← Chapters

နဝမပဋိပက္ခ

Vol. 112 Ch. 1167

နဝမပဋိပက္ခ

Vol. 112 Ch. 1167

“ဖန်တီးရှင်လား... သူ သေသွားတာ ကြာပြီ”

ဆံဖြူအမျိုးသားဟာ အထင်အမြင်သေးတဲ့ အမူအရာနဲ့ နှာခေါင်းရှုံ့လိုက်ပါတယ်။ သူ လက်မြှောက်လိုက်တဲ့အခါ သူ့နောက်မှာရှိတဲ့ နတ်ဆိုးရုပ်တု သုံးရုပ်ဟာ ကြီးသွားပါတယ်။ မကြာခင်မှာပဲ နတ်ဆိုးရုပ်တုတွေဟာ သာလွန်နတ်ခန်းမထက် ပိုကြီးသွားပါတယ်။

အောက်က စွမ်းအားကြီးပုဂ္ဂိုလ်တွေက အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ဖန်တီးရှင်ကို ဆံဖြူအမျိုးသား သတ်လိုက်တယ်လို့ ထင်တဲ့အတွက် အမျက်ချောင်းချောင်း ထွက်သွားကြပါတယ်။ ပထမဆုံး တိုက်ခိုက်တာကတော့ ဟန်ကျွယ်ရဲ့ ကလေးတွေနဲ့ မျိုးဆက်တွေပါ။ အဲဒီနောက် ချက်ချင်းဆိုသလို တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တိုက်ခိုက်ကြပါတယ်။

မဟာတာအိုပညာရှိချုပ် တစ်သိန်းကျော် ဝိုင်းတိုက်တာဆိုတော့ ဘယ်လောက်ကြောက်ဖို့ ကောင်းမလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။ အားကောင်းတဲ့ အလင်းရောင် ဖြာထွက်လာပြီး ဗလာနယ်မြေတစ်ခုလုံးကို မှောင်သွားစေပါတယ်။

ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ လက်တွေ့လောကကို ပြန်ရောက်သွားပါတယ်။

“ဆံဖြူအမျိုးသားက ဘယ်သူလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[ထိုလူ၏ကံကို တွက်ချက်မရပါ။ အမှန်တကယ် မတည်ရှိနိုင်သကဲ့သို့ အကောင်းစား ရတနာတစ်ပါး ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။]

ဟန်ကျွယ်ဟာ ချီယွမ်ရှန်ကူကို တွက်ချက်နိုင်ပေမဲ့ ဆံဖြူအမျိုးသားကိုတော့ မတွက်ချက်နိုင်ပါဘူး။ ဒါကြောင့် ဆံဖြူအမျိုးသားဟာ ချီယွမ်ရှန်ကူ မဟုတ်ဘူးဆိုတာ သိသာပါတယ်။

‘ဒီကောင်က ချီယွမ်ရှန်ကူ မဟုတ်ရင် ဘယ်သူလဲ... ချီယွမ်ရှန်ကူ မွေးဖွားလာတာက ဆံဖြူအမျိုးသား အတွက်လား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ချီယွမ်ရှန်ကူက ငါ့ကို ခြိမ်းခြောက်နိုင်လား”

[သင့်မူလသက်တမ်း နဟုတံ တစ်သိန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

(နဟုတံ တစ်သိန်း = တစ်နောက်တွင် သုည အလုံး ၄၀)

ဆက်တွက်မယ်။

[မခြိမ်းခြောက်နိုင်ပါ။ ချီယွမ်ရှန်ကူသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို မခံရလျှင် အတိုက်စွမ်းအား မရှိပါ။]

‘တစ်ယောက်ယောက် ထိန်းချုပ်တယ်...’ ဟန်ကျွယ်ဟာ ကြာပလ္လင်ပေါ်ကနေ ပျောက်ကွယ်သွားပြီး ချီယွမ်ရှန်ကူရှေ့ကို ရောက်သွားပါတယ်။

ချီယွမ်ရှန်ကူဟာ ဟန်ကျွယ်ကို တွေ့လိုက်ရလို့ ထိတ်လန့် တုန်လှုပ်ခြင်း မရှိပါဘူး။ ကြောက်ရမဲ့အစား ဟန်ကျွယ်နားကို ချဉ်းကပ်ပါတယ်။

ချီယွမ်ရှန်ကူရဲ့ မြွေပုံစံအသွင်က အေးစက်ပြီး ကြောက်စရာ ကောင်းတယ်လို့ ထင်ရပေမဲ့ ချီယွမ်ရှန်ကူက သူနဲ့ နီးနီးကပ်ကပ်နေချင်တာကို ဟန်ကျွယ် ရှင်းရှင်းလင်းလင်းကြီး ခံစားမိပါတယ်။

ဟန်ကျွယ်ဟာ လက်ဆန့်ပြီး ချီယွမ်ရှန်ကူရဲ့ ခေါင်းကို ထိလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို တည်ငြိမ်တဲ့ သူ့နှလုံးသားမှာ လှိုင်းဂယက်လေးတွေ ထသွားပါတယ်။ သူတို့နှစ်ယောက်က ထူးခြားတဲ့ ဆက်သွယ်မှု တစ်မျိုးကို တည်ဆောက်လိုက်ပါတယ်။

‘ငါ ချီယွမ်ရှန်ကူကို ထိန်းချုပ်ရင် ပိုပြီးတော့ မသင့်တော်ဘူးလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲက ဆံဖြူအမျိုးသားကို သတိမထားဘဲ မနေနိုင်ပါဘူး.

ဟန်ကျွယ်ဟာ ပုံဆောင်ခဲ ချီယွမ်ရှန်ကူကို ယူပြီး တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။

“နောက်ကျရင် ငါ့ဘေးမှာနေ” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

ချီယွမ်ရှန်ကူဟာ ဟန်ကျွယ်ရဲ့ လက်ဖဝါးထဲကနေ ပျံထွက်ပြီး နှစ်မီတာ ရှည်သွားပါတယ်။ ချီယွမ်ရှန်ကူဟာ အရင်တုန်းက နတ်ထူးဆန်းလိုမျိုး ဟန်ကျွယ်ကို ပတ်နေပါတယ်။

ဟန်ကျွယ်ဟာ ကျေနပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလ ကာလဒေသက သူ့အိမ်မွေးတိရစ္ဆာန်လေး ဖြစ်လာလို့ပါ။

ဟန်ကျွယ်ဟာ ထောင့်တစ်နေရာက နဝမပဋိပက္ခကို လှမ်းကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အခုထက်ထိ နဝမပဋိပက္ခကို ကျွန်ပြုလို့ မပြီးသေးပါဘူး။ ဟန်ကျွယ်ဟာ အခုအချိန်မှာ နဝမပဋိပက္ခကို မြန်မြန် ကျွန်ဖြစ်စေချင်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆံဖြူအမျိုးသားအကြောင်းကို သိလိုသိငြား မေးကြည့်ချင်လို့ပါ။

ဟန်ကျွယ်ဟာ အဆုံးမဲ့ခေတ်တစ်ခုလုံးကို ရှာဖွေပေမဲ့ ဆံဖြူအမျိုးသားကို မတွေ့ရပါဘူး။ ဆံဖြူအမျိုးသားက မမွေးဖွားသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသားကို မရှာနိုင်တဲ့အတွက် မြန်မြန် စွမ်းအားကြီးလာဖို့ပဲ ကြိုးစားရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ နောက်နှစ်ရာချီမှာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားတွေဟာ တစ်ယောက်ပြီး တစ်ယောက် ပြန်လာပါတယ်။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို ရသွားတဲ့ မျိုးဆက်တွေကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေကြပါပြီ။

.....

အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးရင်း နောက်ထပ် နှစ်သန်းငါးရာ ကြာသွားပါတယ်။

ဟန်ကျွယ်ဟာ အသက် ၁.၈ ဘီလီယံ ရှိသွားပါပြီ။ သူ့နာမည်က သက်ရှိအားလုံးရဲ့ မြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားပါပြီ။ မဟာတာအိုပညာရှိချုပ်အဆင့်ကို ရောက်မှပဲ သူ့တည်ရှိမှုကို ကြားနိုင်ပါ‌တော့တယ်။

ဟန်ကျွယ်ဟာ နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး အကြိမ်ငါးဆယ်ကို ထပ်စုဆောင်းမိသွားပါတယ်။ စနစ်ပေးတဲ့ ရွေးချယ်မှု ဆုလာဘ်ကတော့ တစ်ဘီလီယံပဲ တစ်ခါလာမှာပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဒီအတောအတွင်း သူ့ကျင့်ကြံမှုက အများကြီး တိုးလာလို့ပါ။ စွမ်းအားကြီးလာတဲ့ ခံစားချက်က တကယ့်ကို အံ့ဖွယ်ပါ။

အန္တိမမူလကမ္ဘာဟာ နောက်ထပ် အထွတ်အထိပ် နိယာမ နှစ်ပါးကို ထပ်ရလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအထွတ်အထိပ် နိယာမ နှစ်ပါးကိုလည်း ဝှက်ထားပါတယ်။ ဒါပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အန္တိမမူလကမ္ဘာ အင်အားကြီးလာတာကို ကြည့်ပြီး ဟန်ကျွယ် စွမ်းအားပိုကြီးလာတာကို ခန့်မှန်းနိုင်ကြပါတယ်။

အန္တိမမူလကမ္ဘာမှာ မဟာတာအိုကမ္ဘာ တစ်ကမ္ဘာလည်း ပေါ်လာပါတယ်။ အန္တိမမူလကမ္ဘာက ဖန်တီးရှင်သခင် အဆင့်ရှိတဲ့အတွက် တခြား မဟာတာအိုကမ္ဘာတွေ ဝင်ဆံ့ပြီ ပဋိပက္ခလို ဝါးမျိုမပစ်ပါဘူး။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ယောက်ယောက်က အန္တိမမူလကမ္ဘာထဲမှာ မဟာတာအိုကမ္ဘာကို အောင်မြင်စွာ တည်ထောင်နိုင်တာ မြင်ရတဲ့အတွက် ဖိအားတွေ လျော့သွားပါတယ်။ အန္တိမမူလကမ္ဘာက တခြားမဟာတာအိုကမ္ဘာတွေ ဝင်ဆံ့တဲ့သတင်း ပျံ့နှံ့သွားတဲ့အခါ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အန္တိမမူလကမ္ဘာထဲကို ပိုပိုပြီးတော့ ဝင်ရောက်လာကြပါတယ်။

ဟန်ကျွယ်ဟာ သူ့ဘေးမှာ တရားထိုင်နေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်ပါတယ်။ နဝမပဋိပက္ခပါ။ နဝမပဋိပက္ခဟာ အောင်မြင်စွာ ကျွန်ပြုခံရပြီး အန္တိမမူလသက်ရှိအဖြစ် ပြောင်းလဲသွားပါတယ်။

နဝမပဋိပက္ခဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို အာရုံခံမိတာကြောင့် မျက်လုံးဖွင့်ပြီး တရိုတသေ ဦးညွှတ်ပါတယ်။ ချီယွမ်ရှန်ကူကလည်း စပ်စုချင်တဲ့အတွက် နဝမပဋိပက္ခနားကို ရောက်လာပါတယ်။

“မင်းရဲ့ အတွင်းနတ်ဆိုး ဘယ်မှာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။

နဝမပဋိပက္ခ “ကျွန်တော်လည်း သေချာမသိဘူး၊ ကျွန်တော် သူ့ကို ခွဲထုတ်တုန်းက တစ်ခါတည်း အဆက်အသွယ် ဖြတ်လိုက်တာ၊ ကျွန်တော် သူနဲ့ နောက်ဆုံး ဆက်သွယ်တုန်းက ကျွန်တော် သခင့်ကို အကောက်ကြံဖို့ စီစဉ်နေတာ၊ အဲဒီတုန်းက ကျွန်တော် ကျရှုံးဖို့ ပြင်ဆင်ပြီးပြီ၊ အဲဒါကြောင့် ကျွန်တော် သူ့ကို လုံးဝ ခွဲထုတ်လိုက်တာ၊ သူ ဘယ်မှာလဲ ဘာလုပ်နေလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိဘူး”

ကြည့်ရတာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ ရလဒ်က နဝမပဋိပက္ခကို သတိပေးမိလိုက်သလို ဖြစ်သွားတယ်နဲ့ တူပါတယ်။ နဝမပဋိပက္ခက ငတုံးမဟုတ်တော့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်တာ သဘာဝကျပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို နည်းနည်း လေးစားသွားပါတယ်။ ဒါက အန္တိမမူလ ကောင်းကင်ထောင်ကနေ ပထမဆုံး လွတ်မြောက်တဲ့ ရန်သူဖြစ်ပြီး သူ့ကို ကလဲ့စားချေဦးမှာပါ။

“မင်း ဒီလူကို သိလား”

ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့မှာ ဆံဖြူအမျိုးသားရဲ့ ရုပ်သွင် ပေါ်လာပါတယ်။

နဝမပဋိပက္ခဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော် သူ့ကို မသိဘူး၊ ဒါပေမဲ့ ကျွန်တော် သူကို မြင်ဖူးတယ်၊ ဟိုးအရင် ကျွန်တော် နိယာမတွေကို သုံးသပ်နားလည်တုန်းက သူ့ကို အိပ်မက် မက်ဖူးတယ်၊ သူက ကျွန်တော့်နေရာကို ဝင်ယူပြီး သက်ရှိအားလုံးရဲ့ ခုခံမှုကို ရင်ဆိုင်တယ်၊ ဒီအိပ်မက်ကို ကျွန်တော် တစ်ကြိမ်တည်း မက်တာ မဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်တော် သတိကြီးကြီးထားပြီး တာအိုဖန်တီးရှင်တိုင်းကို ဖိနှိပ်တာ၊ ဒါပေမဲ့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာတာတောင် သူက တစ်ခါမှ ပေါ်မလာခဲ့ဘူး၊ အဲဒါကြောင့် ကျွန်တော်လည်း အဲဒီကိစ္စကို လွှတ်ထားလိုက်တယ်”

‘နဝမပဋိပက္ခကလည်း ဒီကောင်ကို အိပ်မက်ထဲမှာ မြင်ဖူးတာလား’ ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ် ‘ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တိုင်း ဒီဆံဖြူအမျိုးသားကို ရင်ဆိုင်ရတာလား’

ဟန်ကျွယ်ဟာ မေးခွန်းတချို့ ထပ်မေးပါတယ်။ နဝမပဋိပက္ခဟာ သူသိသမျှ အကုန်လုံး ပြောပြပါတယ်။ နဝမပဋိပက္ခရဲ့ ဗလာနယ်မြေအပေါ် နားလည်မှုက ဟန်ကျွယ်ကို မမီပါဘူး။ နဝမပဋိပက္ခဟာ အခြေခံနိယာမကိုတောင် မသိပါဘူး။

နဝမပဋိပက္ခဟာ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့် ရောက်နေပေမဲ့ ဖန်တီးရှင်သခင်ဖြစ်လာဖို့ အဝေးကြီး အဝေးကြီး လိုနေပါသေးတယ်။

“အပြင်ထွက်... ငါ့ကို မသက်ရောက်ရင် မင်းကြိုက်တဲ့နေရာ နေလို့ရတယ်”

“ဟုတ်ကဲ့ပါ”

နဝမပဋိပက္ခဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး နဝမပဋိပက္ခကို အပြင်ပို့လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသား အကြောင်းကို ဆက်ပြီးတော့ တွေးပါတယ် ‘ဒီကောင်က ဘယ်သူလဲ၊ ဗလာနယ်မြေရဲ့ စိတ်ဆန္ဒကနေ ဖြစ်တည်လာတာလား၊ ဗလာနယ်မြေ၊ အမျိုးအမည်မသိရတဲ့ နေရာ’

နဝမပဋိပက္ခဟာ ဧရာမ နတ်သစ်ပင်ကြီးအောက်မှာ ပေါ်လာပါတယ်။ နဝမပဋိပက္ခဟာ ကော်ဇောပေါ်ထိုင်ပြီး လက်ဝှေ့ယမ်းကာ ပဋိပက္ခရှစ်ပါးရဲ့ စိတ်ဆန္ဒကို ဖန်တီးလိုက်ပါတယ်။

ပထမပဋိပက္ခဟာ နဝမပဋိပက္ခကို တအံ့တဩကြည့်ပြီး မေးလိုက်ပါတယ် “မင်း အသက်ရှင်နေသေးတာလား”

နဝမပဋိပက္ခ “ဟုတ်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကရုဏာကြီးတယ်၊ ငါတို့ကို မသတ်ဘူး”

တခြား ပဋိပက္ခစိတ်ဆန္ဒတွေလည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကြပါတယ်။ သူတို့တွေဟာ နဝမပဋိပက္ခရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။ သူတို့တွေဟာ နဝမပဋိပက္ခက ဟန်ကျွယ်နဲ့ သူသေကိုယ်သေ တိုက်ခိုက်မှာကို ကြောက်နေကြတာပါ။

နဝမပဋိပက္ခနဲ့ ဟန်ကျွယ်ရဲ့ စွမ်းအား ကွာခြားချက်က ကြီးမားလွန်းပါတယ်။ သူသေကိုယ်သေ တိုက်ခိုက်လို့ သူတို့အတွက် ဘာအကျိုးမှ မရှိပါဘူး။

နဝမပဋိပက္ခက ဆက်ပြောပါတယ် “နောက်ကျရင် မင်းတို့တွေ ဒီမှာပဲ ကျင့်ကြံအားထုတ်ကြ၊ နှစ်ဆယ်ဘီလီယံအတွင်းမှာ ငါ သက်ရှိတွေရဲ့ အရေးကိစ္စထဲ ဝင်ပါမှာ မဟုတ်ဘူး၊ မင်းတို့လည်း မင်းတို့ရဲ့ စွဲလမ်းမှုတွေကို ဘေးဖယ်ပြီး ကျင့်ကြံမှုကို အာရုံစိုက်ကြ”

 တခြားပဋိပက္ခတွေဟာ နဝမပဋိပက္ခရဲ့ စကားကို မကန့်ကွက်ကြပါဘူး။ ဒီအချိန်မှာ တခြားရုပ်သွင်တွေလည်း ပေါ်လာပါတယ်။ သဏ္ဍာန်မဲ့နတ်မင်း၊ ယင်ယန်ချွမ်တုနတ်မင်း၊ ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ပါ။

သူတို့တွေဟာ နဝမပဋိပက္ခကို တွေ့လိုက်ရတဲ့အတွက် အံ့ဩထိတ်လန့်သွားကြပါတယ်။

နဝမပဋိပက္ခဟာ အရင်တုန်းက သူတို့ကို ဆက်သွယ်ခဲ့ပေမဲ့ လူမြင်ကွင်းမှာ ပေါ်မလာခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ နဝမပဋိပက္ခက သူ့ရဲ့ရောင်ဝါကို လုံးဝ မဖုံးကွယ်ပါဘူး။ ဒီအချက်က သူတို့တွေကို ပဟေဠိ ဖြစ်စေပါတယ်။

‘သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှာတွေ့သွားမှာကို မကြောက်ဘူးလား’

မြန်မာပြည် ငြိမ်းချမ်းပါစေ.

All Chapters