← Chapters

ယွမ်ရှီကျယ်ဝမ်

Vol. 112 Ch. 1170

ယွမ်ရှီကျယ်ဝမ်

Vol. 112 Ch. 1170

ဖန်တီးမှုအသစ်တွေက နိယာမတွေ သွေးစည်းတွေ မျိုးနွယ်စုတွေ အင်မော်တယ် နယ်မြေတွေနဲ့ ထူးခြား အချိန်-အာကာသတွေ စတဲ့ အရာတွေပါ။ ဒီအရာတွေကြောင့်ပဲ အဆုံးမဲ့ခေတ်ဟာ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာပါတယ်။

ဟန်ကျွယ်ဟာ အရာအားလုံးကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ အခွင့်အရေးတွေက တကယ်ကို နေရာတိုင်းမှာ ရှိနေပါတယ်။ ဒီလိုခေတ်မျိုးမှာ မွေးဖွားလာတာက တကယ်ကို ကံကောင်းတာပါ။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို မျက်ခုံး ပင့်တက်သွားပါတယ်။ ပါရမီရှင်တွေ ပိုများလာတဲ့အတွက် အခြေအနေကလည်း ပြောင်းလဲလာပါတယ်။ ပါရမီရှင်အများစုဟာ ဖန်တီးရှင်ကို စိန်ခေါ်ဖို့ စိတ်ကူးယဉ်လာကြပါတယ်။

ဟန်ကျွယ်က သက်ရှိတွေရှေ့မှာ သူ့စွမ်းအားကို မပြသတာ နှစ်ပေါင်းတစ်ဘီလီယံ ကျော်သွားတဲ့အတွက် နောင်လာနောင်သားတွေဟာ ဟန်ကျွယ်က အဲဒီလောက် စွမ်းအားမကြီးဘူးလို့ ထင်မြင်လာကြပါတယ်။ ဒီတော့ ဘဝင်မြင့်နေတဲ့လူတစ်ချို့ ပေါ်လာတာ မထူးဆန်းပါဘူး။

ဟန်ကျွယ်ဟာ ဒီလူတွေကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်၊ နောက်ကျရင် မင်းတို့တွေ မျှော်လင့်ချက် ကင်းမဲ့အောင် လုပ်ပေးမယ်”

ဟန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပြီး သက်ရှိတွေရှေ့မှာ ဘယ်လိုဂိုက်ဖမ်းရမလဲဆိုတာကို စစဉ်းစားပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲက ထွက်ကာ သူတာအိုလက်တွဲဖော်တွေနဲ့ ကလေးတွေဆီ သွားလည်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်သိန်းချီ အပန်းဖြေပြီးမှ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

အခုအချိန်မှာ ဟန်ကျွယ် မကျင့်ကြံရင်တောင် အန္တိမမူလကမ္ဘာက သူ့ဘာသာ ဖွံ့ဖြိုးတိုးတက်ပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ကျင့်ကြံအားထုတ်ရင်တော့ ကျင့်ကြံမှုတိုးတက်တာ ပိုမြန်ပါတယ်။

တာအိုဆန်းကြယ်နယ်မြေရဲ့ ဟင်းလင်းပြင်မှာ ချူရှောင်ချီ တင်ပျဉ်ခွေ ထိုင်နေပါတယ်။ ချူရှောင်ချီဟာ တစ်ကိုယ်လုံး တုန်ယင်ပြီး ခေါင်းကလည်း အရူးအမူး လိမ်ကောက်သွားပါတယ်။ မြန်လွန်းလို့ ပုံရိပ်ကျန်တွေတောင် ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် နတ်ဆိုးအရိပ်တစ်ခုကိုလည်း ဝိုးတိုးဝါးတား တွေ့မြင်နိုင်ပါတယ်။

ချန်ကျွယ်ဟာ ချူရှောင်ချီကို အဝေးတစ်‌နေရာကနေ မတ်တတ်ရပ်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာ‌ဖြစ်တာလဲ... ဘာဖြစ်လို့ သူ့ကံစွမ်းအားကို ထိန်းချုပ်လို့ မရတော့တာလဲ’

ချန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပေမဲ့ ချူရှောင်ချီကို မနှောင့်ယှက်ရဲပါဘူး။ လက်ရှိ ချူရှောင်ချီက သူ့ထက် စွမ်းအားပိုကြီးပါတယ်။

သူတို့နှစ်ယောက် ဒီဟင်းလင်းပြင်မှာ ကျင့်ကြံအားထုတ်နေတာ နှစ်သိန်းချီသွားပါပြီ။ ဒါပေမဲ့ ဒီနေ့မှ ချူရှောင်ချီက ရုတ်တရက်ကြီး ထဖောက်ပါတယ်။ ချူရှောင်ချီရဲ့ ဓမ္မစွမ်းအားက ကြမ်းတမ်းလာပြီး အာကာသကိုတောင် တုန်ခါသွားစေပါတယ်။ ဟင်းလင်းပြင်က အချိန်မရွေး ကွဲကြေသွားနိုင်တဲ့ အခြေအနေမလို့ ချန်ကျွယ်ဟာ အားသုံးပြီး ထိန်းလိုက်ရပါတယ်။

ဒီအချိန်မှာပဲ ချူရှောင်ချီရဲ့နောက်မှာ လူသုံးယောက် ပေါ်လာပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ အတူတူ တိုက်ခိုက်လိုက်သလိုမျိုး နတ်အလင်းရောင်တွေ တောက်ပနေပြီး ချူရှောင်ချီရဲ့ နောက်ကျောကို ဖိလိုက်ပါတယ်။

“ရပ်လိုက်”

ချန်ကျွယ်ဟာ ဒေါသတကြီး အော်ဟစ်ပြီး ချူရှောင်ချီ‌ဆီကို လျှပ်တစ်ပြက် ရောက်သွားပါတယ်။ အဲဒီနောက် ချန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ပေါက်ကွဲထွက်ပြီး သူ့မျက်လုံးထဲကနေ ရွှေရောင်ဓား အမြောက်အမြား ပျံထွက်လာပါတယ်။ ဒီရွှေရောင်ဓားတွေဟာ လျှို့ဝှက်ဆန်းကြယ် လူသုံးယောက်ဆီ ပျံသန်းသွားပါတယ်။

ဒါပေမဲ့ ဒီရွှေရောင်ဓားတွေဟာ လျှို့ဝှက်ဆန်းကြယ် လူသုံးယောက်ကို ဖြတ်ကျော်သွားပြီး သူတို့ကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ အရိပ်ကို ဖြတ်သွားတဲ့ အတိုင်းပါပဲ။

လူသုံးယောက်ထဲက အလယ်ကလူဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါတို့တွေ သူ့ကို ကူညီနေတာ၊ သူ ဘယ်သူလဲဆိုတာ မင်း သိလား”

ချန်ကျွယ်က မတိုးမကျယ် ပြန်မေးလိုက်ပါတယ် “ခင်ဗျားကရော ဘယ်သူလဲ”

ဘယ်ဘက်ကလူဟာ စသလိုလို နောက်သလိုလို ပြောလိုက်ပါတယ် “မင်းရဲ့ ဒီညီအစ်ကိုက မရိုးရှင်းဘူး၊ မင်း မဟာတာအို အနန္တကပ်ဘေးကို ကြားဖူးလား၊ အဲဒီမှာ သူက အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့တယ်”

ချန်ကျွယ်ဟာ စိတ်လေးသွားတာကြောင့် မန္တန်တွေ ဆက်တိုက်သုံးပြီး တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ သူ ဘယ်လို ဆန်းကြယ်စွမ်းအားပဲ သုံးသုံး လျှို့ဝှက်ဆန်းကြယ် လူသုံးယောက်ကို ဘယ်လိုမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ချူရှောင်ချီကို နေရာရွှေ့ဖို့ ကြိုးစားကြည့်ပေမဲ့ ချူရှောင်ချီရဲ့ ဓမ္မစွမ်းအား ကြမ်းတမ်းလွန်းတဲ့အတွက် အရာမရောက်ပါဘူး။

ချန်ကျွယ်ဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ပွဲမှာ သူ ချူရှောင်ချီကို မနိုင်ဘူးဆိုပေမဲ့ အခုလိုမျိုး နေရာရွှေ့လို့မရတဲ့အထိတော့ မဖြစ်ခဲ့လို့ပါပဲ။

‘ဒီကောင်လေးက တကယ်ပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပြန်ဝင်စားတာလား... ဒါပေမဲ့ ငါတို့တွေက မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီလေ၊ မဟုတ်မှလွဲရော ချူရှောင်ချီက တာအိုဖန်တီးရှင် ပြန်ဝင်စားတာလား...’

“ဟင်း... သူက ယွမ်ရှီကျယ်ဝမ်ပဲ၊ သူက ရှေးဟောင်းခေတ်ရဲ့ နံပါတ်တစ် သားရဲမိစ္ဆာပဲ၊ တစ်ခါတုန်းက မဟာတာအိုပညာရှိ တစ်‌ထောင်ကျော်နဲ့ ကမ္ဘာငယ်လေးတွေ အမြောက်အမြားကို သူ ဝါးမျိုခဲ့ဖူးတယ်” အလယ်လူက သက်ပြင်းချပြီး ပြောလိုက်ပါတယ်။

ချန်ကျွယ်ဟာ မှင်တက်သွားပါတယ် ‘ယွမ်ရှီကျယ်ဝမ်’

ချန်ကျွယ်ဟာ ဒီနာမည်ကို ကြားဖူးနားဝ ရှိပါတယ်။ အဆုံးမဲ့ခေတ် မရောက်ခင် တစ်ချိန်တုန်းက ယွမ်ရှီကျယ်ဝမ်ဟာ သက်ရှိအားလုံးဆီ မျှော်လင့်ချက် ကင်းမဲ့မှု ဆောင်ယူလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ယွမ်ရှီကျယ်ဝမ်ကို တားဆီးဖို့အတွက် ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါကြောင့်မလို့ ယွမ်ရှိကျယ်ဝမ်က ရှေးခေတ်ကစလို့ ကြောက်စရာအကောင်းဆုံး သားရဲမိစ္ဆာလို့ ပြောလို့ရပါတယ်။

ချူရှောင်ချီဟာ ရုတ်တရက်ဆိုသလို မျက်လုံးပွင့်လာပါတယ်။ သူ့မျက်လုံးတွေက သွေးလိုနီရဲနေပြီး မျက်နှာကလည်း မိစ္ဆာမျက်နှာ ချက်ချင်း ပြောင်းသွားပါတယ်။ ချူရှောင်ချီ မတ်တတ်ရပ်လိုက်တဲ့အခါ သွေးချီ ပေါက်ကွဲထွက်ပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွားပါတယ်။

ဒီကနေ ဖြစ်ပေါ်လာတဲ့ သွေးလေပြင်းဟာ အရပ်ဆယ်မျက်နှာကို တိုက်ခိုက်ပြီး အာကာသကို ဆုတ်ဖြဲလိုက်တဲ့အတွက် ဟင်းလင်းပြင်ထဲမှာ အက်ကြောင်းတွေ ပေါ်လာပါတယ်။ ချက်ချင်းဆိုသလို အချိန်-အာကာသ မုန်တိုင်းလည်း တိုက်ခိုက်လာပါတယ်။

ချန်ကျွယ်ရှေ့က အာကာသလည်း ကွဲကြေသွားပါတယ်။ ချန်ကျွယ်နဲ့ လျှို့ဝှက်ဆန်းကြယ် လူသုံးယောက်ဟာ အမှောင်ထုထဲ ပြုတ်ကျပြီး ပျောက်ကွယ်သွားပါတယ်။

ချန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် လူသုံးယောက်နောက်ကို လိုက်တာပါ။ ဒါပေမဲ့ ချန်ကျွယ် အာကာသဂယက်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းလွန်းတဲ့ အင်အားတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ချန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ ရုတ်ခြည်း ပျက်စီးပြီး ဝိညာဉ်လည်း မူးဝေသွားပါတယ်။ ချန်ကျွယ်ဟာ အရာအားလုံး ချာချာလည်နေတယ်လို့ ခံစားလိုက်ရပါတယ်။

ချန်ကျွယ် သတိပြန်ရတဲ့အချိန်မှာ အပျက်အစီးတွေကြားထဲ လဲလျောင်းနေတာကို ရှာတွေ့သွားပါတယ်။ ဒီနေရာက သေမျိုးကမ္ဘာရဲ့ မြို့တစ်မြို့ပါ။ ဒါပေမဲ့ ချန်ကျွယ်ရဲ့ ပြုတ်ကျမှုကြောင့် မြို့တစ်ခုလုံး ပြိုလဲပြီး သက်ရှိအကုန်လုံး သေကြေပျက်စီးသွားပါတယ်။

ချန်ကျွယ်ဟာ မတ်တတ် ကောက်ရပ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်က နဂိုအတိုင်း ပြန်ဖြစ်သွားပါပြီ။ ချန်ကျွယ်ဟာ လှုပ်ရှားဖို့ ပြင်လိုက်တဲ့အခါ သူ့ခြေလက်တွေမှာ အနက်ရောင် ရောင်ဝါတွေ ပေါ်လာပါတယ်။ ချန်ကျွယ်ဟာ ရပ်ပြီး ငုံ့ကြည့်လိုက်ပါတယ်။

ဒီအနက်ရောင် ရောင်ဝါက ချူရှောင်ချီရဲ့ ကံစွမ်းအားပါ။

‘စောစောက ငါ့ကို တိုက်ခိုက်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားက ချူရှောင်ချီရဲ့ စွမ်းအားလား... ဒါပေမဲ့ ဘာဖြစ်လို့ ငါ မရင်းနှီးရတာလဲ... ဒါက ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားများလား...’

ချန်ကျွယ်ဟာ အံကြိတ်ပြီး နေရာကနေ ပျောက်ကွယ်သွားပါတယ်။ ချန်ကျွယ်ဟာ ဝူရှင်းရှစ်ကျဲ့ဆီကို သွားတာပါ။

ချန်ကျွယ်နဲ့ ချူရှောင်ချီဟာ တာအိုဆန်းကြယ် နယ်မြေရဲ့ ထိပ်တန်း တည်ရှိမှုတွေ ဖြစ်ပြီး ဝူရှင်းရှစ်ကျဲ့ မျက်နှာသာပေးတာကို ခံရပါတယ်။ ချန်ကျွယ်ဟာ ဝူရှင်းရှစ်ကျဲ့ကို ပထမဆုံး တွေးမိတာက ဝူရှင်းရှစ်ကျဲ့နောက်မှာ တာအိုဖန်တီးရှင် ရှိနေတာကြောင့်ပါ။

ခန်းမထဲက ဝူရှင်းရှစ်ကျဲ့ဟာ ချန်ကျွယ် ပြောတာကို နားထောင်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

‘အဲဒီကောင်လေးက တကယ်ကြီး ယွမ်ရှီကျယ်ဝမ်လား...’

ဟိုးနက်ရှိုင်းတဲ့ တစ်နေရာမှာရှိနေတဲ့ မှတ်ဉာဏ်တွေ ပြန်ပေါ်လာတာကြောင့် ဝူရှင်းရှစ်ကျဲ့ဟာ ကြက်သီးမွေးညင်း ထသွားပါတယ်။ ယွမ်ရှီကျယ်ဝမ်က သူ့ကို တော်တော်လေး စိတ်ဒဏ်ရာ ပေးခဲ့တာပါ။ ပြန်တွေးကြည့်ရုံနဲ့တင် ဝူရှင်းရှစ်ကျဲ့ကို ကြောက်လန့်သွားစေပါတယ်။

ချန်ကျွယ် “အဲဒီလျှို့ဝှက်ဆန်းကြယ် လူသုံးယောက်က သေချာပေါက် ချူရှောင်ချီကို အသုံးချချင်တာ ဖြစ်မယ်၊ ချူရှောင်ချီက ယွမ်ရှီကျယ်ဝမ် မဟုတ်ဘဲ ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားကို ရလိုက်တာလည်း ဖြစ်နိုင်တာပဲ”

“ငါ သိပါတယ်၊ ငါ မဟာနတ်မင်းဆီ သွားမယ်၊ မတော်တဆ မဖြစ်အောင် မင်း ဒီကိစ္စထဲ ဝင်မပါတော့နဲ့” စကားဆုံးတာနဲ့ ဝူရှင်းရှစ်ကျဲ့ဟာ ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။

ချန်ကျွယ်လည်း ထွက်ခွာသွားပါတယ်။ ချန်ကျွယ်ဟာ ဝူရှင်းရှစ်ကျဲ့အပေါ်မှာပဲ မျှော်လင့်ချက် ထားနိုင်ပါတော့တယ်။

.....

နှစ်သန်းတစ်ရာ ကြာပြီးနောက်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး တာအိုဘုံကျောင်း အပြင်ဘက်မှာ စောင့်နေတဲ့ ဟန်ဟွမ်ကို ခေါ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ ခန်းမထဲကို ခပ်သုတ်သုတ် ဝင်လာပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ် “အဖေ... ချူရှောင်ချီက တကယ်ပဲ ယွမ်ရှီကျယ်ဝမ်လား”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ဟွမ်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။ ဟန်ကျွယ်ဟာ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိပါတယ်။ ချူရှောင်ချီက ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားတွေ နိုးထသွားပါပြီ။ ဒီဘဝစွမ်းအားနဲ့ ပြီးခဲ့တဲ့စွမ်းအား ရှုပ်ထွေးမှုကြောင့် ချူရှောင်ချီရဲ့ သိစိတ်ဟာ ဖရိုဖရဲ ဖြစ်သွားပါတယ်။

ချူရှောင်ချီ ဒီလိုဖြစ်တာကို အခွင့်ကောင်းယူပြီး ဂျိရှင်းရှန်၊ ကောင်းကင်အရှင်ရွှင်နဲ့ ဖန်းလျန်တို့က မဟာတာအိုကမ္ဘာတွေကို ဝါးမျိုဖို့ အသုံးပြုတာကြောင့် ဗလာနယ်မြေထဲမှာရှိတဲ့ သက်ရှိအားလုံး ကျီးလန့်စာစား ဖြစ်ကုန်ကြပါတယ်။ သူတို့တွေက အရှောင်အတိမ်း ကောင်းတဲ့အတွက် ခြေရာခံဖို့တော့ ခက်ခဲနေပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ဘာလုပ်မှာလဲ”

“ကျွန်တော် သူ့ကို ကယ်မယ်၊ အဖေ... ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အဖေကို စိတ်ပျက်စေမိပြီ”

ချူရှောင်ချီ နတ်ဆိုးဖြစ်လာပြီး မကောင်းမှုတွေကို စိတ်ရှိလက်ရှိ ကျူးလွန်ကတည်းက ဟန်ထော်ဟာ ဟန်ဟွမ်ကို ရှာပြီး ချူရှောင်ချီရဲ့ ဘဝအကြောင်းကို ပြောပြလိုက်ပါတယ်။ ဒီတော့မှ ဟန်ဟွမ်ဟာ သူ့အဖေက သူနဲ့ ယွမ်ရှီကျယ်ဝမ်ရဲ့ ဆက်ဆံရေးအမှန်ကို သိနေတာယ်ဆိုတာ သဘောပေါက်သွားပါတယ်။

“အဲဒါ မင်းကိစ္စပဲ၊ မင်းဘာသာ ဆုံးဖြတ်၊ ငါ ဝင်မပါဘူး၊ နောက်ပြီး တာအိုဖန်တီးရှင်တွေလည်း လှုပ်ရှားမှာ မဟုတ်ဘူး” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။

ဟန်ဟွမ်ဟာ စိတ်ပျက်ခြင်းမရှိဘဲ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။ 

လောကဦးနတ်ဘီလူး သုံးပါးနဲ့ ကောင်းကင်အရှင်ရွှင်ရဲ့ တိုက်ပွဲက အခုအချိန်ကစပြီး စတင်ပါပြီ။

ဟန်ကျွယ်ဟာ ဗလာနယ်မြေနက်ထဲကို ကြည့်ပြီး မျက်လုံးတွေ အေးစက်သွားပါတယ်။

“မင်းက တခြားလူတွေကို ရှုပ်ထွေးအောင်လုပ်ဖို့ ယွမ်ရှီကျယ်ဝမ်ကို သုံးချင်တာလား၊ မင်းကိုယ်မင်း အထင်ကြီးနေတာပဲ... ဟီးဟီး...”

ချူရှောင်ချီ ယွမ်ရှီကျယ်ဝမ်စွမ်းအား နိုးထသွားတာက နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးကြောင့်ပါ။ နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးဟာ ဂျိရှင်းရှန်၊ ဖန်းလျန်နဲ့ ကောင်းကင်အရှင်ရွှင်တို့ကို သွားရှာပြီး မီးလောင်ရာ လေပင့်ပေးလိုက်ပါတယ်။

အဲဒါကြောင့် ဟန်ကျွယ်ဟာ ကိုယ်တိုင်လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters