ဒြပ်စင်ငါးခုသမင်
Vol. 41 Ch. 4.124
အခင်းအကျင်း အစီအရင်က ကွဲတော့မယ့်ပုံ ပေါက်နေသော်လည်း ခွဲရခက်နေ၏။
"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်လဲ??"
လုရွှမ် ကျယ်လောင်စွာ အော်မေးလိုက်သည်။
ဟုန်ချောင်မှာ လုရွှမ်ကို လက်နှစ်ဘက်ဖြင့် ချိတ်ဆွဲထားရရာ သူမ၏မျက်နှာသည် နီမြန်းနေပြီး လုရွှမ်အသံကို ကြားတော့ သူမက လျင်မြန်စွာ အော်လိုက်သည်။
"၂၀!!"
လုရွှမ် မျက်မှောင် ကြုတ်လိုက်၏။ ဒါက လုံလောက်ရုံမျှသာ ဖြစ်သည်။
လုရွှမ် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။ သူ၏လက်ချောင်းများကြားတွင် စိတ်ဝိညာဉ် စွမ်းအား အနည်းငယ် ထွက်ပေါ်လာပြီး ဟုန်ချောင်ရဲ့ စိတ်ဝိညာဥ်ထဲသို့ တိုက်ရိုက် ရိုက်ထည့်လိုက်သည်။
"ခဏနေ တိုက်ဖို့ပြောရင် တိုက်မယ် နားလည်လား"
ဟုန်ချောင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူအစိတ်ထဲတွင် တစ်ခုခု ရှိနေတာကို ခံစားနေရ၏။ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုတဲ့ နည်းလမ်းများထဲက တစ်ခုဖြစ်ကြောင်း ရုတ်တရက် နားလည်သွားသည်။
တခဏချင်းမှာပဲ သူမ စိတ်ဝိညာဉ် စွမ်းအားကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသလို ထိုစိတ်ဝိဥာဉ် စွမ်းရည်နဲ့လည်း ရင်းနှီးလာခဲ့သည်။
"တိုက်!" လုရွှမ် အော်လိုက်သည်။
ဟုန်ချောင် သူမလက်ဖဝါးကို ကောင်းကင်ဆီသို့ အလိုလို ဝှေ့ယမ်းလိုက်သည်။ လုရွှမ်ကလည်း သူ့လက်များကို တစ်ဖန် မြှောက်လိုက်ကာ ကြီးမားသော နဂါးဆင်ရွှေလက်ဝါးကို ထွက်ပေါ်လာစေသည်။
ဟုန်ချောင်၏ လက်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အစီအရင် အလင်းအကာထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ လုရွှမ်၏ လက်ဖဝါးနှစ်ချက်သည်လည်း ထွက်လာ၏။
ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အလင်းအကာသည် စက္ကူခြစ်ရာများကဲ့သို့ ပြန့်ကျဲလာသည်။
"တက်ရအောင်!" လုရွှမ် အော်လိုက်သည်။
နှစ်ယောက်သား ချွဲပျစ်ပျစ် အရည်အလွှာထဲသို့ ဝင်လိုက်သကဲ့သို့ ပျံတက်သွား၏။ အမွှေးတိုင်တစ်ဝက်ခန့် ပျံတက်ပြီးနောက် နောက်ဆုံးတွင် အရည်ထဲမှ အမြန်ထွက်လာကာ ပတ်ဝန်းကျင်သည် ရုတ်တရက် ကြည်လင်လာခဲ့သည်။
သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် နှစ်ဦးသား ၎င်းတို့ပတ်ဝန်းကျင်ရှိ အရည်များကို ခါထုတ်လိုက်ရာ ရေကန်တစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရသည်။
အံ့သြစရာကောင်းတာက သူတို့ပတ်ဝန်းကျင်မှာ သူတော်စင်သားရဲတွေ ရေသောက်နေကြ၏။ လုရွှမ်နဲ့ ဟုန်ချောင်ကို တွေ့လိုက်တဲ့အခါ တချို့က တိုက်ရိုက် ထွက်ပြေးသွားကြပြီး တချို့ကတော့ သူတို့နေခဲ့တဲ့ နေရာမှာပဲ ဆက်နေကြသည်။
"ဒါတွေက တကယ့် သူတော်စင် သားရဲတွေလား?"
ဟုန်ချောင် လုရွှမ်ကိုကြည့်ကာ မတတ်နိုင်စွာ မေးလိုက်သည်။
လုရွှမ်က ပြန်ခေါင်းညိတ်ပြ၏။ ယခင်က အခင်းအကျင်းထဲတွင် ရှိသော သူတော်စင်သားရဲများနှင့် နှိုင်းယှဥ်ကြည့်လျှင် ထိုသတ္တဝါများသည် ပို၍မှန်ကန်သည်ဟု ခံစားရသည်။
ရုတ်တရက် သမင်နှင့်တူသော တိရိစ္ဆာန်လေးတစ်ကောင်သည် အော်ဟစ်ကာ ဟုန်ချောင်ဆီသို့ ပျံသန်းလာခဲ့သည်။ ၎င်း၏ နီမြန်းသောလျှာသည် ဟုန်ချောင်၏ အနီရောင် လက်ချောင်းများကို ညင်သာစွာ နမ်းလိုက်ကာ ဖော်ရွေသောအကြည့်ကို ပြသလိုက်သည်။
သာမန်သမင်များနှင့် မတူဘဲ ဤသမင်သည် ၎င်း၏ဦးခေါင်းထိပ်တွင် ရွှေရောင်အမွေးများ ရှိပြီး လေမပါဘဲ အလိုအလျောက် ရွေ့လျားနေသည်။ အမွေးများမှာ အလွန်မှော်ဆန်ပြီး ၎င်း၏စိမ်းမြသော မျက်လုံးများမှာ ပို၍ပင် သွက်လက်သည်။
"ဟီး ဟီး!"
ဟုန်ချောင် ရယ်မောရင်း ထိုင်ချလိုက်ပြီး သမင်လေးကို ညင်သာစွာ ကိုင်လိုက်ကာ သမင်ငယ်လေးက ချစ်စဖွယ်အနီရောင် ပါးပြင်ကို နမ်းလိုက်သည်။
"အရမ်းချစ်စရာ ကောင်းတယ်...ငါ သဘောကျတယ်လို့!!"
ဟုန်ချောင်က ဝမ်းသာအားရ အော်လေသည်။ ထိုအခိုက်တွင် လုရွှမ် မျက်လုံးများလည်း တောက်ပလာပြီး
"ဦးချိုသေးသေးလေးတွေ ရှိမရှိကြည့်ဖို့ သူ့ဦးခေါင်းပေါ်ရှိ ရွှေဆံပင်တွေကို ဂရုတစိုက် ဖြီးဖြီးချလိုက်...."
အန္တရာယ်များ တစ်ခုပြီးတစ်ခု ပြီးသည်နှင့် လုရွှမ်သည် သူမအား အကြိမ်ကြိမ် လွတ်မြောက်စေခဲ့သည်။ ထို့ကြောင့် ဟုန်ချောင်သည် မသိစိတ်မှ လုရွှမ်ကို နှလုံးသား အောက်ခြေအထိ ယုံကြည်နေခဲ့သည်။
သူမသည် သမင်ခေါင်းပေါ်ရှိ ရွှေရောင်ဆံပင်ကို ညင်သာစွာ တွန်းလိုက်ရာ ရွှေသမင်ချိုနှစ်ကောင်ကို တွေ့လိုက်ရသည်။
"ဟေး... သူ့မှာ တကယ်ရှိနေတာပဲ အရောင်ငါးရောင်လည်း လည်ပတ်နေသေးတယ်"
"ကလေးမ... မင်းတကယ် ကံကောင်းတာပဲ... ဒီဒြပ်စင်ငါးပါးပါတဲ့ သမင်က မြင့်မြတ်တဲ့ သူတော်စင် သားရဲပဲ.... ယဉ်ပါးအောင် ထိန်းလို့ မရဘူး အနည်းဆုံး ငါသိသလောက်တော့ ဘယ်သူမှ မလုပ်နိုင်ဖူးဘူး.... ဒဏ္ဍာရီလာ ဂန္တဝင်စာအုပ်မှာ မှတ်တမ်းတင်ထားတာတော့ ဒါက နို့စို့အရွယ်ပဲ ရှိပါသေးတယ်... သူမင်းကို အရမ်း သဘောကျနေပုံအရတော့ မင်းနဲ့ အတူရှိချင်တာကြောင့် ဖြစ်မယ်.... ဒါက ထိပ်တန်းအဆင့် သူတော်စင် သားရဲတွေပဲ ရှိတဲ့ နှောင်ကြိုးဖွဲ့နိုင်တဲ့ အထူးနည်းလမ်းတစ်ခုပဲ... စာအုပ်တွေထဲမှာပဲ ဖတ်ဖူးပေမယ့် တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး"
"ဘာ!"
ဟုန်ချောင် ဝမ်းသာအားရ အံ့အားသင့်သွားပြီး သမင်လေးကို စိတ်အားထက်သန်စွာ ပွေ့ဖက်ကာ နမ်းရှုတ်ပစ်လိုက်ရာ သမင်လေးရဲ့ မျက်နှာတစ်ပြင်လုံး ရွှဲနစ်သွားလေသည်။
လုရွှမ် သူ၏ယခင်ဘဝတွင် သူနှင့်အတူ ရှိခဲ့သော သူတောင်စင်သားရဲ၏ ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရား အဆင့်နှင့် နီးစပ်သော်လည်း အဆင့်သတ်မှတ်ချက်အရ သူသည် ဒြပ်စင်ငါးခုရှိသည့် သမင်နဲ့ အများကြီး ကွာလို့ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
"သွားမယ် တခြားနေရာတွေကို သွားကြည့်ရအောင်"
လုရွှမ် စိတ်ထဲမှာ အနည်းငယ် စိတ်ဓာတ်ကျနေပါပြီ။
ယခုအချိန်တွင် ဟုန်ချောင်မှာ သူမပါးစပ်ကို နားရွက်တက်ချိတ်တော့မတတ် ပျော်ရွှင်နေကာ ကောင်းကင်တွင် ပျံဝဲနေသော နတ်သမီးလေးလို သူ့နောက်သို့ လိုက်ကာ အလွန်စိတ်အား ထက်သန်နေသည်။
"ဟေး... သူက ဘာစားတာလဲ? မြက်စားလား? ဝိညာဥ်ကျောက်တုံးလား? ဘာသောက်ရတာ ကြိုက်လဲ? သူက အထီးလား အမလား? ငါသူ့ကို ဘာနာမည် ပေးရမလဲ?"
ဟုန်ချောင် စကားများစွာ ပြောရင်း မျက်လုံးကြီး ပြူးလျက် လုရွှမ်အား သင်ယူလိုစိတ် ပြင်းပြသော ကလေး တစ်ယောက်ကဲ့သို့ စူးစူးဝါးဝါး ကြည့်နေလေသည်။
"မသိဘူး... မင်းကိုယ်တိုင် စမ်းကြည့်လို့ရတယ်"
"ဟမ့် တွန့်တိုတဲ့လူ!.... ဟမ့် ဒီအဘွား....."
လုရွှမ်ရဲ့အကြည့်ကို မြင်တော့ ဟုန်ချောင်က
"ငါဘယ်လို ထွက်ရမှန်း မသိလို့သာ မဟုတ်ရင် နင့်ကို အသားမုန့်နဲ့ အပိုင်းပိုင်း ဖြတ်ပြီး အဆာပြေမုန့်လို့ ဖြည်းဖြည်းချင်း စားပစ်မှာ!!"
"ဘာလို့မင်းက ငါ့ကို ရိုက်ချင်နေသေးတာလဲ? ငါကသာ မင်းရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ"
လုရွှမ် ဤမိန်းကလေးနှင့် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုရန် စိတ်မ၀င်စားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
"ကောင်းပြီ... နောင်မှာ မင်းနောက်ကို လိုက်ချင်တဲ့ တခြား သူတော်စင်သားရဲတွေ ရှိကောင်းရှိနိုင်ပါ့မလား မသိပေမယ့် ငါကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်... မင်းရဲ့ ဒီဒေါသနဲ့ဆို ချစ်ဖို့ကောင်းတဲ့ သူတော်စင် သားရဲလေးတွေ မင်းကို လျစ်လျူရှုသွားမှာတော့ အမှန်ပဲ ဟုတ်တယ်မဟုတ်လား... ဒါပေမဲ့ ဒါက အမြဲတမ်းတော့ မဟုတ်ပါဘူး...."
လုရွှမ်ရဲ့ နှလုံးခုန်သံက အကြောင်းပြချက် အနည်းငယ် မတည်မငြိမ် ဖြစ်လာ၏။ ဒီမိုက်မဲတဲ့ ကောင်မလေးနောက်ကို လိုက်ရင် သူတော်စင်သားရဲတွေ တွေ့ကောင်း တွေ့နိုင်တယ်။ ဒါက သူ့အတွက်လည်း အခွင့်အရေးပဲ။
ငါးရောင်ခြယ်သမင် နှင့် ဟုန်ချောင်တို့ အကြားက နီးကပ်မှုသည် ၎င်းတို့ကို ဖြတ်ကျော်သွားသော အလင်းရောင်ကြောင့် အလွန် ကောင်းမွန်သော ဆက်ဆံရေး ရှိလာခဲ့ကြောင်း သူ ဖျတ်ခနဲ ခံစားလိုက်ရသည်။
ထိုအလင်းတန်းများသည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ပစ်ချင်သည့် ရောင်ဝါကို သေချာပေါက် သုတ်သင်လိုက်သည်။ သို့မဟုတ်လျှင် ထိုကဲ့သို့ လိမ္မာပါးနပ်သော သူတော်စင်သားရဲများသည် တက်ကြွစွာ ချဉ်းကပ်လာနိုင်မည် မဟုတ်ပေ။
"အရှေ့ကို သွားကြည့်ရအောင်!"
လုရွှမ်က အော်ဟစ်ပြီး ဟုန်ချောင်ကို နှုတ်ဆက်ကာ သူတော်စင် သားရဲအုပ်စုဆီသို့ အမြန်ပြေးသွားခဲ့သည်။
ဟုန်ချောင်မှာ လုရွှမ် တစ်ယောက်တည်း ပျံထွက်သွားသည်ကို မြင်ပြီး သူမနောက်တွင် ကျန်ရစ်မည်ကို ကြောက်ရွံ့ကာ အလျင်အမြန် လိုက်သွားလေ၏။
ဒြပ်စင်ငါးပါးသမင်လေးကို ရှောင်းရှောင် ဟု အမည်ပေးထားပြီး ရှောင်းရှောင်က သူမအား ချက်ချင်းနောက်မှ တွန်းချလိုက်ကယ မျက်စိတစ်မှိတ်အတွင်း သူ လုရွှမ် လိုက်သွားခဲ့သည်။
"ဟားဟား.... ရှောင်းရှောင် နင်က အရမ်း အံ့သြဖို့ကောင်းတာပဲ... လုရွှမ် နင်အခု မာနကြီးနိုင်သေးလား? ငါ့မှာ နင့်ထက်မြန်တဲ့ ရှောင်းရှောင် ရှိတယ်"
သူမက ရှောင်းရှောင်းရဲ့ လည်ပင်းကို ဂုဏ်ယူစွာ ပွေ့ဖက်ထားပြီး လူတစ်ကောင်နဲ့ သမင်တစ်ကောင်က အပြန်အလှန် ဆက်စပ်နေသလိုပင်။ သမင်ငယ်လေးက ဟုန်ချောင်ကို သယ်ဆောင်သွားကာ သူမသည် ရှေ့သို့ အမြန်ပြေးသွားပြီး လုရွှမ်ကို ကဲ့ရဲ့လိုက်ပြန်သည်။
အချိန်အတော် ကြာအောင် ပြေးပြီးနောက် သမင်ငယ်လေးသည် ရုတ်တရက် ရှေ့၌ ရပ်တန့်သွားကာ ဟောက်၍ ခေါင်းယမ်းလိုက်သည်။
လုရွှမ် ဟုန်ချောင်ကို ဒီမှာ စောင့်နေဖို့ အချက်ပြပြီး သတိထား၍ အရှေ့ကို ပြေးသွားရာ မကြာခင်မှာပဲ သွေးနံ့တွေ ပြင်းပြင်းထန်ထန် ထွက်လာတော့သည်။
လုရွှမ် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ကာ ရှေ့သို့ သုတ်သင်ပစ်လိုက်သည်။ ဂရုတစိုက် လိုက်၍ အလောင်းကို စစ်ဆေးကြည့်ရာ အလောင်းပေါ်တွင် တိရစ္ဆာန်ဆီက အကိုက်ခံရသည့် အမှတ်အသားများ ရှိနေပြီး သားရဲတစ်ကောင်ကောင် ကိုက်ထားခဲ့ခြင်း ဖြစ်မည်ဟု ထင်ရသည်။
လုရွှမ် ဤလူများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အရည်အသွေးကို စစ်ဆေး ကြည့်လိုက်တဲ့အခါ ထိုလူများ၏ ခွန်အားမှာ အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၇မှာ ရှိနေကြောင်း တွေ့လိုက်ရတော့သည်။