← Chapters

သားရဲဒီရေ

Vol. 41 Ch. 4.122

သားရဲဒီရေ

Vol. 41 Ch. 4.122

သူသည် ချက်ချင်းပင် အခင်းအကျင်းကို ရုတ်သိမ်းလိုက်ပြီး ဟုန်ချောင်နှင့်အတူ လူအုပ်ကြားတွင် ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက် ပေါ်လာတာက လူအုပ်ကို ထိတ်လန့်စေကာ ချက်ချင်း ခုန်တက်လာကာ တိုက်ခိုက်တော့မယ့် ပုံစံကို ယူလိုက်သည်။

ထိုအခိုက် လုရွှမ်က

"သူတော်စင် သားရဲအုပ်ကြီး လာနေပြီ... ပြေး!"

ပြောပြီးသည်နှင့် သူသည် ဟုန်ချောင်ကို ဆွဲ၍ တောင်ပံများကို ဖြန့်ကာ အဝေးသို့ တိုက်ရိုက် ပြေးထွက်သွားလေသည်။

လုရွှမ်ဟာ ကြင်နာတတ်တဲ့သူ မဟုတ်ပေ။ လူကောင်းတွေ အားလုံးနီးပါးဟာ သူတို့ရဲ့ အသက်ကို စတေးပြီး သေဆုံးသွားကြတာချည်းပင်။

အဲဒီသူတော်စင် သားရဲအုပ်စုရဲ့ အရှိန်နဲ့ဆို မကြာမီ ရောက်လာတော့မှာကို ခံစားလိုက်ရတာကြောင့် သူ့ခွန်အားနဲ့ ဒီလူတွေနဲ့ ခွန်အားနဲ့ဆိုရင်တောင် ပြေးနိုင်မှ တော်ရာကျလိမ့်မည်။

ဒါပေမဲ့ သူတို့ စတင်ပြေးလာတာနဲ့အမျှ တစ်ဖက်လူတွေက ရုတ်တရက် ကြောင်အသွားကြသည်။

လုရွှမ်နဲ့ ဟုန်ချောင်တို့ ထွက်ပြေးသွားသော် ဒီမှာ ပုန်းအောင်းနေတဲ့ လူနှစ်ယောက်ရှိမှန်း သူတို့ဘာလို့ မသိလိုက်တာလဲ ဆိုတာကို မစဥ်းစားမိခင် လုရွှမ်ဆီက စကားကြောင့် လန့်ဖြတ်သွားရသည်။

"အစ်ကိုပိုင်... သူတို့ စကားတွေက ယုံကြည်ရမယ်လို့ ထင်လား"

"ဘာမှမဟုတ်တာထက် တစ်ခုခုကို ယုံ​ကြည့်တာက ပိုကောင်းတယ်!"

တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။

"မှန်တယ်!" ပိုင်ကျစ်ရှန်းက

"ဒါ့အပြင် သူတို့နှစ်ယောက်က ငါတို့ဆီက ရှာတွေ့ခံလိုက်ရတာ ဒါပေမဲ့ အသည်းအသန် ထွက်ပြေးနေစရာ မလိုဘူး... ဒါကြောင့် သူတို့မဖြေရှင်းနိုင်တဲ့ ပြဿနာ တစ်ခုရှိနေတာပဲ ဖြစ်မယ်... သွားကြစို့!"

လူတိုင်း တုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် အရှိန်ပြင်းပြင်းနဲ့ လုရွှမ်နဲ့ ဟုန်ချောင်တို့ရဲ့ ဦးတည်ရာဘက်ကို အမြန် ပြေးလိုက်လာကြသည်။

အချိန်အတော်ကြာအောင် ပြေးလွှားပြီးသောအခါ လူအုပ်စုသည် ၎င်းတို့နောက်မှ သူတော်စင်သားရဲများ၏ အငွေ့အသက်များကို ခံစားလာရကာသည်။

ကြီးကျယ် ခမ်းနားသော ရောင်ဝါက သူတို့အားလုံးကို ကြောက်လန့်သွား​စေကာ ယွမ်ချီကိုပင် မထိန်းနိုင်တော့ဘဲ ဖြစ်လာစေ၏။ ကံကောင်းစွာပင် ဤလူများသည် အနည်းဆုံး ရွှေခန္ဓာနယ်ပယ် အဆင့်ထက် ကျော်လွန်နေသဖြင့် ၎င်းတို့နောက်ရှိ သူတော်စင် သားရဲများ၏ ရောင်ဝါကို တိုက်ရိုက် ပျက်သွားစေသည်။

သို့သော်ငြားလည်း အကွာအဝေးနှင့် အရှိန်အဟုန်သည် အဆက်မပြတ် နီးကပ်လာနေပြီး ၎င်းတို့အနောက်မှာ အအေးလှိုင်းတွေ အသည်းအသန် ပြေးလာနေသလိုပင် ခံစားနေရသည်။

"ဟမ့်... ရှေ့ကနှစ်ယောက်က ဘယ်သူတွေလဲ? သူတို့က ဘယ်လိုလုပ် ဒီလောက်တောင် မြန်​နေရတာလဲဟ?"

လူတစ်ယောက်က ထပြောလိုက်သည်။

လုရွှမ်ကို မကြာခင်မှာပဲ အမီလိုက်နိုင်လိမ့်မယ်လို့ သူတို့ထင်ခဲ့ကြသည်။ လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း အဆင့်၁သာ ရှိကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမယ့် အချိန်အတော်ကြာ လိုက်ဖမ်းပြီး နောက်မှာတော့ အရိပ်နှစ်ခုကို မတွေ့ခဲ့ရတော့ချေ။

"အဲဒီမိန်းမက ကောင်လေးကို ကူညီပေးတာ မဟုတ်ဘူး... ကောင်လေးက အဲဒီမိန်းမကို ကူညီပေးနေတာပဲ!!"

"သူ့နောက်ကျော အတောင်ပံတွေကို တွေ့လား?"

"မတွေ့လိုက်ဘူး"

သူတို့က ခေါင်းကို အထပ်ထပ် ခါယမ်း​ပြသည်။

ပိုင်ကျစ်ရှန်းရဲ့ နှလုံးသားက ပူလောင်နေပြီ။ ဒါဟာ မြင့်မြတ်တဲ့ ထူးဆန်း ရတနာဖြစ်ရမယ် ဆိုတာ ခန့်မှန်းမိထားပြီ။ ဒီထူးဆန်းတဲ့ ရတနာကြောင့် ဒီကောင်လေး အဆင့်၁ လေးနဲ့ ဒီကို လာရဲတာပဲ ဖြစ်မည်။

သူရလိုက်တာနဲ့ ၎င်းသည် သူတော်စင် သားရဲကို ရရှိခြင်းထက် များစွာ အားကောင်းလာမည်ဖြစ်သည်။

"အားလုံး မြန်မြန်လိုက်ကြ!"

...

သူတို့နောက်က လူအုပ်ကြီးက သူတို့နောက်ကို လိုက်လာနေတာကို သိလိုက်ရတော့ လုရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး အရှိန်ပြင်းပြင်းနဲ့ ချက်ချင်း ပျောက်ကွယ်သွား၏။

သူတို့ နှစ်ယောက်ရဲ့ အရှိန်ကို သိလိုက်ရတော့ ဟုန်ချောင်တစ်ယောက် ​​အလွန် အံ့သြသွားလေသည်။ ဒီအရှိန်က သူ့ထက် နှစ်ဆပိုမြန်ပြီး ဒီကောင်လေးက သူ့အစွမ်းအစကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ ဖြစ်ပေ၏။

"သားရဲဒီရေ ကွဲသွားပြီ!"

စိတ်ဝိညာဉ် စွမ်းအားများ တောက်လျှောက် တက်လာပြီး နောက်ဆုံးတွင် လုရွှမ် နောက်ဆုံးတော့ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

တကယ်တော့ သစ်ပင်တက်​နေရင် သားရဲဒီရေကို ရှောင်နိုင်ပေမယ့် လုရွှအ်ကတော့ ဒီသစ်ပင်တွေဟာ ရေတွင်းထဲက လ၊ ရေထဲက ပန်းပွင့်တွေလိုပဲ ဆိုတာ ရိပ်မိထားသည်။ သစ်ပင်တွေက ကျောက်ဆောင်တွေကို မတက်နိုင်သလိုပင်။

သစ်ပင် တစ်ပင်ဟာ တောင်တက်ဖို့ ရည်ရွယ်ချက် ဘယ်လောက်ပဲ ရှိနေပါစေ ခက်ခက်ခဲခဲ တက်ရင်တောင် အောင်မြင်နိုင်ချေ မရှိချေ။

နောက်ထပ် ဆယ်ရက်လောက် ပျံသန်းပြီးနောက်မှာ သူတော်စင် သားရဲတွေ သူ့နောက်ကို အဆက်မပြတ် လိုက်လာနေ​သေးတာကို လုရွှမ် ခံစားမိနေရဆဲ ဖြစ်ရာ လုရွှမ် ရိုးရိုးရှင်းရှင်းပဲ ရပ်တန့်လိုက်သည်။ သူသာ ဒီအတိုင်း ပုန်းနေမယ်ဆိုရင် ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။

"ဘာလို့ ရပ်လိုက်တာလဲ?"

ဟုန်ချောင်သည် သူတို့နောက်ကွယ်ရှိ သူ​တော်စင်သားရဲ၏ အရိပ်အယောင်ကို ခံစားနေရတာကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ လွတ်မြောက်ရန်သာ စဉ်းစားနေခဲ့သည်။

"ငါမသိတဲ့ အကြောင်းပြချက် ရှိနေလို့သာ မဟုတ်ရင် ငါ့အရှိန်နဲ့ဆို အမီလိုက်ဖို့ မဖြစ်နိုင်ဘူး"

ဟုန်ချောင်မှာ မကောင်းတဲ့ကောင်လို့ ပြောချင်ပေမယ့် လုရွှမ်က အဲဒီလိုပြောဖို့ ခွန်အားရှိနေတယ်လို့ သူမ ခံစားနေရသည်။ လုရွှမ်ဆီ ကြည်လင်ပြတ်သားပြီး အလွန်လှပတဲ့ အတောင်ပံတွေကို မြင်လိုက်ရလေသည်။

သိပ်သည်းတဲ့ သူတော်စင် စွမ်းအားတွေက သူ့အတောင်တွေပေါ်မှာ ယှက်သန်းနေသည်။ အရှိန်က မြန်လွန်း၍ သာမန် သူတော်စင် သားရဲများနှင့် နှိုင်းယှဉ်ပါက နှေးနေမည် မဟုတ်ချေ။

ဒီလိုနည်းနဲ့ ခွန်အားကို သုံးစွဲနေတာက အလွန်ကြောက်စရာ ကောင်းလှသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလူယုတ်မာရဲ့ ခံနိုင်ရည်က အရမ်းပြင်းထန်တာကြောင့် သူမကို အရမ်းသဘောကျ​စေသည်။

တုန်လှုပ်နေသော ယွမ်ချီအား သူတော်စင် စွမ်းအားဖြင့် ရောနှောလျှင် သူမသည် သူတော်စင် စွမ်းအား၏ ၃၀% သာ ပြောင်းလဲသွားသော်လည်း ဤလူယုတ်မာ၏ ခန္ဓာကိုယ်တွင်မူ ယွမ်ချီစွမ်းအားက အနည်းဆုံး ၅၀%အထိကို သူတော်စင် စွမ်းအားအဖြစ် ပြောင်းလဲသွားတာကို ခံစား​နေမိသည်။

ဒါက အံ့ဖွယ် အခိုက်အတန့် တစ်ခုပင်။

ထို့အပြင် သူ၏ ယွမ်ချီစွမ်းအားတွင် နားမလည်နိုင်သော စွမ်းအားတစ်ခု ရှိနေသည်။ ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင် သို့မဟုတ် နားမလည်နိုင်အောင် ဖြစ်စေသော်ငြား အလွန်အားကောင်းသည်ဟု ခံစားရပြီး သူမ၏ ပင်ကိုယ်စွမ်းအားထက်ပင် ပိုမြင့်မား​လေသည်။

သူမဘေး ဒီလိုအစွမ်းထက်တဲ့လူ ရှိနေတာက ငယ်ငယ်က သူမအမေ ပွေ့ဖက်ထားသလိုမျိုး နွေးထွေးတဲ့ ခံစားမှုကိုလည်း ပေးစွမ်းနိုင်ခဲ့ပြီး ထိုအနွေးဓာတ်ကိုပင် လွမ်းဆွတ်လာစေခဲ့သည်။ နည်းနည်းတော့ ရှက်သွားပေမယ့် ပိုလို့တောင် ဒေါသထွက်လာသေး၏။

အဲဒီစွမ်းအား ရှိနေတော့ရော ဘာဖြစ်လဲ? သူတို့အခု ဒုက္ခရောက်နေပြီ မဟုတ်ဘူးလား?

အဆင်မပြေသလို ခံစားရသဖြင့် ဟုန်ချောင် လုရွှမ်ကိုကြည့်ကာ ဆိုလိုက်သည်။

"ဟမ့်... နင်မသိတဲ့ ပြဿနာတွေမှ အများကြီးပဲ... တစ်ခုခုမှားနေပြီလို့ နင်ထင်နေတာက နင့်ကိုယ်နင် သိပ်အထင်ကြီးနေတာ မဟုတ်လား?"

"ဒါဆို မင်းဆက်​ပြီး ပျံသွားလိုက်လေ ငါမင်းကို ထပ်​မသယ်သွားတော့ဘူး"

"ဟမ့်... ငါပြောနေတာက ဒီအတိုင်း စကားအဖြစ်လေ... ငါနင့်အသက်ကို ကယ်ခဲ့တာ.... နင်ငါ့ကို ပြန်မဆပ်သင့်ဘူးလား??"

နောက်တစ်ခါ လုပ်ပြန်ပြီ!

လုရွှမ် စကားမပြောနိုင်တော့ပေ။ ဒီကလေးမလေးက သူ့ဆန္ဒကို မလိုက်နာတော့တာနဲ့ ဒီစကားလုံးတွေပဲ ထွက်လာပြန်ပြီ။

"ထပ်ပျံသန်းကြည့်ရအောင်"

လုရွှမ်က ဆို၏။ သူအနည်းငယ် အံ့အားသင့်သွားသည်။ သူ သူ​တော်စင်သားရဲတွေရဲ့ အရှိန်အဝါတွေကို ခံစားနိုင်သလို သူ့ရှေ့မှ လူအနည်းငယ်လည်း ခံစားမိနိုင်သည်။

နောက်ဆုံးတော့ အဲဒီလူတွေမှာ တချို့က သန်မာပြီး တချို့က အားနည်းကြသည်။ သူတို့ အသက်ရှင်နေသေးတာ ထူးဆန်းနေ၏။ အနည်းဆုံး သူတို့ထဲက အားနည်းလွန်းတဲ့ တချို့က သေသွားသင့်တာ မဟုတ်ဘူးလား။

ဟုန်ချောင် ဒေါသတကြီး ခြေစောင့်မိတော့သည်။ လုရွှမ်ရဲ့ နောက်ကျောကနေ အတောင်ပံတွေ ထွက်လာတာကို မြင်တော့ မာနကြီးတဲ့ အမူအရာနဲ့ သူ့လက်ကို အမြန်ဆွဲကိုင်လိုက်၏။

လုရွှမ် စကားမပြောဘဲ သူ့အတောင်ပံတွေကို နောက်ကနေ ဖယ်လိုက်ပြီး သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ဖုံးကွယ်ဖို့ ပုံစံတစ်ခုကို ဖန်တီးလိုက်တော့သည်။

"ခဏစောင့်... သူတို့ဒီကို လာနေပြီ!"

လုရွှမ် မျှော်မှန်းထားသည့်အတိုင်း လူအနည်းငယ်သည် သူတို့ရဲ့ တည်ရှိမှုကို လုံးဝဂရုမစိုက်ဘဲ ခေါင်းပေါ်မှ လျင်မြန်စွာ ပျံသန်းသွားကြသည်။ နောက်မှ သူတော်စင်သားရဲများ၏ တန်ခိုးသည် လှိုင်းတစ်ခုထက် မြင့်သော လှိုင်းလုံးကြီးကဲ့သို့ ဖြစ်၍ စိတ်ကို တုန်လှုပ်လုနီးပါး ဖြစ်ကုန်၏။

"နင်မှားပြီး တွက်ချက်မိနေတာတော့ မဟုတ်ဘူးမလား?"

ဟုန်ချောင် အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူတော်စင်၏ စွမ်းအားသည် ကြွလာသကဲ့သို့ပင် သားရဲဒီရေ၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေပြီ။ ကြီးကျယ် ခမ်းနားသော အရှိန်အဟုန်ဖြင့် ဖိနှိပ်ခံခဲ့ရပြီး အသက်ရှုကျပ်လာခဲ့သည်။

လုရွှမ် သွားများကို အံကြိတ်ကာ တန်ခိုးအပြင်းထန်ဆုံး ရှိရာ ရှေ့ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက ငြိမ်သက်နေသော်လည်း သူ့စိတ်နှလုံးမှာလည်း မကျေမနပ် ဖြစ်နေပြီ။ အမှန်တကယ် အမှားရှိခဲ့ပါက သေဆုံးနိုင်ခြေ ၉၉% နီးပါး မြင့်မားလှသည်။

"လာနေပြီ! "

စွမ်းအားက အထွတ်အထိပ် ရောက်နေပြီလို့ ခံစားလိုက်ရတော့ လုရွှမ် မထိန်းနိုင်တော့ဘဲ အော်လိုက်စဥ် ​ဟုန်ချောင်လည်း သူမမျက်လုံးတွေကို မှိတ်လိုက်ပြီး

"သေရတော့မယ်!"

ဝုန်း!

ပြင်းထန်သော အလင်းတန်းများ သူတို့အား လွှမ်းခြုံသွားသည်။ လုရွှမ် ပြူးကျယ်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သော်ငြား သူတော်စင်သားရဲ တစ်ကောင်ကိုမျှ မမြင်ရပေ။

All Chapters