အသက် သန်း ၈၀၀ ပြည့်ခြင်း
Vol. 111 Ch. 1159
တုကူးဝူဟာ လျှို့ဝှက်ဆန်းကြယ် ကျောက်ရုပ်တုရှေ့မှာ ဝဲနေပါတယ်။ တုကူးဝူဟာ ကျောက်ရုပ်တုကနေ ထွက်မသွားသလို ကျောက်ရုပ်တုကိုလည်း ထပ်မထိပါဘူး။ တုကူးဝူဟာ ကျောက်ရုပ်တုကို တော်တော် ကြောက်သွားပါတယ်။
လျှို့ဝှက်ဆန်းကြယ် ကျောက်ရုပ်တုဟာ မလှုပ်ပါဘူး။ အမှောင်ထုထဲမှာပဲ ပုန်းအောင်းနေပါတယ်။
တုကူးဝူဟာ လျှို့ဝှက်ဆန်းကြယ် ကျောက်ရုပ်တုရဲ့ ခေါင်းရှေ့ကို ပျံသန်းသွားပြီး စိုက်ကြည့်လိုက်ပါတယ်။ တုကူးဝူဟာ လျှို့ဝှက်ဆန်းကြယ် ကျောက်ရုပ်တုကို သေချာကြည့်လေလေ ရင်းနှီးတယ်လို့ ခံစားရလေလေပါပဲ။ ဒီခံစားချက်က တော်တော်လေး အားကောင်းပါတယ်။
သူ့ဆရာနဲ့သာ ပတ်သက်နေမယ်ဆိုရင် ဒီကျောက်ရုပ်တုက အန္တိမမူလကမ္ဘာထဲမှာ အကြီးမားဆုံးစွမ်းအား ပါဝင်နေမှာပါ။ တုကူးဝူဟာ နှလုံးခုန် မြန်သွားပါတယ်။
တုကူးဝူဟာ ဟန်ကျွယ်ကို ဆရာအဖြစ် အသိအမှတ် ပြုထားပေမဲ့ သူတို့နှစ်ယောက်က သိပ်ရင်းနှီးတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ အမွေအနှစ်ကိုလည်း ရထားတာ မဟုတ်ပါဘူး။
တုကူးဝူဟာ ဟန်ကျွယ် ဘယ်သူလဲဆိုတာကို သိပါတယ်။ ကျင့်ကြံမှုအဆုံးသတ်က အစွမ်းအထက်ဆုံး တည်ရှိမှုလို့ သိထားတာပါ။
‘ငါ ဒီကျောက်ရုပ်တုရဲ့ စွမ်းအားကို သုံးသပ်နားလည်နိုင်ရင် ဆရာရဲ့လမ်းစဉ်ကို လိုက်နိုင်မှာလား’
တုကူးဝူဟာ တွေးလေလေ မျက်လုံးတွေ အရောင်တောက်လေလေပါပဲ။
.....
တာအိုဆန်းကြယ်နယ်မြေထဲက ကမ္ဘာတစ်ခုမှာ တိမ်တွေကြားထဲ ထိုးဖောက်ထွက်နေတဲ့ တောင်ထိပ်တစ်ထိပ် ရှိနေပါတယ်။
ချူရှောင်ချီဟာ ချောက်ကမ်းပါးစွန်းမှာ ထိုင်နေပါတယ်။ သူ့ဘေးမှာတော့ လူငယ်လေးတစ်ယောက် ရှိပြီး နေကို မျက်နှာမူကာ မိုးမြေ စိတ်ဝိညာဉ်ချီကို စုပ်ယူနေပါတယ်။
လူငယ်ဟာ မျက်လုံးဖွင့်ပြီး ခေါင်းကုတ်ကာ မေးလိုက်ပါတယ် “ဘိုးဘိုး... တစ်ခုခု မှားနေသလိုပဲ၊ ဒီကျင့်စဉ်က ဓမ္မစွမ်းအားကို ဘာဖြစ်လို့ မတိုးစေတာလဲ၊ ဒီဟာက ခန္ဓာကိုယ်ကိုပဲ အားဖြည့်ပေးတယ်၊ သား ခန္ဓာကိုယ် ကျင့်ကြံသူ မဖြစ်ချင်ဘူး”
ချူရှောင်ချီဟာ မျက်လုံးမဖွင့်ဘဲ ပြန်ဖြေလိုက်ပါတယ် “မင်းက အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာ၊ ဒီတော့ မင်းရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး အားကောင်းလာအောင် လုပ်ရမယ်၊ ခန္ဓာကိုယ်အားကောင်းလာမှ စွမ်းအားကြီးတဲ့ ဝိညာဉ်ကို သယ်ဆောင်နိုင်ပြီး မိုးပေါ်ကို ထိုးတက်နိုင်မှာ”
“အဲဒီလိုလား... သားကို မညာနဲ့နော်၊ သားကြားဖူးတာတော့ ခန္ဓာကိုယ်ကျင့်ကြံသူတွေက အဆင့်တစ်ခုကို ရောက်သွားရင် ရှေ့ဆက် မတက်နိုင်တော့ဘူးတဲ့၊ သူတို့က အဆင့်မြင့်လေလေ သုံးသပ်နားလည်နိုင်စွမ်း လျော့လေလေပဲ၊ ခန္ဓာကိုယ်ကျင့်ကြံသူတွေက သူတို့ရဲ့ အကောင်းဆုံး ထိုးထွင်းသိမြင်နားလည်နိုင်တဲ့ အချိန်အပိုင်းအခြားကို လွတ်သွားရင် သူတို့အနာဂတ်ကလည်း ပျက်စီးသွားရောတဲ့”
“မင်း ငါ့ကို မယုံရင် ထွက်သွားလို့ရတယ်”
“ဘိုးဘိုးကလည်း စိတ်ချည်းပဲ...”
လူငယ်ဟာ ချူရှောင်ချီရဲ့ လက်ကိုဆွဲပြီး ဖားလိုက်ပါတယ်။
ချူရှောင်ချီဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ် “ကျင့်ကြံမှုကိုသာ အာရုံစိုက်၊ မင်း ငါနဲ့ တွေ့ရတာက မင်းဘဝအတွက် အကြီးမားဆုံး အခွင့်အရေးပဲ”
ချူရှောင်ချီဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ် ‘အရင်တုန်းကလည်း ငါ့ဘိုးဘိုးက ဒီလိုမျိုး ခံစားခဲ့ရတာလား’
ဒီလူငယ်က ချူရှောင်ချီရဲ့ မြေးအရင်း မဟုတ်ပါဘူး။ ချူရှောင်ချီဆီမှာ သားတောင် မရှိပါဘူး။ ချူရှောင်ချီဟာ တပည့်လက်မခံချင်ဘဲ မြေးလိုချင်တဲ့အတွက် လူငယ်ရဲ့ ဘိုးဘိုးလုပ်တာပါ။
လူငယ်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဟုတ်ပါတယ်... ဟုတ်ပါတယ်”
ဒီအချိန် ချူရှောင်ချီနောက်မှာ လူတစ်ယောက် ပေါ်လာပါတယ်။
“အရှင်... အန္တိမဂိုဏ်းနဲ့ နတ်မိသားစုက စစ်ဖြစ်နေကြတယ်”
ဒီလူဟာ ချပ်ဝတ်တန်ဆာနက်တွေ ဝတ်ဆင်ထားပြီး မျက်နှာဖုံးလည်း တပ်ထားပါတယ်။ သူ့ခန္ဓာကိုယ်ကို ရောင်ဝါနက်တွေ ဝိုင်းနေတာကြောင့် ဒီလူဟာ တော်တော်လေးကိုမှ ရက်စက်ကြမ်းကြုတ်တဲ့အသွင် ရှိပါတယ်။
“ငါ သိပြီ၊ မင်း သွားလို့ရပြီ၊ အခြေအနေကို ဆက်ပြီးတော့ စောင့်ကြည့်ချည်”
“အရှင်ရဲ့ အမိန့်အတိုင်းပါ”
ချပ်ဝတ်နက် ဝတ်ဆင်ထားတဲ့ လူဟာ ဘယ်တုန်းကမှ ပေါ်မလာခဲ့သလိုမျိုး ပျောက်ကွယ်သွားပါတယ်။
လူငယ်ဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “ဘိုးဘိုး... ဘိုးဘိုးက အန္တိမဂိုဏ်းကို တော်တော်လေး အာရုံစိုက်နေသလိုပဲ၊ ဘိုးဘိုးက သူတို့နဲ့ ပတ်သက်နေလို့လား”
ချူရှောင်ချီဟာ ပြုံးလိုက်ပါတယ် “ဘိုးဘိုးရဲ့ ညီငယ်လေးတစ်ယောက်က အန္တိမဂိုဏ်းမှာ ရှိတယ်၊ သူက ဂိုဏ်းချုပ်ဖြစ်နေပြီ၊ အရင်တုန်းက သူ ကြီးလာရင် ကာကွယ်ပေးမယ်လို့ ဘိုးဘိုး ကတိပေးခဲ့တယ်၊ သူက ကိုယ့်အားကိုယ်ကိုးနိုင်နေပြီ ဆိုပေမဲ့ ဘိုးဘိုး သူ့ကို မစိုးရိမ်ဘဲ မနေနိုင်ဘူး”
“ဘိုးဘိုးက အကောင်းဆုံးပဲ၊ ဘိုးဘိုးနဲ့ တွေ့ရတာ သားရဲ့ ကံကောင်းမှုပဲ”
“ဟီးဟီး...”
ချူရှောင်ချီဟာ လူငယ်ရဲ့ စကားကို ကျေနပ်ပေမဲ့ ဘာကြောင့်မှန်းမသိ လူငယ်က ထေ့ငေါ့ပြောနေတယ်လို့ ခံစားလိုက်ရပါတယ်။
မြေးအဘိုးနှစ်ယောက်ဟာ စကားနည်းနည်းပါးပါး ပြောဆိုပြီးမှ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြပါတယ်။
.....
နှစ်သန်း ၅၀ ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ မူလအသက်ဟာ သန်း ၈၀၀ ပြည့်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း တိုးလာနေပါတယ်။ မကြာသေးခင်ကမှ အန္တိမမူလကမ္ဘာမှာ နောက်ထပ် အထွတ်အထိပ်နိယာမတစ်ပါး မွေးဖွားလာပါတယ်။ ဟန်ကျွယ်ဟာ ဒီအထွတ်အထိပ် နိယာမကို အထွတ်အထိပ် နိယာမကိုးပါးရဲ့ အထက်မှာ ဝှက်ထားပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အန္တိမမူလကမ္ဘာဟာ အထွတ်အထိပ် နိယာမတွေ တိုးလာတဲ့အတွက် တခြားမဟာတာအိုကမ္ဘာတွေနဲ့ ပိုပိုပြီးတော့ ကွာဟလာပါတယ်။
ဖန်တီးရှင်သခင်ရဲ့ မဟာတာအိုကမ္ဘာ ဖွံ့ဖြိုးမှုနှုန်းက တာအိုဖန်တီးရှင်တွေ မဟာတာအိုပညာရှိတွေရဲ့ မဟာတာအိုကမ္ဘာ ဖွံ့ဖြိုးနှုန်းထက် ပိုမြန်သင့်ပါတယ်။
အန္တိမမူလကမ္ဘာ အင်အား ပိုကြီးလာတာနဲ့ အန္တိမမူလကမ္ဘာမှာ နေထိုင်ကြတဲ့ ကျင့်ကြံသူတွေဟာလည်း စွမ်းအား ပိုကြီးလာကြပါတယ်။ မဟာတာအိုပညာရှိချုပ်တွေ မဟာတာအိုပညာရှိတွေ ပိုပိုပေါ်လာပါတယ်။
သူတို့ထဲမှာ လွတ်လပ် တာအိုပညာရှိ အရေအတွက်က အန္တိမမူလကမ္ဘာ အပြင်ဘက်မှာရှိတဲ့ လွတ်လပ် တာအိုပညာရှိ စုစုပေါင်းထက် ကျော်လွန်သွားပါတယ်။
တစ်နေ့ကျလို့ ဒီလွတ်လပ် တာအိုပညာရှိတွေ အဆင့်တက်လာရင် ကျန်တဲ့အဆင့်တွေမှာလည်း အဆုံးမဲ့ခေတ်ထက် ကျော်လွန်သွားမှာပါ။
ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို ကြည့်လိုက်ပါတယ်။ တုကူးဝူနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပြန်တည့်သွားတာကြောင့် အန္တိမမူလကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ပိုမြန်လာပါတယ်။
တုကူးဝူက နောက်ခံမရှိတဲ့ ပါရမီရှင်တွေကို ကိုယ်စားပြုပါတယ်။ သူက သက်ရှိအားလုံးဆီ မျှော်လင့်ချက်ရောင်ခြည် ဆောင်ယူလာပါတယ်။
တုကူးဝူကလည်း နောက်ခံမရှိတဲ့ ပါရမီရှင်တွေအတွက် ပြောဆိုပေးပါတယ်။ အငယ်တွေကို ဂရုစိုက်ပေးဖို့ တခြားမျိုးနွယ်စုတွေ မဟာတာအိုနတ်ဘီလူးတွေနဲ့ ရှကျဲ့မျိုးနွယ်စုကိုလည်း တောင်းဆိုပါတယ်။
လက်ရှိအန္တိမမူလကမ္ဘာက အဆုံးမဲ့ခေတ် တည်ထောင်ခါစ အချိန်နဲ့ သွားတူပါတယ်။ သက်ရှိအားလုံးဟာ ကျင့်ကြံအားထုတ်ရင်း အလုပ်များနေကြပါတယ်။ တိုက်ပွဲအများစုကလည်း အကျိုးအမြတ်အတွက် တိုက်ခိုက်ကြတာပါ။
အန္တိမမူလကမ္ဘာ အင်အားကြီးမားလာတာနဲ့အမျှ ကျင့်ကြံမှုရင်းမြစ်တွေကလည်း ပိုပိုပြီးတော့ ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် တိုက်ပွဲတွေကလည်း နည်းပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ပြီး ရှင်းဟုန်ရွှမ်ဆီ သွားလည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီ လေးငါးဆယ်ကြိမ် ရောက်လာခဲ့ပါတယ်။ ပြောစရာတွေ တော်တော်များနေပုံပါပဲ။
“မိန်းမ ပဋိပက္ခကို တစ်ချက်သွားကြည့်တာ ပဋိပက္ခရဲ့ ဖွံ့ဖြိုးမှုနှုန်းက လောကဦးပဋိပက္ခရဲ့ ဖွံ့ဖြိုးမှုနှုန်းထက် ပိုမြန်တယ်၊ ကြည့်ရတာ တာအိုဘိုးဘေးက ဟွမ်အာထက်အရင် တာအိုဖန်တီးရှင် ဖြစ်လာမဲ့ပုံပဲ”
“ကောင်းကင်တာအိုက ကောင်းကင်အရှင်ရွှမ်တုကလည်း မဟာတာအိုကမ္ဘာ ဖန်တီးချင်ပုံပဲ၊ ကံဆိုးချင်တော့ သူ့ကျင့်ကြံမှုက အားနည်းလွန်းနေတယ်၊ ယောက်ျား... ကောင်းကင်တာအိုကို ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“လင်အာက အဆုံးမဲ့ခေတ်ရဲ့ ဖွဲ့စည်းပုံကို ကြီးကြပ်ခွင့်ရသွားတော့ မိုးပေါ် ထိုးတက်သွားတယ်၊ အဲဒါ ယောက်ျား ညွှန်ကြားလိုက်တာမလား”
“ခစ်ခစ်... အဲဒီကောင်စုတ်လေး ချူရှောင်ချီက မြေးတစ်ယောက် လက်ခံထားတယ်၊ သူက ယောက်ျားကို အတုခိုးတာ”
ရှင်းဟုန်ရွှမ်ကို တရစပ်ကို ပြောပါတော့တယ်။ ဟန်ကျွယ်ဟာ အချိန်အများစုမှာ ထိုင်နားထောင်ပြီး မကြာမကြာ ပြန်ပြောပါတယ်။
ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို သိပြီးပြီဆိုပေမဲ့ ရှင်းဟုန်ရွှမ်ဆီက ပြန်ကြားရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ခေတ်တွေ ပြောင်းလဲသွားတာကြောင့် ဖန်တီးရှင်သခင်ဟာာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားပါပြီ။ ဒဏ္ဍာရီ ဖြစ်သွားတဲ့အထဲမှာ တာအိုဖန်တီးရှင်တွေလည်း ပါပါတယ်။
သူတို့တွေဟာ သက်ရှိတွေရဲ့ မျက်စိထဲကနေ ကွယ်ပျောက်သွားကြပါပြီ။ သက်ရှိတွေရဲ့ မျက်လုံးထဲမှာ မဟာတာအိုပညာရှိကသာ စွမ်းအား အကြီးဆုံးပါ။ မဟာတာအိုပညာရှိအဆင့်ကို ရောက်မှပဲ ဒီထက်မြင့်မားတဲ့ အဆင့်တွေ ရှိသေးတယ်ဆိုတာကို နားလည်နိုင်ပါတယ်။ ဒါက ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပြောင်းလဲလို့မရတဲ့ ပုံစံပါ။
ပြောစရာရှိတာဆိုလို့ ကောင်းကင်အရှင်ရွှင် ပေါ်လာတာပါ။ မဟာတာအို အနန္တကပ်ဘေးမှာ ရှင်သန်ကျန်ရစ်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူ့ကို တော်တော်လေး အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို အကောက်မကြံရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဖန်တီးရှင်သခင်ရဲ့ မြေးဖြစ်နေတာကြောင့်ပါ။
ဒီအကြောင်းကြောင့်လည်း ကောင်းကင်အရှင်ရွှင် ပြဿနာ ဘယ်လောက်ရှာရှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ မောင်းထုတ်ရုံကလွဲပြီး တခြားဘာမှမလုပ်ကြပါဘူး။ ဒီလိုဘာမှ မလုပ်တဲ့အတွက် ကောင်းကင်အရှင်ရွှင်ဟာ ပိုပိုဝင့်ကြွားလာပြီး အနာဂတ် တာအိုဖန်တီးရှင်တွေနဲ့ တဖြည်းဖြည်း တွေ့ဆုံလာပါတယ်။
ဟန်ကျွယ်ဟာ ငယ်ရွယ်တဲ့ ကောင်းကင်အရှင်ရွှင်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီကောင်လေးက သူ့ကို လေးစားအားကျပြီး သူ့လမ်းကို အမြဲတမ်း လျှောက်ချင်နေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကို စိတ်မဝင်စားပါဘူး။ ကောင်းကင်အရှင်ရွှင် ဘယ်လိုသေမယ်ဆိုတာကို မြင်နိုင်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှင်ကို နည်းနည်းလေးမှ မျှော်လင့်ချက် မထားပါဘူး။
နောက်ကျရင် ကောင်းကင်အရှင်ရွှင်ဟာ လောကဦးပဋိပက္ခသုံးပါးရဲ့ ဝိုင်းတိုက်မှုကြောင့် ဘဝဇာတ်သိမ်းရမှာပါ။ ဒါက အနာဂတ် ကေင်းကင်အရှင်ရွှင်တောင် မခန့်မှန်းနိုင်တဲ့ အရာပါ။
“ဒါနဲ့ လီယောင်ရဲ့ မဟာတာအိုကမ္ဘာက ပုံတည်လာပြီ၊ ဒါပေမဲ့ အထွတ်အထိပ် နိယာမကို မခဲနိုင်သေးဘူး၊ ယောက်ျားကို သူ့ကို ကူညီလိုက်ဦး၊ သူက ယောက်ျား တာအိုလက်တွဲဖော်တွေရဲ့ ကိုယ်စားပြုပဲ၊ ယောက်ျားရဲ့ တာအိုလက်တွဲဖော်တွေထဲမှာ တာအိုဖန်တီးရှင် မရှိရင် တခြားလူတွေက ယောက်ျားကို မစွမ်းဆောင်နိုင်တဲ့လူလို့ မြင်ကြလိမ့်မယ်” ရှင်းဟုန်ရွှမ်ဟာ စနောက်နောက်နဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “ဒါဆို မင်းကရော....”
ရှင်းဟုန်ရွှမ်ဟာ လက်နှစ်ဖက် ဖြန့်လိုက်ပါတယ် “မိန်းမရဲ့ အရည်အချင်းက မကောင်းဘူး၊ သုံးသပ်နားလည်နိုင်စွမ်းကလည်း သာမန်ပဲ၊ အဲဒီတော့ မိန်းမ ကျင့်ကြံအားထုတ်တာကို လက်လျှော့လိုက်ပြီ”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ပေးတဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို ရပြီးကတည်းက ကျင့်ကြံတာရပ်ပြီး ဘဝကို စံစားပါတယ်။
ဟန်ကျွယ်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဖိအား မပေးပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဆီမှာ နောက်ထပ် နှစ်သုံးလေးရာလောက် အတူနေထိုင်ပြီး ပျော်မြူးကြပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လီယောင်ရဲ့ တာအိုဘုံကျောင်းဆီ သွားပါတယ်။
လီယောင်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ တော်တော်လေး စိတ်လှုပ်ရှားသွားပေမဲ့ သူမရဲ့ခံစားချက်ကို အမြန် ထိန်းချုပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီယောင်နဲ့ စကားခဏပြောပြီး လီယောင် အခြေခံနိယာမကို သုံးသပ်နားလည်နိုင်အောင် လမ်းညွှန်ပေးပါတယ်။
လီယောင် နိုးလာတဲ့အခါ အာရုံခြောက်ပါးလုံး လုံးဝ ပြောင်းလဲသွားတာကို ခံစားမိလိုက်ပါတယ်။ သူမ တစ်ခါမှ မတွေးခဲ့ဖူးတဲ့ အတွေးအမြောက်အမြားလည်း သူမရဲ့စိတ်ထဲမှာ ပေါ်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။