← Chapters

ချီယွမ်ရှန်ကူ

Vol. 112 Ch. 1166

ချီယွမ်ရှန်ကူ

Vol. 112 Ch. 1166

“ဘိုးဘိုး... ဒါက ကျွန်တော်ရဲ့ ညီအစ်ကိုကောင်း ချန်ကျွယ်ပဲ”

ချူရှောင်ချီဟာ ချန်ကျွယ်ကို ဟန်ကျွယ်နဲ့ မိတ်ဆက်ပေးပါတယ်။ ချန်ကျွယ်ဟာ သတိပြန်ဝင်လာပြီး ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ် “ငါ သူ့ကို သိတယ်”

ချူရှောင်ချီဟာ မှင်တက်သွားပြီး တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပါတယ် ‘ဂိုက်ဖမ်းတာက ငါပါ၊ ဘယ်လိုလုပ်ပြီး ချန်ကျွယ် ဖြစ်သွားရတာလဲ’

ဟန်ကျွယ်ရဲ့ စကားကြောင့် ချန်ကျွယ်ဟာ ခေါင်းမော့ပြီး ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ ဆက်ပြောပါတယ် “မင်းအရည်အချင်းကို ငါ ပေးထားတာ”

ဟန်ကျွယ်ရဲ့အကြည့်ဟာ ချန်ကျွယ်ဆီ ရောက်သွားပါတယ်။ ချန်ကျွယ်ဟာ ဟန်ကျွယ် စကားကို ကြားပြီး မှင်တက်သွားပါတယ်။

ချူရှောင်ချီလည်း မှင်တက်သွားပြီး အမြန်မေးလိုက်ပါတယ် “ဘိုးဘိုးက ဘာပြောချင်တာလဲ”

“ငါက အချိန်တစ်ခုရောက်တိုင်း မျိုးဆက်တချို့ကို အရည်အချင်း ပေးလေ့ရှိတယ်၊ ချန်ကျွယ်က သူ အရည်အချင်း မပါဘဲ မွေးဖွားလာတာကို မှတ်မိမှာပါ၊ သူ့အရည်အချင်း နောက်တော့မှ နိုးထလာတာ”

ချန်ကျွယ်ဟာ နှလုံးလှုပ်သွားပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။

ချူရှောင်ချီဟာလည်း သူ မကြာသေးခင်က နိုးထသွားတဲ့ ကံစွမ်းအားကို တွေးမိလိုက်ပါတယ် ‘ဒါက ဘိုးဘိုးရဲ့...’

“စီနီယာက ဘယ်သူလဲ” ချန်ကျွယ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ စကားလုံးတွေကို သူ့မာနကို ချိုးဖျက်ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်အောင် ဖြစ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက ငါ့ရဲ့ မျိုးဆက်ပဲ၊ ငါ ဘယ်သူလို့ ထင်လဲ”

ချန်ကျွယ်ဟာ လုံးဝကို မတ်တတ်ရပ်နိုင်စွမ်း မရှိတော့ပါဘူး။ ကြောက်လန့်တကြား ဒူးထောက်ပြီး တုန်တုန်ယင်ယင်နဲ့ “ဖန်... ဖန်တီးရှင်”

‘ဖန်တီးရှင်...’ ချူရှောင်ချီဟာ မျက်လုံးပြူးသွားပါတယ်။ ချူရှောင်ချီဟာ မဟာတာအိုပညာရှိချုပ် ဖြစ်နေပြီမလို့ ဖန်တီးရှင်ရဲ့ ဒဏ္ဍာရီကို ကြားဖူးပါတယ်။ ဒါက အဆုံးမဲ့ခေတ်ကို ဖန်တီးတဲ့ ရှေးဟောင်း ဒဏ္ဍာရီတစ်ပုဒ်ပါ။

ဖန်တီးရှင်က လောကမှာ အစွမ်းအထက်ဆုံး တည်ရှိမှုပါ။

ချန်ကျွယ်ဟာ ချူရှောင်ချီကို လှည့်ကြည့်လိုက်ပါတယ် “ငါ မင်းကို မပြောခဲ့တာ တစ်ခုရှိတယ်၊ တကယ်တော့ ငါက ဟန်မိသားစု မျိုးဆက်ပဲ၊ လောကဦးနတ်ဘီလူး ဟန်ဟွမ်နဲ့ ဖန်တီးရှင်ဧကရာဇ်ရုံးတော် ဧကရာဇ်တို့ရဲ့ ဟန်မိသားစုပဲ၊ အရင်တုန်းက ငါ ဧကရာဇ်ရဲ့ အကူအညီကို ရခဲ့လို့ အခုလိုမျိုး မြန်မြန်ဆန်ဆန် စွမ်းအားကြီးလာနိုင်ခဲ့တာ”

ချူရှောင်ချီဟာ ကြက်သေသေသွားပါတယ် ‘ဒီတော့ မင်းက မြေးအရင်းလား’

ဟန်ကျွယ် “မင်းတို့တွေ ရောက်လာမှတော့ ငါ မင်းတို့ကို တာအိုဟောကြားပေးမယ်၊ ဒီတစ်ခါ တွေ့ဆုံမှုပြီးလို့ ငါတို့တွေ နောက်တစ်ခါ ပြန်တွေ့ဖြစ်ခဲ့ရင် မင်းတို့တွေက ကျင့်ကြံမှု ထိပ်ဆုံးအတွက် တိုက်ခိုက်တဲ့ လမ်းပေါ် ရောက်နေလောက်ပြီ၊ ငါ ကျင့်ကြံမှုပြီးရင် မင်းတို့တွေ လောကကြီးကို ဘယ်လောက် သက်ရောက်နိုင်လဲဆိုတာ ငုံ့ကြည့်မယ်”

ဟန်ကျွယ်ရဲ့ စကားလုံးတွေက ချူရှောင်ချီနဲ့ ချန်ကျွယ်ကို သွေးဆူသွားစေပါတယ်။

ဟန်ကျွယ်ဟာ သူတို့တွေ ဘာမပြောနိုင်ခင်မှာပဲ တာအို သုံးသပ်နားလည်တဲ့ အခြေအနေထဲ ဆွဲသွင်းလိုက်ပါတယ်။

အချိန်တစ်ခု အကြာမှာတော့ ချန်ကျွယ်နဲ့ ချူရှောင်ချီဟာ တစ်ပြိုင်နက်တည်းနီးပါး နိုးလာကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ ဟန်ကျွယ် မရှိတော့တာကို တွေ့လိုက်ရပါတယ်။

ချူရှောင်ချီဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါကို ထပ်ပြီးတော့ အာရုံမခံနိုင်တော့ပါဘူး။ ချူရှောင်ချီဟာ ငေးကြောင်ကြောင် ဖြစ်နေပါတယ်။ ချူရှောင်ချီဟာ ဟန်ကျွယ်နဲ့ အတူနေထိုင်ခဲ့တာတွေကို ပြန်တွေးရင် အိပ်မက်မက်နေသလိုမျိုး ခံစားလိုက်ရပါတယ်။

ချန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... မင်းရဲ့ အဘိုးက ဒဏ္ဍာရီလာ ဖန်တီးရှင် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး၊ ဒါက တကယ်ကို အကြီးမားဆုံး အခွင့်အရေးပဲ၊ ငါက သူ့မျိုးဆက်ဆိုပေမဲ့ မင်းရဲ့ မိတ်ဆက်ပေးမှုကြောင့်သာ မဟုတ်ရင် သူ့ကို ဒီတစ်သက် တွေ့ခွင့်ရမှာ မဟုတ်ဘူး”

ချန်ကျွယ်ဟာ ခံစားချက်တွေ ရောထွေးနေပါတယ်။ သူ့ရဲ့ ကနဦးဘိုးဘေးက ချူရှောင်ချီကို ကိုယ်တိုင် ပျိုးထောင်ခဲ့ပါတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ ဖန်တီးရှင်ရဲ့ မျက်လုံးထဲမှာ ချူရှောင်ချီက အရည်အချင်း ပိုရှိနေပါတယ်။

ချူရှောင်ချီဟာ ချန်ကျွယ်ကို ကြည့်ပြီး ခံစားချက်တွေ ရှုပ်ထွေးသွားပါတယ်။ ဘာပဲဖြစ်ဖြစ် သူက အပြင်လူ မဟုတ်ပါလား။

“မင်းရဲ့ ဟန်မိသားစုအကြောင်း ငါ့ကို ပြောပြလို့ရလား... တာအိုဆန်းကြယ်နယ်မြေမှာ ဟန်မိသားစုနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတချို့ ရှိပေမဲ့ ငါ ဂဃနဏ မသိဘူး၊ ဟန်မိသားစုက မျိုးနွယ်စုတွေနဲ့ ကံတရား အ‌ထောက်အပံ့ဂိုဏ်းတွေထက် ကျော်လွန်တဲ့ လျှို့ဝှက်အဆန်းကြယ်ဆုံးနဲ့ စွမ်းအားအကြီးဆုံး မိသားစုမှန်းပဲ သိတယ်” ချူရှောင်ချီက မေးလိုက်ပါတယ်။

ချူရှောင်ချီဟာ ချန်ကျွယ် ဂိုက်ဖမ်းမှာစိုးတဲ့အတွက် စကားလမ်းကြောင်းကို အတင်း ပြောင်းလိုက်ပါတယ်။ ချန်ကျွယ်ဟာ ဘာမှ မဖုံးကွယ်ဘဲ သူသိသမျှ ဟန်မိသားစုအကြောင်းကို အမှန်အတိုင်း ပြောပြပါတယ်။

ချူရှောင်ချီဟာ ပထမတော့ စပ်စုချင်ရုံပါ။ ဒါပေမဲ့ နားထောင်ရင်း နားထောင်ရင်းနဲ့ လန့်သွားပါတယ်။

‘ဟန်မိသားစုမှာ ဒီလောက်များတဲ့ ထိပ်သီးကျင့်ကြံသူတွေ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ’

ဟန်မိသားစုရဲ့ ထိပ်သီးကျင့်ကြံသူတွေထဲမှာ တော်တော်များများက နာမည်ကြီးပါတယ်။ ချူရှောင်ဟာ ရုတ်တရက်ဆိုသလို ခေါင်းထဲကို အတွေးတစ်ခု ဝင်လာပါတယ် ‘ငါ့ဆရာ ငါ့ကို တပည့်အဖြစ်လက်ခံတာ ဟန်မိသားစုနဲ့ မိတ်ဆွေဖြစ်ချင်လို့လား’

.....

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားတွေကတော့ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု ရသွားတဲ့ မျိုးဆက်တွေကို ပျိုးထောင်နေတုန်းပါ။

ဟန်ကျွယ် တတိယ တာအိုစက်ကွင်းဆီ ပြန်သွားတာက တစ်ခုခုကို အာရုံမိလိုက်လို့ပါ။ ဟန်ကျွယ်ဟာ ကြာပလ္လင်ပေါ်မှာ ထိုင်ပြီး အနာဂတ်ကို စတင် တွက်ချက်ပါတယ်။

အနာဂတ်ဖြစ်နိုင်ခြေ အမြောက်အမြားဟာ ဟန်ကျွယ်ရဲ့ မျက်လုံးထဲကို ဝင်လာပါတယ်။ ဒါက အလွန်တရာ ကြီးမားတဲ့ မှတ်ဉာဏ်တွေပါ။ တာအိုပညာရှိတွေတောင် ဒီလောက်များတဲ့ မှတ်ဉာဏ်ကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ အနာဂတ် အကုန်လုံး ကွဲကြေပြီး အာကာသ အပိုင်းအစတွေ ခဲလာကာ မျဉ်းဖြောင့် တစ်ကြောင်းတည်း ဖြစ်သွားပါတယ်။

မူလ ကာလဒေသ။

အရင်တုန်းက ဟန်ကျွယ်ဟာ မူလ ကာလဒေသကို စုံစမ်းဖို့ ကိုယ်ပွား လွှတ်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ မူလ ကာလဒေသကို ရှာတွေ့ခဲ့ပေမဲ့ မူလ ကာလဒေသက နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေပြီး အခြေခံနိယာမရဲ့ သီးခြားခွဲထုတ်မှုကြောင့် တာအိုဖန်တီးရှင်တွေတောင် ရှာတွေ့ဖို့ ခက်ခဲပါတယ်။

ဂျိရှင်းရှန်က ကံတော်တော် ကောင်းပါတယ်။ မူလ ကာလဒေသရဲ့ ရွေးချယ်မှုလည်း ဖြစ်နိုင်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း မူလ ကာလဒေသ ပေါ်လာပါတယ်။ မူလ ကာလဒေသက အခြေခံနိယာမအောက်မှာ ရှိနေသေးပေမဲ့ အရင်တုန်းကနဲ့ မတူတော့ပါဘူး။ အရင်တုန်းက ဝိုးတိုးဝါးတားနဲ့ ပြန့်ကျဲနေပေမဲ့ အခုအချိန်မှာတော့ တကယ့် အာကာသ မြစ်တစ်စင်း ဖြစ်နေပါပြီ။

ဒီပြောင်းလဲမှုက ဟန်ကျွယ်ကို စိတ်လေးစေပါတယ်။ ဒီစိတ်လေးမှုက အကြောင်းရင်း မသိတာကနေ လာတာပါ။

ဗလာနယ်မြေက တကယ်ကိုပဲ ပြောင်းလဲမှုအသစ် ဖန်တီးလိုက်ပါတယ်။ ဒီပြောင်းလဲမှုက သူ့ကို အရင်လိုမျိုး ပြိုင်ဘက်ကင်းပြီး အနှိုင်းမဲ့ တန်ခိုးအာဏာ မရှိစေတော့ပါဘူး။ အရင်တုန်းက လောကဦး နတ်ဘီလူးနဲ့ နဝမပဋိပက္ခလိုမျိုးပေါ့။ ဗလာနယ်မြေရဲ့ စွမ်းအားက ဆက်တိုက် ပြောင်းလဲနေလို့သာ သူတို့တွေ အမြဲတမ်း ပြိုင်ဘက်ကင်း ဖြစ်မနေခဲ့တာပါ။

ဟန်ကျွယ်ဟာ မူလ ကာလဒေသကို စိုက်ကြည့်လိုက်ပါတယ်။ မူလ ကာလဒေသဟာ စတင် ပြောင်းလဲလာပါတယ်။ မူလ ကာလဒေသဟာ မျဉ်းဖြောင့်တစ်ကြောင်းကနေ ရှုံ့တွပြီး အချိန်-အာကာသ စွမ်းအားတွေ လွင့်ပါး ပျောက်ကွယ်ကာ ပိုအားကောင်းတဲ့ မျဉ်းကြောင်းတွေ ခဲလာပါတယ်။

မကြာခင်မှာပဲ မူလ ကာလဒေသဟာ မြွေတစ်ကောင်နဲ့ တူသွားပါတယ်။ အစွန်းတစ်ဖက်က ကြီးမားပြီး မြွေခေါင်းနဲ့ တူကာ တခြားတစ်ဖက်ကတော့ သွယ်လျပြီး မြွေမြီးနဲ့ တူပါတယ်။ သူ့နာမည်ကလည်း ဟန်ကျွယ် စိတ်ထဲမှာ ပေါ်လာပါတယ်။

ချီယွမ်ရှန်ကူ။

ချီယွမ်ရှန်ကူရဲ့ ခေါင်းဟာ ဟန်ကျွယ်ကို မျက်နှာမူထားပြီး မျက်လုံးတစ်စုံ ပေါ်လာပါတယ်။ အလွန်တစ်ရာ အေးစက်လွန်းတဲ့ မျက်လုံးတစ်စုံပါ။ ချီယွမ်ရှန်ကူဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပါတယ်။

ဟန်ကျွယ် ဒီဟာကို ရှင်းသင့် မရှင်းသင့် စဉ်းစားပါတယ်။ ဟန်ကျွယ်ဟာ ချီယွမ်ရှန်ကူကို အတွေးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လို့ ရပါတယ်။ ဒါပေမဲ့ မူလ ကာလဒေသက ချီယွမ်ရှန်ကူကို ပြန်ဖန်တီးလို့ ရပါတယ်။

ဟန်ကျွယ်ဟာ ချီယွမ်ရှန်ကူကို တွက်ချက်ဖို့ ကြိုးစားကြည့်ပေမဲ့ မအောင်မြင်ပါဘူး။

“ချီယွမ်ရှန်ကူက ဘယ်တော့ မွေးဖွားလာမှာလဲ”

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သင့်မူလသက်တမ်း နဟုတံ တစ်သိန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

(နဟုတံ တစ်သိန်း = တစ်နောက်တွင် သုည အလုံး ၄၀)

‘များလှချည်လား... တကယ်ကို သာမန် မဟုတ်ဘူးပဲ’

ဟန်ကျွယ်ဟာ တိတ်တဆိတ် ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဆွဲသွင်းခံလိုက်ရပါတယ်။ ဟန်ကျွယ် ဒီလိုမျိုး မခံစားရတာ အတော်ကြာသွားခဲ့ပါပြီ။ မခံစားရတာ ကြာပြီ ဖြစ်တဲ့ ခံစားချက်ကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းချမိလိုက်ပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ သာလွန်နတ်ခန်းမရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။ သာလွန်နတ်ခန်းမက သဏ္ဍာန်မဲ့နတ်မင်း တည်ဆောက်ထားတဲ့ တာအိုစက်ကွင်းပါ။

သာလွန်နတ်ခန်းမရဲ့ အထက်မှာ လူတွေ အများကြီး ရပ်နေပါတယ်။ ဒီလူအရေအတွက်က အနည်းဆုံး တစ်သိန်းကျော်ပါတယ်။ ဒီထဲမှာ တာအိုဖန်တီးရှင်တွေ မရှားပါဘူး။ ဟန်ကျွယ်ရဲ့ ကလေးတွေနဲ့ မျိုးဆက်တွေလည်း ပါပါတယ်။ ချူရှောင်ချီ၊ ရုတောက်လုံ၊ ချန်ကျွယ်နဲ့ ဟန်လျန်တို့လည်း ဒီနေရာမှာ ရှိနေပါတယ်။

သူတို့တွေဟာ အရောင်ဖျော့ဖျော့ကို မော့ကြည့်နေကြပါတယ်။ ဒါက ဟန်ကျွယ်ကိုယ်တိုင် ဖန်တီးပြီး အခွင့်အရေးတစ်ခု ချန်ထားခဲ့တဲ့ သီးခြားပြင်ညီတစ်ခုပါ။

‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါက ဘုံရန်သူ ထပ်ဖြစ်ပြန်ပြီလား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ရှည်လက်ရှည် ဆက်ကြည့်ပါတယ်။

သာလွန်နတ်ခန်းမရဲ့ အထက်မှာ အက်ကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။ ဒီအက်ကြောင်းဟာ အဆုံးမရှိတဲ့ အနီရောင်လျှပ်စီးတွေနဲ့ ယှက်ဖြာနေပါတယ်။ ကြောက်မက်ဖွယ်ရောင်ဝါဟာ တာအိုဖန်တီးရှင်ကို ပြာအတိကျစေဖို့ လုံလောက်ပါတယ်။

အက်ကြောင်းထဲမှာ လူတစ်ယောက် ပေါ်လာပါတယ်။ ဒီလူက ဟန်ကျွယ် မဟုတ်ပါဘူး။ မျက်နှာက အေးစက်ပြီး ဆံပင်တွေဖြူနေတဲ့ အမျိုးသားတစ်ယောက်ပါ။ သူ့ဆံပင်တွေဟာ ရှုပ်ပွနေပြီး သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။

သူ့နောက်မှာတော့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ နတ်ဆိုးရုပ်တုသုံးရုပ်က တည်ရှိမှု အကုန်လုံးကို ငုံ့ကြည့်နေပါတယ်။

ဟန်ကျွယ်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ဘယ်သူလဲ၊ ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ’

“မင်း ဖန်တီးရှင်ကို ဘာလုပ်လိုက်တာလဲ” သဏ္ဍာန်မဲ့နတ်မင်းက အသင့်အနေအထားနဲ့ အော်မေးလိုက်ပါတယ်။ သဏ္ဍာမဲ့နတ်မင်းရဲ့ လေသံဟာ

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters