← Chapters

စနစ် အခွင့်အရေး

Vol. 111 Ch. 1157

စနစ် အခွင့်အရေး

Vol. 111 Ch. 1157

ဟန်လင်ဟာ ခေါင်းအသာညိတ်ပြီး မေးလိုက်ပါတယ် “အစ်ကို အန္တိမမူလကမ္ဘာဆီ သွားမလို့လား”

အန္တိမမူလကမ္ဘာက အဆုံးမဲ့ခေတ်ရဲ့ ဝေးလံခေါင်ပါးအရပ်မှာ တည်ရှိပါတယ်။ မဟာတာအိုပညာရှိချုပ်တွေ အတွက်တောင် ဝေးကွာလွန်းပါတယ်။ အဲဒါကြောင့်ပဲ ငရဲပြည်ကနေ တစ်ဆင့်သွားကြတာပါ။

“ဟုတ်တယ် ဧကရာဇ်... အန္တိမမူလကမ္ဘာဆီကနေ ပြန်လာတာလား”

“အင်း သွားပါ”

ဟန်လင်ဟာ ခေါင်းအသာညိတ်ပြီး ဖန်းလျန်ကို ဖြတ်ကျော်သွားပါတယ်။

ဟန်လျန်ဟာ နောက်လှည့်ကြည့်ပြီး ပဟေဠိ ဖြစ်သွားပါတယ် ‘ဒေါ်လေး,လေးက ဘာဖြစ်တာလဲ၊ ကြည့်ရတာ စိတ်ရှုပ်နေသလိုပဲ’

လုံဟောင်လည်း နည်းနည်း ဝေခွဲမရ ဖြစ်သွားပေမဲ့ ဘာမှ ဆက်မမေးပါဘူး။ တခြားလူရဲ့ ကိုယ်ရေးကိုယ်တာက မေးသင့်တဲ့အထဲ မပါပါဘူး။

တစ်ချိန်တည်းမှာပဲ ဟန်လင်လည်း ဝေခွဲမရ ဖြစ်နေပါတယ်။

‘ထူးဆန်းတယ်၊ ငါ အန္တိမမူလကမ္ဘာထဲမှာ ဘာဖြစ်လို့ ရှိနေတာလဲ... တစ်ခုခု မှားနေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ...’

ဟန်လင်ဟာ စိတ်လေးသွားပါတယ်။ ဟန်လင်ဟာ တစ်ခုခု ဖြစ်သွားတယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ ဘာမှ နားမလည် ဖြစ်သွားပါတယ်။ အိပ်မက်တစ်ခု မက်ခဲ့ပေမဲ့ အကြောင်းတစ်ခုခုကြောင့် မေ့သွားသလိုမျိုးပါပဲ။

ဟန်လင်ဟာ တွေးလေလေ မသက်မသာ ဖြစ်လေလေပါပဲ။

‘သေချာပေါက် တစ်ခုခု မှားနေပြီ’

.....

နှစ်ဆယ်သန်းကြာတဲ့အခါ ဟန်ကျွယ်ဟာ သန်း ၇၀၀ ပြည့်သွားပါတယ်။ ဒီတစ်ခါ စနစ်ပေးတဲ့ ဆုလာဘ်က အရင်တစ်ခါပေးတဲ့ဟာနဲ့ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်တုန်းပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး တာအိုဘုံကျောင်း အပြင်မှာ စောင့်နေတဲ့ ဟန်လင်ကို ဆင့်ခေါ်လိုက်ပါတယ်။ ဟန်လင် သူ့ကို စောင့်နေတာ တော်တော် ကြာသွားပါပြီ။

ဟန်လင်ဟာ တာအိုဘုံကျောင်းထဲ ရောက်တဲ့အခါ ဟန်ကျွယ်ကို တရိုတသေ ဦးညွှတ်ပြီး သူမရဲ့ ပြဿနာကို ပြောပြပါတယ်။

ဟန်လင်လိုမျိုး တစ်ခုခုမေ့သွားပြီး ဝေခွဲမရဖြစ်နေတဲ့ တည်ရှိမှုတွေက အများကြီး ရှိပါတယ်။ သူတို့မှာ အဖြေသိရဖို့ နည်းလမ်း မရှိပါဘူး။ အချိန်ကြာတာနဲ့ သူတို့တွေဟာ ဒီကိစ္စကို မေ့သွားတတ်ကြပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ ပြန်မေးလိုက်ပါတယ် “သမီး ဘာမေ့သွားတယ်လို့ ထင်လဲ၊ သမီးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ သမီးကို သက်ရောက်နိုင်တဲ့လူ ဘယ်သူရှိလဲ”

ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပြီး အလိုလို ပြန်ဖြေမိလိုက်ပါတယ် “တာအိုဖန်တီးရှင်... ဒါပေမဲ့ တာအိုဖန်တီးရှင်က သမီး အန္တိမမူလကမ္ဘာဆီ သွားတာကို...”

စကားမဆုံးခင်မှာပဲ ဟန်လင်ရဲ့ မျက်နှာဟာ ခဲသွားပြီး ဟန်ကျွယ်ကို ကြည့်မိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ ဒီအပြုံးက ဟန်လင်ကို ဖိအားအများကြီး ပေးပါတယ်။ ဟန်လင်ဟာ ထိတ်လန့်သွားပြီး ခေါင်းကို ပြန်ငုံ့လိုက်ပါတယ်။ ဟန်လင်ရဲ့ စိတ်ထဲမှာလည်း ဖြစ်နိုင်ခြေတွေ အများကြီး ပေါ်လာပါတယ်။

‘ငါ ဖေဖေကို အပြစ်ပြုမိလို့များလား...’

ဟန်လင်ဟာ သူမကိုယ်သူမ နားလည်ပါတယ်။ ကြီးမားတဲ့ ဆန္ဒမရှိဘဲ သူမ အဝေးကြီး ရှေ့ဆက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်က မေးလိုက်ပါတယ် “သမီးရဲ့ မဟာတာအိုကမ္ဘာက အခြေအနေ ဘယ်လိုရှိလဲ”

ဟန်လင်ဟာ သတိပြန်ဝင်လာပြီး “သမီး အထွတ်အထိပ် နိယာမကို မခဲနိုင်တော့ သာမန်ကမ္ဘာတစ်ခုနဲ့ ဘာမှ မကွာဘူး၊ နယ်မြေ ကျယ်ပြန့်နေတာကလွဲရင် ဘာမှ သိသိသာသာကြီး အင်အားကြီးမလာဘူး”

ဟန်လင်ရဲ့ လေသံဟာ ခါးသီးနေပါတယ်။

ဟန်ဟွမ် အထွတ်အထိပ် နိယာမကို ဖန်တီးလိုက်တဲ့ သတင်းက ဟန်လင်ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်လိုက်ပါတယ်။ ဟန်လင်ဟာ ဟန်ဟွမ်နဲ့ ဆက်ဆံရေးကောင်း ရှိပေမဲ့ ဘယ်တုန်းကမှ ဟန်ဟွမ်အောက် နိမ့်ကျတယ်လို့ မခံစားခဲ့ရပါဘူး။

ဟန်လင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ တခြားကလေးတွေလည်း အတူတူပါပဲ။ အများဆုံး သူတို့ရဲ့ အခွင့်အရေးတွေက တခြား မောင်နှမတွေလောက် မကောင်းဘူးလို့ပဲ ယုံကြည်ကြပါတယ်။ ဟန်ယွင်ကျင်း တစ်ယောက်ပဲ သူ အသုံးမကျဘူးဆိုတာကို လက်ခံပါတယ်။

ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပြီး တာအိုအသံကို အသုံးပြုကာ ဟန်လင်ကို ထူးဆန်းတဲ့ အခြေအနေ တစ်ခုဆီ ဆွဲခေါ်လိုက်ပါတယ်။

ရုတ်ခြည်းဆိုသလို ဟန်လင်ဟာ ရောင်စုံကမ္ဘာတစ်ခုကို တွေ့မြင်လိုက်ရပါတယ်။ အလင်းရောင် အမြောက်အမြားဟာ ဟန်လင်ရဲ့ ခန္ဓာကိုယ်ကို ရစ်ခွေနေပါတယ်။ ဘာကြောင့်မှန်းမသိ ဟန်လင်ဟာ အလွန်ထူးဆန်းတဲ့ စွမ်းအားတစ်မျိုးကို ခံစားမိလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ မှတ်ဉာဏ်တွေဟာ ဟန်လင်ရဲ့ စိတ်ထဲကို တိုးဝင်လာပါတယ်။

အဲဒီနောက် ဝုန်းခနဲ ဖြစ်ပြီး ဟန်လင် ရုတ်တရက် နိုးသွားပါတယ်။ ဟန်လင် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့အဖေ မျက်နှာကို တွေ့လိုက်ရပါတယ်။

“အဲဒါ...”

ဟန်လင်ရဲ့ လေသံဟာ တုန်ယင်ပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။

ဟန်ကျွယ်ဟာ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပါတယ် “ဒါက သမီးနဲ့ ဖေဖေကြားက လျှို့ဝှက်ချက်ပဲ၊ တခြားလူတွေကို မပြောနဲ့... သိလား”

ခုနက ဟန်ကျွယ်ဟာ ဟန်လင်ကို အခြေခံနိယာမတွေဆီ ခေါ်သွားတာပါ။ ဒါက ဟန်လင် သူမကိုယ်ပိုင် မဟာတာအိုကမ္ဘာ တည်ထောင်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ ဟန်လင် တာအိုဖန်တီးရှင် ဖြစ်လာရင်လည်း ရှေ့ကို နောက်တစ်လှမ်း လှမ်းနိုင်ဦးမှာပါ။

အနည်းဆုံး တခြားတာအိုဖန်တီးရှင်တွေဟာ အခြေခံနိယာမနဲ့ တစ်ခါမှ မထိတွေ့ဖူးပါဘူး။ ဒါပေမဲ့ ဟန်လင် ဖန်တီးရှင်သခင် ဖြစ်လာဖို့ကတော့ ဒီလောက်လေးနဲ မလုံလောက်ပါဘူး။

သူမရဲ့ အရည်အချင်းကြောင့် ဖန်တီးရှင်သခင် ဖြစ်မလာနိုင်တာပါ။

အဆုံးမဲ့ခေတ်တစ်ခေတ်လုံးမှာ ဟန်ကျွယ်ကလွဲရင် ဘယ်သူဆီမှာမှ ဖန်တီးရှင်သခင် ဖြစ်လာဖို့ အရည်အချင်း မရှိသေးပါဘူး။ လောကဦး နတ်ဘီလူးမှာလည်း အရည်အချင်း မရှိပါဘူး။

ပြီးခဲ့တဲ့ လောကဦးနတ်ဘီလူးဆိုရင် တာအိုဖန်တီးရှင်တောင် ဖြစ်မလာနိုင်ခဲ့ပါဘူး။

တုကူးဝူဟာ လောကဦးနတ်ဘီလူးနဲ့ ဆင်တူပါတယ်။ လက်ရှိ အန္တိမမူလကမ္ဘာက သူ့ဖန်တီးရှင်လောက် အရည်အချင်းရှိတဲ့လူကို မွေးဖွားနိုင်စွမ်း မရှိသေးပါဘူး။

ဟန်လင်ဟာ စိတ်လှုပ်ရှားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။

ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “တခြားလူတွေရဲ့ ဖန်တီးမှုကို လုယူပြီး ကိုယ်ကျိုးအတွက် အသုံးပြုတာက တောတွင်းဥပဒေသနဲ့ တူတယ်လို့ ထင်ရတယ်၊ ဒါက လောကဦးနိယာမပဲ၊ ဒါပေမဲ့ သမီး ဒီလမ်းကို လျှောက်လွန်းရင် မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားလိမ့်မယ်၊ နောက်ပြီး ဒီလမ်းအတိုင်းသွားရင် ရန်သူတွေ ပိုပိုများလာလိမ့်မယ်”

“ရန်သူတွေကို အားနည်းတယ်ဆိုပြီး အထင်သေးလို့ မရဘူး၊ ပြီးခဲ့တဲ့ နဝမပဋိပက္ခကလည်း သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ထင်ခဲ့တာပဲ၊ နောက်ဆုံး‌တော့ သူ ဘာဖြစ်သွားလဲ၊ သေသွားတာပဲ မဟုတ်ဘူးလား”

ဟန်လင်ဟာ တိတ်ဆိတ်သွားပါတယ်။

“ပြန်သွားတော့”

ဟန်လင်ဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ်ကာ လေး‌လေးနက်နက် ပြောလိုက်ပါတယ် “ဖေဖေ... ဖေဖေ ပြောတာ မှန်တယ်၊ အစ်ကိုနှစ်တောင် နောင်တရတာပဲ၊ သမီးက ဘာဖြစ်လို့ လမ်းမှားကို ထပ်လျှောက်ရမှာလဲ၊ သမီး ဧကရာဇ်စစ်သားအဖြစ် သန့်စင်ခဲ့တဲ့ အဲဒီလူတွေကို လွှတ်ပေးပြီး တောင်းပန်လိုက်ပါ့မယ်”

“သမီးလုပ်တာ ကောင်းရင် ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကလွဲပြီး တခြား တာဝန်တွေကို ထမ်းဆောင်ရလိမ့်မယ်...ဟီးဟီး...”

ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်လင်ဟာ နည်းနည်း သိချင်စိတ် ဖြစ်သွားပေမဲ့ အချိန်မကျသေးဘူး ဆိုတာကို သိပါတယ်။ အဲဒါကြောင့် ဟန်လင်ဟာ ဘာမှ ထပ်မပြောတော့ဘဲ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်လင် ပြောင်းလဲ မပြောင်းလဲ ဆိုတာကိုတော့ အချိန်ကပဲ ပြောနိုင်ပါလိမ့်မယ်။

ဟန်လင်ဟာ ဒီလမ်းစဉ်ကို တကယ် လျှောက်မှပဲ မှားမှန်း သိပါတယ်။ တုကူးဝူက ဟန်လင်ရဲ့ နံရံလို့ ပြောလို့ရပါတယ်။ ဒီနှစ်တွေမှာ ဟန်လင်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးမလာခဲ့ပါဘူး။ ဒါကြောင့် ဟန်လင်ဟာ ဒီလမ်းစဉ်က မှားနေတယ်ဆိုတာကို နားလည်နိုင်ပါတယ်ိ။

လက်ရှိမှာ ဟန်ဟွမ်နဲ့ ဟန်လင်က လမ်းမှန်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ ဟန်ထောင်နဲ့ ဟန်ချင်းအာကတော့ ဟန်ကျွယ်ကို သိပ်ပြီးတော့ မစိုးရိမ်စေပါဘူး။ အငယ်ဆုံး ဟန်ယွင်ကျင်းကတော့ ဟန်ကျွယ် စိတ်အချဆုံးပါ။

ဟန်ကျွယ်ဟာ သူ့ရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ကြည့်လိုက်ပါတယ်။ နှစ်တွေ ကြာသွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ မဟာာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ရှာတွေ့ဖို့ အချိန်တန်ပါပြီ။

ဟန်ကျွယ်ရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာဟာ သေမျိုးကမ္ဘာတစ်ခုဆီ ပျံသန်းသွားပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ အတွေးကြောင့်ပါ။ ဟန်ကျွယ်ဟာ သေမျိုးတွေကို အခွင့်အရေး ပေးချင်တာပါ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နှမ်းဖြူး‌ပေးချင်တာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သေမျိုးဘဝကနေ လာတာမလို့ ဒီအမွေအနှစ် ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။

‘အဲဒီမှာ ဆင်းသက်ပြီး ကံကြမ္မာပါတဲ့လူကို စောင့်နေချည်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နှုတ်ခမ်းထောင့်မှာလည်း အပြုံးတစ်ခု ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်တွေးပြီး မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို စနစ်အဖြစ် ပြောင်းလိုက်ပါတယ်။ ဒီစနစ်က ဟန်ကျွယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝ ရှိပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ တစ်ဖက်လူ သစ္စာဖောက်ကို မစိုးရိမ်ပါဘူး။

......

နှစ်တစ်ရာ ကြာတဲ့ အခါမှာတော့ ဟန်ကျွယ် စိတ်ပျက်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်အခွင့်အာဏရှင် စနစ်ရဲ့ ပထမဆုံး ပိုင်ရှင်က မောက်မာလွန်းတဲ့အတွက် ဖြတ်သွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး သတ်တာကို ခံလိုက်ရပါတယ်။

နတ်အခွင့်အာဏာ စနစ်ဟာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းဆီ ကျသွားပြီး နောက်ထပ် သေမျိုးကမ္ဘာတစ်ခုဆီ ရောက်သွားပါတယ်။

ဒုတိယပိုင်ရှင်က အမျိုးသမီးပါ။ သူမဟာ အရင်လူလို မမောက်မာပါဘူး။ ဒါပေမဲ့ အလိမ်ခံရပြီး လမ်းမှား လျှောက်တဲ့အတွက် လူတွေကို ဒုက္ခပေးတဲ့ မိစ္ဆာမ ဖြစ်လာပါတယ်။

နှစ်ထောင်ချီ ကြာတဲ့အခါမှာတော့ သူမဟာ အချစ်ထောင်ချောက်ထဲ ကျပြီး နတ်အခွင့်အာဏာ စနစ်ကို ဆုံးရှုံးသွားပါတယ်။

ဒီပုံအတိုင်းဆိုရင် နတ်အခွင့်အာဏာ စနစ်ကို အားကိုးပြီး စွမ်းအားကြီးလာမဲ့လူ ပေါ်လာဖို့ တော်တော်ကြာအောင် စောင့်ရဦးမှာပါ။

ဟန်ကျွယ်ရဲ့ နတ်အခွင့်အာဏာ စနစ် ဆက်တင်ထဲမှာ စွမ်းအားကို ဖြည်းဖြည်းချင်းပေးဖို့ သတ်မှတ်ထားပါတယ်။ စနစ်ရဲ့ သခင်ကို တစ်ခါတည်း စွမ်းအားအများကြီး ပေးလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားမှာပါ။

နောက်ပြီး နေ့ချင်းညချင်း စွမ်းအားကြီးသွားရင်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အာရုံကို ဆွဲဆောင်မိမှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

.....

ကောင်းကင်တာအို၊ ပုကျိုးနတ်တောင်။

ဟန်ယွီနဲ့ ဟန်ယွင်ကျင်းဟာ ခန်းမထဲမှာ ထိုင်နေပါတယ်။ ဟန်ယွင်ကျင်းဟာ မှိုင်တွေတွေ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါ ဒီကောင်စုတ်လေးကို အဖေ့အကြောင်း မပြောပြလိုက်သင့်ဘူး၊ အခု ဒီကောင်လေးက အဲဒါကို တမ်းတမ်းစွဲ ဖြစ်ပြီး ဒုတိယ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်ချင်နေတယ်၊ သူ့အရည်အချင်းကို သူ မသိဘူး၊ သူက သူ့အစ်ကို ဟန်လျန်ရဲ့ ခြေဖျားကိုတောင် မီတာ မဟုတ်ဘူး”

ဟန်ယွီဟာ မိတ်ဆွေကောင်းလည်းဖြစ် စီနီယာလည်းဖြစ်တဲ့ ဟန်ယွင်ကျင်းကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “အို မင်းကလည်း... သူ့အနာဂတ်ကို ဒီလောက်လွယ်လွယ် မဆုံးဖြတ်ပါနဲ့၊ ဒီလိုလုပ်တာက သူ့ကို ပိုပြီးတော့ ခေါင်းမာသွားစေလိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters