← Chapters

မူလရည်ရွယ်ချက်နဲ့ ပန်းတိုင်

Vol. 112 Ch. 1163

မူလရည်ရွယ်ချက်နဲ့ ပန်းတိုင်

Vol. 112 Ch. 1163

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတဲ့အတွက် ဒီမေးခွန်းကို ခေါင်းထဲကနေ ထုတ်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ စကားလမ်းကြောင်း ပြောပြီး သူမရဲ့ သံသယတွေကို မေးမြန်းပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အခုအချိန်မှာ တော်တော်လေး ဝေခွဲမရဖြစ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ငါတို့တွေ တွေ့ဆုံခဲ့တဲ့အချိန်ကို မှတ်မိသေးလား”

ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “မှတ်မိတာပေါ့၊ မိန်းမ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”

“မင်းရဲ့ မူလရည်ရွယ်ချက်ကို ပြန်တွေးချည်၊ ဒီလောကမှာ မင်းကို ပျော်ရွှင်ပြီး စိတ်ကျေနပ်စေတဲ့ အရာတစ်ခုခုတော့ ရှိမှာပဲ၊ ငါ့လိုပဲ မင်းမေ့သွားတာ ဖြစ်လိမ့်မယ်၊ ငါ အခုထိ ဇွဲရှိရှိနဲ့ ကျင့်ကြံအားထုတ်နေတာက ဒီလိုကျင့်ကြံရတာကို နှစ်ခြိုက်လို့ပဲ”

ဟန်ကျွယ်ရဲ့ စကားကြောင့် ရှင်းဟုန်ရွှမ်ဟာ တွေးတွေးဆဆ ဖြစ်သွားပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “အခု မတွေးနဲ့၊ ပြန်သွားပြီး တစ်ချက်လောက် သွားကြည့်လိုက်”

အဲဒီနောက် ရှင်းဟုန်ရွှမ်နောက်မှာ ဝဲကတော့နက် ပေါ်လာပြီး ရှင်းဟုန်ရွှမ်ကို အတင်း ဆွဲသွင်းလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အချိန်-အာကာသကို ဖြတ်သန်းပြီး ယွီဂျင်ဂိုဏ်းဆီ ပြန်ရောက်သွားပါတယ်။

ယွီဂျင်ဂိုဏ်း အပြင်ဘက်။

ရှင်းဟုန်ရွှမ်ဟာ တောင်တက်လမ်းပေါ် ကျသွားပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ အကြည့်ဟာ ရှေ့က ဆေးဥယျာဉ်ဆီ ရောက်သွားပါတယ်။ ဆေးဥယျာဉ် အစေခံတွေဟာ အလုပ်ရှုပ်နေကြပါတယ်။ ရှင်းဟုန်ရွှမ်ဟာ လူငယ်လေးတစ်ယောက်ကို တွေ့မြင်လိုက်ရပါတယ်။

ဟန်ကျွယ်ပါ။

ရှင်းဟုန်ရွှမ်ဟာ တစ်ခဏ မှင်တက်သွားပြီးနောက် ရုတ်တရက်ဆိုသလို စိတ်ဝင်တစား ဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ရှင်းဟုန်ရွှမ်ဟာ သူမနောက်ကနေ လာနေတဲ့ ရောင်ဝါတစ်ခုကို အာရုံခံမိတာကြောင့် ချက်ချင်း ပုန်းလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အမျိုးသား ကျင့်ကြံသူတစ်ဦးနဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဆေးဥယျာဉ်ဝဆီ လျှောက်သွားတာကို တွေ့မြင်လိုက်ရပါတယ်။ အမျိုးသမီး ကျင့်ကြံသူက ရှင်းဟုန်ရွှမ်ငယ်လေးပါ။

ရှင်းဟုန်ရွှမ်ဟာ အတိတ်က သူမကို ပြန်ကြည့်ရင်း သက်ပြင်းချမိလိုက်ပါတယ်။

ဒါက သူမဘဝရဲ့ ကံကြမ္မာ အပြောင်းအလဲပါ။

သူမရဲ့ ခံစားချက်တွေဟာ သူမရဲ့စိတ်ထဲမှာ ပြန်ပေါ်လာပါတယ်။ အဲဒီအချိန်တုန်းက သူမဟာ ချင်မင်ဂိုဏ်းရဲ့ သူလျှိုတစ်ယောက်၊ နှစ်ဖက်သူလျှိုတစ်ယောက်ပါ။ သူမဘဝဟာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ နောက် ၂ နှစ်မှာ ဟန်ကျွယ်ကိုပဲ အာရုံစိုက်ပါတယ်။ သူမရဲ့ အတိတ်ကိုတော့ ရင်းနှီးလွန်းတဲ့အတွက် ကြည့်ဖို့တောင် စိတ်မဝင်စားပါဘူး။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ငယ်လေးက ပြိုင်ဘက်ကင်းနေပြီဖြစ်တဲ့ ဟန်ကျွယ်လိုပဲ ဆုံးဖြတ်ချက် ပြတ်သားပြီး သိုသိုသိပ်သိပ်နေတာကို ရှာတွေ့သွားပါတယ်။

“ယောက်ျားက တကယ်ကို ဘယ်တုန်းကမှ မပြောင်းလဲဘူးပဲ”

ရှင်းဟုန်ရွှမ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ အတိတ်ကို အာရုံပြန်စိုက်ပါတယ်။ သူမရဲ့ ဘဝကို တခြားရှုထောင့်ကနေ ကြည့်ပြီး သူမ ဘာလိုချင်လဲဆိုတာကို ရှာဖွေဖို့ အချိန်တန်ပါပြီ။

.....

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်ဟာ အသက်ရှူကြိမ် နှစ်ကြိမ် မပြည့်ခင်မှာပဲ ရှင်းဟုန်ရွှမ်ကို ပြန်ခေါ်လိုက်ပါတယ်။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်အတွက်တော့ နှစ်သောင်းချီ ကြာသွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ တက်တက်ကြွကြွနဲ့ ပြန်ရောက်လာပါတယ်။

“ကျေးဇူးတင်ပါတယ် ယောက်ျား”

အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက် ထွက်သွားပါတယ်။

ဟန်ကျွယ်လည် ဘာမှ မတတ်နိုင်ပါဘူး ‘ဒီကောင်မလေး ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တောင် နုပျိုလန်းဆန်းသွားရတာလဲ’

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲက ထွက်ကာ ချင်းလွမ်အာဆီ သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုလက်တွဲဖော်တွေနဲ့ စကားပြောပြီးနောက် အပြင်ထွက် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အကြိမ်တစ်ရာက အဆုံးမဲ့ခေတ်ကို ဘယ်လိုသက်ရောက်လဲဆိုတာ ကြည့်ချင်နေပါတယ်။

ဟန်ထော်၊ ဟန်လင်၊ ဟန်ချင်းအာနဲ့ ဟန်ယွင်ကျင်းတို့ဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့ အသစ်နိုးထလာတဲ့ မဟာဖန်တီးမှုကို ထိန်းချုပ်နိုင်ဖို့ အချိန်တော့ ယူရပါလိမ့်မယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ သူ့မျိုးဆက်တွေဆီ ရောက်သွားပါတယ်။ မဟာဖန်တီးမှုက သူတို့ကို အသက်ရောက်ဆုံးပါ။ သူတို့ရဲ့ ကံကြမ္မာက လုံးဝ ပြောင်းလဲသွားတယ်လို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ ကိုယ်ပွားဒါဇင်ကျော် ခွဲပြီး သူ့မျိုးဆက်တွေနဲ့ တစ်ယောက်ချင်း‌ တွေ့ဆုံကာ ကျင့်ကြံခြင်းလမ်းဆီ ပို့ဆောင်ပါတယ်။

တာအိုဆန်းကြယ်နယ်မြေရဲ့ အစွန်းမှာ ဗိသုကာ ဓမ္မရတနာတွေဟာ ဧရာမသားရဲကြီးတစ်ကောင်ကို ဝိုင်းထားပါတယ်။ ဒီဧရာမသားရဲကြီးဟာ နဂါးလိပ်နဲ့တူပြီး သူ့ကျောပေါ်မှာ နန်းတော်တစ်ဆောင် ရှိပါတယ်။

နန်းတော်ထဲက ချူရှောင်ချီဟာ ကံတာအိုကြယ်က သယ်ဆောင်လာတဲ့ အသွင်ပြောင်းလဲမှုကို ခံစားနေပါတယ်။

‘ငါက တကယ်ကို ထူးထူးခြားခြား မွေးဖွားလာတာပဲ၊ မဟုတ်ရင် ဘိုးဘိုးက ငါ့ကို အသိအမှတ်ပြုခဲ့မှာ မဟုတ်ဘူး’ ချူရှောင်ချီဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ မကြာသေးခင်က ချူရှောင်ချီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်ပြီး ဒဏ်ရာဗရပွနဲ့ ပြန်လာခဲ့ရပါတယ်။ ဒီလိုအချိန်မှာ သူ့အရည်အချင်း နိုးထလာလိမ့်မယ်လို့ ချူရှောင်ချီ မျှော်လင့်မထားခဲ့ပါဘူး။

ချူရှောင်ချီဟာ တော်တော်လေးကိုမှ ပျော်ရွှင်သွားပါတယ်။ ဒီစွမ်းအားအသစ်ကိုသာ သူ ဆုပ်ကိုင်နိုင်သွားရင် လူတိုင်းကို သေချာပေါက် သတ်နိုင်မှာပါ။ မူလလောကဦးကို အနိုင်ယူရမဲ့ တာဝန်ကလည်း သူ့ပခုံးပေါ် ကျလာနိုင်ပါတယ်။

ချူရှောင်ချီဟာ တွေးလေလေ စိတ်လှုပ်ရှားလေလေပါပဲ။

ဒီအချိန်မှာပဲ ခန်းမထဲက လူတစ်ယောက် ပြေးဝင်လာပါတယ်။

“ဘိုးဘိုး... ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်၊ စီနီယာချန်ကျွယ်ကို မူလလောကဦးက ဖမ်းသွားတယ်”

ချူရှောင်ချီဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “နယ်မြေအရှင်က ဘာပြောလဲ”

“နယ်မြေအရှင်က ထိပ်သီးကျင့်ကြံသူတွေကို စုစည်းနေတယ်၊ ဘိုးဘိုးလည်း ပါတယ်၊ သူက မူလလောကဦးရဲ့ နေရာကို ထပ်ပြီး တိုက်ခိုက်ချင်နေတယ်”

“ဘိုးဘိုး မြန်မြန် ပြင်ဆင်တော့”

“မဟုတ်ဘူး၊ ငါ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံအားထုတ်ဖို့ လိုတယ်၊ ငါ အခုသွားလည်း ဘာပြောင်းလဲသွားမှာမလို့လဲ၊ ငါ ဒီထက်ပိုပြီး စွမ်းအားကြီးလာဖို့ ယုံကြည်ချက်ရှိတယ်၊ အဲဒီအချိန်ကျရင် ချန်ကျွယ်ကို ကယ်တင်ဖို့ အခွင့်အရေး ပိုများသွားပြီ၊ နောက်ပြီး ချန်ကျွယ်က မဟာတာအိုပညာရှိချုပ်ဆိုတော့ လွယ်လွယ်နဲ့ မသေလောက်ပါဘူး”

သတင်းလာပို့တဲ့ လူဟာ မှင်တက်သွားပြီး ချူ‌ရှောင်ချီရဲ့ စကားကို နာခံကာ နန်းတော်ထဲက ထွက်သွားပါတယ်။

ချူရှောင်ချီဟာ အသက်အရှည်ကြီး ရှူသွင်းပြီး မျက်လုံး ပြန်မှိတ်လိုက်ပါတယ်။

“ဟီးဟီး... အဲဒီကောင် အဲဒီလောက်ထိ ခံနိုင်မှာ မဟုတ်ဘူး”

ရုတ်တရက် ထွက်ပေါ်လာတဲ့ ရယ်သံကြောင့် ချူရှောင်ချီဟာ ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကာ လှည်ကြည့်လိုက်တဲ့အခါ အမှောင်ထုထဲက လမ်းလျှောက် ထွက်လာတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။

ချူရှောင်ချီဟာ ငယ်ထိပ် မိုးကြိုးကျသလိုမျိုး မှင်တက်သွားပါတယ်။

ဟန်ကျွယ်ဟာ နတ်အလင်းရောင်တွေကို မထုတ်လွှတ်ဘဲ မူလအသွင်နဲ့ ရောက်လာတာပါ။ ဟန်ကျွယ်ဟာ ချူရှောင်ချီဆီ လမ်းလျှောက်လာရင်း အပြုံးနဲ့ ပြောလိုက်ပါတယ် “ဘာလဲ... မင်းက ငါ့ကို မမှတ်မိတော့ဘူးလား၊ ကြည့်ရတာ ငါက ကျေးဇူးမသိတတ်တဲ့လူကို မွေးမိခဲ့တာပဲ”

ချူရှောင်ချီဟာ သတိပြန်ဝင်လာပြီး ချက်ချင်း ဒူးထောက်ကာ တုန်တုန်ယင်ယင် ပြောလိုက်ပါတယ် “ဘိုးဘိုး... ဘိုးဘိုး ဘာဖြစ်လို့...”

ချူရှောင်ချီရဲ့ မှတ်ဉာဏ်ထဲက ဝေဝါးနေတဲ့ ရုပ်သွင်ဟာ တစ်ဖန်ပြန်ပြီးတော့ ကြည်လင် ပြတ်သားလာပါတယ်။ ချူရှောင်ချီဟာ သူ့ဘိုးဘိုးနဲ့ ပြန်တွေ့မှာကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ပေမဲ့ ဒီလိုမျိုး ရုတ်တရက်ကြီး ပြန်တွေ့ရလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ချူရှောင်ချီရှေ့မှာထိုင်ပြီး ပြုံးလိုက်ပါတယ် “ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ... မေးချင်နေတာလား”

“မဟုတ်ပါဘူး... ဘိုးဘိုး အသက်ရှင်ရမယ်လေ၊ ဘိုးဘိုး အရမ်း စွမ်းအားကြီးတာကို ကျွန်တော် အမြဲတမ်း ခံစားမိတယ်” ချူရှောင်ချီဟာ ဗလုံးဗထွေး ပြောလိုက်ပါတယ်။ ချူရှောင်ချီဟာ ဒီလောက်ထိ စိတ်မလှုပ်ရှားတာ အတော်ကြာခဲ့ပါပြီ။

ချူရှောင်ချီဟာ စွမ်းအားကြီးလာကတည်းက ဟန်ကျွယ်ရဲ့ အရိပ်အယောင်ကို စုံစမ်းနေတာပါ။ ဒါပေမဲ့ သူ့ကြိုးစားမှုတွေက အရာမရောက်ပါဘူး။

သူ မဟာတာအိုပညာရှိချုပ် ဖြစ်လာတာတောင် သူ့ဘိုးဘိုးရဲ့ ကံကို တွက်ချက်လို့ မရတဲ့အတွက် သူ့ဘိုးဘိုးက သူ့ထက် စွမ်းအားပိုကြီးတယ်ဆိုတာ သိသာလှပါတယ်။ ချူ‌ရှောင်ချီဟာ သူ့ဘိုးဘိုးက ဒဏ္ဍာရီလာ တာအိုဖန်တီးရှင်ဖြစ်ဖို့တောင် မျှော်လင့်မိပါသေးတယ်။

ချူရှောင်ချီဟာ ဝူရှင်းရှစ်ကျဲ့ကို တာအိုဖန်တီးရှင်အကြောင်း မေးကြည့်ခဲ့ပေမဲ့ ဝူရှင်းရှစ်ကျဲ့က သူ့ကို တားခဲ့ပါတယ်။ တာအိုဖန်တီးရှင်အကြောင်း မမေးမြန်းဖို့လည်း ပြောခဲ့ပါတယ်။ တာအိုဖန်တီးရှင်အကြောင်း စုံစမ်းတာက စိတ်ကူးလို့တောင်မရတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ် ဆိုပြီးတော့ပေါ့။

“ဘိုးဘိုး... ကျွန်တော်...” ချူရှောင်ချီဟာ ဟန်ကျွယ်ကို ကြည့်ပြီး ရင်ထဲမှာ မေးခွန်းပေါင်းမျိုးစုံ ထွက်ပေါ်လာပါတယ်။ ချူရှောင်ချီဟာ ပါးစပ်ဟလိုက်ပေမဲ့ ဘာပြောရမှန်း မသိ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းခုနက ငါပြောတာကို မကြားလိုက်ဘူးလား၊ မင်းရဲ့ ညီအစ်ကိုကို ဂရုမစိုက်တော့ဘူးလား”

ဒီတော့မှ ချူရှောင်ချီဟာ သတိပြန်ဝင်လာပါတယ် “ဘိုးဘိုး... ချန်ကျွယ် သေမှာလား”

“သေမှာ... မူလလောကဦးဖမ်းတာ အကြံရှိတယ်”

“အဲဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ၊ ဘိုးဘိုး သူ့ကို ကယ်ပေးပါလား”

“ငါနဲ့ သူက ဘာတော်လို့လဲ၊ ငါက ဘာဖြစ်လို့ သူ့ကို ကယ်ရမှာလဲ”

“ဘိုးဘိုး သူ့ကိုကယ်ရင် သူလည်း ဘိုးဘိုးရဲ့မြေး ဖြစ်လာမှာပေါ့”

“ဟားဟား...” ဟန်ကျွယ်ဟာ ပြက်လုံးတစ်ခုကို ကြားရသလိုမျိုး ရယ်မောလိုက်ပါတယ်။

ချူရှောင်ချီဟာ မျက်နှာနီရဲပြီး ရှက်သွားပါတယ် ‘ငါ ဘာတွေ ပြောလိုက်မိတာလဲ’

“သူက ငါ့မြေးဖြစ်ဖို့ မတန်ဘူး၊ သူ့ကို ကယ်ချင်ရင် မင်းဆရာကို သွားရှာချည်၊ မင်းဆရာ ဘယ်သူလဲဆိုတာကို မင်း မသိသေးဘူးမလား၊ သူက အဆုံးမဲ့ခေတ်ရဲ့ လောကဦး နတ်ဘီလူးသုံးပါးထဲက တစ်ပါးပဲ”

ဟန်ကျွယ်ရဲ့ စကားက ချူရှောင်ချီကို လန့်သွားပါတယ်။

‘လောကဦးနတ်ဘီလူး... မဖြစ်နိုင်ဘူး’

ရုတ်ခြည်းဆိုသလို ချူရှောင်ချီဟာ ဖြစ်နိုင်ခြေမျိုးစုံကို တွေးမိလိုက်ပါတယ် ‘ငါ အကောက်ကြံခံရတာလား’

“ကျွန်တော် ဆရာကို ဘယ်မှာရှာရမလဲ မသိဘူး၊ ကျွန်တော်ရဲ့ အရည်အချင်းက မကြာသေးခင်ကမှ နိုးထလာတာ၊ ကျွန်တော်က အချိန်တစ်ခုလောက် ကျင့်ကြံအားထုတ်ပြီးမှ ချန်ကျွယ်ကို ကယ်မလို့ စီစဉ်ထားတာ” ချန်ကျွယ်ဟာ ကူကယ်ရာမဲ့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါဆိုလည်း ကျင့်ကြံမှုကို အာရုံစိုက်၊ ငါ တာအိုဆန်းကြယ်နယ်မြေမှာ လျှောက်ကြည့်ဖို့ စီစဉ်ထားတယ်၊ မင်းလိုအပ်ရင် ငါ့ကို လာရှာလို့ရတယ်”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။ ချူရှောင်ချီဟာ မှင်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကျင့်ကြံမှုအဆင့်နဲ့ ဟန်ကျွယ်ရောင်ဝါကို မဖမ်းနိုင်လို့ပါ။ ချူရှောင်ချီဟာ တကယ်ကို တုန်လှုပ်သွားပါတယ်။

အဲဒီနောက် ချူရှောင်ချီရဲ့ အတွေးတွေဟာ ဟွမ်ဇွမ်တျန်ဆီ ရောက်သွားပါတယ် ‘လောကဦး နတ်ဘီလူး သုံးပါး... သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိတာလဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters