အသက်သခင် ကျေးဇူးရှင်
Vol. 40 Ch. 4.120
ကျန်တဲ့လူတွေက တစ်ယောက်ကို တစ်ယောက် ခဏကြည့်ပြီးနောက် သီးခြားစီ ခွဲထွက်သွားကြသည်။ တချို့လူတွေက ဂိုဏ်းဖွဲ့ပြီး အတူတူလာကြလို့ ထုံးစံအတိုင်း တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရှိကြသည်။
အခြားသူများကတော့ တစ်ယောက်ကို လမ်းကြောင်းတစ်ခုသို့ သွားကြသည်။ ဤနေရာတွင် မဟာမိတ်ဖွဲ့ခြင်းက မည်သူ့ကို ယုံကြည်ရမည်နည်း။
လုရွှမ် သူ့ပတ်ဝန်းကျင်ကို စိတ်ဝိညာဉ် စွမ်းအားဖြင့် အာရုံခံစားပြီး ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။ ပိုင်ရှင် အမျိုးသမီးသည် လိမ်ညာပြောမှာ မဟုတ်ကြောင်း သိသော်လည်း စူးစမ်းချင်စိတ်က ထိန်းမရပေ။
ဘယ်လိုအရာကများ ဒီလိုဝိညာဥ် ကမ္ဘာငယ်လေးကို ကန့်သတ်ထားသလဲ သိချင်လာသည်။ ကံကောင်းရင် အခင်းအကျင်းနဲ့ တခြား ချို့ယွင်းချက် တချို့ကိုလည်း ရှာတွေ့နိုင်သည်။
ဆယ်ပေလောက် ပျံသန်းပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ကို ရုတ်တရက် ဖိအားတစ်ခု ကျရောက်လာ၏။ အင်အားက သိပ်မပြင်းထန်သော်လည်း အလွန်ထူးဆန်းသည်။ လုရွှမ်၏ နှလုံးပင် လှုပ်ခါလာသည်။
ထိတ်လန့်စရာ ကောင်းတာက သူအမြင့်ကို ပျံသန်းတိုင်း ဖိအားနှစ်ဆ တိုးလာတာကို တွေ့ခဲ့တာပင်။ လုရွှမ် မယုံကြည်နိုင်စွာ ပေတစ်ရာသို့ ပျံတက်သွားပြီး သူ့ခန္ဓာကိုယ်သည် ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လို ဖိအားကို ခံနိုင်ရည်ရှိသွားတာ ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူသည် ဆင်သံချပ်ရွှေကိုယ်ထည်ကို ဖွင့်ထားပြီးဖြစ်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ ခွန်အား၏ ရှစ်ရာခိုင်နှုန်း သို့မဟုတ် ကိုးရာခိုင်နှုန်းနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ကောင်းကင်ရဲ့ သဲလွန်စတွေကို သူ မမြင်ရသေးချေ။
လုရွှမ် သက်ပြင်းချလိုက်ပြီး သူ့လက်ရှိ အင်အားနဲ့ ထိန်းထားလို့ မရတော့ဘူးဆိုတာ သိလိုက်ပြီမို့ အမြန် ပြန်ဆင်းသက်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ?"
လုရွှမ် သူ့ခန္ဓာကိုယ် အောက်ကို ပြုတ်ကျလာတာနဲ့အမျှ ဖိအားတွေ တိုးလာနေသေးတာကို တွေ့လိုက်ရ၏။ သူ့အရှိန်က တအားမြန်လာကာ ခေါင်းမာသော ကျောက်တုံးကြီးသည် မြေပြင်သို့ တိုက်ရိုက် ကျသွားသလိုမျိုး ဖြစ်နေသည်။
တခဏချင်းမှာပဲ လုရွှမ်ဟာ ပိုင်ရှင်အမျိုးသမဖိး ပြောတဲ့အတိုင်း နားလည်သွားခဲ့သည်။ သေချာပေါက် သေချင်ရင် မြင့်နိုင်သမျှ မြင့်မြင့်ပျံသန်းလေ ပြုတ်ကျတဲ့ အားက မသေးလေလေပဲ။
လုရွှမ် မျက်နှာ ဖြူဖျော့လာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ဖောင်းကြွလာကာ ဖီးနစ်၏ အတောင်ပံများကို ကန့်သတ်ချက်အထိ အဆက်မပြတ် ခတ်ချက် အောက်ဘက်ကို ပြိုကျလာမှုအားကို တွန်းလှန်ရန် ကြိုးစားလိုက်သည်။
အနီးနားရှိ ဧရာမ သစ်ပင်ကြီးများသည် ယခုအချိန်တွင် မည်သည့်နေရာတွင် မျောပါနေသည်ကို မသိသဖြင့် လုရွှမ် အားကိုးစရာ မရှိတော့ပေ။
ပေခုနစ်ဆယ်၊ ပေငါးဆယ်၊ ပေသုံးဆယ်၊ ဆယ်ပေ။
လုရွှမ်သည် သူတော်စင်ဘဝက ပြုတ်ကျသည့်အရှိန်ထက် ပိုမြန်နေသည်ဟု ခံစားရသည်။ သူဒီလိုထပ်ပြီး ပြုတ်ကျနေရင် တကယ်ပဲ လဲကျသွားလိမ့်မည်။
ဆင်သံချပ် ရွှေကိုယ်ထည်သည် ခန္ဓာကိုယ်အတွင်း ထိုးထွက်လာ၍ ဖီးနစ်မီးသည်လည်း ခြေဖဝါးအောက်မှ ပေါက်ကွဲထွက်လာပြီး အတောင်များက နောက်ကျောဘက်မှာ ပြင်းပြင်းထန်ထန် လှုပ်ယမ်းနေ၏။ လုရွှမ် ထိန်းမနိုင်ဘဲ ဟောက်လိုက်ရာ နဂါးရွတ်ဆိုသံများ အပြည့် ထွက်ပေါ်လာတော့သည်။
စိမ်းပြာနဂါး၏ နှလုံးသည် ယခင်ကကဲ့သို့ ခုန်နေတုန်းဖြစ်ကြောင်း လုရွှမ် ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ကြားနေရဆဲ။ စိမ်းပြာရောင်ပုံစံသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သံကြိုးများကို အဆက်မပြတ် ဆွဲထုတ်လိုက်သကဲ့သို့ စွမ်းအင်တစ်ခုက အဆက်မပြတ် တိုးလာသည်။
ခန္ဓာကိုယ်က အချိန်မရွေး ကွဲထွက်သွားတော့မလိုပင်။
မြေပြင်သို့ အောက်ခြေတစ်ပေခန့် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လုရွှမ် ဆုံးရှုံးသွားတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူသည် ဤဘဝတွင် အသေပစ်ချခံရမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူကြိုးစားပြီးသွားပြီ ဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် ဤကမ္ဘာငယ်ထဲသို့ ဝင်ရောက်ပြီးနောက် ကျောက်စိမ်းအမှတ်အသား ပျောက်ကွယ်သွားခဲ့သည်။ တုံ့ပြန်မှုက သူ့ရဲ့နောက်ဆုံး ကတ်ပြားကို ပျောက်သွားစေသလိုပင်။
"လေပြင်းစွမ်းအင်!"
အမျိုးသမီး အသံတစ်သံက သူ့ဘေးမှာ ရုတ်တရက် ထွက်ပေါ်လာ၏။
လုရွှမ် သူ့ခြေဖဝါးအောက်မှ ကြီးမားသော အင်အားတစ်ခု တက်လာတာကို ရုတ်တရက် မြင်လိုက်ရပြီး သူ၏ ကျဆင်းမှုအရှိန်ကို အလွန် နှေးကွေးသွားစေသည်။
'ဖူး'
အသံတစ်သံနဲ့အတူ အောက်ဘက်ရှိ စွမ်းအင်က ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့သော် ဤအချိန်များက လုံလောက်သွားပြီ။ လုရွှမ် ယွမ်ယန်ကျင့်စဥ်ရဲ့ သူတော်စင် စွမ်းအား အားလုံးကို အသုံးချကာ မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။
ဗုန်း!
ကောင်းကင်မှ ဥက္ကာခဲတစ်ခု ပြုတ်ကျလာသည့်နှယ် ငလျင်လှိုင်းကြီးတစ်ခု လှုပ်ခတ်သွားသည်။
ကြီးမားသော တွင်းနက်ကြီး တစ်ခုကို ဖန်တီးပြီးသား ဖြစ်သွား၏။ လုရွှမ် တွင်းနက် အောက်ခြေအထိ နစ်မြှုပ်သွားပြီး သွေးနှစ်လုတ် ထွေးထုတ်လိုက်သည်။ ပြုတ်ကျလာတဲ့ အရှိန်ကြောင့် သူ့ခန္ဓာကိုယ် ထုံကျင်သွားကာ စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းကလည်း လျင်မြန်စွာ ခုန်နေသည်။
ထိုအခိုက် ရက်စက် ကြမ်းကြုတ်သော လှိုင်းလုံးများက သူ့ခန္ဓာကိုယ်ကို တစ်ဖန် ပြန်ပြည့်စေသည်။ လုရွှမ် လျင်မြန်စွာ ပျံတက်သွားသည်။
ထိုမှသာလျှင် တွင်းနက်ကြီးသည် အနည်းဆုံး တစ်မိုင်ခန့် ကျယ်ပြီး တစ်မိုင်ခွဲခန့် နက်ကြောင်းကို တွေ့မြင်ခဲ့ရလေသည်။
အစောက အမျိုးသမီးရဲ့ အသံကို တွေးမိရင်း လုရွှမ် အသံလာရာ ဘက်သို့ လျှောက်လာခဲ့တော့ မြေထဲမှာ ကျောက်ခဲတွေနဲ့ မြှုပ်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ လုရွှမ် ကျောက်တုံးကို အမြန် တွန်းဖယ်လိုက်ပြီး ထိုအမျိုးသမီးက ဟုန်ချောင် ဖြစ်နေသည်။
မျက်လုံးနှစ်ဖက်က သတ်ဖြတ်တော့မလို စိုက်ကြည့်သော်လည်း မတ်တပ်မရပ်နိုင်ဘဲ ရင်ဘတ်တွင် သွေးများဖြင့် ပြည့်နေသည်။
"ငတုံးကောင်!! နင့်ကို မပျံသန်းဖို့ ပိုင်ရှင် အမျိုးသမီးက မပြောထားဘူးလား? ဘာလို့ ပျံတက်သွားတာလဲ?"
ဟုန်ချောင် ကျိန်ဆဲလိုက်ပြီး နောက်ထပ် ပါးစပ်ထဲက သွေးတွေ ထွက်လာခဲ့သည်။
လုရွှမ်လည်း ဒီအမျိုးသမီးက သူ့အသက်ကို ကယ်တင်ခဲ့မယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ သူမရဲ့ ထောက်ပံ့မှုကြောင့်သာ ရောယှက်နေတဲ့ စွမ်းအင်မူတွေကို ချိုးဖျက်နိုင်သွားတာပင်။
"ကျေးဇူးတင်ပါတယ်!"
လုရွှမ် ကျေးဇူးတင် စကားပြောခဲ့သည်။ သူ ပြန်မွေးဖွားလာ ပြီးကတည်းက တစ်ယောက်ယောက်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောခဲ့တာ အင်မတန် ရှားပါးလှ၏။
သို့သော် ဟုန်ချောင်က ဟစ်အော်လာ၏။
"ကုသဆေးလေး ဘာလေး မရှိဘူးလား? ငါ့ကို တစ်လုံးပေးဦး!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။ သူ့ပစ္စည်းတွေ အားလုံးက ကျောက်စိမ်းပြားထဲမှာ ရှိနေတာ။ အခု ကျောက်စိမ်းပြားကို ဖွင့်လို့မရတော့လို့ သူ့မှာ တကယ် မရှိတာကြောင့် ခေါင်းသာခါပြနိုင်၏။
ဟုန်ချောင်က ခါးခါးသီးသီး ကျိန်ဆဲလိုက်ပြီး သူမအိတ်ကပ်ထဲက ဆေးလုံးတစ်ထုပ်ကို ထုတ်ကာ မျိုချလိုက်သည်။
လုရွှမ် သူမကုသနေစဥ် အတွင်း ကာကွယ်ပေးခဲ့ပြီး တစ်ရက် အကြာတွင် ဟုန်ချောင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက လုရွှမ်ကို လက်ညှိုးထိုး၍
"နင်ငါ့နောက်ကို လိုက်မလာနဲ့.... မဟုတ်ရင်တော့ ငါနင့်ကိုသတ်ပစ်မယ်"
ပြောပြီးတာနဲ့ သူမ လှည့်ထွက်သွားတော့သည်။
လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။ သူမက ခက်ထန်ပေမယ့် စိတ်ကောင်းရှိတဲ့ မိန်းကလေးပင်။ ခဏလောက် စဉ်းစားပြီးမှ သူမနောက်ကို လိုက်သွားခဲ့သည်။ ဒီနေရာက ထူးဆန်းပြီး ထူးထူးခြားခြား အငွေ့အသက်တွေ ရှိသည်။
လုရွှမ် ပေတစ်ရာကျော်လောက် ပျံသန်းပြီးချိန်မှာတော့ မကောင်းတဲ့ အငွေ့အသက် တစ်ခုက သူ့ဆီကို ပြေးဝင်လာနေတာကို ခံစားလိုက်ရသည်။
ယခင်အချိန်က သူသည် အလွန်အမင်း မစဉ်းစားဘဲ အပေါ်ကို တက်ကြည့်ဖို့သာ အာရုံစိုက်ခဲ့သည်။ အခုတော့ သူ့စိတ်က ပြန်အာရုံစိုက်နေပြီမို့ ကောင်းကင်ကို ထပ်တက်မယ့် ကိစ္စကို မေ့ပစ်လိုက်ပြီ။
လုရွှမ် နောက်က လိုက်လာနေတာကို မြင်တော့ ဟုန်ချောင် ကျိန်ဆဲချင်ပေမယ့် စကားတွေကို ရပ်လိုက်ပြီး ပါးစပ်ထောင့်မှာ အပြုံးမပျက်ဘဲ ရှေ့ကို တိုးတိုးတိတ်တိတ် လျှောက်သွားလိုက်သည်။
ဟုန်ချောင် သူမရဲ့ အသက်ရှူသံကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်နေသော်လည်း လုရွှမ်ကတော့ ၎င်းကို ရှင်းရှင်းလင်းလင်း ရိပ်မိပါသည်။ ဒီကောင်မလေးက ဒီနေရာကို နည်းနည်းကြောက်နေပြီး သူ့နောက်က လိုက်ချင်တာကို ပြောဖို့ ရှက်လွန်းနေတာကြောင့် အနီးဝန်းကျင်မှာ စောင့်နေလို့ သူ့အသက်ကို ကယ်လိုက်တာပင်။
လုရွှမ်ရဲ့ မြေပြင်ပေါ်သို့ ရုတ်တရက် ပြုတ်ကျလာသော ထိတ်လန့်တုန်လှုပ်မှုကို တခြားသူများက ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အထူးသဖြင့် ပိုင်ရှင် အမျိုးသမီးဖြစ်သူပင်။
“နောက်ထပ် သေလမ်းရှာနေတဲ့ လူတစ်ယောက်ပဲ.... အမြဲနာခံမှုမရှိဘူး ဒီလိုစိတ်နဲ့ အစွမ်းထက်တဲ့ သူတော်စင် သားရဲတစ်ကောင်ကို ခေါ်ယူချင်နေတယ်ပေါ့?? အဟား.... လူမိုက်ဆိုတာက သေဖို့ ထိုက်တန်တယ်”
လုရွှမ်နှင့် ဟုန်ချောင်တို့သည် ဆယ်ရက်ကြာ ပျံသန်းခဲ့ကြသည်။ သူတို့မှာ သေနေတဲ့ သူတော်စင်သားရဲများရဲ့ အရိပ်များကိုပင် မမြင်ခဲ့ကြပေ။ တခြားလူတွေကိုပဲ ဝင်တိုက်မိကာ နှစ်ဖက်သား တစ်ချိန်တည်းတွင် ကံဆိုးစွာ ကျိန်ဆဲလိုက်ကြသည်။
“ဒီသားရဲကောင်တွေ ဘယ်ရောက်သွားတာလဲ”
ဟုန်ချောင် မထိန်းနိုင်တော့ဘဲ နောက်ဆုံးတွင် သူတို့နှစ်ဦးကြားမှ တိတ်ဆိတ်မှုကို ချိုးဖျက်ကာ မေးလိုက်သည်။ သူတို့ပျံသန်းလာတာ ၁၀ရက်ကျော် ရှိသွားပြီလေ။
လုရွှမ် မျက်မှောင်ကြုတ်သွား၏။ မထွက်ခွာခင်က သူသည် လူအားလုံးကို လျှို့ဝှက်စွာ ရေတွက်ထားခဲ့ရာ စုစုပေါင်း ၇၈ ယောက်ရှိသည်။ သူတို့ထက် သာလွန်သော ပိုင်ရှင် အမျိုးသမီးမှလွဲ၍ အခြားသူများ၏ ခွန်အားမှာ အခြေခံအားဖြင့် သူတော်စင်တစ်ပိုင်း အဆင့်၂မှ အဆင့်၅ ကြားတွင် ရှိကြသည်။
လုရွှမ် ကိုယ်တိုင်က သူတော်စင်တစ်ပိုင်း ပထမအဆင့်က ကျင့်ကြံသူတစ်ယောက်ပင်။
ဒါပေမဲ့ ဒီဆယ်ရက် အတွင်းမှာတော့ လုရွှမ် စုစုပေါင်း လူ၇၅ယောက်နဲ့ ဝင်တိုက်မိခဲ့တာကို သတိထားမိခဲ့သည်။ ဆိုလိုတာက ပိုင်ရှင် အမျိုးသမီးဖြစ်သူက လွဲရင် သူတို့အားလုံးနီးပါးကို တွေ့ခဲ့တာပင်။
လူတိုင်းသည် လမ်းကြောင်း အမျိုးမျိုးသို့ ရွေးချယ် ထွက်ခွာခဲ့ကြသည်။ လမ်းကြောင်းများက လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သော်လည်း ပြဿနာတစ်ခုကတော့ ရှိနေ၏။
ထိုပြဿနာမှာ သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ပြန်တွေ့ခဲ့ကြပြီး အားလုံးမှာ လမ်းကြောင်များ မတူကြသော်ငြား ဗဟိုဖြစ်တဲ့ လွမ့်ထျန်းတောရဲ့ အလယ်တည့်တည့်ကို ရောက်လာကြခြင်းပင်။