အဒေါ်နဲ့တူမ
Vol. 41 Ch. 4.127
"ညနက်ဖျက်စီး လင်းနို့သားရဲရဲ့ ပြာလား?"
ပိုင်ရှင်ဖြစ်သူ အမျိုးသမီးက အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားကာ သူမနောက်ကလူရဲ့ ခန္ဓာကိုယ်ကို ပိတ်ဆို့ထားလိုက်သည်။
ဟုန်ချောင်လည်း နှာခေါင်းကို အုပ်ထားပြီး လက်ကို အားကြိုးမာန်တက် ဝေ့ယမ်းကာ
"အဲဒါ ဘာလဲ? အနံ့အသက်ကလည်း ဆိုးလိုက်တာ!"
လုရွှမ် ဟုန်ချောင်၏ လက်ဖဝါးကို အလျင်စလို တစ်ချက် ဆွဲကိုင်လိုက်တဲ့အခါ ဆိုင်ရှင်အမျိုးသမီးရဲ့ မျက်နှာက ဖျော့တော့သွားကာ ဟုန်ချောင်ကို လူသတ်ချင်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ သားရဲတစ်ကောင်လို ဟောက်လိုက်သည်။
"ငါ့ကို ထပ်ရိုက်လို့ရမလား စမ်းကြည့်လိုက်လေ"
သူမ၏နောက်ကွယ်မှ လူသည် ရပ်တန့် မသွားမီအထိ အကြိမ်ကြိမ် ဆက်တိုက်ဆိုသလို ချောင်းဆိုးနေခဲ့သည်။
ဟုန်ချောင်က ဉာဏ်ပြေးသူပင်။ ယခုအချိန်၌ သူမသည် ပြဿနာ တက်လုနီးပါး ဖြစ်နေပြီဟု သိလိုက်ရကာ မျက်လုံးများ နီရဲလာခဲ့သည်။ လုရွှမ်၏ အနောက်တွင် ဂရုတစိုက် ပုန်းနေလိုက်ကာ အသံတိုးတိုးဖြင့် ရှင်းပြဆဲ ဖြစ်သည်။
"ကျွန်မက နံလို့ လေထဲမှာ လက်ဝေ့ယမ်းလိုက်ရုံပဲ... အဲဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူး"
"ဆိုင်ရှင်သူဌေး... ဒီကိုလာရတာ တကယ်အန္တရာယ်ကင်းရဲ့လား?"
လုရွှမ် သူ့လက်ဖဝါးကို ဖယ်လိုက်သည်။ အနက်ရောင် လမ်းကျဥ်းထဲက သတ္တဝါဟာ ညဥ့်နက်ဖျက်စီး လင်းနို့သားရဲဖြစ်ကြောင်း သိလိုက်ရတဲ့ အချိန်တုန်းက ကံကောင်းတယ်လို့တောင် ခံစားခဲ့ရသေးသည်။
ဒါကြောင့် လုရွှမ် သူတို့ရဲ့ ပြာတွေကို သဘာဝအတိုင်း စုဆောင်းချင်ခဲ့သည်။ ဤအရာသည် ထိပ်တန်းအဆင့် သူတော်စင် ဆေးလုံးနှင့် အခင်းအကျင်း ဖွဲ့စည်းမှုအတွက် အသုံးဝင်သည့် ပစ္စည်းဖြစ်သည်။
အခင်းအကျင်းထဲ လင်းနို့သားရဲ၏ အလောင်းပြာကို ပေါင်းထည့်လိုက်ခြင်းဖြင့် အာနိသင်သည် ဆယ်ဆပိုမို အားကောင်းလာနိုင်သည်။ လင်းနို့သားရဲ၏ အလောင်းပြာကို ခန္ဓာကိုယ်သန့်စင်ဆေးထဲ ထည့်ခြင်းဖြင့်လည်း ခန္ဓာကိုယ်သန့်စင်မှု အာနိသင်သည် ၃၀% အားကောင်းလာလိမ့်မည်။
စိတ်ကို မူးဝေခြင်းကို ဖြစ်စေမည့် ဘေးထွက်ဆိုးကျိုး တချို့လည်း ရှိသေးသည်။ သို့သော် သက်ရောက်မှု လွန်သွားသည်နှင့်အမျှ ၎င်းသည် စိတ်ဝိညာဉ် စွမ်းအားအပေါ် များစွာ ထောက်ပံ့ပေးနိုင်သော အရာ ဖြစ်ပေ၏။
ထို့ကြောင့် လုရွှမ်သည် လင်းနို့သားရဲ၏ အလောင်းကို မြင်သောအခါ လက်တစ်ဆုပ်စာ ယူခဲ့သော်လည်း ဒီနေရာမှာ အသုံးဝင်လာမယ်လို့ မမျှော်ထားလင့်ခဲ့ပေ။
လင်းနို့သားရဲ သေသွားရင်တောင်မှ အာရုံစူးစိုက်မှု အားကောင်းတဲ့ အာနိသင်က ရှိနေသေး၏။ မှောင်မိုက်နေတဲ့ အချိန်ဆို သူ့ရဲ့စွမ်းအင် အလားအလာကို ဖော်ထုတ်ပေးနိုင်သည်။
အခုအချိန်မှာတော့ အမျိုးသမီးရဲ့ ယောက်ျား အခြေအနေအရ လင်းနို့အလောင်းပြာကို စုပ်ယူလိုက်တဲ့အခါ သံသယဖြစ်စရာ မလိုအောင် သေဆုံးသွားလိမ့်မည်။
တည်းခိုခန်းပိုင်ရှင် ဖြစ်သူက သက်ပြင်းချကာ အသံနက်ကြီးဖြင့် ပြောသည်။
"မဆိုးဘူး... ကောင်လေး မင်းနာမည်ဘယ်လိုခေါ်လဲ"
"ဘာလို့ နှောင့်ယှက်နေမှာလဲ? ဆိုင်ရှင်သူဌေး လူကြီးလူကောင်းတွေကြားက ခင်မင်ရင်းနှီးမှုက ရေလို ရှားပါးတာမို့ တစ်စုံတစ်ယောက်ရဲ့ နာမည်ကို မေးနေစရာ မလိုပါဘူး.... ကျုပ်တောင်ခင်ဗျားကို ဆိုင်ရှင်သူဌေးလို့ ခေါ်တတ်တာပဲလေ မတွေ့ဘူးလား!"
ထိုအခါ အမျိုးသမီးဖြစ်သူက သမင်ကို လက်ညှိုးထိုးပြပြီး
"အဲဒါက ဘယ်လို သူတော်စင် သားရဲလဲ? သူ့ခန္ဓာကိုယ်ထဲက သန့်ရှင်းတဲ့ သွေးက ထူးထူးခြားခြား ဖြစ်နေတယ်လို့ ခံစားရတယ်.... ငါသူ့ဆီက သွေးပန်းကန် တစ်လုံး လိုချင်တယ်"
"မဖြစ်ဘူး... ရှောင်းရှောင်က ကျွန်မဟာ... သူ့သွေးကို မပေးနိုင်ဘူး"
ဟုန်ချောင် ခေါင်းထွက်ကာ ဟစ်အော်လိုက်ပြီးနောက် ပြန်ဝင်ပုန်းနေ၏။
လုရွှမ် ရယ်လိုက်ကာ
"ခင်ဗျား ကြားပြီလား"
"တကယ်တော့ သူတော်စင် သားရဲတွေ အများကြီး ရှိတယ်... သူဌေးလည်း သူတို့ကို ဒီမှာ နှစ်တိုင်း ဖမ်းမိတယ်လို့ ထင်ပါတယ်.... ဒါပေမဲ့ အဲဒါက အသုံးဝင်ရဲ့လား? အသုံးဝင်မှာတော့ သေချာပါတယ်.... ဒီလူကြီးမင်းက အသက်ရှင်နေသေးပေမယ့် ယာယီဖြေရှင်းချက် တစ်ခုပဲလေ..."
"ဒါ့အပြင် သူတော်စင် သားရဲသွေးကို သောက်သုံးတဲ့ အကျိုးသက်ရောက်မှုက နှစ်တွေ ကြာလာတာနဲ့အမျှ ပိုဆိုးလာတယ်လို့ သူဌေးဖြစ်သုလည်း တွေ့ခဲ့မယ်လို့ ထင်ပါတယ်.... ဒီနေရာက သူတော်စက် သားရဲတွေ နည်းပါးလာတာ အံ့သြစရာတော့ မရှိပါဘူး ဟုတ်တယ်မလား?"
အမျိုးသမီးက တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ လုရွှမ် ပြောတာ မှန်ပါ၏။ သူမသည် ကံကောင်းခြင်း အနည်းငယ်ကို ဆုပ်ကိုင်ထားကာ သူမနှလုံးသားထဲတွင် နောက်ဆုံး အကြိမ်အဖြစ် မျှော်လင့်မိနေခြင်း ဖြစ်သည်။
"ဒါပေမဲ့ နင်တို့ဒီအတိုင်း ထွက်သွားချင်တယ် ဆိုရင်တော့ အိပ်မက်မက်နေလိုက်... ဆေးဖက်ဝင် ပစ္စည်းတွေ အားလုံးကို ထုတ်လိုက်... မဟုတ်ရင် အတူတူ သေရလိမ့်မယ်"
လုရွှမ် ဟုန်ချောင်ကိုလည်း တစ်ချက် ကြည့်လိုက်ပြီး
"ထုတ်လိုက်ပါ.. အသက်ကို ကယ်တင်တာက အရေးကြီးဆုံးပဲ"
နောက်တော့ သူမ သေးငယ်တဲ့ ပစ္စည်းလေးတွေကို လွှင့်ပစ်လိုက်တော့သည်။ ဒါတွေက လမ်းတလျှောက် သူမ ကောက်သိမ်းလာတဲ့ အရာတွေဖြစ်ကာ အားလုံး အမှိုက်တွေ ဖြစ်ကုန်ပြီ။ အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ဟုန်ချောင်ကို စိုက်ကြည့်နေ၏။
ဟုန်ချောင် နှာချေလိုက်သည်။ သူ့ပစ္စည်းတွေ အများစုဖြစ်တဲ့ အနီရောင်တွေ၊ ဆေးလုံးတချို့၊ အထောက်အထား တံဆိပ်ပြားနဲ့ အလှကုန်ပစ္စည်းတွေ အများစုပင်။
အမျိုးသမီးက စွမ်းအင်တစ်ခုဖြင့် စုပ်လိုက်ရာ အထောက်အထား တံဆိပ်ပြားက သူမလက်ထဲသို့ ကျရောက်သွားသည်။
"မင်းက လျန့်မိသားစုကလား? မင်းနာမည် ဘယ်လိုခေါ်လဲ?"
အမျိုးသမီးက ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ဟုန်ချောင်ကို စိုက်ကြည့်နေ၏။
ယခုအချိန်တွင် လုရွှမ်သည် ဟုန်ချောင်၏ အမည်ရင်းမှာ လျန့်ဟုန်ချောင် ဖြစ်သည်။ လျန့်အိမ်တော်သည် နာမည်ကြီး မိသားစု တစ်ခုဖြစ်သည့် တိမ်ပင်လယ်နယ်မြေရှိ တစ်ခုတည်းသော ထိပ်တန်းအင်ပါယာ ကျိုးရန်ဧကရာဇ် အင်ပါယာ၏ အဓိက မိသားစုလေးခုထဲမှ တစ်ခုဖြစ်သည်။
"ကျွန်မနာမည် လျန့်ဟုန်ချောင်!"
အမျိုးသမီးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူမ၏ ရင်ခွင်မှ သင်္ကေတတစ်ခုကို ထုတ်ယူလိုက်သည်။
"ငါ့နာမည်က လျန့်ထျန်းရှန်း!"
"ဒေါ်လေး?"
လုရွှမ် မျက်ခုံးပင့်ကာ ခါးသက်စွာ ပြုံးလိုက်သည်။ ဒေါသကြီးတာချင်း တူနေတာ မထူးဆန်းတော့ပါဘူး။ ဆွေမျိုးတွေ ဖြစ်နေတာပဲ။ ဟုန်ချောင်သည် ထိပ်တန်းအဆင့်မြင့် သမင် သားရဲကို ကြောင်တက်တက်ဖြင့် ဖက်ရင်း အကြီးမားဆုံးသော အန္တရာယ်ကို မေ့မြောသွားပြီးနောက် သူမသည် အချိန်အတော်ကြာ ခွဲခွာနေရသော အဒေါ်ဆီ ပြေးဝင်သွားခဲ့သည်။
လျန့်ထျန်းရှန်း၏ မျက်လုံးများ တောက်ပလာပြီး သူမဆီသို့ ပြေးလာနေသော လျန့်ဟုန်ချောင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း အမျိုးသမီး နှစ်ယောက် ရှိုက်ကြီးတငင် ငိုနေကြတော့သည်။
"ဒေါ်လေး.... ဒေါ်လေး ဘာလို့ ဒီကိုရောက်လာတာလဲ? အဘိုးက ဒေါ်လေးက်ု ရှာနေတာ နှစ်တစ်ရာနီးပါး ရှိပြီ.....ဒီမှာ တချိန်လုံး ပိတ်မိနေခဲ့တာလား"
"ဟုတ်တယ် နင့်ဦးလေးက ငါ့ကို ကာကွယ်ဖို့ ဒီမှာ ပိတ်မိနေတာ.... မသိလိုက်ဘဲ နှစ်တစ်ရာနီးပါးတောင် ရှိသွားပြီကိုး.... မင်း ဒီကိုသာ မလာဘူးဆိုရင် ငါ့မိသားစုဝင်ကို ပြန်တွေ့ရမယ်လို့တောင် ထင်မှာ မဟုတ်ဘူး"
အဟွတ် အဟွတ်!
လုရွှမ် ချောင်းဆိုးလိုက်ပြီး ခြောက်ကပ်ကပ်နဲ့ ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက်စလုံးကို ဂုဏ်ပြုပါတယ်"
လျန့်ထျန်းရှန်းက ခင်ပွန်းသည်ဘက်သို့ အမြန်ပြန်သွားကာ ဝိညာဥ်ဆေးရည်များကို ဆက်လက် တိုက်ကျွေးခဲ့သည်။ လျန့်ဟုန်ချောင်ကတော့ လုရွှမ်၏ နံဘေးသို့ လျှောက်သွားပြီး အသနားခံသော မျက်လုံးကြီးဖြင့် ကြည့်နေသည်။
"အစ်ကိုကြီးလုရွှမ်... ကျွန်မအဒေါ်နဲ့ ဦးလေးတို့ကို ကြည့်လိုက် သူတို့ဒီလောက် သနားစရာကောင်းတာ သူတို့ကို ကယ်ပေးနိုင်မလား?"
"သူ့ကို ဘာလုပ်ဖို့ တောင်းဆိုနေတာလဲ? သူက သူတော်စင်တစ်ပိုင်း ပထမအဆင့်က အမှိုက်သာသာပဲ"
လျန့်ထျန်းရှန်းသည် လုရွှမ်ဟာ သာမန်ထက် သာလွန်ကြောင်း သဘာဝကျကျ သိသော်လည်း သူသည် မိသားစုဝင် မဟုတ်သောကြောင့် သူ့မိသားစုဝင်ကို ထိခိုင်းမည် မဟုတ်ပေ။
ဒီအဒေါ်နဲ့ ဒီတူမတို့က ဒေါသကြီးတာကလည်း တစ်ထေရာတည်းပဲ။
"မဟုတ်ဘူး.... ဒေါ်လေး အစ်ကိုလုရွှမ်က တော်တော် အစွမ်းထက်တာ... သူက အများကြီး သိတယ် ပြီးတော့ အစ်ကိုလုရွှမ်ကြောင့် ဒီဒြပ်စင်ငါးပါး သမင်ကို ရခဲ့တာ... ပြီးတော့ လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အားလုံးကို အစ်ကိုလုရွှမ်ကပဲ ကူညီပေးခဲ့တာ မဟုတ်ရင် သမီးဒီနေ့အထိ အသက်ရှင်ခဲ့မှာ မဟုတ်ဘူး"
လုရွှမ်မှာ ကလေးမလေးအား တအံ့တသြဖြင့် ကြည့်နေမိသည်။ သူ့အား ချိုချိုသာသာဖြင့် အစ်ကိုဟု ခေါ်လိုက်ပုံအား ကျေးဇူးတင်ရမလိုတောင် ဖြစ်နေသည်။
"အစ်ကိုကြီးလုရွှမ် အစ်ကို ဦးလေးကို ကယ်နိုင်မယ်ဆိုတာ ကျွန်မ သိပါတယ်"
လုရွှမ်၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
"ဟေး.... နင်အသက်ကို ငါကယ်ခဲ့တယ်လေ... နင် ပေတစ်ရာအမြင့်ကနေ ပြုတ်ကျလာတာ... ငါသာ မကယ်ခဲ့ရင် နင်သေတာကြာပြီ... ငါ့ကို အခုပြန်မဆပ်သင့်ဘူးလား?"
လုရွှမ် သူ့နားကို ပွတ်လိုက်မိသည်။ ဒီကောင်မလေးက သူ့ကို တစ်ကြိမ်လောက် ကယ်ခဲ့တယ် ဆိုပေမယ့် အနည်းဆုံး သူ့ဘက်ကလည်း အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ကယ်ခဲ့တယ် မဟုတ်လား။
တစ်ဖက်ရှိ လျန့်ထျန်းရှန်း၏ မျက်လုံးများက လေးနက်လာပြီး
"မင်း ပေတစ်ရာကျော်က ကျလာတာလား?"
လုရွှမ်အပေါ် သူမ၏ မျက်လုံး အကြည့်များသည် လုံးဝပြောင်းလဲသွား၏။ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလဖြစ်သည့် သူမသည်ပင် မြင့်မားစွာ မပျံသန်းနိုင်တာ သူက ပျံသန်းနိုင်ခဲ့တယ်တဲ့လား။
အစ်ကိုရန်ကို ဒီနေရာမှာ တကယ်ပဲ ကယ်နိုင်မှာလား?
"ဒါမှမဟုတ် ဒါမှမဟုတ် နင်ဦးလေးကို ကယ်ပေးရင် ငါ ငါ့ခန္ဓာကိုယ်ကို ပေးမယ်!"
လျန့်ဟုန်ချောင်က နီရဲပြီး ရှက်တတ်တဲ့ ကလေးမလေးရဲ့ အသွင်အပြင်နဲ့ ရုတ်တရတ် ပြောလိုက်ပါ၏။