← Chapters

ခေတ်ပြောင်းခြင်း

Vol. 112 Ch. 1169

ခေတ်ပြောင်းခြင်း

Vol. 112 Ch. 1169

လောကဦးပဋိပက္ခ။

လောကဦးပဋိပက္ခသုံးပါး ပေါင်းစည်းပြီးကတည်းက လောကဦးပဋိပက္ခဟာ အဆုံးမဲ့ခေတ်မှာ အန္တိမမူလကမ္ဘာပြီးရင် အကြီးဆုံး မဟာတာအိုကမ္ဘာ ဖြစ်လာပါတယ်။

တာအိုဖန်တီးရှင်တွေကတော့ သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေဟာ ပဋိပက္ခနဲ့ ပေါင်းစပ်သွားခဲ့တာကြောင့် ပဋိပက္ခ ကွဲကြေတဲ့အခါ သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေဟာ ကမ္ဘာအမြောက်အမြားအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ သူတို့ရဲ့ မဟာတာအိုကမ္ဘာကို တိတ်တိတ်လေး ပြန်ဖန်တီးထားနိုင်ပါတယ်။ အခုထိတော့ ဘယ်သူမှ မသိသေးပါဘူး.

အခုအချိန်မှာ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးဟာ ဟန်ဟွမ်က တာအိုဘိုးဘေးထက်အရင် တာအိုဖန်တီးရှင် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ လောကဦးနတ်ဘီလူး သုံးပါးက တာအိုတစ်ခုတည်းကို သုံးသပ်နားလည်တဲ့အတွက် သူတို့ရဲ့ အထွတ်အထိပ် နိယာမ အရေအတွက်က တာအိုဘိုးဘေးကို လိုက်မီလာပါတယ်။

အဆုံးမဲ့ခေတ်က လူတိုင်းဟာ အမြင်အမျိုးမျိုး ရှိကြာပေမဲ့ ကာယကံရှင်တွေ ဖြစ်တဲ့ လောကဦးနတ်ဘီလူး သုံးပါးနဲ့ တာအိုဘိုးဘေးကတော့ ပေါ်မလာပါဘူး။ သူတို့တွေဟာ တာအိုဖန်တီးရှင်အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်ဖို့ ကြိုးစားအားထုတ်နေကြပါတယ်။

သူတို့ရဲ့ ကြိုးစားအားထုတ်မှုက တခြား ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း လှုံ့ဆော်ပေးလိုက်ပါတယ်။ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ရှိတဲ့ ကျင့်ကြံသူတွေဟာ သက်ရှိအားလုံးရဲ့ မြင်ကွင်းထဲကနေ ပိုပိုပြီးတော့ ပျောက်ကွယ်လာပါတယ်။ အသစ်နဲ့ အဟောင်း လဲလှယ်တာက ဓမ္မတာတစ်ခုပါ။

ရှည်လျားကြာညောင်းတဲ့ နှစ်တွေမှာ နာမည်ကြီးတဲ့လူတွေ အရည်အချင်းရှိတဲ့လူတွေ အများကြီး ထွက်ပေါ်လာပါတယ်။

ပဋိပက္ခ အစည်းအဝေးကလည်း ဆက်လက် ကျင်းပတုန်းပါ။ ဒီခေတ်က အဆုံးမဲ့ခေတ်ကစလို့ အစည်ကားဆုံး ခေတ်တစ်ခေတ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ပဋိပက္ခအစည်းအဝေးမှာ အကြွင်းမဲ့ ပါရမီရှင် ဆယ်ပါးက ခေတ်သစ်မှာ မွေးဖွားလာတဲ့ သက်ရှိတွေချည်းပါပဲ။

အဆုံးမဲ့ခေတ်မှာ မွေးဖွားလာတဲ့ မျိုးနွယ်စုတွေဟာ တဖြည်းဖြည်း အင်အားကြီးမားလာကြပါတယ်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို မဟာတာအိုကမ္ဘာ ဒါဇင်ကျော်က ဝန်းရံထားပါတယ်။ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ အောက်မှာတော့ ဟန်လင်ရဲ့ မဟာတာအိုကမ္ဘာ တည်ရှိပါတယ်။ ဟန်လင်ရဲ့ မဟာတာအိုကမ္ဘာဟာ ဒီနေရာမှာ အကျယ်ပြန့်ဆုံး ဖြစ်ပြီး သက်ရှိအမြောက်အမြား ဝင်ချည်ထွက်ချည်နဲ့ အလုပ်ရှုပ်နေကြပါတယ်။

ဖန်တီးရှင် ဧကရာဇ်ရုံးတော်ရဲ့ ပင်မနန်းတော်မှာ ဟန်လင်ဟာ ပလ္လင်ပေါ် ထိုင်နေပါတယ်။ သူမခန္ဓာကိုယ်က နတ်အလင်းရောင်တွေဟာ တော်တော်လေး လေးနက်နေပါတယ်။

ခန်းမထဲမှာတော့ လူသုံးယောက် ရှိနေပါတယ်။ ဟန်ယောင်၊ ဟန်ယဲ့နဲ့ ဟန်ပါရှန်တို့ပါ။ ဟန်ယဲ့ဟာ ကျန်တဲ့နှစ်ယောက်ရဲ့ ချုပ်ကိုင်မှုကြောင့် ကြမ်းပြင်ပေါ် ဒူးထောက်နေရပြီး မလှုပ်ရှားနိုင်ပါဘူး။

“ဟန်ယဲ့... နင့်အမှားကို သိလား”

ဟန်လင်ရဲ့အသံဟာ ခံစားချက် ကင်းမဲ့ပါတယ်။

ဟန်ယဲ့ဟာ မော့ကြည့်ပြီး အံကြိတ် ပြောလိုက်ပါတယ် “ကျွန်တော်လုပ်တာ ဘာမှားလို့လဲ၊ ကျွန်တော်က စွမ်းအားပိုကြီးလာချင်ရုံပဲ၊ ဧကရာဇ်လည်း ဧကရာဇ်စစ်သားတွေကို သန့်စင်ဖို့ သက်ရှိတွေ ဖမ်းတာပဲ မဟုတ်ဘူးလား၊ ကျွန်တော့်ကိုယ် ကျွန်တော် စွမ်းအားကြီးအောင်လုပ်တာ ဘာမှားလို့လဲ၊ ကျွန်တော်သတ်တဲ့ သက်ရှိတွေက ဖန်တီးရှင်ဧကရာဇ်ရုံးတော်နဲ့ ဘာမှ မပတ်သက်ဘူး၊ ငြိမ်းချမ်းရေးက အမြဲတည်မြဲလိမ့်မယ်လို့ ဧကရာဇ် ထင်နေတာလား”

ဟန်လင်ဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ယောင်က ဒေါသတကြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီးက အဲဒီသက်ရှိတွေကို လွှတ်ပေးပြီး အလျော်လည်း ပေးပြီးပြီ၊ နောက်ပြီး မင်းသတ်တဲ့ သက်ရှိတွေက နည်းနည်းလေးလား၊ မင်း သတ်တာ အရမ်းများလွန်းတယ်၊ မင်းသတ်တဲ့ သက်ရှိတွေကို စုလိုက်ရင် မဟာတာအိုကမ္ဘာတောင် ဖြစ်တည်နိုင်တယ်”

ဟန်ယဲ့ဟာ ဟွန်းခနဲ နှာမှုတ်ပြီး ဘာမှ ပြန်မပြောပါဘူး။

ဟန်ပါရှန်က ခပ်တိုးတိုး အကြံပေးလိုက်ပါတယ် “တောင်းပန်လိုက်... အခုအချိန်မှာ မင်းကို အရှင်ရရ အသေရရ ဖမ်းချင်နေတဲ့ မဟာတာအိုကမ္ဘာတွေက ဆယ်ကမ္ဘာကျော်ပြီ၊ တာအိုဆန်းကြယ် နယ်မြေလည်း ပါတယ်၊ တာအိုဆန်းကြယ်နယ်မြေနောက်မှာ တာအိုဖန်တီးရှင် ရှိတယ်နော်”

“တာအိုဖန်တီးရှင် ရှိတော့ရော ဘာဖြစ်လဲ၊ ကျွန်တော်...”

ဟန်ယဲ့ဟာ ဟန်ကျွယ်နာမည်ကို ပြောချင်ပေမဲ့ နှစ်တွေကြာညောင်းသွားခဲ့ပြီ မဟုတ်ပါလား။

ဟန်မိသားစုကနေ ထွက်လာတဲ့ ထိပ်သီးကျင့်ကြံသူတွေက အများကြီးပါ။ ဒီလူတွေထဲမှာ မဟာတာအိုအနန္တကပ်ဘေးကို ကျော်ဖြတ်ခဲ့တဲ့ သူ့လို မျိုးဆက်တစ်ယောက်က သိပ်ပြီး ထူးချွန်ပုံ မပေါ်ပါဘူး။ အဲဒါကြောင့် ဟန်ယဲ့ဟာ ဟန်ကျွယ်က သူ့ကို မျက်နှာသာပေးဦးမလားဆိုတာ မသေချာတော့ပါဘူး။

အရင်လို ယုံကြည်ချက်မရှိတော့တာကတော့ အမှန်ပါ။

ဟန်ယဲ့မှာလည်း မျိုးဆက်တွေ ရှိပါတယ်။ နှစ်သန်းရာချီ မပြောနဲ့၊ နှစ်ဆယ်သန်းလောက် ဝေးကွာသွားရင်တောင် ဟန်ယဲ့ဟာ သူ့မျိုးဆက်တွေကို ထပ်ပြီး ဂရုမစိုက်တော့ပါဘူး။

ဟန်လင် “နင် ခေါင်းငုံ့လိုက်၊ ငါ သူတို့ကို နင့်ကိုယ်စား တောင်းပန်ပြီး အ‌လျော်ပေးပေးမယ်၊ နင် ဖန်တီးရှင်ဧကရာဇ်ရုံးတော်မှာ တစ်ဘီလီယံကြာအောင် နေရမယ်၊ ဗလာနယ်မြေက နင့်နာမည်ကို မမှတ်မိတော့တဲ့အချိန်ကျရင် ထွက်သွားလို့ရမယ်”

ဟန်ယဲ့ဟာ တုံ့ဆိုင်းသွားပေမဲ့ တာအိုဖန်တီးရှင်ဆိုတဲ့ ဖိအားကြောင့် ငြင်းဆန်ရဲတဲ့ သတ္တိတွေ ပျောက်ကွယ်သွားပါတယ်။ သူ အပြင်ထွက်ရင် သေချာပေါက် ပြဿနာတက်မှာပါ။

ဟန်ယောင်ဟာ ဟန်ယဲ့ကို ချက်ချင်း ကောက်မပြီး ပြောလိုက်ပါတယ် “ကျွန်တော် သူ့ကို အခုပဲ အကျဉ်းချထားလိုက်မယ်”

ဟန်ပါရှန်လည်း နောက်ကနေ လိုက်သွားပါတယ်။

သူတို့သုံးယောက် ခန်းမထဲက ထွက်ခွာသွားတဲ့အခါ ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ယဲ့က သူမကို တကယ်ပဲ စိုးရိမ်ပူပန်စေပါတယ်။

တစ်ခဏအကြာမှာတော့ ခန်းမထဲကို ရွှေအလင်းရောင်တစ်ရောင် ပျံဝင်လာပါတယ်။ ရွှေရောင် ပျောက်ကွယ်သွားတဲ့အခါ မုရုံချီ ပေါ်လာပါတယ်။ မုရုံချီဟာ ဟန်လင်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “အရှင်မင်းကြီး... မတွေ့ရတာ ကြာပြီနော်”

“ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ” ဟန်လင်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ်။ ဟန်လင်ရဲ့ အသံဟာ တည်ငြိမ်ပြီး မုရုံချီ ရောက်လာတဲ့အကြောင်းကို စိတ်ဝင်စားပုံ မရှိပါဘူး။

မုရုံချီဟာ ပြုံးလိုက်ပါတယ် “ဆရာဘိုးဘိုးရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ပေါ်လာပြီ၊ ဘယ်အင်အားစုကြီးတွေမှ ထိန်းချုပ်မထားတဲ့ သာမန်ကမ္ဘာငယ်လေးတစ်ခုမှာ ပေါ်လာတာ၊ အခု စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး အဲဒီကမ္ဘာငယ်လေးဆီ သွားကြပြီ၊ အခုတော့ မတိုးသာ မဆုတ်သာ အခြေအနေပဲ၊ အရှင်မင်းကြီး ဘယ်လို သဘောရလဲ”

ဟန်လင် “ရှင် လိုချင်တာလား၊ တစ်ခုတည်းနဲ့ မလုံလောက်ဘူးလား”

မုရုံချီဟာ မျက်ခုံး ပင့်တင်လိုက်ပါတယ် “အရှင်မင်းကြီးရအောင် ကူညီပေးမှာ၊ လောကဦးနတ်လှံသာ ပြန်ပေး”

လောကဦးနတ်လှံက ပဋိပက္ခ အကောင်းစား ရတနာထက် စွမ်းအားပိုကြီးတဲ့ အကောင်းစား ရတနာတစ်ပါးပါ။ လောကဦးနတ်လှံက ဟန်ဟွမ်ရဲ့ လက်ထဲမှာ တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟန်လင်ရဲ့ လက်ထဲကို ရောက်လာခဲ့ပါတယ်။

ဟန်လင်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “တန်ဖိုး တူလို့လား၊ နောက်ပြီး ရှင်က ကျွန်မကို ဘာအကူအညီ ပေးမှာလဲ”

မုရုံချီဟာ ပခုံးတွန့်လိုက်ပါတယ် “ဆရာဘိုးဘိုးရဲ့ အခွင့်အရေးကို အရှင်မင်းကြီး ဘယ်လိုထင်လဲ၊ လောကဦးနတ်လှံက ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ၊ အင်အားစုအသီးသီးက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို အရှင်မင်းကြီးကိုယ်စား ရန်စပေးပြီး အရှင်မင်းကြီးအတွက် အခွင့်အရေး ဖန်တီးပေးမယ်၊ ဘာပဲဖြစ်ဖြစ် အခွင့်အရေးကို လုယူမဲ့အစား ဒီအခွင့်အရေးရထားတဲ့လူကို သိမ်းသွင်းတာ ပိုကောင်းတယ်၊ ဒီအခွင့်အရေးက အလားအလာ အရမ်းကောင်းတယ်နော်၊ ဒီအခွင့်အရေးကို ရထားတဲ့လူက နောက်ကျရင် တာအိုဖန်တီးရှင် ဖြစ်လာနိုင်တယ်”

“အရှင်မင်းကြီး ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အရှင်မင်းကြီး ဒီအခွင့်အရေးကို လိုချင်ရင် တစ်ယောက်ယောက်ကို သရုပ်ဆောင်ခိုင်းရမှာပဲ၊ အရှင်မင်းကြီး ဖန်တီးရှင်ဧကရာဇ်ရုံးတော်က လူတွေကို ခိုင်းမယ်ဆိုရင် မကြာခင် အကုန်ပေါ်ပြီး အရူးဖြစ်သွားလိမ့်မယ်”

ဟန်လင်ဟာ တိတ်ဆိတ်သွားပါတယ်။

မုရုံချီဟာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။

အချိန်အတော် ကြာသွားတဲ့အခါမှာတော့ ဟန်လင်ဆီက စကားသံ ထွက်ပေါ်လာပါတယ်။

“ကောင်းပြီလေ”

မုရုံချီဟာ ပြုံးလိုက်ပါတယ်။

.....

နှစ်သန်း ၅၀၀ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

တာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး သူ့အကျင့်အတိုင်း အကြောဆန့်လိုက်ပါတယ်။

“မဆိုးဘူး၊ ဒီနှစ်တွေမှာ ငါ့ရဲ့ ကျင့်ကြံမှုက အများကြီး တိုးလာတယ်၊ အခြေခံနိယာမရဲ့ အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ရာမှာလည်း တိုးတက်လာတယ်” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း အပြုံးနဲ့ ရေရွတ်လိုက်ပါတယ်။

ဖန်တီးရှင်သခင်အဆင့်ကို ထိုးဖောက်တုန်းကနဲ့ ယှဉ်ရင် ဟန်ကျွယ်ဟာ လေးငါးဆယ်ဆလောက် စွမ်းအားပိုကြီးလာပါတယ်။ ဖန်တီးရှင်သခင် အဆင့်မှာ မပြောနဲ့၊ တာအိုဖန်တီးရှင် အဆင့်မှာတောင် ဒီလိုတိုးတက်မှုမျိုးက မယုံနိုင်စရာပါ။

တစ်ခါက အစွမ်းအထက်ဆုံး ဖြစ်ခဲ့တဲ့ နဝမပဋိပက္ခဟာ အဆင့်လေး တစ်ဆင့် ထိုးဖောက်ချင်ရင် နှစ်ပေါင်း ဘီလီယံချီအောင် ကြိုးစားအားထုတ်ရပါတယ်။ ဒါတောင် အောင်မြင်ဖို့က ၁၀၀ ရာခိုင်နှုန်း မသေချာပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ နှစ်သန်းရာချီ ကြာသွားတဲ့အတွက် စာစောင်တွေ တောင်လိုပုံနေပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေထဲမှာ မလှုပ်ရှားတဲ့လူ မရှိသလောက်ပါပဲ။

နောက်ဆုံးတော့ ဂျိရှင်းရှန်နဲ့ ဖန်းလျန်တို့လည်း ပြန်ပေါ်လာပါပြီ။ သူတို့တွေဟာ ကောင်းကင်အရှင်ရွှင်ကို ရှာတွေ့သွားပြီး အတူတူ ပူးပေါင်းလိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ကို တွေးမိလိုက်ပါတယ်။ သူတို့သုံးယောက်ကလည်း သုံးယောက်ပေါင်း လောင်းကျော်ပါပဲ။ တာအိုအရှင်သခင်တို့ သုံးယောက်က တိုက်ပွဲရူးတွေ ဖြစ်နေတုန်းပါ။ ဒါပေမဲ့ လောင်တန်ကတော့ သူတို့နဲ့ ရှိမနေတော့ပါဘူး။

ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ လောင်တန်က ပျောက်ကွယ်သွားပြီး လောင်ဇီနဲ့ ပေါင်းစပ်သွားတာကို တွေ့လိုက်ရပါတယ်။

ဒီအကြောင်းကြောင့် တာအိုအရှင်သခင်တို့ သုံးယောက်ဟာ လောင်ဇီနဲ့ လုံးဝ မတည့်တော့ပါဘူး။ သူတို့တွေဟာ လောင်ဇီနဲ့ လေးငါးဆယ်ကြိမ် တိုက်ခိုက်ပြီးသွားပါပြီ။ ဒါပေမဲ့ သူတို့တွေဟာ လောင်ဇီကို မယှဉ်နိုင်တာကြောင့် အကြိမ်တိုင်းမှာ ရှုံးနိမ့်မှုကို ရင်ဝယ်ပိုက်ပြီး ပြန်လာရပါတယ်။

ဟန်ကျွယ်ဟာ လောင်တန်နဲ့ လောင်ဇီကို ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် လောင်တန်က လောင်ဇီရဲ့ ကိုယ်ပွားပါ။ လောင်ဇီ သူ့ကိုယ်ပွားကို ပြန်သိမ်းတာက ဘာမှ မမှားပါဘူး။ ဒါပေမဲ့ တာအိုအရှင်သခင်တို့ သုံးယောက်က လောင်တန်နဲ့ ဆက်ဆံရေး နက်ရှိုင်းတော့ ဒီကိစ္စကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

ဒီကိစ္စတွေကလွဲရင် ဟန်ကျွယ်ရဲ့ အာရုံကို အဆွဲဆောင်နိုင်ဆုံးက မုရုံချီပါ။

မုရုံချီဟာ လွန်ခဲ့တဲ့ နှစ်ငါးသန်းအတွင်း နာမည်တစ်ခု ရလာခဲ့ပါတယ်။ မုရုံချီဟာ လောကဦးနတ်လှံကို ရရှိပြီးနောက် စစ်နတ်ဘုရားစစ်စစ် ဖြစ်လာခဲ့ပါတယ်။ မုရုံချီဟာ အဆုံးမဲ့ခေတ်မှာ လျှောက်သောင်းကျန်းပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နေရာတကာမှာ စိန်ခေါ် တိုက်ခိုက်ပါတယ်။

ဟန်ကျွယ် သေမျိုးကမ္ဘာမှာထားတဲ့ နတ်အာဏာရှင်စနစ် ပိုင်ရှင်ကိုလည်း ဟန်လင် ခေါ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ်။ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က ဒီနတ်အာဏာရှင်စနစ် ပိုင်ရှင်ကို စည်းရုံးသိမ်းသွင်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

အဆုံးမဲ့ခေတ်မှာ မျက်နှာသစ်တွေ အများကြီး ပေါ်လာပါတယ်။ ကမ္ဘာအရေအတွက်ကလည်း ဆတိုးမက ထိုးတက်လာပါတယ်။

ဟန်ကျွယ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အကြိမ်တစ်ရာကို ပေးအပ်တုန်းက ရွေးချယ်ခံရတဲ့ ဟန်မိသားစု မျိုးဆက်တွေထဲက ဒါဇင်ကျော်ဟာ ကြီးပြင်းလာကြပြီး နယ်တစ်နယ်ကို စိုးမိုးနိုင်သူတွေ ဖြစ်လာကြပါတယ်။

သက်ရှိတွေ စည်ကားသိုက်မြိုက်လာတာနဲ့အမျှ ဗလာနယ်မြေကလည်း အခွင့်အရေးသစ် အများကြီးကို ဖန်တီးလာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters