← Chapters

နဂါးအရိုးကြီး

Vol. 41 Ch. 4.129

နဂါးအရိုးကြီး

Vol. 41 Ch. 4.129

ကောင်းကင်၌ ယခင်က ကန့်သတ်ချက်ထားသော စွမ်းအင်များ ပျောက်ကွယ်သွားကာ ဒြပ်စင်ငါးပါး သမင်သည် လေဟုန်ကို စီး၍ ကောင်းကင်သို့ ပျံတက်သွားသည်။

လျန့်ဟုန်ချောင် အောက်ကို ငုံ့ကြည့်လိုက်တော့ အရင်က ဧရိယာဟာ တောအုပ်​ကြီး ဖြစ်ခဲ့ပေမယ့် အခုတော့ ရေကန်ကြီးကြီး ဖြစ်သွားကာ အရာအားလုံးက ရေကန်ထဲမှာ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

"လုရွှမ်!"

လျန့်ဟုန်ချောင် အလွန်ဝမ်းနည်းစွာ သူမအသံကို ထုတ်လွှတ်လိုက်သည်။ သူ့အဒေါ်နဲ့ ဦးလေးတို့ကို ပြန်ကြည့်လိုက်တော့ သက်ပြင်းချမိကာ ရှန်းလင်တည်းခိုခန်း ဆီသို့ ပြန်လာခဲ့ရ၏။

...

လုရွှမ် ဖီးနစ်နတ်ရွှေသံကြိုးကို လက်နှစ်ဘက်ဖြင့် ကိုင်ထားပြီး လှုပ်ရှားတော့မည်ဟု တွေးလိုက်သောအခါတွင် သူ့ကိုယ်ထဲက စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံကို ရုတ်တရက် ခံစားလိုက်ရသည်။

လျန့်ထျန်းရှန်ရဲ့ ခင်ပွန်းအပေါ် ချုပ်နှောင်ထားသော သံကြိုးသည် သူ့ခန္ဓာကိုယ်မှ ကွဲထွက်သွားပြီး မိမိခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာခဲ့သည်။

၎င်းသည် သူ့နှလုံးသားကို တိုက်ရိုက် ထိမိသွားကာ လုရွှမ်လည်း အလွန် ထိတ်လန့်သွားမိသည်။ ဖီးနစ်အမွေးများကို အလျင်အမြန် စုဆောင်းကာ ဖီးနစ်နတ်ရွှေသံကြိုးရဲ့ ထိုးဖောက်ခြင်းကို တားဆီးလိုက်သည်။

ဒီလိုမှမဟုတ်ရင် ရလာဖို့ မလွယ်ခဲ့တဲ့ စိမ်းပြာနဂါးရဲ့ နှလုံးက ဖောက်ထွင်းခံရလိမ့်မယ်။ သို့ပေမဲ့ ထိုအရာက သူ့ကိုယ်ခန္ဓာက ခုခံကာကွယ်မှုတွေကို လျစ်လျူရှုပြီး တင်းတင်းကြပ်ကြပ် ချည်နှောင်ထားကာ သူ့ကို ချိတ်ပိတ်ထားချင်သလိုပင်။

သူဘယ်လောက်ပဲ ကြိုးစားပါစေ အဆုံးမဲ့ သံကြိုးတွေကို မခုခံနိုင်သေးဘူး။

နာကျင်နေတဲ့ လျန့်ဟုန်ချောင်ကို ကြည့်လိုက်တော့ လုရွှမ် သူ့စိတ်ထဲ အူကြောင်ကြောင် ပြုံးလိုက်မိသည်။

"ဒါက ငါ့အသက်ကို ဆုံးရှုံးသွားနိုင်တယ်"

ပတ်ဝန်းကျင် နေရာက ပျောက်ကွယ်သွားသည်။ လုရွှမ် ရုတ်တရက် မူးဝေလာကာ ပတ်ဝန်းကျင် ကွင်းပြင်မှာ ကမောက်ကမ ဖြစ်သွားသလို ဘာဆိုဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။

"ဒါက မရဏလောက ဖြစ်နိုင်မလား? သိပ်လည်းဆိုးပုံ မပေါ်ပါဘူး"

လုရွှမ် သူ့စိတ်ထဲမှာ စူးရှတဲ့ အသံတစ်ခု ထွက်ပေါ်လာသောကြောင့် သူသေသွားပြီဟု ထင်ကာ စဉ်းစားနေသည်။

"ဒါက မရဏလောကလို့ ထင်တယ်ပေါ့... ဒါသာ မရဏ​လောကဆိုရင် သေပြီးသားလူတွေတောင် အသက်ပြန်ရှင်လာလိမ့်မယ်"

ကျီးကန်းရဲ့ အသံပဲ ဖြစ်သည်။

အကြာကြီး ပျောက်နေတဲ့ အသံကို ကြားတော့ လုရွှမ် မသိလိုက်ဘဲ နွေးထွေး ကြင်နာမှုဆိုတဲ့ ခံစားချက်တစ်မျိုး ဝင်လာခဲ့သည်။ အသက်ရှင်နိုင်မှတော့ ဘယ်သူက သေချင်မှာလဲ။

"ဒါက အာကာသ ရွှေ့ပြောင်းမှု!!"

"အာကာသရွှေ့ပြောင်းမှု?"

ကျီးကန်းက သူ့နှုတ်ခမ်းတွေကို ကောက်ကွေးလိုက်ပြီး

"စကားမစပ် မင်းရဲ့သေးငယ်တဲ့ နေရာ​လေးက လုံးဝ မပြည့်မီဘူး.... အဲဒါကို မင်းနားမလည်ပါဘူး... ဒါက နေရာရွှေ့ပြောင်းတာပဲ အကြီးစား အာကာသ လွှဲပြောင်းမှု၊ ကြယ်တာရာရွှေ့ပြောင်းမှု ဆိုပြီး ရွှေ့ပြောင်းမှုတွေ အမျိုးမျိုး ရှိတယ်... ဥပမာဆို ရွှေ့ပြောင်းအစီအရင် အခင်းအကျင်းတစ်ခုလိုပေါ့... မဟုတ်ရင် လမ်းပေါ်မှာ တစ်ချိန်လုံး ပြေးလွှားနေရရင် မောပြီး သေမှာပေါ့"

"သတိထားပြီး....ထွက်တော့"

ရွှေကျီးကန်း၏ သတိပေးချက်အတိုင်း လုရွှမ်သည် သူ့စိတ်ကို စုစည်းရန် အရှိန်အဟုန်ဖြင့် မြှင့်တင်လိုက်သည်။ သူ့ခန္ဓာကိုယ် အေးခဲသွားသလို ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းသွားကာ လုရွှမ် လေထဲမှ ပြုတ်ကျလာခဲ့သည်။

မီတာများစွာ အကွာအဝေးအထိ ပြုတ်ကျလာပြီးမှ နောက်ဆုံးတွင် သူရပ်နိုင်ခဲ့၏။ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း အလွန်ကြီးစွာသော စစ်ပွဲကြီး ဖြစ်ပွားခဲ့သလို ရှင်သန်ခြင်း အငွေ့အသက်တွေ မရှိဘဲ မြုံနေသည့် အငွေ့အသက်သာ ကျန်တော့သည်။

ဒီနေရာက?

လုရွှမ် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်ရင်း ဒီနေရာကို ပို၍ပို၍ ရင်းနှီးလာသလို ခံစားလိုက်ရသည်။

အရှေ့ဘက်ရှိ ဧရာမလျှိုကြီး တစ်ခုမှာ ဓားအလင်းဖြင့် ခုတ်ချလိုက်လို ဖြစ်​ပေါ်လာခဲ့ပုံပင်။ အချိန်က ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိုဓား၏တန်ခိုးကို ယောင်ဝါးဝါး မြင်နိုင်​သေးသည်။

အောက်ခြေကို မမြင်ရချေ။ အောက်ခြေမှ ရေစီးသံကို ကြားနိုင်သော်လည်း လျှိုအတွင်းရှိ တိမ်ဖြူများက ရစ်သမ်းနေရာ စီးဆင်းနေသော ရေနှင့် တောင်ချောင်းများကို မတွေ့ရချေ။

လျှိုနံရံနှစ်ခုသည် ထုလုပ်ထားသကဲ့သို့ အထူးသပ်ရပ်လှသည်။ အပင်မရှိ သံချေး တက်သွားခြင်းမရှိ။ ဆန့်ကျင်ဘက်တွင် ရပ်နေသော တောက်ပသော အရိပ်ကိုပင် ထင်ဟပ်နိုင်လုနီးပါး ဖြစ်သည်။

လုရွှမ် ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး ချောက်ကမ်းပါးဆီသို့ ပစ်ချသော်လည်း ချောက်ကမ်းပါးကို မထိမီတွင် ချောက်ကမ်းပါးပေါ်က ဓားမီးတောက်တစ်ခု ပေါ်လာပြီး ကျောက်တုံးကို အမှုန့်ဖြစ်အောင် ခွဲပစ်လိုက်သည်။

"ငါဆင်းကြည့်ချင်တယ်!"

နားမလည်နိုင်စွာ ရေရွတ်မိသည်။ လုရွှမ်၏ နှလုံးထဲတွင် ထိတ်လန့် တုန်လှုပ်နေသော တွန်းအားတစ်ခု တိုးလာကာ စိမ်းပြာနဂါး၏ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်ပေါက်နေ၏။ ဖြစ်နိုင်တာက အောက်မှ အရေးကြီးသော အရာတစ်ခုက ၎င်းကို ဆွဲဆောင်နေဟန် ရှိသည်။

လုရွှမ်ရဲ့ နှလုံးခုန်သံကလည်း မြန်ဆန်နေ၏။ စိမ်းပြာနဂါးရဲ့ နှလုံးသားကို ဘယ်အရာကများ ဆွဲဆောင်နိုင်ခဲ့တာလဲ?

နှစ်ဖက်စလုံးရှိ ချောက်ကမ်းပါးကို မကပ်ဝံ့ဘဲ လုရွှမ် ဂရုတစိုက် ပြေးဆင်းလာခဲ့သည်။ တိမ်ဖြူတွေ နဲ့ သက်တန့်တွေကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ဒါဇင်ပေါင်းများစွာ ပျံသန်းပြီးတဲ့ နောက်မှာတော့ အောက်ဖက် တောင်ကျချောင်းလို့ ခေါ်တဲ့ စမ်းချောင်းကို တွေ့လိုက်ရ၏။

သိသိသာသာ အားပြင်းတဲ့ မြစ်တစ်စင်းပဲ ဖြစ်လေသည်။

အနောက်မှ အရှေ့ဘက်သို့ စီးဆင်းနေသော ရေသံသည် လှိုင်းထန်ပြီး အသံက ဆူညံနေကာ နားကိုပင် ဆွံ့အသွား​စေနိုင်သည်။ ရေသံမှလွဲ၍ လုရွှမ် တခြားအသံများကို မကြားရပေ။

စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံ မြန်ဆန်လာပြီးနောက် လုရွှမ်ဟာ မြစ်ရဲ့ အောက်ပိုင်းဘက်ကို မျောပါသွားပြီး ရေနက်ထဲအထိ ရောက်သွား၏။ အတန်ကြာပြီး နောက်မှာတော့ လုရွှမ်ဟာ ရွှေအရိုး အပိုင်းအစကို ကိုင်ဆောင်ကာ ရေထဲက ခုန်ထွက်လာခဲ့သည်။

အရိုးသည် အရှည် ကိုးပေ အနံကိုးလက်မခန့် ရှည်လျားပြီး ကျောက်စိမ်းတုံးကြီးကဲ့သို့ ဝိုင်းစက်နေသည်။ အရိုးမှ အလင်းရောင် ဖျော့ဖျော့လေး ထွက်ပေါ်နေကာ အရိုးမှတစ်ဆင့် အသက်အန္တရာယ် ကြုံလာရသည့် အငွေ့အသက်မျိုးပါ ရရှိနေသည်။

လုရွှမ်သည် သူ့ဘိုးဘေးများ၏ နာကြည်းမှုကို မြင်လိုက်ရသလိုပင် ရုတ်တရက် မထိန်းနိုင်ဘဲ အနည်းငယ် ဝမ်းနည်းလာသလိုပင် ခံစားလာရသည်။

"ဒါက နဂါးအရိုး တစ်ခုပဲ... စိမ်းပြာနဂါးရဲ့ နှလုံးက ဒါကို ခံစားနိုင်တာ မထူးဆန်းပါဘူး...ဒါ နဂါးကိုယ်ပေါ်က ကျပန်းအရိုးတစ်ခု မဟုတ်ဘူး ကျောရိုးရဲ့ ကြီးမားတဲ့ အရိုးတစ်ခုပဲ...သူက ပြင်းထန်တယ် ဒါကြောင့် ကြာရှည်ခံနိုင်တာ ဒီထဲမှာ ထာဝရမသေနိုင်တဲ့ မြင့်မြတ်တဲ့ ဘုန်းအသရေကိုလည်း ချုပ်နှောင်ထားတယ်"

"ကောင်လေး သူ့ကို မင်းရဲ့ကျောရိုးအဖြစ် သန့်စင်လိုက်...မင်းအောင်မြင်ရင် ကောင်းကင်ကြီးကို ထောက်ပံ့ရတဲ့အထိ ဂုဏ်ယူရလိမ့်မယ်... မင်းသေသွားရင်တောင် မင်းခန္ဓာကိုယ်က မပျက်စီးနိုင်တော့ဘူး"

လက်နှစ်ဘက် စလုံးတွင် အရိုးကို ကိုင်ထားပြီး လုရွှမ် သုံးကြိမ်တိုင်တိုင် ရိုသေစွာ ဦးညွှတ်ပြီးနောက် ရွှေကျီးကန်း ပေးသော နည်းလမ်းအတိုင်း သူ့ကျောရိုးထဲသို့ ပေါင်းထည့်လိုက်သည်။

စိမ်းပြာနဂါး၏ နှလုံးဖြင့် ပေါင်းစပ်ရသည့် လုပ်ငန်းစဉ်သည် အတော်လေးရိုးရှင်းပြီး ပိုမိုလွယ်ကူသည်။ လုရွှမ် စီးဆင်းနေသော ရေထဲသို့ ခုန်ဆင်းကာ ရေ၏ သက်ရောက်မှုကို ခံနိုင်ရည် ရှိအောင် လုပ်ဆောင်ရင်း သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထိန်းထားကာ သူ့စိတ်ထဲတွင် သူ့ကျောရိုးနှင့် နဂါးအရိုးကို ရောထွေးသွားစေခဲ့သည်။

လုပ်ငန်းစဉ် တစ်ခုလုံးသည် စိမ်းပြာနဂါး၏ နှလုံးကဲ့သို့ပင် သူ့ခန္ဓာကိုယ်နှင့် တစ်ကိုယ်တည်း အဖြစ် ရောနှောရသည်။ သို့သော် ကြီးမားတဲ့ အကွာအဝေး တစ်ခုက ရှိ​နေပါသေးသည်။

ကျင့်ကြံရသည့် နေ့ရက်များသည် တစ်နေ့ထက် တစ်နေ့ တိုးတက်လာမှာ ဖြစ်သလို တခြားလူများဆိုလျှင် နှစ်ပေါင်း ၁၀၀ခန့် ကြာသွားနိုင်သော်လည်း လုရွှမ်ကတော့ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်​လေသည်။

အချိန်သည် ရေစီးနှင့်တူပြီး တစ်လ ဆိုတာကလည်း တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။

"ဆရာ ဒီနေရာက ဧကရာဇ်ကျိုးရန်နဲ့ နတ်ဆိုးဧကရာဇ်တို့ လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က တိုက်ခိုက်ခဲ့တဲ့ နေရာလား? တကယ်ကို အံ့မခန်းပဲနောက်"

ဧရာမ ချောက်ကြီးရှေ့မှာ ငှက်တစ်ကောင် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး လူဒါဇင်နဲ့ချီ ခုန်ဆင်းလာကြသည်။ ကျယ်ပြောလှသော လျှိုကြီးကို ကြည့်ရင်း တခဏတာ တအံ့တသြ ဖြစ်သွားခဲ့ရသည်။

"ဟားဟား... ဒါက အဓိကစစ်မြေပြင် မဟုတ်​သေးဘူး ဒါသာ အဓိကစစ်မြေပြင် ဖြစ်ခဲ့ရင် ငါတို့ရဲ့ ထျန်းလုံ ဧကရာဇ်အင်ပါယာက တိုက်ရိုက် ကျဆုံးသွားမှာပေါ့... အဓိကစစ်မြေပြင်က နတ်ဆိုး မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ နေရာတစ်ခုပဲ.... သူတို့ရဲ့ ပထမဆုံးတိုက်ပွဲဖြစ်တဲ့ မြင့်မြတ်တဲ့နေရာက သဲကန္တာရအဖြစ် ပြောင်းလဲသွားတာ ကြာပြီပေါ့!"

အဘိုးအိုတစ်ယောက်က သူ့ရှေ့က လျှိုမြောင်ကို လက်ညိုးထိုးပြပြီး ပြုံးလျက် ပြောပြလေသည်။

"ဒါက ဧကရာဇ်ကျိုးရန် ဓားရဲ့ စွမ်းအားပဲ... ဒီကနေ နတ်ဆိုးဧကရာဇ်က ခုန်ထွက်လာတာ ခွန်အားရဲ့ ၉၀% လောက် ပျောက်ကွယ်သွားပေမယ့် ကျန်တဲ့ ၁၀% ဓားတန်ခိုးက ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ဓားချိုင့်ကြီးကို ဖန်တီးခဲ့တာ!"

"ဓားတစ်ချက်တည်းနဲ့? ရည်ရွယ်ချက် ရှိရှိနဲ့ ခုတ်ခဲ့တာတောင် မဟုတ်ဘူးလား? ဓားရောင်ဝါ ၉၀%ကို ဖယ်ရှားပြီးသွားပြီတောင်လေ ဘုရားရေ ဧကရာဇ်မင်းရဲ့ အစွမ်းထက်တဲ့ ဓားတစ်လက်လုံးသာ လှုပ်ရှားခဲ့ရင် ဘယ်လောက်ထိတောင် ကြောက်စရာ ကောင်းလိုက်မလဲ?"

မိန်းကလေး အတော်များများ အော်ဟစ်​နေကြပြီး အဘိုးအို၏ ပါးစပ်ထောင့်များတွင် အပြုံးများ ပြည့်နှက်နေသည်။ မျိုးဆက်သစ်များ ကြီးထွားလာမှုကို တွေ့မြင်ရသဖြင့် အလွန်စိတ်သက်သာရာ ရမိ​လေသည်။

"ဆရာ ဧကရာဇ်မင်းရဲ့ ဓားစွမ်းအင်ကြောင့် ဒီလျှိုမြောင်ထဲမှာ မှော်ရတနာများ ပေါ်ပေါက်လာတာလား?"

လူတစ်ယောက်က မေးလာရာ အဘိုးအိုက

“နှစ်တိုင်း ငါလူတွေကို ဒီကို ခေါ်လာတဲ့အခါ လူတွေက ဒီမေးခွန်းကို မေးကြပေမယ့် ငါ့အဖြေက အမြဲအတူတူပဲ.... အဲဒီ့ဓားရိုးကို မင်းတို့ မြင်​ကြလား? အဲဒါ ဧကရာဇ်မင်းရဲ့ ဓားစွမ်းအင်တွေနဲ့ အမြဲ ပြည့်နေခဲ့တာ... အခုတော့ တက်ကြွမှု ယွမ်ချီ မရှိ​တော့ဘူး!"

"စွမ်းအင်မရှိသလို အသက်ရှင်တဲ့ အငွေ့အသက်တွေလည်း မရှိဘူး!"

All Chapters