← Chapters

အန္တိမမူလကမ္ဘာ ဗလာနယ်မြေကို အစားထိုးခြင်း

Vol. 112 Ch. 1168

အန္တိမမူလကမ္ဘာ ဗလာနယ်မြေကို အစားထိုးခြင်း

Vol. 112 Ch. 1168

နဝမပဋိပက္ခဟာ တာအိုဖန်တီးရှင် လေးပါးကို ရင်ဆိုင်ရပေမဲ့ မျက်နှာအမူအရာ လုံးဝ ပြောင်းမသွားပါဘူး။

ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “မင်း ဘာလုပ်နေတာလဲ”

ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ စိတ်ထဲမှာ အထိတ်တလန့် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နဝမပဋိပက္ခရဲ့ အမှောင်ခြမ်းနဲ့ လျှို့ဝှက် သဘောတူညီမှု လုပ်ထားလို့ပါ။ အခု နဝမပဋိပက္ခက ရုတ်တရက်ကြီး ပေါ်လာတော့ သူတို့တွေ အငိုက်မိသွားပါတယ်။

နဝမပဋိပက္ခက ပြန်ဖြေပါတယ် “ဖန်တီးရှင်က ငါ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးပြီး အခွင့်အရေးတစ်ကြိမ် ပေးတယ်၊ အခုချိန်ကစပြီး ငါ ကျင့်ကြံတာပဲ အာရုံစိုက်မယ်၊ တခြားကိစ္စတွေမှာ ဝင်မပါဘူး၊ ငါ့ရဲ့ အတွင်းနတ်ဆိုးတွေကတော့ သူတို့တွေ ဖန်တီးရှင်နဲ့ ရန်သူဖြစ်လာရင် ငါ့ရဲ့ ရန်သူပဲ”

တာအိုဖန်တီးရှင်လေးပါးဟာ နဝမပဋိပက္ခက ဟန်ကျွယ်ကို လုံးဝ အညံ့ခံလိုက်ပြီဆိုတာ ချက်ချင်း နားလည်လိုက်ပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းပဲ ဘာဖြစ်သွားတယ်ဆိုတာကို သိပါတယ်။ တခြား တာအိုဖန်တီးရှင်သုံးပါးကတော့ အံ့ဩတုန်လှုပ်သွားကြပါတယ်။

တစ်ခါက အစွမ်းအထက်ဆုံး ဖြစ်ခဲ့တဲ့ နဝမပဋိပက္ခတောင် ဒီလိုအခြေအနေကို ရောက်သွားပြီ မဟုတ်ပါလား။

အရင်တုန်းက သူတို့တွေဟာ နဝမပဋိပက္ခရဲ့ အမှောင်ခြမ်းအတွက် မျှော်လင့်ချက် နည်းနည်း ရှိပါသေးတယ်။ ဒါပေမဲ့ အခုတော့ နဝမပဋိပက္ခရဲ့ အမှောင်ခြမ်းက သူ့ပင်မခန္ဓာကိုယ်နဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မှာပါ။

ပဋိပက္ခသိစိတ်တောင် မျှော်လင့်ချက် မရှိတော့ပါဘူး။

တာအိုဖန်တီးရှင် လေးပါးဟာ ဆက်မမေးတော့ဘဲ ထွက်ခွာသွားကြပါတယ်။

နဝမပဋိပက္ခဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “တကယ်တော့ ဒါက ကောင်းတဲ့ကိစ္စပဲ၊ အစွမ်းအထက်ဆုံး ကန့်သတ်မှု မရှိရင် ငါ အဆင့်ထိုးဖောက်ဖို့ ပိုလွယ်လိမ့်မယ်”

အရင်တုန်းက နဝမပဋိပက္ခဟာ ကျင့်ကြံတာတောင် စိတ်အေးလက်အေး မကျင့်ကြံရပါဘူး။ အငယ်တွေ ကျော်တက်သွားမှာကို စိုးရိမ်ခဲ့ရပါတယ်။ အဆင့်ထိုးဖောက်လို့ မအောင်မြင်ဘဲ တန်ပြန်ထိမှာကိုလည်း ကြောက်ခဲ့ရပါတယ်။ ပဋိပက္ခ ပျက်စီးသွားမှာကိုလည်း စိုးရိမ်ခဲ့ပါတယ်။

နဝမပဋိပက္ခဟာ စိတ်ပူစရာတွေ များလွန်းတဲ့အတွက် စိတ်ချလက်ချကို မကျင့်ကြံခဲ့ရပါဘူး။

နဝမပဋိပက္ခ ပေါ်လာတာက အဆုံးမဲ့ခေတ်ကို ဘာမှ မသက်ရောက်စေပါဘူး။ အန္တိမမူလကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ ပဋိပက္ခ ပြန်ဖြစ်တည်လာတာကို တာအိုဖန်တီးရှင်တွေကလွဲပြီး ဘယ်သူမှ မသိကြပါဘူး။

နဝမပဋိပက္ခဟာ အန္တိမမူလသက်ရှိ ဖြစ်လာပါပြီ။ ဒါကြောင့် သူ့ရဲ့ မဟာတာအိုကမ္ဘာကလည်း အန္တိမမူလကမ္ဘာမှာ မွေးဖွားလာတာပါ။ ဒီလိုဆိုပေမဲ့ နဝမပဋိပက္ခဟာ သူ့မဟာတာအိုကမ္ဘာကို အပြင်ဘက် ရွှေ့လို့ရပါတယ်။ ဒါပေမဲ့ နဝမပဋိပက္ခဟာ မရွှေ့ပါဘူး။

ပဋိပက္ခက အန္တိမမူလကမ္ဘာရဲ့ ကာကွယ်မှုအောက်မှာ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။ မဟုတ်ရင် သူ့ အတွင်းနတ်ဆိုး အသုံးချတာကို ခံရနိုင်ပါတယ်။

နဝမပဋိပက္ခဟာ အန္တိမမူလ ကောင်းကင်ထောင်က ထွက်လာပြီးနောက် ဟန်ကျွယ်အပေါ်ကို အကြွင်းမဲ့ သစ္စာရှိသွားပါတယ်။ ဒါကြောင့်လည်း သူ့အတွင်းနတ်ဆိုးကို ရန်သူလို့ သဘောထားပြီး သတိကြီးကြီးထားပါတယ်။

ဟန်ကျွယ်ဟာ ထပ်ပြီးတော့ တံခါးပိတ်ကျင့်ကြံပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်သန်း ၂၀၀ ကုန်ဆုံးသွားပါတယ်။

[သင်သည် အသက် ၂ ဘီလီယံ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေလှမ်းကြီးတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါ‌ ရွေးချယ်မှုများ ရှိသည်။]

[၁။ တံခါးပိတ် ကျင့်ကြံရာမှ ချက်ချင်းထွက်၍ သက်ရှိအားလုံးကို ရှင်းလင်းပါ။ သင်ပိုင်ဆိုင်သော သက်ရှိများကို ဖန်တီးပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

[၂။ သင်၏ မူလ ရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]

ရွေးချယ်မှု နှစ်ခုစလုံးရဲ့ ဆုလာဘ်တွေက အတူတူပါပဲ။ စနစ်လုပ်ဆောင်ချက် အဆင့်မြှင့်တာကတော့ ဟန်ကျွယ်အတွက် စပရိုက်လို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စနစ်ရဲ့ ဘယ်လုပ်ဆောင်ချက်ကို အဆင့်မြှင့်ရမလဲဆိုတာာ စဉ်းစားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသားကို တွေးမိလိုက်ပါတယ်။

“တွက်ချက်မှု လုပ်‌ဆောင်ချက်ကို အဆင့်မြှင့်မယ်”

[တွက်ချက်မှု လုပ်ဆောင်ချက်သည် သင့်ကျင့်ကြံမှုနှင့်အတူ တိုးတက်သည်။ အဆင့် ထပ်မြှင့်၍ မရပါ။]

‘မရဘူးလား... မရရင်လည်း ထားလိုက်ပါတော့’

အခုအချိန်မှာ ဟန်ကျွယ်ဟာ စနစ်ကို အားမကိုးတော့ပါဘူး။ စနစ်က ဟန်ကျွယ်အတွက် ပျော်စရာတစ်ခုပါ။

“ဟင်း... ဘာလိုလိုနဲ့ ငါတောင် အသက် ၂ ဘီလီယံ ရှိသွားပြီပဲ” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်အတွက် အချိန်က အဓိပ္ပာယ်မရှိတော့ပေမဲ့ စနစ်ရဲ့ သတိပေးမှုကြောင့် ဟန်ကျွယ်ဟာ အတိတ်ကို ပြန်လွမ်းဆွတ်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ငြိမ်သွားတဲ့အခါ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ ပန်းတိုင်ကို ရှာတွေ့သွားပါပြီ။ သူမရဲ့ ပန်းတိုင်က ဘာမှမဟုတ်သေးတဲ့ ကျင့်ကြံသူတွေကို အခွင့်အရေးပေးတာပါ။ ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံသူ အမြောက်အမြားကို ကူညီပြီး နောက်ဆုံး စွမ်းအားကြီးလာတဲ့ ကျင့်ကြံသူ အရေအတွက်လည်း တော်‌တော် အထင်ကြီးဖို့ ကောင်းပါတယ်။

ဒီလိုကူညီမှုကြောင့် ကျင့်ကြံသူတွေဟာ ရှင်းဟုန်ရွှမ်ဟာ ဘွဲ့အမည်နာမတစ်ခု ပေးအပ်ကြပါတယ်။

အိပ်မက်မယ်တော်။

ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံသူလေးတွေကို အိပ်မက်ထဲမှာ အခွင့်အရေးတွေ ပေးအပ်ပြီး ရေစက်ပါတဲ့လူ ဘေးနားကို ပို့ပေးပါတယ်။

အခွင့်အရေးရတဲ့လူတိုင်း အိပ်မက်ထဲမှာ ရှင်းဟုန်ရွှမ်ရဲ့ အသွင်ကို မြင်နိုင်ပြီး အသံကို ကြားနိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ရှင်းဟုန်ရွှမ်ရဲ့ မူလအသွင်ကိုတော့ မမြင်နိုင်ကြပါဘူး။

ဟန်ကျွယ်ဟာ ရယ်ချင်ပေမဲ့ ဘာမှ မလုပ်နိုင်ပါဘူး။ သက်ရှိတွေက စွမ်းအားကြီးမားတဲ့ နတ်သမီးတိုင်းလိုလိုကို မယ်တော်လို့ ခေါ်ကြတာပါ။

ရှင်းဟုန်ရွှမ်ဟာ ဒီအိပ်မက်မယ်တော် နာမည်နဲ့တင် အလွန်များပြားတဲ့ သက်ဝင်ယုံကြည်မှုစွမ်းအားကို စုဆောင်းမိသွားပါတယ်။ သူ့ကျင့်ကြံမှုကလည်း တိုးလာပြီး မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါတယ်။

ရှင်းဟုန်ရွှမ်က တကယ်ကို လမ်းမှန် ရှာတွေ့သွားတာပါ။

ရှင်းဟုန်ရွှမ်ဟာ သူ ပထမဆုံး အခွင့်အရေးပေးခဲ့တဲ့ ကျင့်ကြံသူတွေ စွမ်းအားကြီးမားလာတာကို ကြည့်ပြီး အောင်မြင်မှု အရသာကို ခံစားလိုက်ရပါတယ်။ လူတိုင်းရဲ့ ကြီးပြင်းပုံက မတူညီကြတဲ့အတွက် ရှင်းဟုန်ရွှမ်ကို အလွန် မြင့်မြတ်တယ်လို့ ခံစားရစေပါတယ်။ ဒီခံစားချက်ကြောင့်ပဲ ရှင်းဟုန်ရွှမ်ဟာ ဒီလိုကူညီရတာကို ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က အဆင်ပြေနေတဲ့အတွက် ဒီအတိုင်းပဲ ထားလိုက်ပါတယ်။

တခြား တာအိုလက်တွဲဖော်တွေကတော့ လီယောင်ဟာ သူမရဲ့ ပထမဆုံး အထွတ်အထိပ် နိယာမကို ခဲနိုင်လိုက်ပါပြီ။ ချင်းလွမ်အာ၊ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်၊ ဝူတောက်ကျန့်၊ ချန်ယွီအာ၊ မော့ကျူနဲ့ ကျန်တဲ့လူတွေကတော့ ကြိုးစားနေကြတုန်းပါ။

သူတို့တွေဟာ အပြင်ထွက်ခဲပြီး ကျင့်ကြံရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေပါတယ်။ သူတို့တွေဟာ စိတ်နှလုံး ဖြူစင်ပြီး လိုအင်ဆန္ဒတွေ နည်းပါး?တယ်လို့ ပြောလို့ရပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ် အများစုလိုပဲ ဆန္ဒမရှိတဲ့ အခြေအနေကို ရောက်နေကြပါပြီ။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဆန်းကြယ်နယ်မြေကို ကြည့်လိုက်ပါတယ်။

မူလ‌လောကဦးဟာ လွန်ခဲ့တဲ့ နှစ်သန်းရာချီကတည်းက ဆုတ်ခွာသွားခဲ့ပါတယ်။ တာအိုဆန်းကြယ် နယ်မြေဟာ သူတို့အနိုင်ရတယ် ထင်ပြီး စိတ်ဓာတ်တွေ တက်ကြွကာ သူတို့နယ်မြေကို အဆပေါင်း ဒါဇင်ကျော်လောက် ချဲ့ထွင်လိုက်ပါတယ်။

အဲဒီနောက် လောကဦးပဋိပက္ခ သုံးပါးဟာ လောကဦးပဋိပက္ခ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြပါတယ်။ တစ်ချို့တွေက မူလလောကဦး တာအိုဆန်းကြယ်နယ်မြေကို ရှုံးသွားတယ်လို့တောင် ဟာသလုပ် ပြောကြပါတယ်။

တကယ်တော့ မူလလောကဦးက သူ့ဘာသာ ဆုတ်ခွာသွားတာပါ။

လောကဦးပဋိပက္ခ သုံးပါး ပေါင်းစပ်ပြီးနောက် ဟန်ဟွမ်တို့ သုံးယောက်ရဲ့ ကျင့်ကြံမှုဟာ ကိုယ်ပွားတွေလိုမျိုး ပတ်သက် ဆက်နွှယ်သွားကြပါတယ်။ လောကဦးပဋိပက္ခကလည်း ဒုတိယ အထွတ်အထိပ် နိယာမကို မွေးဖွားလာပါတယ်။ လောကဦးနတ်ဘီလူးသုံးပါးရဲ့ ကျင့်ကြံမှုတွေကလည်း ဆက်တိုက် တိုးတက်လာပါတယ်။ တာအိုဖန်တီးရှင်အဆင့်အောက်မှာ သူတို့သုံးယောက်ရဲ့ ပူးပေါင်းအားကို ဘယ်သူမှ အနိုင်မယူနိုင်ကြပါဘူး။

‘မဆိုးဘူး... ဒီလမ်းက အလုပ်ဖြစ်သားပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟန်ဟွမ်နဲ့ ဟွမ်ဇွမ်တျန် နှစ်ယောက်စလုံးက ဟန်ကျွယ်ရဲ့ လူတွေပါ။ အဲဒါကြောင့် မူလလောကဦး ပြဿနာရှာဖို့ဆိုတာ မလွယ်လှပါဘူး‌။

အနာဂတ် ကောင်းကင်အရှင်ရွှင်က လောကဦးနတ်ဘီလူး သုံးပါးရဲ့ ပူးပေါင်းအားအောက်မှာ ရှုံးနိမ့်ပြီး ဆန်းကြယ်စွမ်းအား တစ်မျိုးကြောင့် အသက်ဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စနောက်ပိုင်း တာအိုဖန်တီးရှင်တွေ မသေနိုင်တဲ့ ဒဏ္ဍာရီဟာ ပျက်စီးပြီး တာအိုဖန်တီးရှင်တွေ အကုန်လုံး တုန်လှုပ်ချောက်ချားလာကြပါတယ်။

လောကဦးနတ်ဘီလူးကတော့ ဖန်တီးရှင်နဲ့ ယှဉ်နိုင်တဲ့ အစွမ်းအထက်ဆုံး တာအိုဖန်တီးရှင်တွေ ဖြစ်လာကြပါတယ်။ ဒါက သူတို့တွေရဲ့ အတွေးပါ။ သူတို့တွေ ဖန်တီးရှင်သခင် အဆင့်ကို မရောက်မချင်း ဟန်ကျွယ်ရှေ့မှာ ပုရွက်ဆိတ်သာသာပဲ ရှိပါတယ်။

သူတို့တွေ အဆင့်တက်နိုင် မတက်နိုင်ကတော့ သူတို့ရဲ့ သွေးစည်းတွေ ပေါင်းစပ်ပြီး တိုးတက်မှုအပေါ် မူတည်ပါတယ်။

‘ဆံဖြူအမျိုးသား နောက်မှာရှိတဲ့ နတ်ဆိုးရုပ်တုသုံးရုပ်က လောကဦးနတ်ဘီလူး သုံးပါးလား... ဒါပေမဲ့ သူ့ကို တိုက်ခိုက်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေထဲမှာ သူတို့တွေ ပါနေတာပဲ... ဒါက အဓိပ္ပာယ်မရှိဘူး’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆံဖြူအမျိုးသားကို တွေးမိတိုင်း စိတ်လေးသွားလို့ပါ။

ဟန်ကျွယ်ရဲ့ လက်ရှိအမြင့်မှာ အမျိုးအမည်မသိတဲ့ စွမ်းအားက ခြိမ်းခြောက်မှုပါ။

ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်းကို ချက်ချင်း အိပ်မက်ပေးပြီး အဆုံးမဲ့ခေတ်ကို စောင့်ကြည့်ခိုင်းပါတယ်။ ဆံဖြူအမျိုးသား ပေါ်လာရင် ချက်ချင်း ပြောဖို့လည်း ညွှန်ကြားလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းကိုတော့ ဟန်ကျွယ်ဟာ အလုံးစုံ မယုံကြည်ပါဘူး။ သဏ္ဍာန်မဲ့နတ်မင်းက အခုအချိန်မှာ ရိုးသားနေပေမဲ့ အနာဂတ်မှာ ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။

တကယ်တော့ ဟန်ကျွယ်အတွက် နောက်တစ်နည်း ရှိပါသေးတယ်။ အဲဒါက သက်ရှိအားလုံးကို ဖျက်ဆီးပြီး သက်ရှိအသစ်တွေကို အစကနေ ပြန်ဖန်တီးဖို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီနည်းလမ်းက ပိုပြီးတော့ အလုပ်မဖြစ်နိုင်ဘူးလို့ ခံစားရပါတယ်။

ဟန်ကျွယ်ဟာ သူ အဲဒီလိုလုပ်တာနဲ့ အခြေခံနိယာမက သူ့ကို ဆန့်ကျင်လိမ့်မယ်လို့ ခံစားချက် ရနေပါတယ်။ ဖန်တီးရှင်သခင်ရဲ့ ခံစားချက်က အခြေခံအားဖြင့် မှန်ကန်ပါတယ်။

‘ငါ့မှာ လုံလောက်တဲ့စွမ်းအား မရှိသေးဘူးပဲ၊ အန္တိမမူလကမ္ဘာက ဗလာနယ်မြေကို အစားထိုးသွားမှပဲ ငါ တကယ်ကို ပြိုင်ဘက်ကင်းလိမ့်မယ်နဲ့ တူတယ်’ ဟန်ကျွယ်ဟာ ဒီအတွေးကြောင့် အန္တိမမူလကမ္ဘာရဲ့ ရှေ့ရေးကို မျှော်ကြည့်မိလိုက်ပါတယ်။

အခုအချိန်မှာလည်း အန္တိမမူလကမ္ဘာက မဟာတာအိုကမ္ဘာ တစ်ကမ္ဘာကို ဝင်ဆံ့တော့ ဗလာနယ်မြေ သေးသေးလေးလို့ ပြောလို့ရပါတယ်။ အန္တိမမူလကမ္ဘာက တစ်နေ့ကျရင် ဗလာနယ်မြေကို ဖုံးလွှမ်းသွားမှာ သေချာပါတယ်။ ဘယ်လောက်ကြာအောင် အချိန်ယူရမယ်ဆိုတာတော့ ဟန်ကျွယ် လောလောဆယ်မှာ မခန့်မှန်းတတ်သေးပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters