← Chapters

အချိန်ကြာကြာ တံခါးပိတ်ကျင့်ကြံခြင်း

Vol. 112 Ch. 1161

အချိန်ကြာကြာ တံခါးပိတ်ကျင့်ကြံခြင်း

Vol. 112 Ch. 1161

“ဝှစ်... ဝှစ်... ဝှစ်...”

ဓားအရိပ်တွေဟာ ဘက်ပေါင်းစုံကနေ ကောင်းကင်အရှင်ရွှင်ဆီ လျင်မြန်စွာ ပျံသန်းလာတာကြောင့် ကောင်းကင်အရှင်ရွှင်ဟာ အတင်း ရှောင်တိမ်းရပါတယ်။ ပထမတော့ ကောင်းကင်အရှင်ရွှင်ဟာ ဓားအရိပ်တွေကို ရှောင်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဓားအရိပ်တွေရဲ့ အလျင်က ပိုပို မြန်လာပါတယ်။

အသက်ရှူကြိမ် ဆယ်ကြိမ် မပြည့်ခင်မှာပဲ ဓားအရိပ်ထောင်ချီ လက်ချက်ကြောင့် ကောင်းကင်အရှင်ရွှင်ဟာ ခန္ဓာကိုယ် ပျက်စီးပြီး ဝိညာဉ်ပဲ ကျန်နေခဲ့ပါတယ်။

ဓားအရိပ်တွေဟာ ရပ်သွားပြီး ကောင်းကင်အရှင်ရွှင်ကို ခန္ဓာကိုယ် ပြန်ခဲဖို့ အချိန်ပေးပါတယ်။ ကောင်းကင်အရှင်ရွှင် ခန္ဓာကိုယ် ပြန်ခဲပြီးတာနဲ့ ဓားအရိပ်တွေဟာ ထပ်တိုက်ခိုက်ပါတယ်။

ဒီအတိုင်း သံသရာလည်ပြီး ကောင်းကင်အရှင်ရွှင်ဟာ ဆက်တိုက် အသတ်ခံရပါတယ်။ ဒီနှိပ်စက်မှုက ကောင်းကင်အရှင်ရွှင်ကို တော်တော်လေး ဒေါသထွက်သွားစေပါတယ်။ ကောင်းကင်အရှင်ရွှင်ဟာ လီယောင်ကို ဆဲဆိုကြိမ်းမောင်းပေမဲ့ ဘာမှ စကားပြန် မရပါဘူး။

တစ်ချိန်တည်းမှာပဲ လီယောင်နဲ့ ဟန်ယွင်ကျင်းဟာ ကောင်းကင်တာအိုက ထွက်ခွာပြီး အနီးဆုံးမှာရှိတဲ့ ကမ္ဘာတစ်ခုဆီ ပျံသန်းသွားပါတယ်။

“နင် အဲဒီ့ကောင်လေးကို သတိကြီးကြီး ထားရလိမ့်မယ်” လီယောင်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်သားပဲ၊ ကျွန်တော့်ကိုတော့ ထိခိုက်အောင် မလုပ်လောက်ပါဘူး”

“သူ့ဝိညာဉ်ကရော...”

“အမေ ဘာကို ဆိုလိုတာလဲ” ဟန်ယွင်ကျင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“သူက ဝိညာဉ်သစ်လို့ ထင်ရပေမဲ့ ဘဝဟောင်း ရှိတယ်”

“သူက ဝိညာဉ်သစ် မဟုတ်ဘူးလား”

“သူ့အရည်အချင်းနဲ့ ဝိညာဉ်သစ်ဆိုရင် ဒီလောက် စွမ်းအားကြီးမှာလား၊ သူ့ကျင့်ကြံမှုကိုရော နင် သင်ပေးထားတာလား”

“မသင်ပေးထားဘူး” ဟန်ယွင်ကျင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။

အရင်တုန်းက ဟန်ယွင်ကျင်းဟာ ကောင်းကင်အရှင်ရွှင်က ဘာဖြစ်လို့ ဒီလောက်မြန်မြန် စွမ်းအားကြီးလာလဲဆိုတာ နားမလည်ခဲ့ပါဘူး။ ကောင်းကင်အရှင်ရွှင်ရဲ့ အရည်အချင်းက သာမန်ပဲရှိတာ အသိသာကြီးပါ။ ဒါပေမဲ့ ဟန်ယွင်ကျင်းဟာ အများကြီး မတွေးခဲ့ပါဘူး။ ဟန်မိသားစု မျိုးဆက်တွေထဲမှာ ဒီလိုမျိုးဥပမာတွေ အများကြီး ရှိနေတာကြောင့်ပါ။

အခုတော့ တစ်ခုခု မှားနေတယ်ဆိုတာကို ဟန်ယွင်ကျင်း နားလည်သွားပါတယ်။

“ဝိညာဉ်သစ်က ဘယ်လိုလုပ်ပြီး ဒီလောက်များမှာလဲ၊ ဝိညာဉ်သစ်တွေက ရှန်တျန်သက်ရှိနဲ့ မျိုးနွယ်စုအသစ်တွေမှာ ပေါ်တာ၊ ဟန်မိသားစုရဲ့ မျိုးဆက်အများစုက ဘဝဟောင်းတွေ ရှိတယ်၊ နင့်ရဲ့ ချစ်ရတဲ့သားလည်း အတူတူပဲ၊ ငါ သူ့ရဲ့ မဟာတာအိုကမ္ဘာ စွမ်းအားကို အာရုံခံမိတယ်၊ ဒီကောင်လေးက ပြီးခဲ့တဲ့ဘဝမှာ မဟာတာအိုပညာရှိချုပ်ပဲ၊ အခု သူ ဒီဟာကို အာရုံမခံနိုင်သေးပေမဲ့ တစ်နေ့ကျရင် ဘဝဟောင်းက မှတ်ဉာဏ်တွေ အကုန်လုံး နိုးထလာလိမ့်မယ်”

ဟန်ယွင်ကျင်းဟာ နှလုံးလှုပ်သွားပါတယ် ‘မဟာတာအိုပညာရှိချုပ်တစ်ပါးက ဟန်မိသားစုထဲမှာ ပြန်ဝင်စားတာလား’

ဟန်ယွင်ကျင်းရဲ့ ပထမဆုံးအတွေးက ထောင်ချောက်ပါ။

ပြန်လည်မွေးဖွားခြင်း စက်ဝန်းက မဟာတာအိုပညာရှိချုပ်ကို မသက်ရောက်နိုင်ပါဘူး။ သူတို့တွေ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်တာက ဖိအားပေးခံရလို့ မဟုတ်ရင် ကိုယ့်ဆန္ဒနဲ့ ကိုယ်ဝင်တာပါ။

ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ သူတို့ရဲ့ နောက်ခံကို ရွေးချယ်နိုင်ပါတယ်။ ဟန်မိသားစုရဲ့ ကံတရား အထောက်အပံ့က ထင်ရှားကျော်ကြားတဲ့အတွက် သာမန်လူတွေ ပြန်ဝင်စားဖို့ ခက်ခဲလွန်းပါတယ်၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း နားလည်မှုလွဲမှာကို စိုးရိမ်ပြီး ကံသက်ရောက်မှုကို ကြောက်ကြပါတယ်။

ဒါပေမဲ့ ဒါကတွေက ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်အရှင်ရွှင်က သူ့သားပါ။

လီယောင်ဟာ ပြုံးလိုက်ပါတယ် “အမေက သတိပေးရုံပါ၊ ဘာပဲဖြစ်ဖြစ် နင်ရဲ့ နင့်သားရဲ့ ကံက ဆက်စပ်သွားပြီ၊ ဒီအတောအတွင်း ငါ နင့်ကို ကူပြီး ဒီကောင်လေးကို လေ့ကျင့်ပေးမယ်”

“ကျေးဇူးပါပဲ အမေ”

ဟန်ယွင်ကျင်းဟာ ရင်ထဲကအလုံးကြီး ကျသွားပါတယ်။

.....

နှစ်ဆယ်သန်း ကြာပြီးနောက်။

ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပါတယ်။ ဟန်ကျွယ်ဟာ နှစ်သန်း ၅၀ တံခါးပိတ် ကျင့်ကြံဖို့ စီစဉ်ထားပေမဲ့ တစ်ယောက်ယောက်က သူ့ကို လာရှာတဲ့အတွက် ကျင့်ကြံတာကို ရပ်လိုက်ရပါတယ်။

“ဝင်လာခဲ့ချည်”

ဟန်ကျွယ်ရဲ့ စကား ဆုံးတာနဲ့ အပြင်မှာ နှစ်သန်းချီကြာအောင် စောင့်ဆိုင်းနေခဲ့တဲ့ ဟန်ယွင်ကျင်း ဝင်လာပါတယ်။ ဟန်ထော်လည်း နောက်ကနေ ပါလာပါတယ်။ ဒါပေမဲ့ ဟန်ထောင် စောင့်ရတာက နှစ်တစ်သောင်းကျော်ပဲ ရှိပါသေးတယ်။

ဟန်ယွင်ကျင်းဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး “အဖေ... ကျွန်တော့်သားကို ကယ်ပေးပါဦး”

ဟန်ထော်လည်း ဒူးထောက်ပြီး ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှ မပြောပါဘူး။

ဟန်ယွင်ကျင်းဟာ ကောင်းကင်အရှင်ရွှင် ဘာဖြစ်ခဲ့လဲဆိုတာကို ချက်ချင်း ပြောပြပါတယ်။

လီယောင်ရဲ့ နှစ်တစ်သောင်းကျော် ကြာအောင် ဆုံးမမှုကြောင့် ကောင်းကင်အရှင်ရွှင်ရဲ့ စရိုက်ဟာ တော်တော်လေး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီပြောင်းလဲမှုက ဟန်ယွင်ကျင်းကို ဝမ်းသာအားရ ဖြစ်စေပါတယ်။ အဲဒီနောက်ပိုင်း ကောင်းကင်အရှင်ရွှင်ဟာ ဟန်မိသားစုကို အခက်အခဲတွေ ကျော်ဖြတ်နိုင်အောင် ကူညီခဲ့ပါတယ်။ ကမ္ဘာတွေ အများကြီးလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ ကောင်းကင်အရှင်ရွှင်ရဲ့ ကျင့်ကြံမှုက အပိတ်အဆို့ကို ရောက်သွားတဲ့အတွက် ဟန်ထော်ဆီသွားပြီး ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ထော်ကလည်း ကောင်းကင်အရှင်ရွှင်ကို နှစ်တစ်သန်းကြာအောင် ပညာသင်ပေးပြီး အခွင့်အရေးတွေ ရှာဖွေဖို့ သိစိတ်မဲ့နယ်မြေဆီ လွှတ်လိုက်ပါတယ်။

ဒါပေမဲ့ ကောင်းကင်အရှင်ရွှင်ဟာ အစအနမကျန်အောင် ပျောက်ကွယ်သွားပါတယ်။

“ကျွန်တော် ရှာတာ အတာ်ကြာသွားပြီ၊ ဒါပေမဲ့ အဲဒီကောင်လေးရဲ့ အရိပ်အယောင်ကို တစ်စက်မှ မတွေ့ဘူး၊ အဲဒါကြောင့် တာအိုဖန်တီးရှင် တစ်ပါးပါးနဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျွန်တော် သံသယဝင်မိတယ်”

ဟန်ထော်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။ ဒီကိစ္စမှာ သူလည်း တာဝန်မကင်းပါဘူး။ ဟန်ထော်ဟာ သိစိတ်မဲ့နယ်မြေမှာ အချိန်အကြာကြီး လျှောက်သွားဖူးတာမလို့ ဘယ်နေရာမှာ ဘယ်လို အခွင့်အရေးတွေ ရှိတယ်ဆိုတာကို သိပါတယ်။ အဲဒါကြောင့်လည်း ကောင်းကင်အရှင်ရွှင်ကို သိစိတ်မဲ့နယ်မြေဆီသွားဖို့ လမ်းညွှန်လိုက်တာပါ။

ကောင်းကင်အရှင်ရွှင်ဟာ ဟန်ယွင်ကျင်းရဲ့ သားမဟုတ်ရင် ကိစ္စမရှိပါဘူး။ အခုဟာက သေသလား ရှင်သလားတောင် ခန့်မှန်းဖို့ ခက်နေပါတယ်။ ချူရှောင်ချီ ဥပမာရှိတာကြောင့် ဟန်ထော်ဟာ ဟန်ကျွယ်က သူ့မြေးတွေကို ဂရုစိုက်လိမ့်မယ်လို့ ထင်ပြီး ဟန်ယွင်ကျင်းနဲ့အတူ အကူအညီ လာတောင်းတာ ဖြစ်ပါတယ်။

ဟန်ကျွယ် “လူတိုင်းမှာ အခွင့်အရေးကိုယ်စီ ရှိတယ်၊ သူပျောက်သွားတာ နှစ်သန်းချီပဲ ရှိသေးတယ်၊ ဘာလို့ စိုးရိမ်နေတာလဲ၊ မင်းရဲ့ ကလေးတွေထဲမှာ နှစ်သန်းချီအောင် ပျောက်သွားတဲ့လူ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့လူတွေ ရှိတာပဲမလား”

ဟန်ယွင်ကျင်းဟာ တွန့်ဆုတ်သွားပါတယ်။ ကောင်းကင်အရှင်ရွှင်က ကလန်ကဆန် အလုပ်ဆုံးဆိုပေမဲ့ အကြောင်းရင်း တချို့ကြောင့် ဟန်ယွင်ကျင်းဟာ ကောင်းကင်အရှင်ရွှင်ကို ဂရုအစိုက်ဆုံးပါ။

“ဘာကိစ္စမှ မရှိရင် သွားကြတော့၊ အဲဒီကောင်လေး မသေဘူး”

ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ယွင်ကျင်းဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။ ဟန်ထော်လည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဟန်ယွင်ကျင်းဟာ ဦးညွှတ်ပြီး ထွက်ခွာသွားပေမဲ့ ဟန်ထော်ကတော့ နေခဲ့ပါတယ်။ ဟန်ထော်ဟာ မဟာတာအိုကမ္ဘာအကြောင်း မေးမြန်းဖို့ ဟန်ကျွယ်ဆီ ရောက်လာတာပါ။ ဟန်ကျွယ်ဟာ ဘက်မလိုက်ပါဘူး။ ဟန်ထော်ကိုလည်း အခြေခံနိယာမ အာရုံခံခွင့် ပေးပါတယ်။

အခြေခံနိယာမကို အာရုံခံခွင့်ရတဲ့ အချိန်က တိုတိုလေး ဆိုပေမဲ့ ဟန်‌ထော် လမ်းမှန်ရောက်ဖို့ လုံလောက်ပါတယ်။ တာအိုဖန်တီးရှင် ဖြစ်ချင်ရင် အနည်းဆုံး အထွတ်အထိပ် နိယာမ ခုနစ်ပါးကို ခဲဖို့ လိုပါတယ်။

ပထမ အထွတ်အထိပ် နိယာမကို ခဲထားတဲ့ ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးဟာ အခုအချိန်ထိ ဒုတိယ အထွတ်အထိပ် နိယာမကို မခဲရသေးပါဘူး။ အနည်းဆုံး နှစ်ငါးဘီလီယံလောက်ကြာမှ တာအိုဖန်တီးရှင်အသစ်တစ်ပါး ပေါ်လာမှာပါ။

ဟန်ထော်ဟာ နိုးလာတဲ့အခါ ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။

ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ဟန်ထော်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ ‌ခေါင်းခါပြီး ဟန်ထော်ရဲ့ ထွက်ခွာသွားတဲ့ ကျောပြင်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကလေးငါးယောက်ထဲမှာ ဟန်ကျွယ်နဲ့ မရင်းနှီးဆုံးက ဟန်ထော်ပါ။

အဓိက အကြောင်းရင်းကတော့ အချိန်တိုတိုလေးပဲ အတူနေခဲ့ကြလို့ပါ။ ဟန်ထော်က ကလေးလိုနေတဲ့လူ မဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရရင် ဟန်ထော်က ဟန်ကျွယ်ရဲ့ တခြားကလေးတွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။ ကံဆိုးချင်တော့ သူ့အရည်အချင်းက မကောင်းရှာပါဘူး။ သူ့အရည်အချင်းက ပဋိပက္ခ နတ်ဘီလူးအဆင့်ပဲ ရှိရှာပါတယ်။

သူ့သား နှစ်ယောက် ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

တာအိုဖန်တီးရှင် အသစ်တစ်ပါး မပေါ်လာမချင်း အဆုံးမဲ့ခေတ်က ဟန်ကျွယ်ကို ပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ အရင်တုန်းကထက် အချိန်အကြာကြီး တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်ပါတယ်။

.....

တာအိုဆန်းကြယ်နယ်မြေ။

ခမ်းနားထည်ဝါတဲ့ ခန်းမတစ်ခုမှာ ဝူရှင်းရှစ်ကျဲ့ဟာ စင်မြင့်ပေါ်ရပ်ပြီး အောက်က လူဒါဇင်ကျော်ကို ငုံ့ကြည့်လိုက်ပါတယ်။ ဒီလူတွေထဲမှာ ချူရှောင်ချီနဲ့ ချန်ကျွယ်လည်း ပါပါတယ်။

“အားလုံးပဲ... ငါ မင်းတို့ကို ဘာလို့ ခေါ်လိုက်လဲဆိုတာ နားလည်မှာပါ၊ ဒီနေ့ကစပြီး တာအိုဆန်းကြယ်နယ်မြေမှာ ထပ်ပြီးတော့ အချင်းချင်း မတိုက်ခိုက်ရဘူး၊ ငါတို့တွေ မူလလောကဦးရဲ့ ကျူးကျော်မှုကို အတူပူးပေါင်းပြီး ရင်ဆိုင်ရမယ်၊ မူလလောကဦးက လောကဦးသက်ရှိ ဘီလီယံချီကို ခေါ်လာပြီး မဟာတာအိုရေအိုင်ကို သိမ်းပိုက်ချင်တယ်လို့ ကြော်ငြာထားတယ်၊ ဒီကိစ္စက အရမ်း အရေးကြီးတယ်၊ သူ့ကို ခုခံဖို့ တာအိုဆန်းကြယ် နယ်မြေတစ်ခုလုံး ပူးပေါင်းရလိမ့်မယ်”

ပြောရင်းဆိုရင်းနဲ့ ဝူရှင်းရှစ်ကျဲ့ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက မေးလိုက်ပါတယ် ”မင်းနောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိတာကို၊ သူက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရဲတာလဲ”

ဝူရှင်းရှစ်ကျဲ့နောက်မှာ သဏ္ဍာမဲ့နတ်မင်း ရှိတယ်ဆိုတာက လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။

“ဟွန်း... မဟာနတ်မင်းက အဆုံးမဲ့ခေတ်တစ်ခုလုံးကို ကြီးကြပ်ရတာ၊ သူက ဘယ်လိုလုပ်ပြီး ဘက်လိုက်မှာလဲ၊ တာအိုဆန်းကြယ်နယ်မြေ တည်ဆောက်ဖို့ သူ ငါ့ကို ကူညီတာ အမှန်ပဲ၊ ဒါပေမဲ့ အင်အားစုတွေရဲ့ တိုက်ပွဲမှာ သူ ဝင်ပါမှာ မဟုတ်ဘူး၊ နောက်ပြီး ငါက မူလလောကဦး သေးသေးလေးကို ဂရုမစိုက်ဘူး၊ ငါ သူ့ကို ရင်ဆိုင်မယ်၊ မင်းတို့ကသာ လောကဦးအင်အားစုကို ခုခံကြ၊ မူလလောကဦး လာရဲရင် မင်းတို့တွေ သူ့ လောကဦးပဋိပက္ခကို ဝါးမျိုလို့ရတယ်”

ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဝူရှင်းရှစ်ကျဲ့ရဲ့ စကားကို ဘယ်သူမှ မငြင်းဆန်ရဲပေမဲ့ သူတို့က အင်အားစု အသီးသီးကနေ လာတာပါ။ ဒါကြောင့် သူတို့အတွေးတွေကလည်း မတူညီကြပါဘူး။

ဝူရှင်းရှစ်ကျဲ့ဟာ အကုန်လုံးကို အကဲခတ်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဘက်ရွေးဖို့ အချိန်ကျပြီ၊ မင်းတို့တွေ ဒီကိုလာတုန်းက ဘာမှရှိတာ မဟုတ်ဘူး၊ မင်းတို့တွေက မဟာတာအိုကမ္ဘာ အသီးသီး မလိုချင်တဲ့ သေမျိုးကမ္ဘာတွေ၊ ငါ မင်းတို့ကို ဒီအခြေအနေထိ ရောက်လာအောင် ပျိုးထောင်ပေးခဲ့တာ၊ ဒီတိုက်ပွဲက စမ်းသပ်မှုတစ်ခုဆိုတာ မင်းတို့ သိသင့်တယ်၊ မင်းတို့တွေ သစ္စာမရှိချင်ရင် လှေပေါ်က ခုန်ဆင်းရဲတဲ့ သတ္တိတော့ ရှိဖို့ လိုတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters