← Chapters

နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုး

Vol. 111 Ch. 1151

နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုး

Vol. 111 Ch. 1151

အန္တိမမူလ မဟာဖန်တီးမှု။

‘နှစ်ဆယ်သန်းဆိုလည်း စောင့်ရမှာပဲ’

အခုအချိန် ဟန်ကျွယ်ဆီမှာ အပေါဆုံးက အချိန်ပါ။ သူက ဖန်တီးရှင်သခင် မဟုတ်ပါလား။

ဟန်ကျွယ် အသက်ဆယ်ဘီလီယံပြည့်ရင် စနစ်ကပေးတဲ့ ရွေးချယ်မှု ဆုလာဘ်က ဆယ်ဘီလီယံမှ တစ်ခါ လာတော့မှာပါ။

အဲဒါကြောင့် အန္တိမမူလ နတ်ဘီလူး သွေးစည်းကို တိုးတက်အောင် လုပ်ဖို့ စောင့်စားရမဲ့ ကြာချိန်က တော်‌တော်လေးကိုမှ ရှည်ကြာမှာပါ။

ဒါကြောင့် သွေးစည်းကို ဆင့်ကဲပြောင်းလဲမဲ့အစား လက်ရှိ အကန့်အသတ်အထိ မြှင့်တင်တာက ပိုကောင်းပါတယ်။

မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတွေကိုတော့ ဟန်ကျွယ်ဟာ လောလောဆယ်သုံးဖို့ အစီအစဉ် မရှိသေးပါဘူး။ တစ်ရာပြည့်မှ တစ်ခါတည်း သုံးပစ်မှာပါ။ ဒါမှလည်း စိတ်လှုပ်ရှားဖို့ ကောင်းမှာပါ။

မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို တစ်ခါတည်း အကြိမ်တစ်ရာ သုံးတာက ကောင်းကင်ကို အန်တုနိုင်တဲ့ ပါရမီရှင်တစ်ပါးကို ထုတ်လုပ်ပေးနိုင်လောက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောရင်း စာအိတ်ကို ဖွင့်ကာ စာစောင်တွေကို ဖတ်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ချပေးလိုက်ကတည်းက သူ့မိတ်ဆွေ အသိုင်းအဝိုင်းထဲမှာ တိုက်ပွဲတွေ ပိုများလာပါတယ်။

ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေနဲ့ သူ့ကလေးတွေက ကောင်းကင်တာအိုဆီ ရောက်သွားတာကို ရှာတွေ့သွားပါတယ်။

‘ဒီကောင်တွေက ငါ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ကောင်းကင်တာအိုဆီ ပစ်လိုက်တယ်လို့ ထင်နေတာလား...’

‘ကောင်စုတ်လေးတွေ... မင်းတို့က ငါ ကောင်းကင်တာအိုကို အဲဒီလောက်ထိ ဂရုစိုက်တယ် ထင်နေတာလား’

ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ်။ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက အခုထိ ကောင်းကင်တာအိုဆီ မရောက်သေးပါဘူး။ ဘယ်သူရမလဲဆိုတာကတော့ သူတို့ကံကို ကြည့်ရမှာပါ။ ဒီတစ်ခါ ဟန်ကျွယ်ဟာ ဘယ်သူ့ကိုမှ ဘက်မလိုက်ပါဘူး။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။

တာအိုဆန်းကြယ်နယ်မြေဟာ အဆုံးမဲ့ခေတ်မှာ နာမည်အကြီးဆုံး နေရာတစ်နေရာ ဖြစ်လာပါတယ်။ ဝူရှင်းရှစ်ကျဲ့ ဦးစီးကျင်းပတဲ့ပွဲတော်ကလည်း တော်တော်လေး အောင်မြင်ပါတယ်။ ပါရမီရှင်အများကြီး ထွက်ပေါ်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မဟာတာအိုရေအိုင်ရဲ့ ဂုဏ်သတင်းကလည်း ပျံ့နှံ့သွားပါတယ်။

မဟာတာအိုရေအိုင်ထဲ ဝင်လိုက်ရင် သူတို့ရဲ့ မဟာတာအိုအပေါ် သုံးသပ်နားလည်နိုင်စွမ်းတွေ တိုးသွားပါတယ်။ ဒီပွဲပြီးသွားတဲ့အခါ မဟာတာအိုရေအိုင်ကြောင့် မဟာတာအိုပညာရှိ ၃၃ ပါး ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်ကြောင့် လူတိုင်း အံ့ဩတုန်လှုပ်သွားကြပါတယ်။

ဒီကိစ္စတွေကြောင့်ပဲ တာအိုဆန်းကြယ်နယ်မြေရဲ့ အဆင့်အတန်းဟာ မိုးပေါ် ထိုးတက်သွားပါတယ်။ ဒီအချိန်မှာ ဝူရှင်းရှစ်ကျဲ့ဟာ ဘာကိုကြည့်ကြည့် အကုန်လုံး အကောင်းမြင်နေပါတယ်။ ဝူရှင်းရှစ်ကျဲ့ဟာ ဒီပွဲအတွက် နှစ်သန်းချီအောင် ပြင်ဆင်ထားခဲ့တာပါ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက တကယ်လည်း အကျိုးမယုတ်ပါဘူး။ ဒီပွဲအပြီးမှာ သူ့နာမည်က ကောင်းကင်ကိုတောင် လှုပ်ခါပစ်လိုက်ပါတယ်။

တာအိုဆန်းကြယ်နယ်မြေရဲ့ အောင်မြင်မှုကြောင့် တခြားအင်အားစုတွေလည်း အတုခိုးဖို့ ကြိုးစားကြပါတယ်။ ဒါကြောင့်ပဲ အိုနာကျိုးကန်း မဟာတာအိုရေအိုင်တွေ၊ မဟာတာအို ရေပူစမ်းတွေ၊ မဟာတာအို နတ်တောင်တွေ မျိုးစုံ ပေါ်လာပါတယ်။

ဒါပေမဲ့ ကံမကောင်းချင်တော့ သူတို့တွေ အကုန်လုံးက တာအိုဆန်းကြယ်နယ်မြေရဲ့ မဟာတာအိုရေအိုင်ကို လုံးဝ မမီပါဘူး။ တာအိုဆန်းကြယ်နယ်မြေရဲ့ မဟာတာအို ရေအိုင်က တာအိုဖန်တီးရှင်ရဲ့ လက်ရာပါ။

နောက်ပြီး ဒီတာအိုဖန်တီးရှင်ကလည်း အဆုံးမဲ့ခေတ်ရဲ့ ဩဇာအာဏာအရှိဆုံး ခေါင်းဆောင်ပါ။

ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ အတွေးကို နားလည်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မနှစ်သက်တာမျိုး မဖြစ်ပါဘူး။ ကိုယ်ပိုင်အင်အား စုဆောင်းတာက ဖြစ်နေကျ ကိစ္စတစ်ခုပါ။ နောက်ပြီး ဝူရှင်းရှစ်ကျဲ့က သ‌ဘောထားလည်း ကောင်းတဲ့အတွက် ဟန်ကျွယ်ဟာ တော်တော်လေး ကျေနပ်အားရပါတယ်။

ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ ဝိုင်းတိုက်ခံရတာကနေ လွတ်မြောက်ပြီး မဟာတာအိုပညာရှိ ၃၃ ပါးမှာ အပါအဝင် ဖြစ်လာခဲ့ကြပါတယ်။

ဟန်လျန်ကတော့ ပိုပြီးတော့တောင် အထင်ကြီးဖို့ကောင်းပါတယ်။ တစ်ခါတည်း မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ရှိပြီး ဒီပွဲတော်ရဲ့ နာမည်အကြီးဆုံး တည်ရှိမှုတစ်ခု ဖြစ်လာပါတယ်။ သူ့နာမည်က အဆုံးမဲ့ခေတ်တစ်ခွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီး အရည်အချင်းအရှိဆုံး ပါရမီရှင်အဖြစ် ထင်ကြေးပေးခံရပါတယ်။

ဖန်တီးရှင်သခင်ရဲ့မြေးက ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းမှာ လောကဦးနတ်ဘီလူးထက် အောက်မကျပါဘူး။

ဟန်ကျွယ်ဟာ သူ့မြေးနှစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး တော်တော်လေး ကျေနပ်အားရပါတယ်။ ချူရှောင်ချီနဲ့ ဟန်လျန်ဟာ အခြေရသွားပြီမလို့ ဟန်ကျွယ် ဆက်ပြီးတော့ အာရုံစိုက်စရာ မလိုတော့ပါဘူး။

“အခုအချိန်ကစပြီး မင်းတို့တွေ မင်းတို့လမ်း မင်းတို့ လျှောက်ပေတော့” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ သူ့မြေးနှစ်ယောက်ပေါ်ထားတဲ့ စိုးရိမ်မှု တစ်စွန်းတစ်စဟာ အရှင်း ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ကလေးအများကြီးကို ဥပက္ခာပြုခဲ့ပြီးပြီမလို့ မြေးတစ်ယောက် နှစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်နေမှာ မဟုတ်ပါဘူး။

တခြားတစ်ဖက်မှာတော့ ချူရှောင်ချီနဲ့ ဟန်လျန်ဟာ တစ်ချိန်တည်းနီးပါး မျက်လုံးဖွင့်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာကို ဆုံးရှုံးသွားသလို စိတ်ပျက်လက်ပျက်ဖြစ်ကာ အထိတ်တလန့် ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ဒီအရာက ဘာလဲဆိုတာကို တွက်ချက်လု့ မရပါဘူး။

ဒီရှင်းပြလို့မရတဲ့ ခံစားချက်က သူတို့နှစ်ယောက်ကို တော်တော်လေး စိတ်လေးစေပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်လိုပဲလုပ်လုပ် တွက်ချက်လို့ မရပါဘူး။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ အသက် တစ်ဘီလီယံပြည့်ရင် သူ့ကို အဖော်ပြုဖို့ နောက်ထပ်မျိုးဆက်တစ်ယောက် ရွေးချယ်မှာပါ။ ဒါက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ကျင့်ကြံခြင်းနှစ်တွေမှာ ပျော်ရွှင်မှု တစ်စွန်းတစ်စ ထပ်ပေါင်းထည့်တာလို့ ပြောလို့ရပါတယ်။

အချိန်ဟာ ပုံမှန်အတိုင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့မြေးနှစ်ယောက်ကို ဥပက္ခာပြုလိုက်ပြီမလို့ တံခါးပိတ်ကျင့်ကြံတာက ပိုရှည်ကြာသွားပါတယ်။

နှစ်သန်းငါးဆယ်က အိပ်မက်တစ်ခုလိုပါပဲ။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ပတ်ဝန်းကျင်က အရင်အတိုင်းပါပဲ။ ဘာမှ မပြောင်းလဲပါဘူး။ ဒါပေမဲ့ အပြင်ဘက်မှာတော့ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်ဆိုတကို ဟန်ကျွယ် ကောင်းကောင်းကြီး သိပါတယ်။

ဟန်ကျွယ်ဟာ အကြောဆန့်ပြီး ပြုံးလိုက်ပါတယ်။ အချိန်အကြာကြီး တံခါးပိတ် ကျင့်ကြံတာက ပိုကောင်းပါတယ်။ ကျင့်ကြံမှု တိုးလာတာ သိသာတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဗလာနယ်မြေကို အကဲခတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်သားဟန်ဟွမ်သည် အထွတ်အထိပ် နိယာမကို ခဲယူလိုက်သဖြင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မြေး ချူရှောင်ချီသည် သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် အချိန်-အာကာသ ကမ္ဘာတစ်ခုကို ဖန်တီးပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သာလွန်တည်ရှိမှုတစ်ခု၏ အိပ်မက်ပေးခြင်းကို ခံခဲ့ရသည်။]

[သင့်သား ဟန်ထော်သည် သင့်မိတ်ဆွေ ကျန်းကျွယ်ရှီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ တာအိုဘိုးဘေးသည် ခန္ဓာစစ်ကို ပြန်ယူပြီး အထွတ်အထိပ် နိယာမကို ခဲယူလိုက်သည်။]

[သင့်မိတ်ဆွေ သဏ္ဍာမဲ့နတ်မင်းသည် သင့်ရန်သူ နဝမပဋိပက္ခကို အိပ်မက်ထဲ၌ တွေ့ကြုံခဲ့သည်။]

[သင့်မိတ်ဆွေ ယင်ယန်ချွမ်တုနတ်မင်းသည် သင့်ရန်သူ နဝမပဋိပက္ခကို အိပ်မက်ထဲ၌ တွေ့ကြုံခဲ့သည်။]

‘ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးက အထွတ်အထိပ် နိယာမကို ခဲလိုက်ပြီလား... ဒါဆို သူတို့တွေ တာအိုဖန်တီးရှင် ဖြစ်လာဖို့က သေချာသွားပြီ’

ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ မဟာတာအိုကမ္ဘာက ဘယ်မှာလဲဆိုတာ သိချင်သွားပါတယ်။ ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ ဒီမဟာတာအိုကမ္ဘာက တာအိုကောင်းကင်မျိုးနွယ်စု တည်ရှိတဲ့ နေရာမှာ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီမဟာတာအိုကမ္ဘာက ပန်ကူးရဲ့ မဟာတာအိုကမ္ဘာနဲ့လည်း ဆက်သွယ်နေပါတယ်။

ဒီကမ္ဘာနှစ်ခုဟာ ဘေးချင်းကပ် ရှိနေပြီး မဟာတာအိုကမ္ဘာ တစ်ခုတည်းလိုပါပဲ။ တာအိုကောင်းကင်မျိုးနွယ်စုက ဒီမဟာတာအိုကမ္ဘာကို ပဋိပက္ခလို့ ခေါ်ပါတယ်။ ပဋိပက္ခဟောင်းရဲ့ အမွေကို ဆက်ထိန်းသိမ်းချင်ပုံပါပဲ။

တာအိုဘိုးဘေးက ပန်ကူးရဲ့ရှေ့မှာ လျှောက်နေပါတယ်။ ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ အရာပါ။

သူတို့နှစ်ယောက်ကလွဲရင် နဝမပဋိပက္ခကလည်း ဟန်ကျွယ်ရဲ့ အာရုံကို ဖမ်းစားလိုက်ပါတယ်။ နဝမပဋိပက္ခရဲ့ စိတ်ဆန္ဒက အန္တိမမူလ ကောင်းကင်ထောင်ထဲမှာပဲ ရှိနေပါသေးတယ်။ အခုထိ နိုးမလာသေးပါဘူး။

ဒီလိုဆိုရင် သူ တခြားလူတစ်ယောက်ရဲ့ အိပ်မက်ထဲကို လာနိုင်တာက ဖြစ်နိုင်ခြေတစ်ခုပဲ ရှိပါတယ်။

နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးပါ။

ဒီအတွင်းနတ်ဆိုးက သာမန် မဟုတ်ပါဘူး။ နဝမပဋိပက္ခ နှစ်ပိုင်း ကွဲသွားတာပါ။

‘ဒီကောင် သေခါနီး စကားကြီး စကားကျယ်တွေ ပြောသွားတာ အံ့ဩစရာ မရှိတော့ပါဘူး’

ဒီအတွင်းနတ်ဆိုးက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ခန္ဓာကိုယ်မှာ ယာယီနေထိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ ပျောက်သွားခဲ့ပါတယ်။ တော်တော်ကြာတဲ့အထိ ပြန်ပေါ်မလာခဲ့ပါဘူး။

‘ဒီအတွင်းနတ်ဆိုးက ငါ့ကို အကောက်ကြံချင်သေးတာလား’

ဟန်ကျွယ်ဟာ သဏ္ဍာမဲ့နတ်မင်းကို လှည့်ကြည့်ပြီး အိပ်မက်ကို ထောက်လှမ်းလိုက်ပါတယ်။

ဟန်ကျွယ် ထင်ထားသလိုပဲ နဝမပဋိပက္ခဟာ သဏ္ဍာမဲ့နတ်မင်းကို ဖြားယောင်း သွေးဆောင်ပါတယ်။ တာအိုဖန်တီးရှင်အဆင့်ကို ဘယ်လို ကျော်တက်ရမလဲဆိုတာ သူ သိတယ်ဆိုပြီးတော့ပေါ့။ ကံမကောင်းချင်တော့ သဏ္ဍာမဲ့နတ်မင်းက သူ့အဆိုကို ငြင်းဆန်လိုက်ပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းကလည်း နဝမပဋိပက္ခကို ငြင်းဆန်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ကတော့ နည်းနည်း စိတ်ဝင်စားသွားပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးက ဘယ်မှာ ရှိနေလဲဆိုတာကို တွက်ချက်လို့ မရပါဘူး။ ဒါပေမဲ့ ဗလာနယ်မြေ အပေါ်ယံလွှာမှာရှိတဲ့ ကံနိယာမတွေ ပါဝင်နေတာကိုတော့ မြင်နိုင်ပါတယ်။

နဝမပဋိပက္ခက ဖန်တီးရှင်သခင်ဟာ ဒီလောက် ကြောက်စရာကောင်းအောင် စွမ်းအားကြီးလိမ့်မယ်လို့ တွက်ထားပုံ မရပါဘူး။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးကို အိပ်မက်ပေးဖို့ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ အိပ်မက်ပေးလို့ မရတဲ့အတွက် အမှောင်ထု အိပ်မက်ဆိုးကိုလည်း သုံးလို့မရပါဘူး။

‘ဒီကောင် ဘယ်နေရာမှာ သွားပုန်းနေတာလဲ’ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျွန်ပြုပြီးမှပဲ မေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတောအတွင်း နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးက ဖန်တီးရှင်သခင် ဖြစ်လာနိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။

ဖန်တီးရှင်သခင် ဖြစ်ချင်ရင် ဗလာနယ်မြေရဲ့ အခြေခံနိယာမတွေကို လှုံ့ဆော်ဖို့ လိုပါတယ်။ ဒါပေမဲ့ သူ အဲဒီလို ထိုးထွင်းသိမြင်တဲ့ အခြေအနေထဲကို ဝင်ရောက်သွားတာနဲ့ ဖန်တီးရှင်သခင်ဖြစ်တဲ့ ဟန်ကျွယ်က သေချာပေါက် အာရုံခံမိမှာပါ။

ဟန်ကျွယ်ဟာ သူလွင့်ပစ်လိုက်တဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ကြည့်လိုက်ပါတယ်။ ဘယ်သူမှ ဒီအခွင့်အရေးကို အခုထိ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွင့်အရေးက အပုန်းကောင်းလို့ပါ။

တာအိုဖန်တီးရှင် ဖြစ်လာဖို့က ဘယ်သူကိုမှ အားကိုးလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပါ။

‘ဒီလိုဆိုတော့လည်း နည်းနည်း ထပ်စောင့်တာပေါ့’ ဟန်ကျွယ်ဟာ ပြုံးပြီး မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက် ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ သူ့ကလေးတွေနဲ့ မျိုးဆက်တွေဆီ သွားမလည်ဘဲ အသွင်ပြောင်းထားတဲ့ ဖူစန်းသစ်ပင်ဆီ သွားလည်ပါတယ်။

ဖူစန်းသစ်ပင်ဟာ နှစ်ကိုယ် ကွဲသွားကတည်းက တစ်ကိုယ်ဟာ အပြင်ဘက်မှာချည်းပဲ ရှိနေခဲ့ပါတယ်။ နတ်သစ်ပင် ခန္ဓာကိုယ်ကတော့ ဟန်ကျွယ်ပေးလိုက်တဲ့ အချိန်-အာကာသကို ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာကြောင့် အဆုံးမဲ့ခေတ်ထဲမှာ တော်တော်လေးကိုမှ အဆင့်အတန်း မြင့်မားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters