မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အကြိမ်တစ်ရာ
Vol. 112 Ch. 1162
တာအိုဆန်းကြယ်နယ်မြေနဲ့ မူလလောကဦးရဲ့ တိုက်ပွဲဟာ လျင်လျင်မြန်မြန်ပဲ ဖြစ်ပွားပါတယ်။ အဆုံးမဲ့ခေတ်တစ်ခုလုံးရဲ့ အာရုံဟာ ဒီတိုက်ပွဲဆီ ကျရောက်လာပါတယ်။ ဒီတိုက်ပွဲက မဟာတာအို အနန္တကပ်ဘေး ပြီးတဲ့နောက် ပထမဆုံး အကြီးမားဆုံး တိုက်ပွဲပါ။
အရင်တုန်းက တိုက်ပွဲတွေ အဆက်မပြတ်ဘူးဆိုပေမဲ့ မဟာတာအိုပညာရှိချုပ်တွေရဲ့ မျက်လုံးထဲမှာတော့ တိုက်ခိုက်မှု သေးသေးလေးတွေပါ။ ဒါပေမဲ့ အခုတိုက်ပွဲက မတူတော့ပါဘူး။ နှစ်ဖက်စလုံးမှာ မဟာတာအိုပညာရှိချုပ် ငါးပါးမက ရှိပြီး မဟာတာအိုပညာရှိကလည်း ရာကျော်ပါတယ်။
သက်ရှိအားလုံးပဲ ဒီတိုက်ပွဲကို ကြည့်နေကြတာ မဟုတ်ပါဘူး။ တာအိုဖန်တီးရှင်တွေကလည်း ဒီတိုက်ပွဲကို ကြည့်နေကြပါတယ်။
တာအိုဆန်းကြယ်နယ်မြေဟာ သဏ္ဍာန်မဲ့နတ်မင်းကို ကိုယ်စားပြုပါတယ်။ ဒါကို သုံးပြီး သဏ္ဍာန်မဲ့နတ်မင်းရဲ့ နောက်ဆုံးစည်းကို စမ်းသပ်နိုင်ပါတယ်။
ဖန်တီးရှင်သခင်က ဘာမှ ဂရုမစိုက်တဲ့အတွက် လက်ရှိ အဆုံးမဲ့ခေတ်မှာ သဏ္ဍာန်မဲ့နတ်မင်းက အဆင့်အတန်း အမြင့်မားဆုံးပါ။ ဖန်တီးရှင်သခင် ရှိနေလို့လည်း သဏ္ဍာန်မဲ့နတ်မင်းဟာ စိတ်လိုက်မာန်ပါ မလုပ်ရဲဘဲ ဘယ်တော့မှ အမှားမဖြစ်အောင် နေထိုင်တာပါ။
သဏ္ဍာန်မဲ့နတ်မင်းက သက်ရှိတွေကို ညီတူညီမျှ ဆက်ဆံတယ်ဆိုပေမဲ့ လောကကြီးမှာ ဘယ်လိုလုပ်ပြီး အကြွင်းမဲ့ ညီမျှမှုဆိုတာ ရှိနိုင်မှာလဲ။
မူလလောကဦးက သဏ္ဍာန်မဲ့နတ်မင်းရဲ့ နောက်ဆုံးစည်းကို ပထမဆုံး စမ်းသပ်ရဲတော့ တခြား အင်အားစုတွေကလည်း သူ့ကို ထောက်ပံ့ကြပါတယ်။ အဲဒါကြောင့် ဒီတိုက်ပွဲမှာ နှစ်ဖက်စလုံး မဟာမိတ်တွေ မရှိကြပါဘူး။ ဘယ်တတိယ အင်အားစုကမှ ဒီတိုက်ပွဲထဲ ဝင်မပါရဲပါဘူး။
ရှေးခေတ်ကစလို့ ပြင်ပစွက်ဖက်မှု မပါဝင်တဲ့ အင်အားစု အချင်းချင်း တိုက်ခိုက်တာက တော်တော် ရှားပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒီတိုက်ပွဲက အဆုံးမဲ့ခေတ်ရဲ့ နောက်ဆယ်ဘီလီယံကျော်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။
တာအိုဆန်းကြယ်နယ်မြေ ရှုံးသွားရင် သဏ္ဍာန်မဲ့နတ်မင်းက နိယာမတွေရဲ့ ကန့်သတ်မှုကို ခံရပြီး စိတ်ထင်တိုင်း မလှုပ်ရှားရဲဘူးဆိုတာ သိသာသွားပါပြီ။
မူလလောကဦး ရှုံးသွားရင်တော့ တာအိုဖန်တီးရှင် အင်အားစုတွေကို အလွယ်တကူ စိန်ခေါ်လို့မရဘူးဆိုတာ သိသွားကြမှာပါ။
.....
တတိယ တာအိုစက်ကွင်း။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသက် ၁.၃ ဘီလီယံ ရှိသွားပါပြီ။ ဟန်ကျွယ် ဒီတစ်ခါ တံခါးပိတ် ကျင့်ကြံတာက နှစ်သန်း ၅၀၀ ကြာပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ စနစ်ရဲ့ ရွေးချယ်မှု ဆုလာဘ်ကို နှစ်ခါပဲ လက်ခံရရှိပါတယ်။
ဟန်ကျွယ် ထင်ထားတဲ့အတိုင်းပါပဲ။ သူ့အသက် ၁ ဘီလီယံ ပြည့်ပြီးနောက် စနစ်ပေးတဲ့ ရွေးချယ်မှုက တစ်ဘီလီယံကြာမှ တစ်ခါ လာတော့မှာပါ။ အရေးအကြီးဆုံးက ဒီတစ်ဘီလီယံပြည့်မှာ ပေးတဲ့ ဆုလာဘ်က အရင်ပေးတဲ့ ဆုလာဘ်တွေနဲ့ ဘာမှ မကွာတာပါ။
ဟန်ကျွယ်ဟာ ဒီကိစ္စကို အခုထိ ဆွံ့အနေတုန်းပါ။
မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကတော့ ၁၀၉ ကြိမ် ရှိသွားပါပြီ။ ဟန်ကျွယ် ဒီနေ့ အကြိမ်တစ်ရာ ဆွဲလို့ရပါပြီ။
နှစ်သန်းငါးရာ ကြာပြီးနောက် အန္တိမမူလကမ္ဘာရဲ့ အထွတ်အထိပ် နိယာမ အရေအတွက်ဟာ ဆယ်ငါးပါးထိ တိုးသွားပါတယ်။ ဟန်ကျွယ်ဟာ အထွတ်အထိပ် နိယာမ ကိုးပါးကိုပဲ ထုတ်ပြပြီး ကျန်တာတွေကို ဝှက်ဖဲအနေနဲ့ သိမ်းထားပါတယ်။
ဟန်ကျွယ်ဟာ ပထမဆုံး ဗလာနယ်မြေကို စစ်ဆေးပါတယ်။
တာအိုဆန်းကြယ်နယ်မြေနဲ့ မူလလောကဦးဟာ တိုက်ခိုက်နေတုန်းပါ။ သူတို့တိုက်ပွဲက နှစ်သန်းချီကြာနေပြီး အခုထိ အနိုင်အရှုံး မသဲကွဲသေးပါဘူး။ နှစ်ဖက်စလုံးက ကမ္ဘာတွေ နယ်မြေတွေ အများကြီး ပါဝင်တဲ့အပြင် မဟာတာအိုပညာရှိတွေကလည်း မနည်းတဲ့အတွက် အချိန်တိုအတွင်း ရလဒ် ထွက်လာဖို့ ခက်ခဲလှပါတယ်။
ဟန်ကျွယ်ဟာ ချူရှောင်ချီကို တွေ့သွားပါတယ်။ ချူရှောင်ချီဟာ ကိုယ့်အားကိုယ်ကိုးပြီး ဝူရှင်းရှစ်ကျဲ့ရဲ့ လက်ရုံးတောင် ဖြစ်လာပါတယ်။ ချူရှောင်ချီဟာ သူ့ဆရာသခင်ကလည်း လောကဦးနတ်ဘီလူးဆိုတာကို မသိသေးပါဘူး။
ဟန်ကျွယ်ဟာ နောက်ကျလို့ ချူရှောင်ချီနဲ့ ဟွမ်ဇွမ်တျန်တွေ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ချင်သွားပါတယ်။
ဟန်ကျွယ်ရဲ့ နောက်ထပ် မြေးတစ်ယောက် ဖြစ်တဲ့ ကောင်းကင်အရှင်ရွှင်လည်း ပြန်ရောက်လာပါပြီ။ အခုအချိန်မှာတော့ ကောင်းကင်အရှင်ရွှင်ဟာ ဟန်မိသားစုရဲ့ နယ်မြေကို ချဲ့ထွင်ပေးဖို့ ကူညီတဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်နေပါတယ်။
ကောင်းကင်အရှင်ရွှင်ဟာ ဘဝဟောင်းက မှတ်ဉာဏ်တွေ နိုးထသွားပါပြီ။ သူက ပထမအကြိမ် ပဋိပက္ခအစည်းအဝေးမှာ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါး စာရင်းဝင်ခဲ့တဲ့ မဟာတာအို ကောင်းကင်က ကျိုးစုန်ပါ။
မဟာတာအို အနန္တကပ်ဘေးမှာ ဟန်ကျွယ်၊ ဟန်ဟွမ်နဲ့ ဟန်လင်ရဲ့ စွမ်းအားတွေကို တွေ့မြင်ရပြီးနောက် ကျိုးစုန်ဟာ အကြံတစ်ခု ရသွားပါတယ်။
အဲဒီနောက် ကျိုးစုန်ဟာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့ပါတယ်။ ကျိုးစုန်ကိုယ်တိုင်က မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့် ရှိတဲ့အတွက် တာအိုဖန်တီးရှင်ကလွဲရင် သူ့လုပ်ရပ်ကို တခြားလူတွေ အာရုံခံမိဖို့ မလွယ်ပါဘူး။
ကောင်းကင်အရှင်ရွှင်ဟာ ကျိုးစုန် မှတ်ဉာဏ်တွေ နိုးထလာပြီးနောက် လန့်ဖျပ်သွားပါတယ်။ သူက ကောင်းကင်အရှင်ရွှင် ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။ ဒီအကြောင်းကြောင့်လည်း ကောင်းကင်အရှင်ရွှင်ဟာ ဟန်မိသားစုကို သစ္စာမဖောက်ဘဲ ဟန်ယွင်ကျင်းရဲ့ သားလိမ္မာလေး လုပ်နေတာပါ။
မဟာတာအိုပညာရှိချုပ်က သက်ရှိအားလုံးကို ကျော်လွန်သွားတယ်လို့ ထင်ရပေမဲ့ တာအိုဖန်တီးရှင်တွေရဲ့ လက်ကနေ ပြေးမလွတ်သေးပါဘူး။
ဟန်ကျွယ်ဟာ ကျိုးစုန်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဘာကန့်ကွက်မှုမှ မရှိပါဘူး။ ဟန်မိသားစုရဲ့ မျိုးဆက်အများစုက ဘဝဟောင်းတွေ ရှိကြပါတယ်။ ကောင်းကင်အရှင်ရွှင်သာ စိတ်ထင်တိုင်းမကြဲရင် ဘဝဟောင်းမှာ ကျိုးစုန် ဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။
နောက်ပြီး ကောင်းကင်အရှင်ရွှင်ရဲ့ ရလဒ်က သတ်မှတ်ပြီးပါပြီ။ အနာဂတ် ပြောင်းလဲ မပြောင်းလဲ ဆိုတာကတော့ နောက်ထပ် ကိစ္စတစ်ခုပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ တခြားလူတွေကို လိုက်ကြည့်ပါတယ်။ ဟန်ကျွယ် ဂရုစိုက်တဲ့ လူအကုန်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြပြီး ဘာမတော်တဆမှုမှ မဖြစ်ကြပါဘူး။
ဟန်ဟွမ်ကတော့ ဒုတိယ အထွတ်အထိပ် နိယာမကို ခဲလိုက်ပါပြီ။ တာအိုဘိုးဘေးကလည်း တတိယ အထွတ်အထိပ်ကို ရသွားပါပြီ။ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်က တဖြည်းဖြည်း တိုးလာပါတယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ တာအိုအပေါ် နားလည်မှု ကွာခြားလို့ပါ။
ဟန်ဟွမ်ရဲ့ အရည်အချင်းက တာအိုဘိုးဘေးထက် အများကြီး သာပေမဲ့ နိယာမတွေကို နားလည်တဲ့ နေရာမှာတော့ တာအိုဘိုးဘေးကို မမီပါဘူး။ တာအိုဘိုးဘေးက တစ်ခါတုန်းက ပဋိပက္ခရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့တယ် မဟုတ်ပါလား။
မျိုးဆက်တစ်ခု ဖန်တီးနိုင်တာက ဟန်ဟွမ် သူ့အရည်အချင်းနဲ့ လိုက်လို့ရတဲ့အရာ မဟုတ်ပါဘူး။
ဒီအတိုင်းဆိုရင် တာအိုဘိုးဘေးက အဆုံးမဲ့ခေတ်မှာ ပထမဆုံး တာအိုဖန်တီးရှင် ဖြစ်လာမှာပါ။ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်မရှိပါဘူး။ သူတို့နှစ်ယောက်က ဆက်သွယ်ခဲပေမဲ့ မိတ်ကောင်းဆွေကောင်းတွေပါ။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး လက်ဖဝါးတွေကို ပွတ်သပ်လိုက်ပါတယ်။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ငါ့ကို ကောင်းချီးပေးစမ်း၊ ငါ့ကို ထိပ်တန်း ပါရမီရှင်တွေ ပေးစမ်း” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုက အန္တိမမူလကမ္ဘာကနေ လာတာပါ။ အခု အန္တိမမူလကမ္ဘာက အရင်ကထက် စွမ်းအားပိုကြီးလာပြီဆိုတော့ မိုးကောင်းကင် ပါရမီရှင်တွေကလည်း အရင်ကထက် စွမ်းအားပိုကြီးလာမှာ သေချာပါတယ်။
[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုအား အသုံးပြုလိုက်ပါပြီ။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပမ်း ပေါ်ပေါက်လာလိမ့်မည်။]
[သင့်မျိုးဆက် ဟန်ဝမ်သည် ရှန်တျန် မဟာဖန်တီးမှု ရှန့်မုကွေကြယ်အား နိုးထသွားသည်။]
[သင့်မျိုးဆက် ရုတောက်လုံသည် ရှန်တျန် မဟာဖန်တီးမှု စူပါစတား နိုးထသွား၏။]
[သင့်မျိုးဆက် ဟန်မော့သည် ရှန်တျန် မဟာဖန်တီးမှု ဆန်းကြယ် ကောင်းကင်ကြယ် နိုးထသွား၏။]
[သင့်သား ဟန်ထော်သည် ရှန်တျန် မဟာဖန်တီးမှု လောကဦး စစ်နတ်ဘုရားကြယ် နိုးထသွား၏။]
[သင့်မြေး ချူရှောင်ချီသည် ရှန်တျန် မဟာဖန်တီးမှု ကံတာအိုကြယ် နိုးထသွား၏။]
[သင့်သမီး ဟန်ချင်းအာသည် ရှန်တျန် မဟာဖန်တီးမှု မူလဓားတစ်သောင်းကြယ် နိုးထသွား၏။]
[သင့်မျိုးဆက် ဟန်ကျွယ်သည် ရှန်တျန် မဟာဖန်တီးမှု အလင်းရေလွှမ်းကြယ် နိုးထသွား၏။]
[သင့်သား ဟန်ထော်သည် ရှန်တျန် မဟာဖန်တီးမှု စည်းမှတ်ကြယ် နိုးထသွား၏။]
.....
ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ သတင်းအချက်အလက်တွေ လျှပ်တစ်ပြက် ယှက်သမ်းသွာပါတယ်။ အကြိမ်တစ်ရာပြည့်မှပဲ ရပ်သွားပါတယ်။
ဟန်ထော်ဟာ မိုးကောင်းကင် ပါရမီရှင် ရွေးချယ်မှုကို သုံးကြိမ်တိုင်တိုင် ရရှိလိုက်ပါတယ်။ တကယ်ကို ကံကောင်းလွန်းပါတယ်။ ဟန်ချင်းအာနဲ့ ဟန်ယွင်ကျင်းလည် မိုးကောင်းကင် ပါရမီရှင် ရွေးချယ်မှုကို ရရှိသွားကြပါတယ်။ ဟန်လင်က နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရပြီး ဟန်ဟွမ်လိုမျိုး မိုးကောင်းကင် ပါရမီရှင် ရွေးချယ်မှု နှစ်ကြိမ် စုဆောင်းမိသွားပါတယ်။
ချူရှောင်ချီလည်း မိုးကောင်းကင် ပါရမီရှင် ရွေးချယ်မှုကို ထပ်ရပါတယ်။
တခြား မိုးကောင်းကင် ပါရမီရှင်တွေကတော့ ဟန်ကျွယ်ရဲ့ မျိုးဆက်တွေပါ။ သူတို့တွေထဲမှာ ဘယ်သူမှ မထပ်ပါဘူး။ ဒါပေမဲ့ သူ့မျိုးဆက်တစ်ယောက်က သူနဲ့ နာမည်တူနေပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ် ‘ကြည့်ရတာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုက ဆက်ပြီးတော့ စုဆောင်းလို့ရပုံပဲ၊ သုံးကြိမ်က အကန့်အသတ် မဟုတ်လောက်ဘူး’
သူ့သားတွေ အကျိုးအမြတ် အများဆုံး ရတာကလည်း ကောင်းတဲ့ကိစ္စပါ။ သူ့မျိုးဆက်တွေက သူနဲ့ ဝေးကွာလွန်းပါတယ်။ အကုန်လုံးကို လိုက်သိမ်းသွင်းဖို့က ကရိကထ များပါတယ်။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဟန်ထော်၊ ဟန်ချင်းအာ၊ ဟန်လင်၊ ဟန်ယွင်ကျင်းနဲ့ ချူရှောင်ချီတို့က နိုးထတဲ့ အခြေအနေမှာ ရှိနေတာကို တွေ့လိုက်ရပါတယ်။ သူတို့အကုန်လုံး ပြန်မွေးဖွားသွားမှာပါ။
ဟန်ဟွမ်ကတော့ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို အခွင့်ကောင်းယူပြီး တခြားမိသားစုဝင်တွေထက် ရှေ့ကို ရောက်နှင့်နေပါပြီ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး ရှင်းဟုန်ရွှမ်ဆီ သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရလို့ တော်တော် ပျော်သွားပါတယ်။ သူတို့နှစ်ယောက် မတွေ့ရတာ နှစ်သန်းငါးရာ ရှိသွားပြီ မဟုတ်ပါလား။
“ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာ ဘာလို့ အဲဒီလောက်တောင် ကြာရတာလဲ၊ ယောက်ျားက ပြိုင်ဘက်ကင်းနေပြီ မဟုတ်ဘူးလား” ရှင်းဟုန်ရွှမ်က နှုတ်ခမ်းမဲ့ပြီး မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ပျင်းလွန်းလို့ ထုံနေပါပြီ။ ထာဝရအသက်က အရင်လို မလှပတော့ပါဘူး။ အခုအချိန်မှာ ရှင်းဟုန်ရွှမ်ဟာ အရာအားလုံး အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါက ပြိုင်ဘက်ကင်းတာကို ဆက်ပြီးတော့ ထိန်းသိမ်းထားချင်တယ်၊ အနှိုင်းမဲ့ ပြိုင်ဘက်ကင်းတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ရှိမှာလဲ”
“ဒါနဲ့ တာအိုဆန်းကြယ်နယ်မြေနဲ့ မူလလောကဦးကြားက တိုက်ပွဲကို ယောက်ျား ဘယ်လိုမြင်လဲ”
သဏ္ဍာမဲ့နတ်မင်းက ဟန်ကျွယ် ရွေးချယ်ထားတဲ့ ခေါင်းဆောင်ပါ။ မူလလောကဦးကလည်း လောကဦးနတ်ဘီလူးပါ။ ဟန်ကျွယ်ရဲ့ သဘောထားက တော်တော်လေး အရေးပါပါတယ်။
“ဒီအတိုင်းပဲ စောင့်ကြည့်ကြတာပေါ့၊ ဘယ်သူနိုင်နိုင် ကိစ္စမရှိဘူး၊ စိတ်လည်း မဝင်စားဘူး၊ နောက်ပြီး ကလေးတွေတောင် ရန်ဖြစ်ကြသေးတာပဲ၊ ငါ သူတို့ တစ်ယောက်ချင်းစီကို လိုက်ပြီးတော့ ဂရုစိုက်မနေနိုင်ဘူး၊ လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိတယ်၊ ခေါင်းမာနေစရာ မလိုပါဘူး”
ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။