ကြီးနိုင်ငယ်ညှင်း
Vol. 41 Ch. 4.130
ဝုန်း!
ပေါက်ကွဲသံနှင့်အတူ ဓားလျှိုကြီးထဲမှ ကောင်းကင်သို့ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုးထွက်လာသော အလင်းရောင်က ပြိုးပြိုးပြက်ပြက် တောက်ပလျက် နဂါးအော်သံကဲ့သို့ တဟုန်ထိုး ထွက်လာသံတွေက အားမာန်အပြည့်နှင့်။ စွမ်းအင်များက လေထဲမှာ စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်သွားပြီး လူတစ်စုရှေ့မှာ ဆင်းသက်လာခဲ့သည်။
သူသည် ထူးထူးခြားခြား သိုင်းပညာဖြင့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ဖြစ်လေသည်။ အထူးသဖြင့် နက်နဲပြီး ထိုးဖောက်ဝင်ရောက်သည့် သူ့မျက်လုံး တစ်စုံပင်။
"အားလုံးပဲ မင်္ဂလာပါ ဒီနေရာက ဘယ်မှာလဲဆိုတာ မေးလို့ရမလား?"
လူငယ်သည် သဘာဝကျကျ လုရွှမ်ပဲ ဖြစ်သည်။ သူသည် ရွှေကျီးကန်း၏ လမ်းညွှန်မှု စအောက်တွင် တခြားလူများထံမှ တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်ခြင်းမရှိဘဲ ရေထဲတွင် နဂါးအရိုးကို ပေါင်းစပ်နိုင်ရန် အာရုံစိုက်ခဲ့သည်။
တစ်လပြီးနောက်တွင် လုရွှမ်သည် နောက်ဆုံးတွင် နဂါးအရိုးကို သူ၏ ရိုးတွင်းခြင်ဆီထဲသို့ ပေါင်းထည့်နိုင်ခဲ့သည်။ စိမ်းပြာနဂါး၏ နှလုံးခုန်သံနှင့်အတူ လုရွှမ်သည် ၎င်းကို အလွန်ရှင်းလင်းစွာ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက် ပျံ့နှံ့သွားသည်အထိ ခံစားနိုင်ခဲ့သည်။
ကျင့်ကြံမှုအခြေခံသည် မသိလိုက်ဘဲ သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ်သို့ ဖြတ်သွားခဲ့ပြီ။ ယေဘူယျအားဖြင့် သာမန် ရွှေခန္ဓာနယ်ပယ်နှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် လုရွှမ်၏ ရွှေခန္ဓာနယ်ပယ်သည် အမှန်တကယ်ပင် ရွှေရောင်ကိုယ်ခန္ဓာ အနေအထားဖြစ်ပြီး ခွန်အားသည် ထိုအဆင့်ရှိ သူတော်စင် တစ်ပိုင်းများထက် အားမနည်းတော့ချေ။
နဂါးနှလုံး ကဲ့သို့ပင် နဂါးအရိုး စိတ်ဝိညာဉ် စွမ်းအားအတွက် အထောက်အပံ့ များစွာမရှိသော်လည်း ဖြတ်လုနီးပါး ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သူ၏ ကျင့်ကြံမှုအခြေခံသည် တိုးတက် ကောင်းမွန်လာကာ စိတ်ဝိညာဉ် စွမ်းအားကလည်း ၂၄အထိ ကြီးထွားလာခဲ့သည်။
“ဆရာ... ဒီမှာ ဘာမှော်ပညာနဲ့ သက်ရှိမှ မရှိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?”
တစ်စုံတစ်ယောက်က မေးလိုက်လေသည်။
အဘိုးကြီး၏ မျက်နှာမှာ အနည်းငယ် ရှက်သွားခဲ့၏။ သူ ပြောပြီးပြီးချင်း မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ လူတစ်ယောက်က ပေါ်လာခဲ့တယ်လေ။ လုရွှမ်ကို တစ်ချက်ကြည့်လိုက်တော့ သူတော်စင်တစ်ပိုင်း ဖြစ်တာကို တွေ့လိုက်ရပြီး သူသည် ဤကျောင်းသားများထက် နိမ့်ကျနေခြင်း ဖြစ်သည်။
သို့သော် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ လူတစ်ယောက်သည် ဓားလျှိုထဲသို့ နက်နက်နဲနဲ ဝင်ဝံ့မည်ဟု မထင်မှတ်ထားခဲ့ပေ။ လုရွှမ်ဆီက ဟိန်းဟောက်နေသော နဂါးအသံကို ပြန်သတိရသွားကာ ဤကောင်လေးသည် သူ့အဆင့်ကို ဖုံးကွယ်ထားမှန်း ရိပ်မိလိုက်သည်။
ယခင်က ရောင်ဝါကို သုံးသပ်ကြည့်လျှင် အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၅ အခြေချနယ်ပယ်လောက် ရှိကာ အဆင့်၆ လင်ထုံးနယ်ပယ်ကို အတင်းအကျပ် စိန်ခေါ်ရင်လည်း မဖြစ်နိုင်စရာ မရှိဘူးလို့ပင် ထင်ရသည်။
"ဟေ့ ကောင်လေး... မင်း အခုနက ဓားလျှိုရဲ့ အောက်ခြေကို စုံစမ်းဖို့ သွားခဲ့တာလား?"
တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်သည်နှင့် တခြားသူများ၏ မျက်လုံးများ ချက်ချင်း ပူလောင်လာခဲ့သည်။
သူတို့အမြင်မှာတော့ ဒီနေရာဟာ ဧကရာဇ်မင်းမြတ်က ဓားနဲ့ ထွင်းထုထားတဲ့ မှော်ဆန်တဲ့ နေရာတစ်ခုပဲ။ ဘယ်လိုလုပ် မှော်စွမ်းအင်က မရှိနိုင်မှာလဲ။ ဒီနေရာမှာ ဘာမှမရှိဘူးလို့ ကောလာဟလများ ထွက်နေရတဲ့ အကြောင်းရင်းက တခြားလူများ လာရောက် လုယူမှာကို ကြောက်လို့ ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ထားတာသာ ဖြစ်နိုင်သည်။
သို့မဟုတ် ဤနေရာတွင် အန္တရာယ်များလွန်းပြီး ခွန်အား မပြည့်မီသော လူတချို့သည် ကံမကောင်းသည့် သရဲတစ္ဆေများ ဖြစ်လာသောကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို အတွက် မထုတ်ဖော်ချင်တာ ဖြစ်မည်။
ဒါပေမဲ့ သူတို့တွေက ဘယ်သူတွေလဲ? သူတို့တွေက ထျန်းလုံဧကရာဇ် အင်ပါယာ၊ ထျန်းလုံကျောင်းတော်က ထိပ်တန်း ကျောင်းသားတွေလေ။ ဒီမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့အတွက် အသက်ရှင်ဖို့ ခက်ခဲနိုင်မှာတဲ့လား?
ဒါတင်မကသေးဘူး။ သူတော်စင်တစ်ပိုင်း အဆင့်၂ သာရှိတဲ့ အမှိုက်တစ်စက အခုနလေးတင် စစ်ဆေးဖို့ သတ္တိရှိရှိ ဆင်းရဲသွားရဲတာ ဘာကြောင့်လဲ?
"ကောင်လေး... မြင်တဲ့သူတွေရှိရင် မျှဝေခံစားရတယ် ဆိုတဲ့ နိယာမကို နားမလည်ဘူးလား? တစ်ခုခုတွေ့ခဲ့ရင် ငါတို့ကို ပြပေးပါလား"
နောက်တစ်ယောက်ကပါ ထွက်လာ၍ ဆိုလိုက်၏။
မြင်သူတိုင်းကို မျှဝေခံစားရမယ် ဆိုတာ လုယက်မှု ဆိုတဲ့ အတွေးအမြင်ပဲ ဆိုတာ ထင်ရှားပါသည်။
လုရွှမ် မရယ်မောဘဲကို မနေနိုင်တော့ပေ။ သူသွားလေရာရာတိုင်းမှာ ဘဝင်မြင့်ပြီး သာလွန်သူတွေ ရှိနေတာပဲ။ ဒီကျောင်းသားတွေရဲ့ ခွန်အားက တကယ်ကို ကောင်းမွန်ပါတယ်။
သူတို့အားလုံးဟာ သူတော်စင်တစ်ပိုင်း တတိယအဆင့်ထက် ကျော်လွန်ပြီး တချို့က သူတော်စင်တစ်ပိုင်း အဆင့်၆ ခွန်အားတွေတောင် ရှိကြ၏။
ဒါပေမဲ့ သူ့အမြင်အရတော့ ဒီလူတွေဟာ ပြင်ပကမ္ဘာရဲ့ အခက်အခဲတွေကို မသိဘဲ သူတို့ရဲ့ ကျင့်ကြံမှုကို အားကိုးပြီး ဖန်လုံအိမ်ထဲက ပန်းတွေ ပွင့်လာအောင် လုပ်ချင်နေသူတွေပဲ။ သူတို့ရဲ့ နောက်ခံတွေဟာ အမြဲတမ်း သာလွန်ကောင်းမွန်ကြသည်။
လုရွှမ်က သူ့ကိုတားဖို့ စောင့်နေတဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဆရာကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းသားတွေက အသိဉာဏ် မရှိပေမယ့် လူကြီးတွေကတော့ နားလည်သင့်တယ်လေ။
အဘိုးအိုသည် သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ စကားမပြောဘဲ လုရွှမ်ကို ကြည့်ရင်း သူ့နှလုံးသားထဲတွင် ထင်မြင်ချက်တချို့ ရှိနေခဲ့သည်။
အငယ်တန်းလေးပဲ။ သူတို့ကို မြင်တာတောင် မနှုတ်ဆက်ဘဲ သူမေးချင်တဲ့ မေးခွန်းကိုပဲ တည့်မေးလာတယ်။ အဲဒါက သူ့ကို ရိုးရိုးရှင်းရှင်း လေးလေးစားစား မဆက်ဆံဘူးလို့ ဆိုလိုတာပဲ။
အခုထွက်လာတဲ့ ကျောင်းသား အားလုံးဟာ ထျန်းလုံကျောင်းတော်ရဲ့ ဝတ်စုံကို ၀တ်ဆင်ထားကြသည်။ ထျန်းလုံဧကရာဇ် အင်ပါယာတွင် ထျန်းလုံကျောင်းတော်သည် သဘာဝအတိုင်း နာမည်ကြီး ဖြစ်ပြီး လူငယ် သူရဲကောင်းများ အားလုံး ကြည်ညိုလေးစားရသော နေရာတစ်ခုဖြစ်သည်။
ဒီကလေးက မျက်စိ ကန်းနေတာလား? ဒါမှမဟုတ် မမြင်ချင်ယောင် ဆောင်နေတာလားရ
"ဟမ့်! "
တမင်တကာ မျက်နှာမပြချင်ဘဲ ကျောင်းတော်တစ်ခုကနေ ငြင်းပယ်ခံခါးရတဲ့ ကျောင်းသားလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီကိစ္စမှာ ဒီကျောင်းသားကို သင်ခန်းစာ တစ်ခုပေးပြီး ကောင်းကင်ကြီး ဘယ်လောက်မြင့်ပြီး မြေကြီးက ဘယ်လောက် အားကောင်းတယ် ဆိုတာကို သိအောင် လုပ်ပေးရမယ်။
လုရွှမ် အဘိုးကြီး တွေးနေတာတွေကို မသိချေ။ သူ့တပည့်တွေက ပြဿနာရှာဖို့ တက်လာပေမယ့် ဆရာလုပ်တဲ့သူက ဂရုမစိုက်ဘူး။ အဲဒါက အဘိုးကြီးရဲ့ အမိန့်ကြောင့် ဖြစ်မလား? ဒါမှမဟုတ် သူတို့မှာ ဒီလိုအပြုအမူတွေ ရှိကိုရှိနေတာလား?
ခဏနေရင်တော့!
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ အမြဲတမ်း မာနကြီးခဲ့တဲ့ လုရွှမ်ရဲ့ အမြင်အရ ထိုဆရာမှာ သူ့လို အရည်အချင်း မရှိတဲ့ သူတွေကို အနိုင်ကျင့်တာ ဘာမှမဟုတ်ပေမယ့် ထက်သန်မာတဲ့သူကို ခုခံနိုင်စွမ်း ရှိတာကမှ သူရဲကောင်းဆန်တဲ့ ပုံစံဟု တွေးထင်ထားပုံပင်။
လုရွှမ် တည်းခိုခန်းပိုင်ရှင် လျန့်ထျန်းရှန်ကို တိုက်မယ်လို့ တွေးထားတာနဲ့ တိုက်ပစ်လိုက်သည်။ ဒါက သူ့ထက်သန်မာသူကို သူခုံခံလိုက်တာပင်။
သူ လျန့်ဟုန်ချောင်ကို ဂုဏ်ယူစွာ ပြောပြီး ရိုက်နှက်ဆုံးမခဲ့သော်လည်း သူ့ထံသို့ ရောက်သောအခါတွင် အကြိမ်ပေါင်းများစွာ သည်းခံခဲ့သည်။ သူ့အမြင်အရ ဤအရာသည် သန်မာသော ယောက်ျား၌ ရှိသင့်သော သတ္တိဖြစ်သည်။
"ကောင်လေး... မင်းဘာကို မျက်မှောင်ကြုတ်နေတာလဲ? စိတ်ဆိုးနေတယ်ပေါ့လေ"
အစမှာ အော်ပြောခဲ့တဲ့လူက ဆရာ့ကို တစ်ချက် အကဲခတ်လိုက်သည်။ သို့သော် ဆရာက မတုံ့ပြန်လာတော့ သူတို့ကို ကိုင်တွယ်ခွင့် ပေးလိုက်တာ သိသာထင်ရှားသွားပြီ။
ဒါကြောင့် ဒီလူကိုကိုင်တွယ်ရ ခက်ခဲတယ် ဆိုရင်တောင် သူ့မှာအတန်းဖော်တွေ အများကြီးပဲ။ တစ်ယောက်ကို လက်သီး တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။
သူတော်စင်တစ်ပိုင်း အဆင့်၂ သာသာရှိတဲ့ ကောင်လေးက သူ့ထက် ကောင်းကင်နှစ်ထပ်တောင် နိမ့်တာ သူတကယ် ဂရုစိုက်မနေပါဘူး။
"ဒီသခင်လေးကို ဖူတုံး လို့ခေါ်တယ်ကွ! ထျန်းလုံကျောင်းတော်က ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ပဲ... ဒီနေ့မင်းကို သင်ခန်းစာကောင်း တစ်ခု သင်ပေးမယ်... တစ်ခုခုကို နားလည်ပြီးရင် ထွက်ပြေးတော့ မဟုတ်ရင် မင်းသေရလိမ့်မယ် မင်းနားလည်လား? အတန်းတိုင်းအတွက် စရိတ်ကတော့ အလကားပဲပေါ့"
နောက်ဆုံး စာကြောင်းကို ပြောပြီးနောက် ဖူးတုံ သူ့နောက်က ကျောင်းသားများကို လှည့်ကြည့်လိုက်ရာ အားလုံးက ပြုံးပြုံးရွှင်ရွှင်ဖြင့် တုံ့ပြန်လာကြသည်။
လုရွှမ်က ပြုံးလိုက်ပြီး
"ထျန်းလုံကျောင်းတော်မှာ ရှိတဲ့ လူတွေ အားလုံးက မင်းလိုမျိုးတွေ ဖြစ်နေတာလား?"
"မင်း ငါတို့ကို ဘယ်လိုပြောလိုက်တယ်?? ကောင်လေး မင်း အရိုက်ခံရဖို့ ထိုက်တန်တယ် ငါတို့မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား?"
လုရွှမ်က မလှုပ်မယှက်ဘဲ ခေါင်းကိုခါရင်း
"ထျန်းလုံကျောင်းတော်က မင်းလိုလူတွေနဲ့ ပြည့်နေရင်တော့ ငါ မသွားချင်တော့ဘူး"
အဆုံးတွင် ရပ်နေသော အဖိုးအိုသည် သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ သူတို့ကျောင်းကို တက်ချင်သေးတယ်ပေါ့။ သူ့ အရည်အချင်းနဲ့ဆို ထုတ်ပယ်ခံရမှာ အသေအချာပဲလေ။
"ဖူတုံး.... သူ့ကို သင်ခန်းစာ သင်ပေးလိုက်ပါ... မသေစေနဲ့ စကားပြောတိုင်း သိမ်းကျုံးပြောလို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ သူသိပါစေ"
"ကောင်းပါပြီ ဆရာ....ဆရာ စောင့်သာ ကြည့်နေလိုက်တော့!"
ဖူတုံးကလည်း ပြန်အော်လိုက်လေသည်။
"ကောင်လေး... ဒါက ကောင်းကင်နဂါးလက်ဝါး လို့ခေါ်တယ် ငါတို့ ထျန်းလုံကျောင်းတော်ရဲ့ လက်ဝါးသိုင်းတစ်ခုပဲ... မင်းမျက်လုံးတွေကို သေချာဖွင့်ပြီး မြည်းကြည့်လိုက်ပေါ့ နောက်ဆို မင်းရဲ့ ဒီနေရာက သက်သာသွားလိမ့်မယ်!"
ဖူတုံးက သူ့ရင်ဘတ်ကို လက်ညှိုးထိုးပြ၏။ လက်နှစ်ဘက်နဲ့ လက်စည်းတံဆိပ် အနည်းငယ် ပြပြီး လုရွှမ်ဆီကို လက်ဝါးတစ်ချက်ဖြင့် ပြေးရိုက်လိုက်တော့သည်။
လက်ဝါးချက်က လုရွှမ် ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
တိုက်ခိုက်လိုက်စဥ် ဖူတုံး၏ နှလုံးသားသည် ရက်စက် ကြမ်းကြုတ်နေ၏။ လုရွှမ်နှင့် အလွန်နီးကပ်နေပြီး လုရွှမ်ထံမှ ရတနာများ၏ အရိပ်အယောင်ကို ခံစားမိလိုက်သည်။
သူ့မိသားစုမှ အစပြု လေ့ကျင့်ထားသော လေ့ကျင့်ရေး နည်းလမ်းများသည် ရတနာများကို ဖော်ထုတ်ရာတွင် အတိကျဆုံး ဖြစ်သည်။ ဤလူတွင် ရတနာများ ရှိနေသည်။
လုရွှမ့၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေသော်လည်း ဖူတုံးသည် သွေးတစ်လုတ် အန်ထွက်လာပြီး နောက်ပြန် လွင့်သွားခဲ့သည်။