← Chapters

သားရဲကင်ရနံ့

Vol. 41 Ch. 4.121

သားရဲကင်ရနံ့

Vol. 41 Ch. 4.121

"ဟေ့ ငါနင့်ကိုပြောနေတာ မကြားဘူးလား? ဘာလို့မဖြေတာလဲ?"

"တွန့်တိုတဲ့လူကြီး... ဝိညာဥ်ကျောက်တုံး ၂၀၀၀၀ ပေးထားတဲ့ မျက်နှာနဲ့ လာလုပ်နေတယ်... ငါနင့်အသက်ကိုတောင် ကယ်ခဲ့တာ မဟုတ်ဘူးလား? နင်ဘယ်လို မျက်နှာမျိုး လုပ်ပြနေတာလဲ"

လုရွှမ် သူ့အတွေးနယ်ထဲမှ သတိ ပြန်လည်လာစဥ် ဟုန်ချောင်ရဲ့ စိတ်တိုတိုနဲ့ ကြည့်နေတဲ့ မျက်လုံးတွေကို မြင်ရတော် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်မိသည်။

"ဒီမိန်းကလေး ဒေါသတော်တော် ကြီးတာပဲ"

.......

"ငါ တစ်ခုခုကို တွေးနေတာကြောင့် မင်းနဲ့ စကားမပြောဖြစ်တာ"

လုရွှမ် မတတ်နိုင်ပေ။ သူတစ်ခုခု ပြန်မပြောရင် ဒီကောင်မလေးက အဆုံးမသတ်ဘဲ အော်ဟစ်နေလိမ့်မယ်။ ဟုန်ချောင် ရှက်ရွံ့ကာ မယုံနိုင်စွာ အော်ပြောလာပြန်၏။

"နင်အဲဒါကို စဉ်းစားနေလည်း စကားပြောလို့ ရတယ်!"

"ပြဿနာကို ပါးစပ်နဲ့ အဖြေရှာတာ မဟုတ်ဘူး... ဦးနှောက်နဲ့ အဖြေရှာနေတာ"

"တွန့်တိုတဲ့လူကြီး!"

"ဒီကမ္ဘာငယ်က ထူးထူးခြားခြား ဖြစ်နေတော့ ယေဘူယျ စည်းမျဉ်းတွေက ဒီမှာ အသုံးမဝင်ဘူး.... ငါတို့က လူတိုင်းနဲ့ ကွဲကွာနေပုံရသလိုနဲ့ ဒါပေမဲ့ တကယ်တော့ ငါတို့က ဒီသစ်တောရဲ့ အလယ်ဗဟိုကို အဆက်မပြတ် စုဝေးလာနေကြတာ.... အဲဒါကြောင့် ငါတို့နဲ့ တခြားသူတွေကို တွေ့နေတာ"

ထိုစကားကို ကြားတော့ ဟုန်ချောင် ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ပိတ်လိုက်ကာ ဒါက အဓိပ္ပာယ်ရှိကြောင်း သူမလည်း နားလည်လိုက်သည်။

"အခု မင်းရဲ့စိတ်တွေကို စုစည်းထား...သေချာ စဉ်းစားပြီး သတိနဲ့နေတာ အကောင်းဆုံးပဲ... ငါတို့တွေ မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက် ရန်ဖြစ်နေကြပြီ ဆိုတော့ ငါတို့ ဗဟိုချက်ကို ရောက်လုနီးနေပြီလို့ ဆိုလိုတာပဲ ဒီလောက်ဆို ငါမင်းကို သတိပေးစရာ မလိုဘူးမဟုတ်လား?"

ဟုန်ချောင်လည်း

"ဒါက ဘယ်လို အန္တရာယ်ထဲ ရောက်နေပြီလဲ ဆိုတာ မသိဘူး...."

ပြောလိုက်ပြီးနောက် သူမ ပါးစပ်ကို ပိတ်၍ နောက်ကျောမှ လက်နက်ကို ဆွဲထုတ်၍ ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။

လုရွှမ် ကူကယ်ရာမဲ့ ဖြစ်သွား၏။ ယခင်က သူ့လက်နက်များကို ကျောက်စိမ်းပြားအတွင်း သိမ်းဆည်းထားကာ အသုံးပြုသောအခါတွင် ၎င်းကို တွေးလိုက်ရုံဖြင့် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ မး

မည်မျှပင် ပြောင်မြောက်ပြီး ကြော့ရှင်းနေပါစေ ယခုတော့ သူ့မှာ ဘာလက်နက်မှ မရှိတော့ပေ။

"နင့်ရဲ့လက်နက်က ဘယ်မှာလဲ?"

လုရွှမ် သူ့လက်သီးများကိုသာ ဝှေ့ယမ်းပြလိုက်သည်။ ဟုန်ချောင် အရှက်ကွဲသွားသလို ခံစားလိုက်ရကာ လုရွှမ်ကို မျက်နှာလွှဲပစ်လေ၏။

“သွေးနံ့လား?”

နှစ်ယောက်သား တညီတညွတ်တည်း အော်ဟစ်ကာ သွေးနံ့ပြင်းသည့် နေရာဆီသို့ ပြေးသွားကြသည်။

ကောင်းကင်ကို မော့ကြည့်လိုက်သော် သစ်ပင်တစ်ပင်ပေါ်တွင် သွေးများ ရွှဲနစ်နေတဲ့ သေးငယ်သော သားရဲတစ်ကောင်သည် သစ်ပင်သစ်ကိုင်းပေါ်တွင် သေဆုံး​နေပြီး မြှားရှည်ဖြင့် ထိုးဖောက်ခံထားရ၏။ ၎င်းသည် အသုံးမဝင်သော်လည်း အရသာရှိသော သားရဲတစ်ကောင် ဖြစ်သည်။

မနီးမဝေး မြေပြင်ပေါ်တွင် သွေးအိုင်မှလွဲ၍ အထုပ်တစ်ထုပ်သာ ရှိသည်။

အဖြစ်အပျက်က ရှင်းရှင်းလင်းလင်း သိသာထင်ရှားပါ၏။ တစ်ယောက်ယောက်က သူတော်စင်သားရဲ တစ်ကောင်ကို တွေ့သွားခဲ့ပုံပင်။ သူက သားရဲလေးကို ဖမ်းပြီး ဖြားယောင်း သွေးဆောင်ခဲ့သည်။

သားရဲလေးရဲ့ မိဘတွေ ထွက်လာပြီး ထိုလူကို စားပစ်ခဲ့တာကြောင့် သွေးအိုင်သာ ကျန်တော့ခြင်းပင်။

"ဒီသားရဲလေးက အရမ်းသနားဖို့ ကောင်းတာပဲ.... ငါတို့ မြှုပ်လိုက်မလား?"

ဟုန်ချောင် ရုတ်တရက် ထပြောလိုက်သည်။

လုရွှမ် မျက်လုံးကို မှိတ်ချလိုက်ပြီး မူလက စားရအောင်လို့ ပြောလိုက်ချင်သည်။ ဘာပဲဖြစ်ဖြစ် ဆယ်ရက်ဆက်တိုက် ဘာမှ မစားရ​သေးဘူး ဆိုတော့ အစားအသောက်ကို စားရဦးမယ်လေ။

ဟုန်ချောင်ကတော့ လုရွှမ်ကို လုံးဝ လျစ်လျူရှုခဲ့သည်။ ယခုအချိန်တွင် သူမ၏စိတ်သည် သားရဲလေးပေါ်တွင်သာ တွယ်ကပ်နေ၏။ မြှားကိုဖြုတ်ကာ တွင်းတစ်ခုတူး၍ ၎င်းကိုမြှုပ်နှံကာ သင်္ချိုင်းဂူတစ်ခုပင် ပြုလုပ်ခဲ့သည်။

"ဘာလဲ? သူ နင့်အသက်ကို ကယ်ခဲ့ဖူးလို့လား?"

လုရွှမ်ရဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံစံကို မြင်တော့ ဟုန်ချောင်က ယုံကြည်မှုအပြည့်နဲ့ အော်လိုက်လေသည်။

လုရွှမ် သူထောင်ချောက်ထဲသို့ ကျသွားမှန်း ရုတ်တရက် သဘောပေါက်သွားပြီး ကလေးမလေးက စကား လှည့်ကွက်များစွာ ရှိနေတာပဲ။ သူ့အသက်ကို ကယ်တင်တာက တစ်ကြိမ်ပဲ ဆိုပေမယ့် တစ်သက်လုံး ပြန်ဆပ်လို့ မဆုံးနိုင်တော့မှာကို စိုးရိမ်မိသည်။

"သတိထား... တစ်ယောက်ယောက် လာနေပြီ!"

လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကို ဖြန့်ကျက်ထားတာကြောင့် တစ်စုံတစ်ယောက် လာနေတာကို ခံစားမိလိုက်သည်။ ရောက်လာသူက လူများပြီး သူတို့၏ ခွန်အားသည် အလွန်အားကောင်းနေပါသည်။

လုရွှမ် ဟုန်ချောင်ကို သတိပေးကာ နှစ်ယောက်သား အမြန် ပုန်းနေလိုက်သည်။

အခင်းအကျင်း တံဆိပ်ပြား မရှိသော်လည်း လုရွှမ် သူ့ရဲ့ ကျင့်ကြံမှုအခြေခံဖြင့် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ၎င်းတို့နှစ်ဦးအား ဖုံးအုပ်ထားရန် လုံလောက်ပါ၏။ တစ်ခုတည်းသော အားနည်းချက်မှာ လူများကို ရှောင်နိုင်သော်လည်း အာရုံခြောက်ပါးရှိသောသူတော်စင်တချို့ကိုရှောင်လွှဲ၍မရပါ။ သားရဲ.သညာ။

ခြေသံများကြားတွင် လူရှစ်ဦး ဆက်တိုက်ဆိုသလို ထွက်လာရာ တစ်စုံတစ်ယောက်သည် ရိုးရိုးရှင်းရှင်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခဲ့ပုံပင်။

"အစ်ကိုပိုင် ဘာဖြစ်နေတာလဲ ပြောပါဦး.... ငါတို့ လမ်းလျှောက်လာတာ ဆယ်ရက်ရှိပြီ သူတော်စင် သားရဲ မပြောနဲ့.... ငှက်တစ်ကောင်တောင် မတွေ့ရ​သေးဘူး"

စကားပြောလာတဲ့ လူက အဘိုးကြီး တစ်ယောက်ဖြစ်ပေမယ့် အစ်ကိုပိုင်လို့ ခေါ်တဲ့လူက လူလတ်ပိုင်း တစ်ယောက်ပင်။ သူတော်စင်တစ်ပိုင်း အဆင့်၅ သိုင်းပညာရှင်ဖြစ်လို့ ၎င်း၏ ကျင့်​ကြံမှုအဆင့် အပေါ်မူတည်၍ ၎င်း၏ သာလွန်ကောင်းမွန်မှုကို အကဲဖြတ်လျှင် "အစ်ကိုပိုင်" ဟူသော ဘွဲ့ကို သဘာဝအတိုင်း ရထိုက်ပါသည်။

"ကျွန်တော် ဒီတစ်ခေါက် အပြင်မထွက်လာခင် ဦးလေးကို လာဘ်ထိုးပြီး နိမိတ်ဖတ်ပေးဖို့ တောင်းဆိုခဲ့တယ်.... ဒီတစ်ခါ နိမိတ်ဖတ်တော့ မြူမှိုင်းတွေပဲ ဆိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် ထူးထူးခြားခြား အကျိုးကျေးဇူးတွေလည်း ရနိုင်တယ်... သေဖို့လည်း အရမ်းအန္တရာယ်များတယ်"

ကျင့်ကြံသူပိုင်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်ပြောလေ၏။

"တကယ်တော့ ဦးလေးက ကျွန်တော့်ကို လာဖို့ အကြံပေးတာ မဟုတ်ဘူး.... ဒါပေမဲ့ ကျင့်ကြံသူဆိုတာ ကောင်းကင်ကို တွန်းလှန် ဆန့်ကျင်ဖို့ပဲလေ.... မကျင့်ကြံရင် အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ကျွန်​တော်တို့ ဘယ်လိုလုပ် တားဆီးနိုင်မလဲ? နောက်ပြီး အခုကျွန်တော်တို့ လွမ့်ထျန်းတောထဲကို ရောက်နေပြီ... နောင်တရနေလို့ အသုံးမဝင်ဘူး.... ဒါကြောင့် ရှေ့ကို ဆက်လျှောက်တာ ပိုကောင်းတယ်"

"အစ်ကိုပိုင် ပြောတာ မှန်ပါတယ်!"

လူအုပ်ကြီးက ထပ်ခါထပ်ခါ ချီးမွမ်း​လေသည်။

အခင်းအကျင်း ဖွဲ့စည်းမှုအတွင်း ဟုန်ချောင်သည် အံ့သြတကြီးဖြင့် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ပြီး ခဏအကြာတွင် ငြိမ်သက်သွားသည်။ လုရွှမ်၏ မျက်လုံးကြီးများကို ပထမဆုံးအကြိမ် တွေ့ဆုံရသကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကြည့်နေမိသည်။

ယခုအချိန်တွင် လုရွှမ်၏ မျက်လုံးများထဲက တစ်ဖက်လူအပေါ် သံသယကို မြင်လိုက်ရတော့ သူမသည် ဂုဏ်ယူစွာ အော်လိုက်ပြီး

"အဲ့ဒီလူက ဘယ်သူများလဲလို့.... အဲဒါက သေးသေးလေးထဲက လူတစ်ယောက်ပါပဲ.... အဲဒီလူကို ပိုင်ကျစ်ရှန်လို့ ခေါ်တယ်.... ထုံးယန်ဧကရာဇ်အင်ပါယာ ပိုင်မိသားစုက... ထုံးယန်ဧကရာဇ်အင်ပါယာက အလယ်အလတ်အဆင့် အင်ပါယာဖြစ်ပေမယ့် ပိုင်မိသားစုရဲ့ တည်ရှိမှုကြောင့် တချို့အဆင့်မြင့် ဧကရာဇ်အင်ပါယာတွေကတောင် သူတို့ကို မျက်နှာသာ ပေးရတယ်"

"ပိုင်မိသားစုက နိမိတ်ဖတ်တဲ့ နေရာမှာ အတော်ဆုံးပဲ..."

ဤလူ၏ မျိုးရိုးအမည်မှာ ပိုင်ဖြစ်သည်ကို ကြားသိပြီးနောက် လုရွှမ် ပိုင်မိသားစု အကြောင်းကို ယခင်က ကြားဖူးခဲ့ကြောင်း သတိရသွားသည်။ သို့သော် သူအရင်ဘဝကတည်းက ကောင်းကင်အလိုကို မယုံကြည်ခဲ့ဘဲ သူ့ဘဝကို သူပိုင်တယ်ဟုသာ ယုံကြည်ခဲ့သူ ဖြစ်၏။

ထို့ကြောင့် သူသည် နိမိတ်ဟောခြင်းအကြောင်း အနည်းငယ် သိသော်လည်း လေးနက်စွာ နားမလည်ခဲ့ပေ။ ထိုပိုင်မိသားစုကိုတော့ သူသိပါ၏။

ဒီဘ၀မှာ သူ့စိတ်ဓာတ်တွေ ပြောင်းလဲသွားခဲ့ပြီ။ အရင်ဘဝက မောက်မာမှုတွေနဲ့ ယှဉ်ရင် အခုစိတ်က ပိုတည်ငြိမ်လာ​ပြီ။ ဒီအချိန်မှာ ပိုင်ကျစ်ရှန်းရဲ့ စကားကို နားထောင်ရင်းနဲ့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိကာ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

"ဟေး ဒါက..."

တစ်စုံတစ်ယောက်က ဟုန်ချောင် တည်ထားတဲ့ သင်္ချိုင်းဂူကို နောက်ဆုံးတော့ တွေ့သွားသည်။ လုရွှမ် ဟုန်ချောင်ကို ကြည့်လိုက်တော့ သူမက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာပျက်သွားသည်။

"ယွမ်မုသားရဲ.... ဟဲဟဲ ဒီနေ့တော့ စားဖို့ အချိန်ရောက်ပြီ!"

တစ်စုံတစ်ယောက်က ယွမ်မုသားရဲကို မြေပြင်ထဲကနေ တူးထုတ်ပြီး ချက်ချင်းပဲ သန့်စင်ကာ မီးနဲ့ ကင်လိုက်သည်။

"စိတ်မပူပါနဲ့... ငါတို့စောင့်ကြည့်နေတာ ကြာပြီ ဒီမှာသူတော်စင် သားရဲတွေ ပုန်းနေရင် အစောကတည်းက ထွက်လောက်ပြီ... ဒါကြောင့် အရင်စားရအောင်"

ပိုင်ကျစ်ရှန်းက ခဏလောက် တုံ့ဆိုင်းသွားပေမယ့် ဘာမှ ထပ်မတောင်းဆိုတော့ပေ။ လမ်းတစ်လျှောက်မှာ အစွန်းရောက် စွမ်းအားတွေ ထုတ်လွှတ်ခဲ့တာတောင် သူတော်စင် သားရဲတွေ ထွက်လာတာကို မတွေ့ခဲ့ရဘူးလေ။

ဟုန်ချောင် ဒေါသတကြီးဖြင့် သူမ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိသည်။

"ဒီလူယုတ်မာတွေတော့...."

ပြင်းထန်သော ရနံ့တစ်ခုသည် အဝေးသို့ ပျံ့လွင့်လာကာ လုရွှမ်သည် သူ့နှာခေါင်းမှ အနံ့ကို ဆက်လက် စုပ်ယူလိုက်ပြီး ဟုန်ချောင်ကတော့ ဒေါသတကြီး သွားများကို အံကြိတ်ကာ တိတ်တိတ်လေး ကျိန်ဆဲလိုက်​တော့သည်။

လုရွှမ်သည် သူမအား အာရုံစိုက်ရန် စိတ်မ၀င်စားချေ။ အကြိမ်အနည်းငယ် ဒဏ်ရာရပြီးနောက် ဤမိန်းကလေးလည်း ရင့်ကျက်လာခဲ့သည်။

"မင်းဘာကို ကြောက်နေတာလဲ? သူတော်စင် သားရဲတွေ ရောက်လာရင်တောင် သူတို့အုပ်စုကြီး တစ်ခုလုံး ရှိနေတုန်းပဲလေ.... သေစမ်း ငါတို့ရဲ့ အခင်းအကျင်းက တောင့်မခံနိုင်တော့ဘူး... မြန်မြန်ထွက်!"

လုရွှမ်ရဲ့ စိတ့ဝိညာဉ်စွမ်းအားက အလွန်အမင်း ခံနိုင်ရည်ရှိပြီး လှုပ်ရှားမှု တစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ သူတော်စင် သားရဲများမှာ ထိုအသားကင် ရနံ့ကြောင့် ၎င်းတို့ တကယ်ကို ဆွဲဆောင်ခံလိုက်ရလေပြီ။

All Chapters