လောကဦးပဋိပက္ခများ ပေါင်းစည်းခြင်း
Vol. 112 Ch. 1164
အပြောကျယ်လှတဲ့ ခရမ်းရောင် ကြယ်တာရာ ကောင်းကင်ပြင်မှာ လောကဦး ခရမ်းရောင်ချီ အမြောက်အမြားဟာ လေထဲ ပြည့်နေပါတယ်။ ဒါက မူလလောကဦးပါ။
လောကဦးပဋိပက္ခ သုံးပါးကို ပျက်သုန်း လောကဦးပဋိပက္ခ၊ မူလလောကဦးနဲ့ အသက်ဓာတ် လောကဦးပဋိပက္ခလို့ ခေါ်ကြပါတယ်။
ဒီနာမည်တွေက သူတို့ရဲ့ ဖန်တီးရှင်နာမည်တွေ မဟုတ်ရင် ဖန်တီးမှုတွေအပေါ် မူတည်ပြီး ခေါ်ဝေါ်ခဲ့ကြတာပါ။
မူလလောကဦးဟာ လောကဦး ဟင်းလင်းပြင်ထဲမှာ မူလခန္ဓာကိုယ်နဲ့ ရပ်နေပါတယ်။ အဆုံးမရှိတဲ့ ခရမ်းရောင်ချီဟာ သူ့ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ခွေနေတာကြောင့် မူလလောကဦးရဲ့ ခမ်းနားထည်ဝါလှတဲ့ ရုပ်သွင်ကို တော်တော်လေး ကြောက်စရာ ကောင်းသွားစေပါတယ်။
မူလလောကဦးဟာ မျက်လုံးဖွင့်ပြီး ညာလက်ကို ဖြည်လိုက်တဲ့အခါ သူ့လက်ဖဝါးထဲမှာ လူတစ်ယောက် ပေါ်လာပါတယ်။ ချန်ကျွယ်ပါ။
ချန်ကျွယ်ဟာ ချိပ်ပိတ်ခံထားရတာကြောင့် သူ့ခန္ဓာကိုယ်ဟာ လိမ်ခွေနေပြီး စိတ်ဆန္ဒ မနိုးထသေးပါဘူး။
မူလလောကဦးဟာ မျက်မှောင်ကြုတ်ပြီး ချန်ကျွယ်ကို ငုံ့ကြည့်လိုက်ပါတယ် “ထူးဆန်းတယ်... ဒီကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာပုန်းနေတာလဲ၊ ဒီဖန်တီးမှုကို ငါ ဘာဖြစ်လို့ ယူလို့ မရတာလဲ”
မူလလောကဦးဟာ ချန်ကျွယ်ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်မြေပြင်မှာ ချန်ကျွယ်ရဲ့ စွမ်းအားက သူ့စိတ်ထဲမှာ စွဲထင်ကျန်နေခဲ့လို့ပါပဲ။ နောက်ပိုင်းမှာ ချန်ကျွယ်ရဲ့ စွမ်းအားက သူ့အရည်အချင်းကြောင့် မဟုတ်ဘဲ ကံအားလျော်စွာ ရရှိခဲ့တဲ့ အခွင့်အရေးကြောင့်ဆိုတာ မူလလောကဦး သိသွားပါတယ်။ အဲဒါကြောင့် မူလလောကဦးဟာ အကောင်းဆုံးကြိုးစားပြီး ချန်ကျွယ်ကို ဖမ်းလိုက်တာပါ။
ဒါပေမဲ့ မူလလောကဦးဟာ ဒီအခွင့်အရေးကို ခိုးလို့ မရပါဘူး။ မူလလောကဦးဟာ ချန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးထဲကနေ ထူးဆန်းတဲ့အလင်းရောင် ထွက်ပေါ်လာပြီး ချန်ကျွယ်ရဲ့ ဝိညာဉ်ကို ထိုးဖောက်ကြည့်ဖို့ ကြိုးစားပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
မူလလောကဦးဟာ တုန်တက်သွားပါတယ်။
မူလလောကဦးဟာ သူ့လက်ကို ပြန်သိမ်းလိုက်ပါတယ်။ ချန်ကျွယ်ဟာ ဟင်းလင်းပြင်ထဲမှာ ဝဲပျံပြီး တလက်လက်တောက်ပတဲ့ မီးအလင်းရောင်ကို ထုတ်လွှတ်နေပါတယ်။
ဖန်တီးမှုရဲ့ ခုခံစွမ်းအားပါ။
မူလလောကဦးဟာ ချန်ကျွယ် ဘယ်လို အခွင့်အရေးမျိုးကို ရခဲ့တယ်ဆိုတာ ပိုပြီးတော့ သိချင်သွားပါတယ်။ သူ့စွမ်းအားကိုတောင် ဝါးမျိုနိုင်တယ် မဟုတ်ပါလား။
တစ်ခုသိထားရမှာက သူဟာ ပထမ အထွတ်အထိပ် နိယာမကို ခဲနိုင်တော့မှာပါ။ အဆုံးမဲ့ခေတ်တစ်ခုလုံးမှာ သူ့ထက် စွမ်းအားကြီးတဲ့လူက လက်ချိုးရေလို့ ရပါတယ်။
‘တာအိုဖန်တီးရှင်များလား... မဖြစ်နိုင်ဘူး’
‘ဝူရှင်းရှစ်ကျဲ့ဆီမှာ ဒီလိုမျိုး ဖန်တီးမှုစွမ်းအား မရှိဘူး’
‘ဒါ အဆုံးမဲ့ခေတ်ရဲ့ ဖန်တီးမှုအသစ်လား’
မူလလောကဦးဟာ အဆုံးမဲ့ခေတ်က လောကကြီး ကျယ်ပြန့်သွားရုံတင် မဟုတ်ဘဲ တချို့အရာတွေမှာ အရင်တုန်းကနဲ့ လုံးဝ မတူတာကို ရှာတွေ့သွားခဲ့ပါတယ်။
မူလလောကဦးဟာ စိတ်အခြေအနေကို ပြုပြင်ပြီး ချန်ကျွယ်ရဲ့ ဖန်တီးမှုကို လုယူဖို့ ကြိုးစားတာ ရပ်လိုက်ပါတယ်။ ပထမ အထွတ်အထိပ် နိယာမကို ခဲပြီးမှပဲ ဆက်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ မူလလောကဦးဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ချန်ကျွယ် ပျောက်ကွယ်သွားပါတယ်။
လူတစ်ယောက်ဟာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ရောက်လာပါတယ်။
ဟွမ်ဇွမ်တျန်ပါ။
မူလလောကဦးက မေးလိုက်ပါတယ် “မင်း ဘာလာလုပ်တာလဲ”
“ငါ တစ်ယောက်တည်း မဟုတ်ဘူး”
ဟွမ်ဇွမ်တျန်ရဲ့ စကားအဆုံးမှာ ဟင်းလင်းပြင်ဟာ စုတ်ပြဲသွားပြီး ဟန်ဟွမ် ထွက်လာပါတယ်။
မူလလောကဦးဟာ ဟန်ဟွမ်ကို တွေ့လိုက်ရတဲ့အခါ မျက်နှာ မသိမသာ ပြောင်းသွားပါတယ်။ ချန်ကျွယ်မှာ ဟန်မိသားစု သွေးစည်းရှိတာကို မူလလောကဦး သိပါတယ်။ ဒီလောက်ကတော့ သူ တွက်ချက်နိုင်ပါသေးတယ်။
ဒါပေမဲ့ ဟန်မိသားစုမှာ ချန်ကျွယ်ထက် ပိုပြီး ထူးချွန်ထက်မြက်တဲ့ မျိုးဆက်တွေ အမြောက်အမြား ရှိပါတယ်။ နောက်ပြီး ချန်ကျွယ်က ဟန်မိသားစုနဲ့ သိပ်ပြီး အဆက်အဆံရှိတာ မဟုတ်ပါဘူး။
“ဘာကိစ္စလဲ” မူလလောကဦးက တည်တည်ငြိမ်ငြိမ် မေးလိုက်ပါတယ်။
ဟန်ဟွမ် “ငါ သူ့ကို လာခိုင်းလိုက်တာ၊ ငါတို့တွေ သီးခြား အလုပ်လုပ်ကြပေမဲ့ ငါတို့သုံးယောက်စလုံးက လောကဦးနတ်ဘီလူးတွေ၊ ငါ့မှာ အကြံတစ်ခု ရှိတယ်”
မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ဟွမ်ကို ကြည့်ပြီး ဟန်ဟွမ်ဆီကို စကားကို စောင့်မျှော်နေကြပါတယ်။
“အဆုံးမဲ့ခေတ်က ကျယ်လွန်းတယ်၊ ငါရော မင်းတို့ရော တစ်ယောက်တည်းအားနဲ့ အဆုံးမဲ့ခေတ်ကို စိုးမိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ နောက်ကျရင် တာအိုဖန်တီးရှင်တွေကလည်း ပိုပိုပြီး ပေါ်လာမှာ၊ အဲဒါကြောင့် ငါတို့တွေ လောကဦးပဋိပက္ခသုံးပါးကို ပေါင်းစပ်သင့်တယ်လို့ ခံစားရတယ်၊ အဲဒီအချိန်ကစပြီး ငါတို့တွေ သေအတူရှင်မကွာ နေထိုင်ကြတာပေါ့၊ အနာဂတ်မှာ လောကဦး နတ်ဘီလူးတွေ မွေးဖွားလာရင်လည်း ငါတို့ကို မှီခိုလို့ရတာပေါ့”
ဟန်ဟွမ်ရဲ့ စကားကြောင့် မူလလောကဦးဟာ မျက်မှောင်ကြုတ်သွားပြီး ဟွမ်ဇွမ်တျန်ကို ကြည့်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲမသွားပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဟွမ်ဇွမ်တျန်က ဒီကိစ္စကို သဘောတူပြီး သူ့ကို ဟန်ဟွမ်နဲ့အတူ လာဖျောင်းဖျတယ်ဆိုတာ မူလလောကဦး သိလိုက်ပါတယ်။
မူလလောကဦးဟာ တွေးတွေးဆဆ ဖြစ်သွားပါတယ်။ ဒီပေါင်းစည်းမှုရဲ့ အကျိုးအမြတ်က သုံးယောက်စလုံး အတူတူ ဖြစ်သွားတာပါ။ အနည်းဆုံး သူတို့တွေ တစ်ယောက်ကို တစ်ယောက် မှီခိုလို့ရပါတယ်။ ဒါပေမဲ့ ဆိုးကျိုးက နောက်ကျရင် သူတို့တွေ ပြန်ခွဲလို့ရတော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါတွေအကုန်လုံးက ဟန်ဟွမ်ရဲ့ ရိုးသားမှုအပေါ် မူတည်ပါတယ်။ ဟန်ဟွမ်က ဗိုလ်ပဲကျပြီး အဲဒီလောက်ထိ ဉာဏ်မများဘူး ဆိုတာကိုတော့ မူလလောကဦး သိပါတယ်။ အရေးအကြီးဆုံးက ဟန်ဟွမ်ရဲ့ နောက်ခံပါ။
“ပိုင်ရှင်က ဘယ်သူလဲ” မူလလောကဦးက မေးလိုက်ပါတယ်။
ဟန်ဟွမ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟီးဟီး... အဲဒီလို သတ်မှတ်စရာ မလိုပါဘူး၊ ငါတို့ရဲ့ လောကဦးပဋိပက္ခတွေကို ပေါင်းစပ်ခိုင်းပြီး ကံနဲ့ ကံကြမ္မာကို ဆုံးဖြတ်ခိုင်းကြတာပေါ့၊ အာဏာကို မက်မောပြီး အုပ်ချုပ်တတ်ရင် လောကဦးပဋိပက္ခကို မင်းလက်ထဲ အပ်လို့ရတယ်”
ဟွမ်ဇွမ်တျန်ဟာ ပြုံးလိုက်ပါတယ် “ငါကတော့ ကျင့်ကြံအားထုတ်ချင်တယ်”
မူလလောကဦးလည်း ပြုံးသွားပါတယ် “ဒီလိုဆို ငါ့မှာ ဘာကန့်ကွက်စရာမှ မရှိဘူး၊ ငါတို့တွေ လောကဦးပဋိပက္ခတွေကို ဘယ်လိုပေါင်းစပ်ကြမှာလဲ”
ဟန်ဟွမ်ဟာ သူ့အကြံကို အသေးစိတ် ရှင်းပြပါတယ်။ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ဟွမ်ရဲ့ အကြံက အလုပ်ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။
ထွက်မသွားခင်မှာ မူလလောကဦးက ချန်ကျွယ်ကို ပေးပြီး ဟန်ဟွမ်ရဲ့ သဘောထားကို မေးမြန်းပါတယ်။
“အင်အားစုနှစ်စု တိုက်ခိုက်တာ အဖမ်းခံရတာ ဘာထူးဆန်းလို့လဲ၊ အပြစ်မရှိတဲ့လူကိုသာ ဒုက္ခမပေးနဲ့”
ဟန်ဟွမ်ရဲ့ စကားကြောင့် မူလလောကဦးဟာ ပြုံးသွားပါတယ် “မင်းက ဒီလောက်ထိ ရိုးသားမှတော့ ငါ သူ့ကို လွှတ်ပေးလိုက်မယ်၊ ဒီကလေးက လျှို့ဝှက်ဆန်းကြယ် ဖန်တီးမှုတစ်ခု ရှိတယ်၊ သူ့အနာဂတ်က အကန့်အသတ်မဲ့တယ်”
“ဒီလိုမျိုးဆက်မျိုးက ဟန်မိသားစုမှာ ဘာမှ မဟုတ်ဘူး”
စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ ပျောက်ကွယ်သွားပါတယ်။
“ဒီကလေးက ငါ့တပည့်ရဲ့ ညီအစ်ကို၊ မင်းက လူနှစ်ယောက် ဆက်သွယ်ထားတဲ့ ကြိုးကို ကိုင်ထားတယ်” ဟွမ်ဇွမ်တျန်က ထပ်ပေါင်းပြောလိုက်ပါတယ်။
မူလလောကဦးဟာ ချန်ကျွယ်ကို ဟွမ်ဇွမ်တျန်ဆီ ပစ်ပေးလိုက်ပါတယ် “ဒီလိုဆိုမှာတော့ ငါ မင်းကို မျက်နှာသာပေးမယ်”
“ငါ မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး”
ဟွမ်ဇွမ်တျန်ဟာ ချန်ကျွယ်ကိုသယ်ပြီး လောကဦးပဋိပက္ခကနေ ထွက်ခွာသွားပါတယ်ိ။
မူလောကဦးဟာ တစ်ချက်ပြုံးလိုက်ပြီး မျက်လုံးမှိတ်ကာ ကျင့်ကြံအားထုတ်ပါတယ်။
.....
ကောင်းကင်ပြာနဲ့ တိမ်ဖြူတိမ်ဖွေးတွေအောက်က ဝင်းခြံတစ်ခြံထဲမှာ လူငယ်တစ်ယောက်ဟာ သိုင်းကျင့်နေပါတယ်။
ဟန်ကျွယ်ဟာ ခန်းမရှေ့က လှေကားထစ်တွေပေါ် ထိုင်ရင်း သမ်းဝေလိုက်ပါတယ်။ သိုင်းကျင့်နေတဲ့ လူငယ်ဟာ သိုင်းကျင့်တာရပ်ပြီး ဟန်ကျွယ်ရှေ့ ရောက်လာပါတယ် “ဘိုးဘိုး... ကျွန်တော်ရဲ့ လက်သီးသိုင်းက ဘယ်လိုနေလဲ”
ဟန်ကျွယ်ဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် “အရည်အချင်းကို ဖြုန်းတီးပစ်တာပဲ၊ သိုင်းကျင့်တာ ဘာအနာဂတ်မှ မရှိဘူး၊ ကျင့်ကြံတာပဲ အနာဂတ်ရှိတာ”
ဒီလူငယ်က ရုတောက်လုံပါ။ ရုတောက်လုံဟာ မဟာဖန်တီးမှု စူပါစတား နိုးထသွားခဲ့ပါတယ်။ ဒီစူပါစတားက အခွင့်အရေးကြီးကြီးမားမားနဲ့ မွေးဖွားလာတာပါ။ ရုတောက်လုံ သေခါနီး ဖြစ်တိုင်း သူ့အကန့်အသတ်ကို ချိုးဖျက်နိုင်မှာပါ။
ရုတောက်လုံ ဒီသေခါနီး အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် သူ့အရည်အချင်းက ပိုပိုပြီးတော့ အားကောင်းလာမှာပါ။ နားလည်လွယ်အောင် ပြောရရင် ဒီစူပါစတား မဟာဖန်တီးမှုက မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေကို ဆက်တိုက် ရင်ဆိုင်ဖို့ လိုပါတယ်။
ဒါကြောင့် သူ့မှာ နောက်ခံမရှိရင် ငယ်ငယ်ရွယ်ရွယ်မှာ လွယ်လွယ်ကူကူ သေသွားနိုင်ပါတယ်။ ဒီအင်မော်တယ်ကမ္ဘာမှာက ကျင့်ကြံအားထုတ်တာ ခေတ်မစားဘဲ သိုင်းကျင့်တာ ခေတ်စားပါတယ်။ ဒီနေရာမှာ ကျင့်ကြံသူတွေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီလည်း မရှိပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒဏ္ဍာရီထဲက ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်တွေဟာ ကျင့်ကြံသူတွေ ဆိုတာကို သိပါတယ်။
ဟန်ကျွယ်ဟာ ရုတောက်လုံကို လွန်ခဲ့တဲ့ ၇ နှစ်က ရှာတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဆရာတပည့်တွေပါ။ ဒါပေမဲ့ ရုတောက်လုံးဟာ အခုထိ စူပါစတား အရည်အချင်းကို ကောင်းကောင်း မရသေးပါဘူး။
ရုတောက်လုံဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် “ဘာကျင့်ကြံတာလဲ၊ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး”
ဒီအချိန်မှာ အစေခံတစ်စု ပြေးဝင်လာပါတယ်။ ရှေ့ကနေ ဝင်လာတဲ့ ပိန်ပိန်ပါးပါး အစေခံဟာ ဝမ်းပန်းတနည်း ပြောလိုက်ပါတယ် “သခင်လေး... ဘေးနားက ရွာက ကျွန်တော်တို့ကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီ”
ရုတောက်လုံရဲ့ မျက်လုံးတွေဟာ ကျားရဲလိုမျိုး စူးရှသွားပါတယ်။
“ဒီကောင်တွေ သေချင်နေပြီနဲ့ တူတယ်၊ လာ... သွားမယ်”
ဟန်ကျွယ်ကတော့ လှေကားထစ်တွေပေါ်မှာ လဲလျောင်းရင်း နေပူစာလှုံပါတယ် “ကောင်လေး... မင်းရဲ့ ဒီလိုဘဝက ကြာကြာခံမှာ မဟုတ်ဘူး... ဟားဟား...”
ဟန်ကျွယ်ပြောတာကို ဘယ်သူမှ မကြားပါဘူး။ ဟန်ကျွယ်က သူ့ကိုယ်သူ ပြောနေတာပါ။
ရုတောက်လုံရဲ့ မိသားစုနောက်ခံက သေမျိုးတွေကြားထဲမှာ တောင့်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တိုက်ခိုက်နေတဲ့ အင်မော်တယ်ဧကရာဇ် နှစ်ပါးက ဒီကမ္ဘာနဲ့ တဖြည်းဖြည်းချင်း နီးကပ်လာတာကို မြင်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက ဒီကမ္ဘာကို မကြာခင် သက်ရောက်တော့မှာပါ။ အဲဒီအချိန်ကျရင် ဒီလောကရဲ့ အဆုံးသတ်ကို ရောက်လာမှာပါ။ ဟန်ကျွယ်ဟာ ရုတောက်လုံကို ဒီအကြောင်း မပြောပြပါဘူး။ သူ့မှာ ဒီလိုမျိုး မျိုးဆက်တွေ ဒါဇင်ကျော် ရှိပါသေးတယ်။ ဟန်ကျွယ်ဟာ ဒီအတိုင်းပျင်းလို့ သူတို့နဲ့ လာကစားတာပါ။
ရုတောက်လုံရဲ့ စရိုက်က စူပါစတား မဟာဖန်တီးမှုနဲ့ လုံးဝ ကွက်တိကျပါတယ်။ ဒေါသထွက်လွယ်တဲ့လူဆိုတော့ နောက်ကျရင် အသည်းအသန် အခြေအနေတွေကို သေချာပေါက် အများကြီး ရင်ဆိုင်ရမှာပါ။
အဲဒါကြောင့် နောက်ခံမရှိရင် ရုတောက်လုံက သေချာပေါက် သေမှာပါ။
ရှန်တျန် မဟာဖန်တီးမှု ရသွားတဲ့ မျိုးဆက်တွေ သေသွားတဲ့ ဥပမာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရှန်တျန် မဟာဖန်တီးမှုက သူတို့ရဲ့ မျိုးဆက်တွေနဲ့ ပြန်လည်မွေးဖွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။