ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Vol. 41 Ch. 4.126
ငှက်၏ မျက်လုံးများသည် လှံဖြင့် အထိုးခံရပြီးနောက် ကန်းသွားကာ အမှောင်ထဲတွင် မြင်ရန် ပို၍ခက်ခဲလာ၏။ ထို့ကြောင့် အထက်သို့ အမြန်တက်သွားသည်။
စွမ်းအင်တချို့ ချည်နှောင်ထားသကဲ့သို့ ရုတ်တရက် အမြင့် ဆယ်ပေအထိ ပျံသန်းသွားပြီးနောက် ငှက်ကလေးသည် ရုတ်တရက် လေထုအလယ်တွင် လောင်ကျွမ်းသွားပြီး မီးလုံးအဖြစ်သို့ ပြောင်းလဲသွား၏။ ရုန်းကန်နေရဆဲ ဖြစ်သော်ငြား ပတ်ပတ်လည်တွင် တောက်လျှောက် တောက်လောင်နေခဲ့သည်။
ထိုမှသာလျှင် လုရွှမ်သည် ဖျက်စီးလင်းနို့သားရဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူတော်စင်သားရဲ မဟုတ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတွင် လိမ္မာပါးနပ်သော ရောင်ဝါ မရှိသည့်အပြင် တစ်ကိုယ်လုံးတွင် သွေးဆာနေသော အနံ့အသက်သာ ရှိသောကြောင့် ဖြစ်သည်။
သူတော်စင် သားရဲများနှင့် နှိုင်းယှဉ်ပါက ပြင်းထန်သော သားရဲများသည် အသိဉာဏ်နည်းသော်လည်း ၎င်းတို့၏ ဖျက်စီးနိုင်သည့် စွမ်းအားသည် အံ့သြဖွယ် ကောင်းလှသည်။
လူသတ်သမားများနှင့် တူညီသော အဆင့်ရှိ ဖျက်စီး သားရဲများအတွက်မူ သူတော်စင် သားရဲနှစ်ကောင်ပင် ပြိုင်ဘက် မဟုတ်ပေ။
လုရွှမ် သူအလွန် ကံကောင်းကြောင်း သိသည်။ သားရဲသည် သူ့အဆင့် နိမ့်လွန်းသည်ကို သတိပြုမိသောကြောင့် ပေါ့ပေါ့ဆဆ တိုက်ခိုက်ခဲ့ရာ မျက်စိကွယ်သွားခဲ့သည်။ သို့မဟုတ်ပါက သူတော်စင် အဆင့်၆နဲ့အထက် ခွန်အားရှိသော သားရဲတစ်ကောင်သည် အလွယ်တကူ တိုက်ခိုက်ခံရမည် မဟုတ်ပေ။
မီးလုံးကြီးက တဟုန်းဟုန်း တောက်နေဆဲပင်။ ၎င်း၏အော်သံများ နားကိုအင်မတန် စူးစေလို့ ဟုန်ချောင်၏ မျက်နှာမှာ ဖျော့တော့လာခဲ့သည်။ သူမ၏ ဝိညာဉ်သည် ထိတ်လန့်လုနီးပါး ဖြစ်နေလေပြီ။
ထိုအခိုက် လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာခဲ့သည်။ စိမ်းပြာနဂါး၏ နှလုံးက ပြင်းထန်စွာ တုန်ခါနေကာ ဒီအသံက သူ့ကို လုံးဝ မခြိမ်းခြောက်နိုင်ပေ။
"သွားစို့!" လုရွှမ် အော်လိုက်သည်။
သမင်ငယ်လေးသည် စိတ်ဓာတ်ကျကာ ဟုန်ချောင်ကို သူ့ကျောပေါ်တင်၍ ရှေ့သို့ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်သည်။ လုရွှမ်လည်း ယင်းကို ဂရုမစိုက်နိုင်တော့ဘဲ ဆင်သံချပ် ရွှေကိုယ်ထည်ကို ထုတ်လျကိ အားအင်အပြည့်ဖြင့် ပြေးလွှားနေသည်။
ရွှေရောင် အလင်းတန်းများက တစ်ကိုယ်လုံးတွင် ထွန်းလင်းနေလေသည်။ အရင်က မီးလုံးက တခြား လူသတ်သမားတွေကို ဆွဲဆောင်နိုင်ပေမယ့် အခုတော့ အလင်းနည်းနည်း ထပ်ထည့်တာက အရေးမကြီးတော့ပေ။
အနက်ရောင်လေသည် ရုတ်တရက် ရပ်တန့်သွားသော်လည်း လုရွှမ်နှလုံးသည် အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားခဲ့သည်။ သူ့စိတ်က အလွန်ဆိုးရွားသည့် အရာတစ်ခုကို ကြိုတင်သတိပေးချက် တစ်ခု ရှိနေသလို ခံစားလိုက်ရတာကြောင့် တွေးတောမနေဘဲ သမင်လေးကို အလျင်အမြန် ဆွဲခေါ်သွားခဲ့သည်။
သမင်လေးကလည်း ယခုအချိန်တွင် မရှောင်တိမ်းဘဲ လုရွှမ် အနားတွင် ပုန်းနေခဲ့သည်။
ဟုန်ချောင်လည်း သတိလစ်သွားခဲ့ပြီ ဖြစ်သော်လည်း သမင်လေးကို လက်နှစ်ဘက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားဆဲ ဖြစ်ကာ ကံကောင်းထောက်မစွာ သူ့အား မပစ်ချမိခဲ့ပေ။ သေချာပေါက် သူမ သေသွားပေလိမ့်မည်။
နောက်အခိုက်အတန့်တွင် အနက်ရောင်လေသည် မြေပြင်မှ ကောင်းကင်သို့ ထိုးတက်လာသည်။ ဤမျှပြင်းထန်သော စွမ်းအားဖြင့် လူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်နေပါပြီ။
လုရွှမ်သည် သားရဲခန်းမ၏ ကြီးမားသော သိုင်းစွမ်းအားကို အသုံးပြုထားခဲ့သည်။ လေတစ်ချက် တိုက်ခတ်လိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ်သည် တောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်ပြီး နေရာတွင် ခိုင်မြဲစွာ ရပ်နေလေသည်။
အနက်ရောင်လေတွေ ဘယ်လောက်ပဲ တိုက်ခတ်နေပါစေ သူက မလှုပ်မယှက် ရှိနေဆဲပင်။
ဒြပ်စင်ငါးပါးသမင်လေးရဲ့ ခန္ဓာကိုယ်ကို အနက်ရောင်လေများက သယ်ဆောင်သွားချင်နေရာ ၎င်းသည် လုရွှမ်၏ ဘောင်းဘီကို သွားများဖြင့် တင်းတင်းကျပ်ကျပ် ကိုက်ထားလေ၏။
အရပ်ရပ်မှ ပြင်းထန်သော လင်းနို့သားရဲများ ဝန်းရံလာသည်။ လှံရှည်သည် နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှား၍ အဆက်မပြတ် ဝိုင်းအုံနေသော သားရဲများကို တိုက်ခိုက်နေ၏။ ခဏအကြာတွင် လှံရှည်မှာ သူ့လက်မှ လွတ်သွားခဲ့သည်။
နောက်ဆုံးတွင် ၎င်းသည် သူတော်စင်တစ်ပိုင့း တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိ လက်နက်တစ်ခုသာ ဖြစ်သည်။ ၎င်းသည် လင်းနို့သားရဲများ၏ မျက်လုံးများကို ဓားမထိုးနိုင်တော့ဘဲ အနည်းငယ် တိုက်ခိုက်ပြီးနောက် တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။
လုရွှမ် ကျိန်ဆဲလိုက်ရင်း သူ့လက်များကို ပွတ်သပ်လိုက်ပြီး ဖီးနစ်မီးတောက်များကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ချက်ချင်း လင်းထိန်သွားသည်။ လေထုအလယ်မှ သုံးမီတာအရွယ်ရှိ လင်းနို့တွေဟာ အတောင်ပံဖြန့်ပြီး သူ့ကို စိုက်ကြည့်နေကြ၏။
၎င်းသည် ညဥ့်နက်လင်းနို့ သားရဲများ ဖြစ်သည်။
မထင်မှတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က မျိုးသုဉ်းသွားကြောင်း ကြေညာခဲ့သော ဤသတ္တဝါမျိုးသည် ကြီးမားသော ရန်ဖက်တစ်ခုအဖြစ် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်တာကို တွေ့လိုက်ရသည်။
ဖီးနစ်မီးသည် ပြင်းထန်စွာ တောက်လောင်ကာ ညဥ့်နက်ဖျက်စီးလင်းနို့ သားရဲများကို ဖိနှိအ်လိုက်သည်။ လုရွှမ်ကို အံ့အားသင့်သွားစေသော အရာမှာ ညဥ့်နက် ဖျက်စီးလင်းနို့များသည် ၎င်း၏ အတောင်ပံများကို ဖြန့်၍ လေပြင်းများ တိုက်ခတ်လာစေကာ ဖီးနစ်မီးတောက်ကို တားဆီးလိုက်နိုင်၏။
ယင်းကြောင့် လုရွှမ်သည် ခဏမျှ စိတ်ရှုပ်သွားကာ ဖီးနစ်မီးတောက်များကို အမြန် ပြန်ရုတ်သိမ်းလိုက်သည်။ အနက်ရောင်လေဟု ခေါ်သည့် အရာမှာ ဤညဥ့်နက်ဖျက်စီး လင်းနို့သားရဲများမှ တွန်းပို့နေသလားဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
"ဒြပ်စင်ငါးပါး သမင်... မင်းနားရွက်ကို ပိတ်ထား!!"
လုရွှမ် အော်ပြောပြီးတာနဲ့ တစ်ပြိုင်နက် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် နဂါးကြီး ဟိန်စဟောက်သံကို ထုတ်လွှတ်လိုက်တော့သည်။
လုရွှမ်လည်း တခြား ရွေးချယ်စရာ မရှိတော့ပေ။ ခွန်အား မလုံလောက်တာကြောင့် အမျိုးမျိုးသော သူ့ခွန်အားကို လုံးဝမပြသနိုင်လို့ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။
အနက်ရောင်လေကလည်း သူ့စိတ်ဝိညာဥ် စွမ်းအားကို ထိန်းချုပ်ထားလို့ ပိုလို့တောင် အသုံးမဝင်တော့ချေ။
ကျောက်စိမ်းပြားကိုလည်း အသုံးမပြုနိုင်တာကြောင့် လုရွှမ်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဥ်သားရဲ၏ သဘာဝစွမ်းအင်ကို အသုံးပြု၍ ပြင်းထန်သော လင်းနို့သားရဲကို နှိမ်နင်းရန် ဖြစ်သည်။
နဂါး၏ ဟောက်သံသည် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။ လုရွှမ်၏ မျက်လုံးများသည် ပြင်းထန်သော ညဥ့်နက်ဖျက်စီး လင်းနို့သားရဲများကို စိုက်ကြည့်နေကြသည်။
သေချာသည်မှာ ထိုသားရဲများသည် ခဏမျှ အေးခဲသွားပြီး အထိတ်တလန့်ဖြင့် ဆယ်ပေအမြင့် အရပ်ရပ်သို့ ပြေးထွက်သွားကြသည်။ ထိုအခိုက် အချိန်ကိုက်စွမ်းအင်က ပေါ်လာပြီး ချက်ချင်းပင် မီးလုံးအဖြစ် လောင်ကျွမ်းသွားကြသည်။
အခုမထွက်ရင် ဘယ်အချိန်အထိ စောင့်နေရမှာလဲ?
"သမင်လေး.... သွားတော့!"
အရှေ့က ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ ဒီအချိန်မှာ သူ ဂရုမစိုက်နိုင်တော့ပေ။ လုရွှမ် သမင်လေးကို လက်တစ်ဖက်က ဆွဲ၍ ဖီးနစ်ရဲ့ အတောင်ပံတွေက သူ့နောက်မှာ ပေါ်လာစေသည်။ နဂါးဟိန်းသံကို ပါးစပ်ထဲမှ ဟိန်းဟောက်ပြီး လျှပ်စီးကဲ့သို့ ရှေ့သို့ ပြေးဝင်သွားသည်။
ညဥ့်နက်ဖျက်စီး လင်းနို့သားရဲများ၏ အနီးနားတွင် နဂါးဟိန်းသံများ ဆက်တိုက် ရောယှက်နေသည်။
လုရွှမ် သူ့ခေါင်းကို နောက်ပြန် မလှည့်ရဲတော့တော့။ တစ်ရာထက်မနည်း လင်းနို့သားရဲများ သူ့နောက်သို့ လိုက်လာနေကြောင်း ဝိညာဉ်စွမ်းအားဖြင့် ခံစားသိရှိလိုက်သည်။ ခဏရပ်လိုက်သည်နှင့် သူတို့ရဲ့ ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်တောက်သွားမှာ ဖြစ်သည်။
ဤလမ်းသည် အန္တရာယ်အနည်းဆုံး လမ်းဖြစ်သည်။ တခြားလမ်း ဖြစ်မည်ဆိုလျှင် အသက်မရှင်နိုင်သော သေလမ်းဟု တွေးကြည့်ရန်မှာ သူ့အတွက် အမှန်တကယ်ပင် မခက်ခဲလှပေ။
လုရွှမ် သူဘယ်လောက်ကြာကြာ ပျံသန်းနေမိမှန်း မသိပေမယ့် စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံဟာ သူ့လည်ချောင်းထဲက ခုန်ထွက်လုမတတ် အလွန်မြန်နေတာကိုတော့ ခံစားနေရသည်။ နောက်ဆုံးတွင် သူ့နောက်မှ ဖိအားများ လျော့ပါးလာပြီး လုရွှမ် လေထုထဲမှ တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူပြန်ကြည့်လိုက်တော့ လင်းနို့တွေက အနက်ရောင်လေ တိုက်ခတ်မှုနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။ အရှေ့တွင် အလင်းအနည်းငယ် ပေါ်လာပြီး နောက်ဆုံး ထွက်ပေါက်ကို ရောက်သွားခဲ့ပုံ ရလေ၏။
သမင်ငယ်လေးက အော်ဟစ်လိုက်သော် ဟုန်ချောင်လည်း နိုးလာပြီး
“ဟေး ငါဘယ်လိုလုပ် လွတ်သွားတာလဲ?”
"ကပ်သီးလေး!"
လုရွှမ် သက်ပြင်းချလိုက်ပြီး အလင်းရောင်ဆီသို့ လျှောက်သွားလိုက်သည်။ ရုတ်တရက် သူတို့နှစ်ယောက် ရှေ့မှာ ရုပ်ပုံတစ်ခု ပေါ်လာပြီး ထိုသူမှာ တည်းခိုခန်းပိုင်ရှင် အမျိုးသမီး ဖြစ်လေသည်။ တစ်ဖက်ကမ်း ကမ်းပါးရှေ့တွင် လူတစ်ဦးကို သံကြိုးများဖြင့် ချည်နှောင်ထားကာ ချောက်နံရံဘက်သို့ ဖြတ်ကူးလာခဲ့သည်။
ထိုလူမှာ အလွန်ပိန်လှီကာ ခြောက်သွေ့နေသော်လည်း အသက်ရှင်နေသည့် အငွေ့အသက် အနည်းငယ် ရှိသေးသည်။ သို့သော် အချိန်မရွေး ငြိမ်းသွားတော့မယ့် ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေသည်။
တည်းခိုခန်းပိုင်ရှင် အမျိုးသမီး ဖြစ်သူက ထိုသူ့အား ဆေးဖက်ဝင် အရည်များကို အဆက်မပြတ် တိုက်ကျွေးနေပြီး အလွန် အဖိုးတန်ကြောင်း သိသာစေသော ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များက လျှံထွက်နေသည်။
အမျိုးသမီးဖြစ်သူသည် လွမ့်ထျန်း သစ်တောထဲသို့ မဝင်သေးခင်အထိ သူမ ဤဆေးဖက်ဝင် ပစ္စည်းများကို စုဆောင်းထားခဲ့တာ သိသာထင်ရှားသည်။
"အိုး... မင်းတို့ကိုး?? မင်းတို့ အသက်ရှင်နေသေးသားပဲ ...ဒီကိုတောင် လာနိုင်သေးတာလား?"
အမျိုးသမီးက အလွန်အံ့သြသွားသည်။ သူမ မျက်လုံးများသည် ဒြပ်စင်ငါးပါး သမင်ငယ်ပေါ် ကျရောက်သွားစဥ် မျက်လုံးများက ချက်ချင်း တောက်ပလာကာ ဒြပ်စင်ငါးပါးသမင်ဆီသို့ လက်ဆန့်လိုက်သည်။
ရုတ်တရက် လက်ဖဝါး တစ်ဖက်က သူမလက်ကို လှမ်းကိုင်လိုက်သည်။ ထိတွေ့လိုက်သည်နှင့် သူမ နောက်ပြန် ပျံထွက်သွား၏။ သူမ လက်ချောင်းများမှာလည်း နောက်ပြန်ဆုတ်သွားကာ တစ်ဆက်တည်း အံ့သြသွားသည်။
"ကောင်းကင်မီးလား? ထူးဆန်းတဲ့ ရတနာတစ်ခု?"
အမျိုးသမီးကို ဆန့်ကျင်ခဲ့သူမှာ သဘာဝကျကျ လုရွှမ်ပဲ ဖြစ်သည်။ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလမှ စွမ်းအားသည် အမှန်တကယ်ပင် ပြင်းထန်လွန်းလှသည်။
လုရွှမ်၏ ဆင်သံချပ်ရွှေကိုယ်ထည်သည် ခွန်အားအပြည့်ဖြင့် လည်ပတ်နေပြီး နဂါးဆင်ရွှေလက်ဝါးကို အစောက လက်ဝါးချက်ထဲတွင် ပေါင်းထည့်ထားသည်။ ထို့ကြောင့်သာ သူ့လက်တစ်ဖက်တည်းဖြင့် အမျိုးသမီး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
လုရွှမ် သွေးများ ထွေးထုတ်လိုက်စဥ် ဟုန်ချောင်က ဒြပ်စင်ငါးပါး သမင်ရှေ့မှာ ပိတ်ဆို့ထားလိုက်သည်။
"ကောင်လေး... ဒီခရီးစဉ်ထဲက လူစုထဲမှာ မင်းက ပုန်းအောင်းနေတာပဲ.... မင်းက အံ့သြစရာ ကောင်းတာပဲ မင်းက သူတော်စင်တစ်ပိုင်း အဆင့်၁ကလေးပဲ ရှိတာတောင် မင်းမှာ ထူးခြားတဲ့ နည်းလမ်းတွေ ရှိနေတာပဲ... မင်း ငါ့ရဲ့ ထိုးနှက်ချက်ကို တွန်းလှန်နိုင်တယ် ဆိုတော့ မင်းသေရင်တောင် ဂုဏ်ယူရမှာပါ"
သူ့ပါးစပ်မှ သွေးများကို သုတ်ရင်း လုရွှမ် ယ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"ငါ မသေချင်ပေမယ့် သူမသေလို့ မဖြစ်တော့တာတော့ သနားစရာပဲ!"
သူ့လက်ဖဝါးကို ဖြန့်ကြည့်လိုက်တော့ နံစော်နေတဲ့ အဖုတစ်ခု ပေါ်လာခဲ့လေသည်။