဒီမိန်းကလေးက အကျင့်ပျက်ပြီး မလိမ္မာပေမယ့် ဝိညာဥ်သားရဲကို သူ့ မိသားစုဝင်တွေလို ကောင်းကောင်းဆက်ဆံလေ၏။

"နင့်အပူ မပါဘူး... ဟမ့် နင်ကရှောင်ဖေးကို သူတော်စင် သားရဲတွေရဲ့ အစာ ဖြစ်စေချင်​နေတာမလား? ဟမ့်!"

ဟုန်ချောင် ဟစ်အော်လိုက်ပြီး မျက်လုံးတွေက နီရဲလာခဲ့သည်။ သူမတို့ ထပ်ဝင်လိုက်ရင် ရှောင်ဖေး သေချာပေါက် သေသွားလိမ့်မယ် ဆိုတာကို သူမလည်း သိပါ၏။

သူမ ရှောင်ဖေးရဲ့ နောက်ကျောပေါ်က ခုန်ချလိုက်သည်။ ထို့နောက် လှည့်ပြီး ရှောင်ဖေးကို ဒီကနေ ထွက်သွားဖို့ ပြောနေတုန်ပင်။

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့နှလုံးသားထဲ တစ်စုံတစ်ခုကို လွမ်းဆွတ်မိသွားသည်။ တစ်ချိန်က သူ့တွင်လည်း သားရဲတစ်ကောင် ရှိခဲ့ဖူး၏။ ကျိုးရန် သူ့ကိုလုပ်ကြံ တိုက်ခိုက်သောအခါ သားရဲလည်း ကျိုးရန်ကြောင့် ခေါင်းဖြတ်ခံခဲ့ရသည်။

"ဟမ့်.... ကြောင်သူတော်လို့ လုပ်​နေစရာ မလိုဘူး...နင် မလိုက်နိုင်တော့ရင် ပြောသာပြော ဒါမှမဟုတ်ရင်လည်း စောစောစီးစီး ပြန်သွားလိုက်.. ဒါဆို နင့်အသက်ကလေးကို ကယ်နိုင်လိမ့်မယ်"

ဟုန်ချောင်က ဆိုလိုက်သည်။ လျှပ်စစ်မီးလို ပုံဖော်ရင်း လုရွှမ် သူ့နောက်မှာ ချန်ထားခဲ့တော့သည်။

လုရွှမ်၏ ကိုယ်ခန္ဓာရှိ ယွမ်ယန်ကျင့်စဥ်၏ မြင့်မြတ်သော စွမ်းအားသည် ဖီးနစ် အတောင်ပံများထဲတွင် ပြည့်နေပြီး အတောင်များသည် ပွင့်လင်းမြင်သာစွာ အရှိန်အဟုန် ပြင်းပြင်းဖြင့် တုန်ခါသွားသည်။

အသံလုံးဝ မထွက်ဘဲ ဟုန်ချောင်နောက်သို့ ပြင်းပြင်းထန်ထန် ပြေးလိုက်သွား၏။

သူတော်စင်တစ်ပိုင်း ဖြစ်လာပြီးနောက် ယွမ်ယန်ကျင့်စဥ်လည်း တတိယအဆင့်သို့ ဝင်ရောက်လာခဲ့သည်။ သာမန်သူတော်စင် တစ်ပိုင်းသို့ ဝင်ရောက်လာသူများနှင့် နှိုင်းယှဉ်ပါက ယွမ်ချီသည် သူတောင်စင်စွမ်းအင် အဖြစ် အဆက်မပြတ် ပြောင်းလဲနေပြီး စစ်မှန်တဲ့ သူတော်စင် ဖြစ်လာတဲ့အထိ လုံးဝ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

လုရွှမ် အစမှတ် ကျင့်ကြံမှုမှာ မြင့်မားလွန်းလှသည်။ ယခုအချိန်တွင် သူ၏ မူလစွမ်းအား တစ်ဝက်ကို သူတော်စင် စွမ်းအားအဖြစ်သို့ ပြောင်းလဲပစ်ပြီ။ ၎င်းတွင် စိမ်း​ပြာနဂါးနှင့် သားရဲ၏ စွမ်းအားများ ရောနှောသွားကာ ရှေးဦး ယွမ်ယန်စွမ်းအား ခြေရာများကိုပင် စုဆောင်းမိလာသည်။

လုရွှမ်သည် ပျံသန်းကောင်းကင်နယ်ပယ်၏ ပထမအဆင့်တွင်သာ ရှိသည်ဟု ဆိုနိုင်သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ရွှေခန္ဓာနယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။

ထို့အပြင် ယွမ်ယန်စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် ပါ၀င်နေပြီး သူ့ခန္ဓာကိုယ်သည် ယခုမှထလာသော လောင်မြိုက်နေသည့် နေမင်းကဲ့သို့ပင်။ နဂါးတန်ခိုးက ကြီးကျယ် ခမ်းနားလှသလို သူတော်စင် စွမ်းအားသည် သူ့အား ယောက်ျားပီသသော အရှိန်အဝါကို ပိုမိုပေါ်လွင်စေ၏။

လုရွှမ်သည် ဟုန်ချောင်တစ်ယောက် ထိတ်လန့် တုန်လှုပ်စေတဲ့အထိ လျင်မြန်စွာ လိုက်မီသွားခဲ့သည်။ သူမသည် စွမ်းအင်များကို အရှိန်မြှင့်လိုက်သော်လည်း လုရွှမ် သူမနောက်သို့ အလွယ်တကူ လိုက်နိုင်နေကြောင်း တွေ့လိုက်ရသည်။

သူမဘယ်လောက်ပဲ မြန်နေပါစေ လုရွှမ်က သူ့ဘေးမှာ ရှိနေသေးသည်။

သူမထက် သာလွန်နေ၏။ သူမကိုကျော်ရန် ခွန်အားရှိသည်မှာ သိသာ ထင်ရှားသော်လည်း သူမနောက်ကို လိုက်နိုင်တာက ပို၍ပင် ဒေါသဖြစ်စေကာ လုရွှမ် ရည်ရွယ်ချက်ရှိရှိ သူမကို ရန်စနေတာပဲဟု ဆုံးဖြတ်လိုက်သည်။

လုရွှမ် ထိုကလေးမ ဘာတွေ တွေးနေလဲဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ? သူက နိမ့်ကျတဲ့ ပထမအဆင့်က ကျင့်ကြံသူဖြစ်လို့ တတိယအဆင့်ထက် ပိုမမြန်နိုင်တဲ့တာ သံသယဖြစ်စရာပင် မလိုချေ။

တခြားသူတွေရဲ့ လိုချင်တပ်မက်မှုကို မကြောက်ပေမယ့် တခြားသူတွေ ပစ်မှတ်ထား ခံရတာက နားမလည်နိုင်တဲ့ အရာတချို့ကို မလွဲမသွေ ဖြစ်ပေါ်လာစေလို့ တတ်နိုင်ရင် ရှောင်ရှားတာက ပိုကောင်းပါ၏။

ဆယ်ရက်ကြာ ပျံသန်းပြီးနောက် လုရွှမ် ကောင်းကင်ပြင်၌ ရှိနေစဉ် ဤတောင်တန်း သစ်တောများသည် ယခင်ထက် ပိုကြီးမားလာကာ အလွန် ဝေးကွာလာတာကိုလည်း ထင်ရှားစွာ ခံစားခဲ့ရသည်။

တစ်နည်းဆိုရသော် ဤနေရာ၌ မှော်အတတ်အချို့ ရှိရမည်။ ထို့ကြောင့် ၎င်းတို့သည် အတွင်းမှော်ပညာကို ခံစားနိုင်သော်လည်း အပြင်ဘက်တွင် လျှပ်တစ်ပြက် အတွင်းသာ ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။

ဤသည်မှာ သဘာဝအတိုင်း ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်၏။ လုရွှမ်အား ထိတ်လန့်သွားစေသော အရာမှာ အခင်းအကျင်း ဖွဲ့စည်းခြင်း၏ အဓိက အချက်များကို ရှာမတွေ့ခဲ့ခြင်းပင်။

ရှေ့ကလူတွေက မလှုပ်တော့ဘဲ လုရွှမ်နဲ့ ဟုန်ချောင်တို့ ရောက်လာတော့ သူတို့ရှေ့မှာ လှိုင်းထနေတဲ့ ပုံသဏ္ဌာန်တစ်ခုကို တွေ့လိုက်ရလေသည်။

ဝုန်း!

အသံတစ်သံသည် ပဲ့တင်သံများဖြင့် ထွက်ပေါ်လာကာ သူတို့ရှေ့ရှိ အလင်းလှိုင်း အလွှာများ ကွဲအက်သွား၏။

ပိုင်ရှင်အမျိုးသမီးက ပထမဆုံး အပြေးအလွှား ဝင်ရောက်သွားသူ ဖြစ်ပြီး အခြားသူများလည်း လျင်မြန်စွာ လိုက်သွားခဲ့သည်။ လုရွှမ် နောက်ဆုံး ဝင်ရောက်လာသူ ဖြစ်၏။

နောက်သို့ ပြန်ကြည့်လိုက်သောအခါတွင် အကြောင်းပြချက်မရှိဘဲ မှော်ဆန်သော သဘာဝ တောအုပ်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေသော သူလာရာလမ်းကို တွေ့ရှိခဲ့သည်။

သူတို့၏ ဦးခေါင်းထက်တွင် ဧရာမသစ်ပင်ကြီးများသည် ကောင်းကင်နှင့်နေကို ဖုံးလွှမ်းထားပြီး နံနက် ဆည်းဆာကဲ့သို့ပင်။ ဧရာမသစ်ပင်ကြီးများက နေရောင်ခြည်ကို ပိတ်ဆို့ထားသော်လည်း ထိုအလင်းတန်းများသည် ၎င်းတို့အတွက် လုံလောက်ပြီး ပြတ်ပြတ်သားသား မြင်ရလောက်အောင် ရှိ၏။

"လူတိုင်း လူစုခွဲလို့ရပြီ.... တစ်လလောက် ကြာရင် သဘာဝလမ်းတစ်ခု ပေါ်လာလိမ့်မယ်... အလျင်စလို လောဘကြီး မနေနဲ့... သေချင်ရင် ကောင်းကင်ပေါ်ကို အစွမ်းကုန် ပျံသန်းသွားလို့ရတယ်.... နောက်မှ ဒီအဘွားကြီး မင်းတို့ကို သတိမပေးဘူးလို့ မပြောနဲ့"

စကားပြီးသောအခါ ပိုင်ရှင် အမျိုးသမီးသည် ထုံးစံအတိုင်း ထပ်မရှင်းပြတော့ဘဲ တောတွင်းကို ဖြတ်သွားကာ ယခင်ကထက် အနည်းဆုံး အဆပေါင်းများစွာ မြန်အောင် မောင်းထုတ်လျက် ခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

All Chapters