← Chapters

ကံဆိုးမှု

Vol. 41 Ch. 4.128

ကံဆိုးမှု

Vol. 41 Ch. 4.128

လုရွှမ် သူ့တံတွေးကို ပြန်သီးပြီး အကြိမ်ကြိမ် ချောင်းဆိုး​နေရ​တော့သည်။

"ဟေ့ အစ်ကိုလုရွှမ်... အဲဒါက ဘာဖြစ်တာလဲ? ပျော်နေရင်တောင် အဲ့လောက် သတိထား နေစရာမလိုဘူးလေ"

လုရွှမ် အသက်ပြင်းပြင်း ရှူပြီး လျန့်ဟုန်ချောင်ကို အမြန် တွန်းထုတ်လိုက်သည်။

"မလိုဘူး... လုံးဝ မလိုဘူး ငါမင်းဦး​လေးကို ကယ်တင်နိုင်တယ်.... ဒါပေမဲ့ မင်းဦးလေးကို ကယ်တင်ပြီးရင် ငါတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားက ကျေးဇူးကြွေးကို ဖျက်လိုက်မယ်.... မင်းငါကို ကယ်ခဲ့တဲ့အတွက် ငါပြန်ဆပ်တာလို့ သဘောထားလိုက်... ဒီကိစ္စကို ထပ်မပြောတော့ဘူး အဆင်ပြေလား?"

လျန့်ဟုန်ချောင်သည် အလွန် ရက်စက်တတ်သော်လည်း သူမသည် ငတုံးမဟုတ်လို့ လျန့်ထျန်းရှန်းကို စိုက်ကြည့်လိုက်ပြီးနောက်

"နင်က ငါ့ကို မ​ကြိုက်တာလား?"

"ပြောစရာ မလိုဘူးထင်တယ်!"

လျန့်ဟုန်ချောင် အံသြသွား၏။ ထိုအခါ လျန့်ထျန်းရှန်းက ဝင်ပြောလာသည်။

"မင်း ဟုန်ချောင်ကို မကြိုက်ရင်တောင် ဒီလောက် အရှက်မဲ့နေစရာ မလိုပါဘူး.... ဘာလဲ ငါတို့ လျန့်မိသားစုက မင်းအတွက် မလုံလောက်လို့လား?"

လုရွှမ် သက်ပြင်းချလိုက်ပြီး

"ကျုပ် သူမကို မကြိုက်ပါဘူး.... ကျွန်တော့်အမြင်အရတော့ သူက ကျုပ်ညီမငယ် တစ်ယောက်လိုပဲ.... ဟုတ်တယ် သူ့က စိတ်အနှောက်အယှက် ဖြစ်စေတယ်... ရိုင်းစိုင်းတဲ့စိတ်နဲ့ ဒေါသတွေပဲ ထွက်နေတာ တွေ့တယ် ဒါပေမဲ့ ဟုန်ချောင်.. ဒီလမ်းတစ်လျှောက် ငါမင်းကို ပစ်ထားခဲ့တာမျိုး ရှိလား?"

"​နောက်ထပ် ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ မင်းရှေ့မှာ ငါရပ်နေမယ်... ဒီသမင်ကိုလည်း ငါမင်းနဲ့ လုနေမှာ မဟုတ်ဘူး.... မင်းမှာ ချို့ယွင်းချက်တွေ အများကြီးရှိပေမဲ့ မင်းကို ငါ့ညီမလေးနဲ့ ဆက်ဆံနေပေမှာ....မင်းဘာသာ ရှုပ်နေတာပဲ မင်းခေါင်းကို ရိုက်တယ် မင်းကိုရိုက်တယ် အဲဒါကို မင်းစိတ်ထဲ တစ်မျိုးခံစားနေရတာ ဟုတ်တယ်မလား?"

လျန့်ဟုန်ချောင် ရေရွတ်လိုက်သော်လည်း ခေါင်းညိတ်ပြနေဆဲပင်။ အမှန်မှာ သူမသည် ကလေးမလေး ဖြစ်နေသေး၏။ သူမက အချစ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။

လမ်းတစ်လျှောက်တွင် လုရွှမ်၏ရုပ်သွင်သည် သူမ၏ နှလုံးသားထဲတွင် အရပ်ရှည်ပြီး ကြည့်ကောင်းတဲ့ အစ်ကိုကြီး တစ်ယောက်ပင်။ ထို့ကြောင့် သူမတွင် နားမလည်နိုင်သော အတွေးများ ရှိနေခဲ့သည်။

သူမ နှလုံးသားထဲမှာ ဘာလိုချင်မှန်းတောင် မသိသေးချေ။

"ဒါ့အပြင် ငါ့လို လူတစ်ယောက်အတွက် တခြားသူတွေ အထင်ကြီးခံရတာက သာမန်ပါပဲ... ဒါ မင်းအပြစ် မဟုတ်ဘူး ငါ့ရဲ့တည်ရှိမှုက သမင်လေးကိုတောင် သဘောကျစေတာပဲလေ မဟုတ်ဘူးလား?"

လုရွှမ် သမင်ငယ်လေးဆီသို့ လျှောက်သွားကာ သူ့လက်ကို ဆန့်တန်းကာ သေချာစွာပင် ပွတ်သပ်ပေးလိုက်သည်။ သမင်ငယ်လေးသည် သူ့လျှာကို ထုတ်ကာ နှစ်ကြိမ် လျှက်၍ အော်ဟစ်ကာ ပျော်ရွှင်နေပုံရသည်။

"ဟမ့် တွန့်တိုတဲ့လူကြီး.... နင်ဘာလို့ အမြီးကြီးနဲ့ ဝံပုလွေလို ဟန်ဆောင်နေတာလဲ? ဟမ့် ငါ့အစ်ကိုနဲ့ ဦးလေး နှစ်ယောက်စလုံးက သူတော်စင်တွေ... နင်က သူတော်စင်တစ်ပိုင်း ပထမအဆင့်ပဲ ရှိသေးတာ... ငါလည်း အဲ့လောက်ကတော့ မကြိုက်ပါဘူး.... အနည်းဆုံး မင်းကို ငါလည်း ကယ်ခဲ့တာပဲလေ အနည်းဆုံး ငါ့ဦးလေးကိုတော့ ကယ်ရမယ် မဟုတ်လား?"

နောက်တစ်ခါ လုပ်ပြန်ပြီ!

လုရွှမ် ရိုင်းစိုင်းသော စကားများကို နားထောင်နေဖို့ စိတ်မ၀င်စားတော့တာကြောင့် ထိုလူရှေ့သို့ လျှောက်သွားခဲ့သည်။ တစ်ဖက်လူ၏ ယွမ်ချီမှာ ပျောက်ကွယ်လုနီးပါး ဖြစ်​နေသော်လည်း အသက်ရှင်နေသေး၏။

လုရွှမ် တစ်ဖက်လူသည် သူတော်စင်ထက် သာလွန်တဲ့ အဆင့်မှာ ရှိနေခဲ့တာကို သိမြင်နိုင်သည်။ သို့မဟုတ်ပါက ယခုထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

"အိုး! ဖီးနစ်နတ်ရွှေသံကြိုး?"

ထိုလူကို ချိတ်ပိတ်ထားသော သံကြိုးကို ကြည့်လိုက်ရာ လုရွှမ်မှာ ရယ်ရမလိုငိုရမလို ဖြစ်သွားရှာသည်။

ဤအရာသည် ဒဏ္ဍာရီလာ နတ်ရွှေများ ဖြစ်သည်။ သူ ကောင်းကင်ဧကရာဇ်လို ဖြစ်တည်မှုမျိုး ဖြစ်ခဲ့စဥ် ဤရွှေမျိုးအား ရှာဖွေပြီး ကောင်းကင်ဧကရာဇ် ရှေးဟောင်းပစ္စည်းကို ပြန်လည်ပြုပြင်ရန် စိတ်ကူးထားသော်လည်း အဆုံးတွင် မရနိုင်ခဲ့ပေ။

ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။

လျန့်ထျန်းရှန်းက အမြန်လျှောက်လာပြီး ရှင်းပြလေ၏။

"ဟုတ်တယ်... စိမ်း​ပြာနဂါး တစ်ကောင်ကို အဲဒီထဲမှာ ချိတ်ပိတ်ထားတာကို တွေ့လိုက်ရတယ်... စိမ်းပြာနဂါး (ချင်းလုံ)ရဲ့ အသံက ကျွန်မတို့ကို ကယ်တင်ဖို့ တောင်းဆိုခဲ့ပြီး သူရဲ့ ညွှန်ကြားချက်အတိုင်း ကူညီဖို့ ကြိုးစားခဲ့တယ်... သူက ရုန်းရင်းဆန်ခတ်တွေ လုပ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? လွတ်တာနဲ့ ချက်ချင်း ထွက်ပြေးသွားတာ.. လွတ်နေတဲ့ သံကြိုးနဲ့ ချည်နှောင် ခံရတော့မယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ ခင်ပွန်းသည်က ကျွန်မကို တွန်းထုတ်လိုက်ပြီး အခုလို ဖြစ်သွားခဲ့တာ"

"စိမ်းပြာနဂါး?"

လျန့်ဟုန်ချောင် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူ ဖီးနစ်နတ်ရွှေသံကြိုးပေါ်က ချင်းလုံရဲ့ အရိပ်အာဝါသကို ခံစားခဲ့ရသော်လည်း ချင်းလုံရဲ့ ရောင်ဝါက အလွန်အားနည်းလှသည်။ ၎င်းသည် ချင်းလုံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မည်။

ထို့အပြင် နတ်ရွှေသံရဲ့ အခြေအနေရ ဤနယ်ပယ်၏ နိယာမများသည် ပြီးပြည့်စုံခြင်း မရှိချေ။ ဒီကမ္ဘာကြီးကို ဖြည့်ပေး​နေသည့် ဝိညာဥ်ချီများသည် အနိမ့်ဆုံး အဆင့်တွင် ရှိနေဆဲဖြစ်သောကြောင့် စိမ်းပြာနဂါး ဒီနေရာမှာ ရှိနေတာကမှ ထူးဆန်းနေလိမ့်မည်။

အောက်ကမ္ဘာကို ကျလာတဲ့ ချင်းလုံ​နဂါးအချို့ရဲ့ အခင်းအကျင်း အစိတ်အပိုင်း တချို့မဟုတ်ပါက နောက်ဆုံးတွင် ဝိညာဥ်သားရဲများတွင် ဝိညာဉ်စွမ်းအင်များ ရှိလို့ ၎င်းတို့၏ ဝိညာဉ်များသည် မသေမျိုး စိမ်းပြာနဂါးများ အဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။

ထို့အပြင် လျန့်ထျန်းရှန်က ပြတ်ပြတ်သားသား ပြော​နေသော်လည်း စကားလုံးတွေထဲ၌ လှည့်စားစးမှု တစ်စုံတစ်ရာ ရှိမရှိ မသေချာလို့ လုရွှမ် ၎င်းကို မယုံပေ။ ဒါ​ပေမဲ့ သူညွှန်​ပြဖို့ မလိုပါဘူး။ သူ့စိတ်​ထဲက တချို့အရာ​တွေက သိထားရတာပဲ ​ကောင်းပါ၏။ ထုတ်​​ပြောဖို့က သိပ်မဖြစ်နိုင်ပေ။

အကြောင်းပြချက် မရှိဘဲ လုရွှမ် ရယ်လိုက်မိသည်။ ဒီခရီးက ဒီကောင်မလေးကို ကူညီဖို့ တကယ် လာခဲ့တာများလားတောင် မသိတော့ချေ။

စိမ်း​ပြာနဂါး၏ နှလုံး၊ ဖီးနစ်အမွေးများနှင့်အတူ လျန့်ထျန်းရှန်၏ ခင်ပွန်းကို ကယ်ဆယ်ရန် အနည်းငယ် အားထုတ်ရပေမည်။ သို့သော် သူ့ကို ကယ်နိုင်​သေးသည်။

လျန့်ဟုန်ချောင်မှာ စိတ်လိုလက်ရ စိုက်ကြည့်ရင်း တစ်ဖက်က နားမလည် နိုင်လောက်အောင် တိတ်ဆိတ်နေတာ မြင်လိုက်ရတော့ သူမက မျက်လုံးကြီးတွေကို ကျယ်ကျယ် ဖွင့်လိုက်ကာ

"နင် မကူညီချင်ဘူးလား နင့်အသက်ကို ငါ ကယ်ခဲ့တာနော်!"

လျန့်ထျန်းရှန်လည်း ကူကယ်ရာမဲ့ ရယ်မော၍ တူမလေး၏ ခေါင်းကို ပွတ်သပ်ရင်း နှလုံးသားထဲတွင် ရယ်မောနေမိသည်။ လုရွှမ် မခံနိုင်တာ အံ့သြစရာတော့ မဟုတ်ပေ။

လုရွှမ် မျက်နှာလည်း ရုတ်တရက် မည်းမှောင်သွားကာ လူကို ကယ်တင်ဖို့ အလျင်အမြန် ထွက်သွားတော့သည်။

"မင်းတို့ နောက်ဆုတ်နေ!"

လုရွှမ် လက်နှစ်ဘက်စလုံးဖြင့် သံ​ဆွဲကြိုးတွေကို ကိုင်ထားပြီး ဖီးနစ်ကောင်းကင် မီးတောက်၊ စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံနဲ့ သန့်ရှင်းတဲ့ စွမ်းအားလှိုင်းတွေ လျှံထွက်လာခဲ့သည်။

သံကြိုးသည် အသက်ရှိနေသကဲ့သို့ ၎င်းသည် ရုတ်တရက် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ခုန်ထွက်သွားပြီးနောက် လုရွှမ် ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွား​တော့သည်။

"အစ်ကိုရန်!"

လျန့်ထျန်းရှန် အံ့အားသင့်စွာ အော်လိုက်ပြီး ခင်ပွန်းဖြစ်သူကို အမြန်ပြေး ထူလိုက်သည်။ သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာကာ ခင်ပွန်းဖြစ်သူကို ဘေးတစ်ဖက်မှာ ချထားလိုက်သည်။

"ဒေါ်လေး အစ်ကိုလုရွှမ်ကို မြန်မြန် ကယ်ပါဦး.... သူ့ကို သံကြိုးတွေက ချုပ်ထားပြီ!"

လျန့်ဟုန်ချောင်က ငိုယိုရင်း အော်ဟစ်လိုက်၏။

လျန့်ထျန်းရှန် နောက်ပြန် လှည့်ကြည့်သော် နှစ်ဘက်စလုံးတွင် ဖီးနစ်နတ်ရွှေသံကြိုးမှ သံကြိုးများ ပေါက်ထွက်လာကာ လုရွှမ်၏ စွမ်းအင်အလွှာကို အလွှာလိုက် ဖောက်ဝင်နေ၏။

သံကြိုးတွေကိုလည်း အတားအဆီးတွင် သော့ခတ်ထားသော အရာတစ်ခုအဖြစ် ဖြည်းညှင်းစွာ ရစ်ပတ်နေတာကို တွေ့လိုက်ရသည်။

ရုတ်တရက် ဖဲနီတစ်စသည် သံကြိုးတွေကြားက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်ရာ လျန့်ထျန်းရှန်လည်း အပြေးအလွှား လာကူ၏။ လျန့်ဟုန်ချောင် အမြန် ဆွဲထုတ်လိုက်သော်လည်း သံကြိုး၏ ခိုင်ခံ့မှုကို လုံးဝ မဟန့်တားနိုင်ပေ။

"ဖြတ်!"

လျန့်ထျန်းရှတ် ကျယ်လောင်စွာ အော်လိုက်ပြီး အလင်းလှိုင်းလုံး ဓားကြီးကို သံကြိုးအား ပြင်းပြင်းထန်ထန် ခုတ်ချပစ်လိုက်သော်လည်း ဓားကြီးမှာ ချက်ချင်း နှစ်ပိုင်းပြတ်သွားသည်။

မီးပွားများ လွင့်ထွက်သွားစဥ် လျန့်ထျန်းရှန်လည်း သွေးများအန်၍ နောက်ပြန် လွင့်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

"ဒေါ်လေး.... လုရွှမ်!"

လျန့်ထျန်းရှန်ကို ကြည့်ရင်း လျန့်ဟုန်ချောင်သည် အနီရောင်ပိုးကို ကိုင်ထားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သေးသော်လည်း အဒေါ်၏ ပံ့ပိုးကူညီမှု မရှိဘဲ သူမအင်အားမှာလည်း သက်ရောက်မှု မရှိသလောက်ပင်။

သံကြိုးက လုရွှမ်ကို အတားအဆီးထဲသို့ ဆွဲသွင်းလိုက်ရာ စူးရှသော အလင်းရောင် တစ်ချက် လင်းလက်သွားပြီး သံကြိုးနှင့်အတူ လုရွှမ်ပါ ပျောက်ကွယ်သွားတော့သည်။ လျန့်ဟုန်ချောင်လည်း အော်ဟစ်ရင်း မြေပြင်ပေါ် လဲကျသွား​သည်။

ဝုန်း!

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး တောင်နံရံ နှစ်ဖက်စလုံးသည် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ဒြပ်စင်ငါးပါး သမင်က အော်ဟစ်ပြီး လျန့်ဟုန်ချောင်ရဲ့ အင်္ကျီစကို ပြင်းပြင်းထန်ထန် ဆွဲကိုက်လိုက်သည်။

တကယ်တော့ ချောမွတ်တဲ့ တောင်နံရံမှာ အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်လာကာ တသိမ့်သိမ့် တုန်နေ၏။ ကောင်းကင်ကို မော့ကြည့်လိုက်သော် ကောင်းကင်ကြီး တစ်ခွင်လုံး တောက်ပလာပြီး ထိုအလင်းရောင်ကြောင့် ကျောက်တုံးကြီးများ လျင်မြန်စွာ ပြိုကျလာခဲ့သည်။

"ဒေါ်လေး ဦးလေး.... သွားရအောင်!"

လျန့်ဟုန်ချောင် ကြောက်လန့်လာပြီး သူမအဒေါ်ကို ဆွဲခေါ်ဖို့ ကြိုးစားပေမယ့် တစ်ဖက်က မလှုပ်ချေ။

သူမသည် အဒေါ်နှင့် ဦးလေးတို့၏ ပတ်ပတ်လည်တွင် အနီရောင်ပိုးနီဖြင့် အမြန်ထုပ်ပိုးပြီး သူမနောက်ကျောပေါ် တင်ကာ သမင်ကို လှမ်းဆွဲထားလိုက်သည်။

"သွားရအောင်!"

ဒြပ်စင်ငါးခုရှိသော သမင်သည် ကောင်းကင်သို့ပျံတက်ကာ ကျောက်တုံးများကို ကျွမ်းကျင်စွာ ရှောင်တိမ်း၍ ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့သည်။

All Chapters